(၃) လအတြင္း ျပီးစီးေတာ့မည့္ KBZ Tower (ကြန္ဒိုႏွင့္ ႐ံုးခန္း) အထူးအေရာင္းျပပြဲၾကီး
×

ဂ်ပန္ႏိုင္ငံရဲ႕ အထင္ရွားဆုံးေရပူစမ္းေတြထဲက တစ္ခ်ိဳ႕ဟာ Beppu ျမိဳ႕မွာရွိၾကပါတယ္။ ခု Beppu ရဲ႕ျမိဳ႕ေတာ္ဝန္ဟာ စိတ္ကူးအိပ္မက္ဆန္ဆန္ ေရပူစမ္းအပန္းေျဖဥယ်ာဥ္ရဲ႕ ထူးျခားတဲ့ ဗီဒီယိုဖုိင္တစ္ခုကို ျပီးခဲ့တဲ့တစ္ပတ္က လူမႈမီဒီယာကို တင္ခဲ့တဲ့အေၾကာင္း  Mashable အရ သိရပါတယ္။ ခ်ားရထား၊ အေပ်ာ္စီးရထားေတြေပၚ ေရေႏြးထည့္ထားတဲ့ ေရခ်ိဳးကန္ေတြနဲ႔ ထေရာ္လီေတြ ေတြ႔ျမင္ရတဲ့ ဒီ ဗီဒီယိုမွာ ေပ်ာ္ရႊင္ဖြယ္ရာ ဂိမ္းကစားနည္းအကုန္ ပါဝင္ႏုိင္ပါတယ္။ ယင္းဗီဒီယိုကလစ္ရဲ႕အဆုံးသတ္မွာ ေဖာ္ျပထားတာကေတာ့ ျမိဳ႕ေတာ္ဝန္ Yasuhiro Nagano အေနနဲ႔ Youtube မွာ ဝင္ၾကည့္မႈႏႈန္း ၁ သန္းျပည့္ပါက ဒီစိတ္ကူးယဥ္ဆန္ဆန္ပုံရိပ္ကို လက္ေတြ႔အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမယ္ဆုိတာပါပဲ။

တနဂၤေႏြေန႔အထိ အဆိုပါဗီဒီယိုၾကည့္ရႈမႈ ၁.၉ သန္းနီးပါးရိွေနခဲ့ျပီး ေထာက္ခံအားေပးသူေတြ အေျမာက္အမ်ားရိွေနတာေၾကာင့္ ယင္းေရပူစမ္းအပန္းေျဖဥယ်ာဥ္ကို လက္ေတြ႔အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားဖုိ႔ ျမိဳ႕ေတာ္ဝန္အေနနဲ႔လည္း စိတ္လႈပ္ရွားလ်က္ရိွပါတယ္။

ျပီးခဲ့တဲ့အပတ္က ျမိဳ႕ေတာ္ဝန္ သတင္းထုတ္ျပန္ခ်က္တစ္ခု ျပဳလုပ္ခဲ့ကာ အဆုိပါဗီဒီယုိေအာင္ျမင္မႈအေၾကာင္း အခုိင္အမာေျပာဆုိခဲ့ျပီး မၾကံဳစဖူး ေထာက္ခံအားေပးမႈအတြက္လည္း ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္းေျပာဆိုခဲ့ပါတယ္။ အဆုိပါ ေရပူစမ္းအပန္းေျဖဥယ်ာဥ္ ဖြင့္လွစ္မယ့္ရက္ကုိ အတည္မျပဳေသးေပမယ့္ ျမိဳ႕ေတာ္ဝန္အေနနဲ႔ စီမံကိန္းေတြ စတင္ေရးဆြဲဖုိ႔ ျပည္သူေတြဆီက အခ်က္အလက္ေတြကို ရယူလ်က္ရိွေနေၾကာင္း သိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံးရေပူစမ်းတွေထဲက တစ်ချို့ဟာ Beppu မြို့မှာရှိကြပါတယ်။ ခု Beppu ရဲ့မြို့တော်ဝန်ဟာ စိတ်ကူးအိပ်မက်ဆန်ဆန် ရေပူစမ်းအပန်းဖြေဥယျာဉ်ရဲ့ ထူးခြားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်က လူမှုမီဒီယာကို တင်ခဲ့တဲ့အကြောင်း  Mashable အရ သိရပါတယ်။ ချားရထား၊ အပျော်စီးရထားတွေပေါ် ရေနွေးထည့်ထားတဲ့ ရေချိုးကန်တွေနဲ့ ထရော်လီတွေ တွေ့မြင်ရတဲ့ ဒီ ဗီဒီယိုမှာ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းအကုန် ပါဝင်နိုင်ပါတယ်။ ယင်းဗီဒီယိုကလစ်ရဲ့အဆုံးသတ်မှာ ဖော်ပြထားတာကတော့ မြို့တော်ဝန် Yasuhiro Nagano အနေနဲ့ Youtube မှာ ဝင်ကြည့်မှုနှုန်း ၁ သန်းပြည့်ပါက ဒီစိတ်ကူးယဉ်ဆန်ဆန်ပုံရိပ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတာပါပဲ။

တနင်္ဂနွေနေ့အထိ အဆိုပါဗီဒီယိုကြည့်ရှုမှု ၁.၉ သန်းနီးပါးရှိနေခဲ့ပြီး ထောက်ခံအားပေးသူတွေ အမြောက်အများရှိနေတာကြောင့် ယင်းရေပူစမ်းအပန်းဖြေဥယျာဉ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ မြို့တော်ဝန်အနေနဲ့လည်း စိတ်လှုပ်ရှားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်က မြို့တော်ဝန် သတင်းထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့ကာ အဆိုပါဗီဒီယိုအောင်မြင်မှုအကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး မကြုံစဖူး ထောက်ခံအားပေးမှုအတွက်လည်း ပြည်သူတွေကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။ အဆိုပါ ရေပူစမ်းအပန်းဖြေဥယျာဉ် ဖွင့်လှစ်မယ့်ရက်ကို အတည်မပြုသေးပေမယ့် မြို့တော်ဝန်အနေနဲ့ စီမံကိန်းတွေ စတင်ရေးဆွဲဖို့ ပြည်သူတွေဆီက အချက်အလက်တွေကို ရယူလျက်ရှိနေကြောင်း သိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top