Property Expo
×

စေနေန႔တြင္ ယွဥ္ၿပိဳင္ မည့္ မန္ယူႏွင့္ပြဲအတြက္ အာဆင္နယ္ ေနာက္ခံလူ ဟက္တာဘယ္လာရင္ဒဏ္ရာေၾကာင့္ ပါ၀င္ႏုိင္ မည္မဟုတ္ဘဲ တုိက္စစ္မွဴး ဆန္း ခ်က္ဇ္ႏွင့္ ပတ္သက္၍ နည္းျပအာစင္၀င္းဂါးအေနျဖင့္ ပဲြကစားခ်ိန္မတုိင္မီ အနီးကပ္ဆံုး ျဖတ္ခ်က္ခ်မွတ္ရမည္ျဖစ္သည္။

ဘယ္လာရင္သည္ ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ သီတင္းေလး ပတ္ၾကာအနားယူရမည္ျဖစ္ကာ ဆန္းခ်က္ဇ္သည္ တံေကာက္ ေၾကာဒဏ္ရာေၾကာင့္ စုိးရိမ္မႈရိွခဲ့ ေသာ္လည္း ဥ႐ုေဂြးကို ႏုိင္ေသာအဂၤါေန႔ပြဲတြင္ ပါ၀င္ကစားခဲ့ သည္။

‘‘ဥ႐ုေဂြးနဲ႔ ပြဲၿပီးေတာ့ သူ အေျခအေနေကာင္းတယ္လုိ႔ ကြၽန္ေတာ္တို႔ဆီ မက္ေဆ့ခ်္ပို႔ထား ပါတယ္။ ဒါေပမဲ့ ေစာင့္ၾကည့္ ရဦးမွာပါ’’ဟု ဆန္းခ်က္ဇ္၏ အ ေျခအေနႏွင့္ပတ္သက္၍ အာစင္၀င္းဂါးက သတင္းေထာက္မ်ား အား ေျပာၾကားသည္။

မန္ယူႏွင့္ပြဲအတြက္ ဆန္း ခ်က္ဇ္ပါ၀င္ကစားႏုိင္မည္လား ဆုိျခင္းကုိ ေသာၾကာနံနက္အထိ ေစာင့္ၾကည့္ဆံုးျဖတ္ သြားမည္ဟု ၀င္းဂါးက ေျပာသည္။

ဘယ္လာရင္သည္ ဒဏ္ရာ ေၾကာင့္ အာဆင္နယ္၏ ပီအက္စ္ ဂ်ီႏွင့္ပြဲ၊ ၀က္စ္ဟမ္းႏွင့္ပဲြ စသည့္အဓိကပြဲစဥ္မ်ားကို လြဲေခ်ာ္မည္ ျဖစ္သည္။

ထုိ႔အျပင္အာဆင္နယ္ ကြင္းလယ္လူ ကာဇိုလာလည္း ပါ၀င္ႏုိင္မည္မဟုတ္ေပ။ ၀င္းဂါးသည္ ၂၀၀၄ က ေမာ္ရင္ဟုိ ခ်ယ္လ္ဆီးသုိ႔ ေရာက္လာခဲ့ၿပီး ေနာက္ပုိင္း ၁၃ ပြဲဆံုေတြ႕မႈ၌ တစ္ႀကိမ္မွ် အႏုိင္မရခဲ့ေပ။

လက္ရိွတြင္ အာဆင္နယ္ သည္ ၂၄ မွတ္ျဖင့္ အမွတ္ေပး ဇယားစတုတၳေနရာ၌ရိွေနၿပီး ၁၁ ပြဲကစားၿပီးေနာက္ ဆ႒မေနရာရိွ မန္ယူကုိ ေျခာက္မွတ္ျဖတ္ထား သည္။ ထိုအေတာအတြင္း ဆြမ္ ဆီးကို ၃-၁ ဂုိးျဖင့္ႏုိင္ေသာပဲြတြင္ ယခုရာသီ၏  ပၪၥမေျမာက္အ၀ါကတ္ျပသခံရေသာ တုိက္စစ္မွဴး အီဗရာဟီမုိဗစ္သည္ အာဆင္နယ္ႏွင့္ပြဲ၌ လဲြေခ်ာ္မည္ျဖစ္ သည္။ သုိ႔ေသာ္ ၀င္းဂါးက မန္ယူ လူငယ္တိုက္စစ္ မွဴး ရက္ခ်္ဖို႔ဒ္ႏွင့္ ပတ္သက္၍ ပုိမုိစုိးရိမ္မိသည္ဟု ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

စနေနေ့တွင် ယှဉ်ပြိုင် မည့် မန်ယူနှင့်ပွဲအတွက် အာဆင်နယ် နောက်ခံလူ ဟက်တာဘယ်လာရင်ဒဏ်ရာကြောင့် ပါဝင်နိုင် မည်မဟုတ်ဘဲ တိုက်စစ်မှူး ဆန်း ချက်ဇ်နှင့် ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးအနေဖြင့် ပွဲကစားချိန်မတိုင်မီ အနီးကပ်ဆုံး ဖြတ်ချက်ချမှတ်ရမည်ဖြစ်သည်။

ဘယ်လာရင်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် သီတင်းလေး ပတ်ကြာအနားယူရမည်ဖြစ်ကာ ဆန်းချက်ဇ်သည် တံကောက် ကြောဒဏ်ရာကြောင့် စိုးရိမ်မှုရှိခဲ့ သော်လည်း ဥရုဂွေးကို နိုင်သောအင်္ဂါနေ့ပွဲတွင် ပါဝင်ကစားခဲ့ သည်။

‘‘ဥရုဂွေးနဲ့ ပွဲပြီးတော့ သူ အခြေအနေကောင်းတယ်လို့ ကျွန်တော်တို့ဆီ မက်ဆေ့ချ်ပို့ထား ပါတယ်။ ဒါပေမဲ့ စောင့်ကြည့် ရဦးမှာပါ’’ဟု ဆန်းချက်ဇ်၏ အ ခြေအနေနှင့်ပတ်သက်၍ အာစင်ဝင်းဂါးက သတင်းထောက်များ အား ပြောကြားသည်။

မန်ယူနှင့်ပွဲအတွက် ဆန်း ချက်ဇ်ပါဝင်ကစားနိုင်မည်လား ဆိုခြင်းကို သောကြာနံနက်အထိ စောင့်ကြည့်ဆုံးဖြတ် သွားမည်ဟု ဝင်းဂါးက ပြောသည်။

ဘယ်လာရင်သည် ဒဏ်ရာ ကြောင့် အာဆင်နယ်၏ ပီအက်စ် ဂျီနှင့်ပွဲ၊ ဝက်စ်ဟမ်းနှင့်ပွဲ စသည့်အဓိကပွဲစဉ်များကို လွဲချော်မည် ဖြစ်သည်။

ထို့အပြင်အာဆင်နယ် ကွင်းလယ်လူ ကာဇိုလာလည်း ပါဝင်နိုင်မည်မဟုတ်ပေ။ ဝင်းဂါးသည် ၂၀၀၄ က မော်ရင်ဟို ချယ်လ်ဆီးသို့ ရောက်လာခဲ့ပြီး နောက်ပိုင်း ၁၃ ပွဲဆုံတွေ့မှု၌ တစ်ကြိမ်မျှ အနိုင်မရခဲ့ပေ။

လက်ရှိတွင် အာဆင်နယ် သည် ၂၄ မှတ်ဖြင့် အမှတ်ပေး ဇယားစတုတ္ထနေရာ၌ရှိနေပြီး ၁၁ ပွဲကစားပြီးနောက် ဆဋ္ဌမနေရာရှိ မန်ယူကို ခြောက်မှတ်ဖြတ်ထား သည်။ ထိုအတောအတွင်း ဆွမ် ဆီးကို ၃-၁ ဂိုးဖြင့်နိုင်သောပွဲတွင် ယခုရာသီ၏  ပဉ္စမမြောက်အဝါကတ်ပြသခံရသော တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် အာဆင်နယ်နှင့်ပွဲ၌ လွဲချော်မည်ဖြစ် သည်။ သို့သော် ဝင်းဂါးက မန်ယူ လူငယ်တိုက်စစ် မှူး ရက်ချ်ဖို့ဒ်နှင့် ပတ်သက်၍ ပိုမိုစိုးရိမ်မိသည်ဟု ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top