Property Expo
×

 ေစ်းကစားသူမ်ားဝယ္ ယူစုေဆာင္းမႈေၾကာင့္ ျပင္ပေစ်း ကြက္တြင္ အေမရိကန္ေဒၚလာ တန္ဖိုးသည္ ႏိုဝင္ဘာ ၂၉ ရက္၌ ေစ်းျမင့္တက္လာၿပီး တစ္ေဒၚလာ လွ်င္ ၁,၃၆၀ က်ပ္ခန္႔သို႔ ေရာက္ရွိလာသည္ဟု ေငြလႊဲဝန္ေဆာင္မႈ လုပ္ငန္းလုပ္ကိုင္သူအခ်ိဳ႕ထံမွ သတင္းရရွိသည္။

နံနက္ေစ်းဖြင့္ခ်ိန္တြင္ တစ္ ေဒၚလာလွ်င္ ၁,၃၅၀ က်ပ္ျဖင့္ စတင္ခဲ့ၿပီးေနာက္ ညေန၌ တစ္ေဒၚလာလွ်င္ ၁,၃၆၀ က်ပ္သို႔ေရာက္ရွိလာသျဖင့္ တစ္ရက္အတြင္း ၁၀ က်ပ္ ျမင့္တက္လာသည္။ ႏုိဝင္ဘာ ၂၃ ရက္နံနက္က တစ္ေဒၚလာ လွ်င္ ၁,၃၅၂ က်ပ္ျဖင့္ ေစ်းဖြင့္ခဲ့ၿပီးေနာက္ ညေနတြင္ ၁,၃၃၅ က်ပ္သို႔ က်ဆင္းခဲ့သည္။ ထို႔ေနာက္ တစ္ေဒၚလာ ၁,၃၄၅ က်ပ္ခန္႔တြင္ အတက္အက်အနည္းငယ္ခန္႔သာရွိခဲ့ၿပီး ႏိုဝင္ဘာ ၂၉ ရက္၌ ၁,၃၆၀ က်ပ္သို႔ ႐ုတ္တရက္ျမင့္တက္လာသည္။

ျပင္ပေစ်းကြက္တြင္ အေမ ရိကန္ေဒၚလာတန္ဖိုး ႐ုတ္တရက္ အေျပာင္းအလဲျဖစ္ၿပီး ေစ်းႏႈန္း ဆက္တုိက္ ျမင့္တက္လာေသာ္ လည္း ဗဟိုဘဏ္က သတ္မွတ္ သည့္ ရည္ၫႊန္းေငြလဲႏႈန္းသည္ တစ္ေဒၚလာလွ်င္ ၁,၃၀၅ က်ပ္ ျဖစ္သည္။

ရက္ပိုင္းအတြင္း ေဒၚလာ ေစ်းအတက္အက်မ်ားျခင္းသည္ ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈစ ေသာ စီးပြားေရးလုပ္ငန္းမ်ားလုပ္ ကိုင္ရခက္ခဲေၾကာင္း စီးပြားေရး လုပ္ငန္းရွင္မ်ားက ေျပာသည္။

 ျပင္ပ ေငြေၾကးေစ်းကြက္ တြင္ ျမန္မာက်ပ္ေငြ တန္ဖိုးအ နည္းငယ္ ျပန္တက္လာေသာ္ လည္း ေငြေၾကးမူဝါဒျဖင့္ အစိုးရ က ၾကားဝင္ထိန္းေပးမ မရွိပါက အခ်ိန္တိုအတြင္း တန္ဖိုးျပန္လည္ က်ဆင္းႏိုင္ေၾကာင္း ျမန္မာႏုိင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ဒုတိ ယဥကၠ႒ ဦးေဝၿဖိဳးက ေျပာၾကား သည္။  ျပင္ပေငြေၾကးေစ်းကြက္ တြင္ ကုန္သြယ္မႈလိုေငြေၾကာင့္ အေမရိကန္ေဒၚလာေငြရွားပါးၿပီး ျမန္မာက်ပ္ေငြတန္ဖိုးက်ဆင္းခဲ့ကာ အေမရိကန္ေရြးေကာက္ပြဲေနာက္ ပိုင္း၌ ေဒၚလာတန္ဖိုးသည္ ႏိုင္ငံ တကာတြင္လည္း ဆက္လက္ျမင့္ တက္ေနျခင္းေၾကာင့္ က်ပ္ေငြတန္ ဖိုးဆက္လက္က်ဆင္းႏိုင္သည္ဟု ဆိုသည္။

အစိုးရသည္ ျမန္မာက်ပ္ေငြ တန္ဖိုးက်ဆင္းမႈကို အေျဖရွာႏိုင္ ရန္ ႏုိဝင္ဘာ ၂၃ ရက္က ရန္ကုန္ ၿမိဳ႕ ကုန္သည္စက္မႈအသင္းခ်ဳပ္ ႐ံုးတြင္ ျမန္မာႏိုင္ငံဘဏ္လုပ္ငန္း ရွင္မ်ားအသင္းမွ တာဝန္ရွိသူမ်ား၊ပုဂၢလိကဘဏ္မ်ားမွ တာဝန္ရွိသူ မ်ား၊ စီးပြားေရးပညာရွင္မ်ားအ သင္းခ်ဳပ္မွ အဖဲြ႕ဝင္မ်ား၊ စီးပြား ေရးလုပ္ငန္းရွင္အခ်ိဳ႕ႏွင့္ေတြ႕ဆံု ေဆြးေႏြးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဈေးကစားသူများဝယ် ယူစုဆောင်းမှုကြောင့် ပြင်ပဈေး ကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် နိုဝင်ဘာ ၂၉ ရက်၌ ဈေးမြင့်တက်လာပြီး တစ်ဒေါ်လာ လျှင် ၁,၃၆၀ ကျပ်ခန့်သို့ ရောက်ရှိလာသည်ဟု ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သတင်းရရှိသည်။

နံနက်ဈေးဖွင့်ချိန်တွင် တစ် ဒေါ်လာလျှင် ၁,၃၅၀ ကျပ်ဖြင့် စတင်ခဲ့ပြီးနောက် ညနေ၌ တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်သို့ရောက်ရှိလာသဖြင့် တစ်ရက်အတွင်း ၁၀ ကျပ် မြင့်တက်လာသည်။ နိုဝင်ဘာ ၂၃ ရက်နံနက်က တစ်ဒေါ်လာ လျှင် ၁,၃၅၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် ညနေတွင် ၁,၃၃၅ ကျပ်သို့ ကျဆင်းခဲ့သည်။ ထို့နောက် တစ်ဒေါ်လာ ၁,၃၄၅ ကျပ်ခန့်တွင် အတက်အကျအနည်းငယ်ခန့်သာရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်၌ ၁,၃၆၀ ကျပ်သို့ ရုတ်တရက်မြင့်တက်လာသည်။

ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာတန်ဖိုး ရုတ်တရက် အပြောင်းအလဲဖြစ်ပြီး ဈေးနှုန်း ဆက်တိုက် မြင့်တက်လာသော် လည်း ဗဟိုဘဏ်က သတ်မှတ် သည့် ရည်ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၃၀၅ ကျပ် ဖြစ်သည်။

ရက်ပိုင်းအတွင်း ဒေါ်လာ ဈေးအတက်အကျများခြင်းသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစ သော စီးပွားရေးလုပ်ငန်းများလုပ် ကိုင်ရခက်ခဲကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

 ပြင်ပ ငွေကြေးဈေးကွက် တွင် မြန်မာကျပ်ငွေ တန်ဖိုးအ နည်းငယ် ပြန်တက်လာသော် လည်း ငွေကြေးမူဝါဒဖြင့် အစိုးရ က ကြားဝင်ထိန်းပေးမ မရှိပါက အချိန်တိုအတွင်း တန်ဖိုးပြန်လည် ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဒုတိ ယဥက္ကဋ္ဌ ဦးဝေဖြိုးက ပြောကြား သည်။  ပြင်ပငွေကြေးဈေးကွက် တွင် ကုန်သွယ်မှုလိုငွေကြောင့် အမေရိကန်ဒေါ်လာငွေရှားပါးပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့ကာ အမေရိကန်ရွေးကောက်ပွဲနောက် ပိုင်း၌ ဒေါ်လာတန်ဖိုးသည် နိုင်ငံ တကာတွင်လည်း ဆက်လက်မြင့် တက်နေခြင်းကြောင့် ကျပ်ငွေတန် ဖိုးဆက်လက်ကျဆင်းနိုင်သည်ဟု ဆိုသည်။

အစိုးရသည် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကို အဖြေရှာနိုင် ရန် နိုဝင်ဘာ ၂၃ ရက်က ရန်ကုန် မြို့ ကုန်သည်စက်မှုအသင်းချုပ် ရုံးတွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ၊ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူ များ၊ စီးပွားရေးပညာရှင်များအ သင်းချုပ်မှ အဖွဲ့ဝင်များ၊ စီးပွား ရေးလုပ်ငန်းရှင်အချို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top