Property Expo
×







Unicode Version

သြစတြေးလျနိုင်ငံ၊ ပက်မြို့တော်က ပေါင် ၆၀၀ကိုယ်အလေး ချိန် ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ပေါင် ၄၀ နီးပါးရှိတဲ့ မွေး ကင်းစ ကလေးငယ်တစ်ဦးကို မွေးဖွားခဲ့တယ်လို့ သိရပါတယ်။


ကြီးမားလွန်းပြီး အဝလွန်တဲ့ မိခင်ရဲ့ခန္ဓာကိုယ်ကိုယ်ဝန်ကနေ ပေါင် ၄၀၊ ၁၈ ကီလို ရှိတဲ့ ဧရာမကလေးငယ်ကို မွေးဖွားခဲ့တာက တ ကယ့်ကို အံ့သြစရာကောင်းလွန်းကာ အကြီးမားဆုံး မွေးကင်းစက လေးငယ်တစ်ဦးအဖြစ် စံချိန်ချိုးနိုင်ခဲ့တယ်လို့ သြစတြေးလျ၊ အ နောက်ပိုင်း သံတော်ဆင့် သတင်းကဖော်ပြထားပါတယ်။


ဖွံ့ထွားလွန်းလှတဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်ရှိတဲ့ မွေးခင်းစက လေးငယ်အတွက် ပြုစုစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးကုသမှုတွေ ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတဲ့ ပြင်ဆင်မှုတွေကိုတော့ မစီစဉ်ရ သေးသော်လည်းပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့အပြည့် အဝပေးမယ်လို့ ဆေးရုံတာ ဝန်ရှိသူတွေက ဆိုထားပါတယ်။


ရိုးရိုးမွေးဖွားတာမဟုတ်ပဲ ခွဲစိတ်ပြီးမွေးဖွားခဲ့သော်လည်းပဲ ကြီးမားလွန်းတဲ့ ကလေးအတွက် ခွဲစိတ်မှုမှာ မိခင်ကိုမည်သည့် ထိခိုက်မှုများ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ကြီးမားလွန်းတဲ့ ကိုယ်ဝန်ကြောင့် သားအိမ်အတွင်းက သန္ဓေသားကလေးငယ် နှစ်ဦး၊ ကနေ သုံးဦး အမွှာကလေးတွေဖြစ်မယ်လို့ ထင်ထားကြသော်လည်း ပဲ မွေးဖွားလာချိန်မှာတော့ ကြီးကြီးမားမား ဖွံ့ထွားနေတဲ့ ကလေး ငယ်တစ်ဦးတည်းသာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။




Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။






 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top