Kantharyar Centre
×

ခရီးသြားေတာ့မယ္ဆုိ ဟိုမွာ ဘာ၀တ္မယ္၊ ဘယ္ဖိနပ္ေလးစီးမယ္ စတာေတြထက္ ပိုအေရးၾကီးတာက ခရီးစဥ္တစ္ေလ်ွာက္ လိုအပ္မယ့္ပစၥည္းေတြ ေမ့မက်န္ခဲ့ေအာင္ အကုန္ထည့္ႏိုင္ဖုိ႕ပါ။ ခုေျပာျပေပးမယ့္အရာေတြက ခရီးစဥ္အတြက္ မျဖစ္မေန ထည့္သြားသင့္တဲ့အရာေတြမုိ႕ ဘာေတြလဲဆုိတာ ၾကည့္လိုက္ၾကရေအာင္။

၁။ အနာကပ္ပလာစတာ

သြားရင္းလာရင္း ထိခိုက္မိတာ၊ အနာျဖစ္တာ၊ ဒါမွမဟုတ္ ဖိနပ္သစ္စီးလာမိလို႕ ဖိနပ္ေပါက္တာမ်ိဳးေတြ ၾကံဳရင္အလြယ္တကူ ထုတ္ကပ္ႏိုင္မယ့္ အနာကပ္ပလာစတာကို ခရီးသြားတဲ့အခါ မျဖစ္မေန ယူသြားလိုက္ပါ။ ကုိယ္မဟုတ္ေတာင္ ကုိယ့္သူငယ္ခ်င္း၊ မိသားစု၀င္တစ္ဦးဦး ဒါမွမဟုတ္ ကိုယ့္ခ်စ္သူအတြက္လည္း အသံုး၀င္ပါလိမ့္မယ္။

၂။ ေသာက္ေဆး

ခရီးသြားတဲ့အခါ ေနရာေဒသ ေရခံ၊ ေျမခံ အေျပာင္းအလဲေတြေၾကာင့္ေရာ၊ ခရီးပန္းတာေတြ ျဖစ္တတ္တာေၾကာင့္ ေဆးေတြကေတာ့ သယ္သြားသင့္ပါတယ္။ ေဆးဗူးလိုက္ၾကီးမယူခ်င္ရင္ မ်က္ကပ္မွန္ထည့္တဲ့ ဗူးေလးေတြကို ေသခ်ာ သန္႕ရွင္းေရးလုပ္ျပီး ေဆးလံုးေတြ ထည့္သယ္သြားႏိုင္ပါတယ္။

၃။ Ziploc အိတ္မ်ား

အစားအစာပဲျဖစ္ျဖစ္၊ အရည္တစ္ခုခု ဖိတ္စင္တာကို သယ္ရမွာပဲျဖစ္ျဖစ္ ေခါင္းစားခံစရာမလိုေအာင္ Ziploc အိတ္ေလးေတြ သယ္သြားလိုက္ပါ။ ခရီးလမ္းမွာ လုိရင္လိုသလို အသံုးျပဳႏိုင္ပါတယ္။

၄။ Vasline ဂ်ယ္လ္

Vasline Jelly ဗူးဟာ သင့္ႏႈတ္ခမ္းေတြ ေျခာက္ေသြ႕ေနတဲ့အခ်ိန္၊ အသားအေရအတြက္သာမက မိတ္ကပ္ဖ်က္တဲ့အခါေတြမွာလည္း လြန္စြာအသံုးတည့္ပါတယ္။ တစ္ခုခုနဲ႕ပြတ္မိတိုက္မိလို႕ အသားေတြနာက်င္ရေတာင္သူ႕ကို လိမ္းေပးထားႏိုင္တာေၾကာင့္ ခရီးသြားတဲ့အခါ ယူေဆာင္သြားသင့္ပါတယ္။

၅။ အဆာေျပအစားအစာမ်ား

လမ္းခရီးဆိုတာ ဘာမွၾကိဳေျပာလို႕မရတာေၾကာင့္ ျဖစ္ႏိုင္ရင္ အဆာေျပမုန္႕ေလးေတြ သယ္သြားတာေကာင္းပါတယ္။ ဗိုက္ဆာတဲ့အခ်ိန္ပဲျဖစ္ျဖစ္၊ လမ္းခရီးမွာ မေမ်ွာ္လင့္ပဲ နားလိုက္ရတာမ်ိဳးေတြဆို သူကအသံုး၀င္ပါတယ္။

၆။ ဖုန္းနဲ႕လက္ပ္ေတာ့အားသြင္းၾကိဳးမ်ား

ကိုယ္သြားမယ့္ ေနရာမွာ ကုိယ့္ဖုန္းနဲ႕လက္ပ္ေတာ့အားသြင္းၾကိဳးေတြ ရွိႏိုင္လိမ့္မယ္လို႕ ဘယ္သူမွ အာမခံမထားပါဘူး။ ကိုယ့္ပစၥည္းနဲ႕ကိုယ္ သံုးတာအေကာင္းဆံုးပါ။

၇။ ဖုန္းအားသြင္းႏိုင္တဲ့ power bank

ကုိယ္သြားမယ့္ ခရီးလမ္းက အခ်ိန္ဘယ္ေလာက္ပဲ ၾကာမွာမုိ႕ ဖုန္းအားလံုေလာက္တယ္ဆုိျပီး တြက္ခ်က္လို႕ရတယ္ဆုိေပမယ့္ ခရီးလမ္းဆုိတာ ၾကိဳေျပာလုိ႕မရပါဘူး။ ေလယာဥ္ျဖစ္ျဖစ္၊ ကားျဖစ္ျဖစ္ ခရီးၾကန္႕ၾကာတာမ်ိဳး ျဖစ္တဲ့အခါ ျပသနာမၾကံဳရေအာင္ Power Bank ကို အားသြင္းျပီး ယူသြားတာ အေကာင္းဆံုးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ခရီးသွားတော့မယ်ဆို ဟိုမှာ ဘာဝတ်မယ်၊ ဘယ်ဖိနပ်လေးစီးမယ် စတာတွေထက် ပိုအရေးကြီးတာက ခရီးစဉ်တစ်လျှောက် လိုအပ်မယ့်ပစ္စည်းတွေ မေ့မကျန်ခဲ့အောင် အကုန်ထည့်နိုင်ဖို့ပါ။ ခုပြောပြပေးမယ့်အရာတွေက ခရီးစဉ်အတွက် မဖြစ်မနေ ထည့်သွားသင့်တဲ့အရာတွေမို့ ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁။ အနာကပ်ပလာစတာ

သွားရင်းလာရင်း ထိခိုက်မိတာ၊ အနာဖြစ်တာ၊ ဒါမှမဟုတ် ဖိနပ်သစ်စီးလာမိလို့ ဖိနပ်ပေါက်တာမျိုးတွေ ကြုံရင်အလွယ်တကူ ထုတ်ကပ်နိုင်မယ့် အနာကပ်ပလာစတာကို ခရီးသွားတဲ့အခါ မဖြစ်မနေ ယူသွားလိုက်ပါ။ ကိုယ်မဟုတ်တောင် ကိုယ့်သူငယ်ချင်း၊ မိသားစုဝင်တစ်ဦးဦး ဒါမှမဟုတ် ကိုယ့်ချစ်သူအတွက်လည်း အသုံးဝင်ပါလိမ့်မယ်။

၂။ သောက်ဆေး

ခရီးသွားတဲ့အခါ နေရာဒေသ ရေခံ၊ မြေခံ အပြောင်းအလဲတွေကြောင့်ရော၊ ခရီးပန်းတာတွေ ဖြစ်တတ်တာကြောင့် ဆေးတွေကတော့ သယ်သွားသင့်ပါတယ်။ ဆေးဗူးလိုက်ကြီးမယူချင်ရင် မျက်ကပ်မှန်ထည့်တဲ့ ဗူးလေးတွေကို သေချာ သန့်ရှင်းရေးလုပ်ပြီး ဆေးလုံးတွေ ထည့်သယ်သွားနိုင်ပါတယ်။

၃။ Ziploc အိတ်များ

အစားအစာပဲဖြစ်ဖြစ်၊ အရည်တစ်ခုခု ဖိတ်စင်တာကို သယ်ရမှာပဲဖြစ်ဖြစ် ခေါင်းစားခံစရာမလိုအောင် Ziploc အိတ်လေးတွေ သယ်သွားလိုက်ပါ။ ခရီးလမ်းမှာ လိုရင်လိုသလို အသုံးပြုနိုင်ပါတယ်။

၄။ Vasline ဂျယ်လ်

Vasline Jelly ဗူးဟာ သင့်နှုတ်ခမ်းတွေ ခြောက်သွေ့နေတဲ့အချိန်၊ အသားအရေအတွက်သာမက မိတ်ကပ်ဖျက်တဲ့အခါတွေမှာလည်း လွန်စွာအသုံးတည့်ပါတယ်။ တစ်ခုခုနဲ့ပွတ်မိတိုက်မိလို့ အသားတွေနာကျင်ရတောင်သူ့ကို လိမ်းပေးထားနိုင်တာကြောင့် ခရီးသွားတဲ့အခါ ယူဆောင်သွားသင့်ပါတယ်။

၅။ အဆာပြေအစားအစာများ

လမ်းခရီးဆိုတာ ဘာမှကြိုပြောလို့မရတာကြောင့် ဖြစ်နိုင်ရင် အဆာပြေမုန့်လေးတွေ သယ်သွားတာကောင်းပါတယ်။ ဗိုက်ဆာတဲ့အချိန်ပဲဖြစ်ဖြစ်၊ လမ်းခရီးမှာ မမျှော်လင့်ပဲ နားလိုက်ရတာမျိုးတွေဆို သူကအသုံးဝင်ပါတယ်။

၆။ ဖုန်းနဲ့လက်ပ်တော့အားသွင်းကြိုးများ

ကိုယ်သွားမယ့် နေရာမှာ ကိုယ့်ဖုန်းနဲ့လက်ပ်တော့အားသွင်းကြိုးတွေ ရှိနိုင်လိမ့်မယ်လို့ ဘယ်သူမှ အာမခံမထားပါဘူး။ ကိုယ့်ပစ္စည်းနဲ့ကိုယ် သုံးတာအကောင်းဆုံးပါ။

၇။ ဖုန်းအားသွင်းနိုင်တဲ့ power bank

ကိုယ်သွားမယ့် ခရီးလမ်းက အချိန်ဘယ်လောက်ပဲ ကြာမှာမို့ ဖုန်းအားလုံလောက်တယ်ဆိုပြီး တွက်ချက်လို့ရတယ်ဆိုပေမယ့် ခရီးလမ်းဆိုတာ ကြိုပြောလို့မရပါဘူး။ လေယာဉ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် ခရီးကြန့်ကြာတာမျိုး ဖြစ်တဲ့အခါ ပြသနာမကြုံရအောင် Power Bank ကို အားသွင်းပြီး ယူသွားတာ အကောင်းဆုံးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top