Kantharyar Centre
×

သင့္အေနနဲ႔ သင့္ရဲ႕ခႏၶာကုိယ္ကေန နာက်င္ေဝဒနာခံစားရမႈ အ ေသးစားပဲျဖစ္ျဖစ္၊ ျပင္းထန္တဲ့ခံစားမႈပဲ ျဖစ္ျဖစ္ ေပါ့ဆမေနသင့္ပါ ဘူး။ တစ္ခါတစ္ေလမွာ အရမ္းႀကီးမျပင္းထန္ဘူးလုိ႔ ခံစားရတဲ့ ေဝဒနာေသးေသးေလးေတြကေန အသက္အႏၱရာယ္ကုိ ဒုကၡေပး လာတဲ့အထိကကုိ ႀကီးမားသြားတတ္လုိ႔ ဂရုတစုိက္ ရွိသင့္ပါတယ္။

ဒါ့ေၾကာင့္မုိ႔လုိ႔ အမွတ္မထင္ ခံစားရတဲ့ ေရာဂါေသး ေသးေလးေတြနဲ႔ ေပါ့ဆမေနသင့္တဲ့ အေၾကာင္းေလးေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ မနက္ခင္းပုိင္း ေခါင္းကုိက္ျခင္း ေဝဒနာကုိ ေပါ့ဆမေနပါနဲ႔။ ေခါင္း ကုိက္တတ္တယ္ဆုိတဲ့ ေရာဂါကေတာ့ သိပ္ကုိႀကီးႀကီးမားမားႀကီး စိုးရိမ္စရာမဟုတ္ေပမယ့္ မနက္ခင္းအခ်ိန္မွာ ျပင္းျပင္းထန္ထန္ ကုိက္ခဲတတ္တယ္ဆုိရင္ေတာ့ ေပါ့ဆေနလုိ႔ မရတဲ့အဆင့္တစ္ခုပါ။ ေခါင္းကုိက္ၿပီးေနာက္ ေအာ့အန္လာတာမ်ိဳးေတြဆုိရင္ေတာ့ ပုိၿပီး ေတာ့ေတာင္ စိုးရိမ္စရာေကာင္းေနပါၿပီ။ ေဆးခန္း၊ ေဆးရံုသြား ေရာက္ၿပီး စစ္ေဆးသင့္ပါတယ္။ ဒီလုိမနက္ခင္းပုိင္းေခါင္းကုိက္ျခင္း က ဦးေႏွာက္အႀကိတ္ေရာဂါလကၡဏာေၾကာင့္ ျဖစ္ေပၚတတ္ၿပီး တျခားဆုိးရြားတဲ့ က်န္းမာေရးျပႆနာေၾကာင့္လည္း ျဖစ္ႏုိင္ပါ တယ္။

၂။ အစာအိမ္ျပင္းျပင္းထန္ထန္ နာက်င္လာၿပီဆုိရင္ ေပ့ါဆမေနသင့္ ပါဘူး။ အစာေရာဂါသည္တစ္ေယာက္ျဖစ္ျဖစ္၊ ေရာဂါသည္မဟုတ္ တဲ့ သူတစ္ေယာက္ျဖစ္ျဖစ္ ဝမ္းဗိုက္အစာအိမ္ကေန ျပင္းျပင္းထန္ ထန္ နာက်င္ခံစားလာရၿပီဆုိရင္ေတာ့ ေဆးရံု၊ ေဆးခန္းအျမန္ဆံုး သြားေရာက္စမ္းသပ္စစ္ေဆးသင့္ပါတယ္။ အစာမစားမီအခ်ိန္ထက္ အစာစားၿပီး အခ်ိန္မွာဆုိရင္ ပုိၿပီးေတာ့ နာက်င္လာတာမ်ိဳးေတြ၊ ေနာက္ ေသြးအန္တဲ့အထိျဖစ္လာတာမ်ိဳး ဆုိရင္ေတာ့ စုိးရိမ္စရာ ေကာင္းေနပါၿပီ။

၃။ ညဘက္အခ်ိန္ခါ ေနာက္ေက်ာဘက္နာက်င္လာၿပီဆုိရင္လည္း သတိထားဂရုစုိက္ရပါမယ္။ ေနာက္ေက်ာဘက္ နာက်င္ျခင္းက သာမန္လုိ အဝတ္အစားနဲ႔ အေနအထိုင္ေၾကာင့္မဟုတ္ပဲ ညဘက္ ေရာက္ေလ ပုိၿပီးေတာ့ နာက်င္လာေလဆုိရင္ေတာ့ စိုးရိမ္စရာ ေကာင္းတဲ့ ေရာဂါလကၡဏာေတြပဲ ျဖစ္ပါတယ္။ ကင္ဆာေရာဂါေဝဒနာရွင္ေတြမွာဆုိရင္ ဒီလုိခံစားမႈမ်ိဳး ခံစားရတတ္ၿပီးေတာ့  အဖ်ား ဝင္လာတာမ်ိဳး၊ အေၾကာင္းမဲ့ ကုိယ္ခႏၶာကုိယအေလးခ်ိန္က်ဆင္း လာတာမ်ိဳးေတြျဖစ္လာၿပီဆုိရင္လည္း ဆရာဝန္ထံသြားေရာက္စစ္ ေဆးျပသသင့္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version
သင့်အနေနဲ့ သင့်ရဲ့ခန္ဓာကိုယ်ကနေ နာကျင်ဝေဒနာခံစားရမှု အ သေးစားပဲဖြစ်ဖြစ်၊ ပြင်းထန်တဲ့ခံစားမှုပဲ ဖြစ်ဖြစ် ပေါ့ဆမနေသင့်ပါ ဘူး။ တစ်ခါတစ်လေမှာ အရမ်းကြီးမပြင်းထန်ဘူးလို့ ခံစားရတဲ့ ဝေဒနာသေးသေးလေးတွေကနေ အသက်အန္တရာယ်ကို ဒုက္ခပေး လာတဲ့အထိကကို ကြီးမားသွားတတ်လို့ ဂရုတစိုက် ရှိသင့်ပါတယ်။

ဒါ့ကြောင့်မို့လို့ အမှတ်မထင် ခံစားရတဲ့ ရောဂါသေး သေးလေးတွေနဲ့ ပေါ့ဆမနေသင့်တဲ့ အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မနက်ခင်းပိုင်း ခေါင်းကိုက်ခြင်း ဝေဒနာကို ပေါ့ဆမနေပါနဲ့။ ခေါင်း ကိုက်တတ်တယ်ဆိုတဲ့ ရောဂါကတော့ သိပ်ကိုကြီးကြီးမားမားကြီး စိုးရိမ်စရာမဟုတ်ပေမယ့် မနက်ခင်းအချိန်မှာ ပြင်းပြင်းထန်ထန် ကိုက်ခဲတတ်တယ်ဆိုရင်တော့ ပေါ့ဆနေလို့ မရတဲ့အဆင့်တစ်ခုပါ။ ခေါင်းကိုက်ပြီးနောက် အော့အန်လာတာမျိုးတွေဆိုရင်တော့ ပိုပြီး တော့တောင် စိုးရိမ်စရာကောင်းနေပါပြီ။ ဆေးခန်း၊ ဆေးရုံသွား ရောက်ပြီး စစ်ဆေးသင့်ပါတယ်။ ဒီလိုမနက်ခင်းပိုင်းခေါင်းကိုက်ခြင်း က ဦးနှောက်အကြိတ်ရောဂါလက္ခဏာကြောင့် ဖြစ်ပေါ်တတ်ပြီး တခြားဆိုးရွားတဲ့ ကျန်းမာရေးပြဿနာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။

၂။ အစာအိမ်ပြင်းပြင်းထန်ထန် နာကျင်လာပြီဆိုရင် ပေ့ါဆမနေသင့် ပါဘူး။ အစာရောဂါသည်တစ်ယောက်ဖြစ်ဖြစ်၊ ရောဂါသည်မဟုတ် တဲ့ သူတစ်ယောက်ဖြစ်ဖြစ် ဝမ်းဗိုက်အစာအိမ်ကနေ ပြင်းပြင်းထန် ထန် နာကျင်ခံစားလာရပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းအမြန်ဆုံး သွားရောက်စမ်းသပ်စစ်ဆေးသင့်ပါတယ်။ အစာမစားမီအချိန်ထက် အစာစားပြီး အချိန်မှာဆိုရင် ပိုပြီးတော့ နာကျင်လာတာမျိုးတွေ၊ နောက် သွေးအန်တဲ့အထိဖြစ်လာတာမျိုး ဆိုရင်တော့ စိုးရိမ်စရာ ကောင်းနေပါပြီ။

၃။ ညဘက်အချိန်ခါ နောက်ကျောဘက်နာကျင်လာပြီဆိုရင်လည်း သတိထားဂရုစိုက်ရပါမယ်။ နောက်ကျောဘက် နာကျင်ခြင်းက သာမန်လို အဝတ်အစားနဲ့ အနေအထိုင်ကြောင့်မဟုတ်ပဲ ညဘက် ရောက်လေ ပိုပြီးတော့ နာကျင်လာလေဆိုရင်တော့ စိုးရိမ်စရာ ကောင်းတဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကင်ဆာရောဂါဝေဒနာရှင်တွေမှာဆိုရင် ဒီလိုခံစားမှုမျိုး ခံစားရတတ်ပြီးတော့  အဖျား ဝင်လာတာမျိုး၊ အကြောင်းမဲ့ ကိုယ်ခန္ဓာကိုယအလေးချိန်ကျဆင်း လာတာမျိုးတွေဖြစ်လာပြီဆိုရင်လည်း ဆရာဝန်ထံသွားရောက်စစ် ဆေးပြသသင့်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top