Kantharyar Centre
×

Galaxy Note 7 စမတ္ဖုန္းမ်ား ေပါက္ကြဲမီးေလာင္မႈေၾကာင့္ ကမာၻတစ္ဝန္းမွ ျပန္လည္ သိမ္းဆည္းခဲ့ရၿပီး ထုတ္လုပ္ေရာင္းခ်မႈ ရပ္ဆုိင္းခဲ့တဲ့ ဆမ္ေဆာင္း အီလက္ထေရာနစ္ ကုမၸဏီဟာ ယခုအခါ အဝတ္ေလွ်ာ္စက္မ်ားကုိလည္း အလားတူ ျပန္လည္ သိမ္းဆည္းသြားမယ္လုိ႕ ဆုိပါတယ္။

ဆမ္ေဆာင္း အဝတ္ေလွ်ာ္စက္မ်ား အသုံးျပဳရာမွ ဒဏ္ရာရမႈေတြ ႐ွိခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္ အေမရိကန္မွာ ေရာင္းခ်ထားတဲ့ အဝတ္ေလွ်ာက္စက္ ၂.၈ သန္းကုိ ျပန္လည္သိမ္းဆည္းမယ္လို႕ ဆမ္ေဆာင္းက ယေန႕ (ႏုိဝင္ဘာ ၄ ရက္) ေျပာၾကားခဲ့ပါတယ္။


ဆမ္ေဆာင္း အဝတ္ေလွ်ာက္စက္ေတြ အသုံးျပဳစဥ္ ခ်ဳိ႕ယြင္းခ်က္ေၾကာင့္ ဒဏ္ရာရႏုိင္တဲ့ အႏၱရာယ္႐ွိေၾကာင္း အေမရိကန္ Consumer Product Safety Comission က သတိေပးထားပါတယ္။ အဝတ္ေလွ်ာက္စက္ အသုံးျပဳစဥ္ ဒဏ္ရာရ႐ွိတဲ့ျဖစ္ရပ္ ၉ ခု႐ွိခဲ့ေၾကာင္း သိရပါတယ္။

ဆမ္ေဆာင္း အဝတ္ေလွ်ာ္စက္ေတြရဲ႕ အဝတ္ထည့္ကန္ဟာ အသုံးျပဳေနစဥ္ အလြန္အမင္း တုန္ခါမႈျဖစ္ေၾကာင္း ေျပာၾကားမႈ ၇၃၃ ခုကုိလည္း လက္ခံရ႐ွိခဲ့တယ္လို႕ ဆမ္ေဆာင္းက ေျပာပါတယ္။

အေမရိကန္မွာ ေရာင္းခ်ထားၿပီး ျပန္လည္ သိမ္းဆည္းသြားမယ့္ ဆမ္ေဆာင္း အဝတ္ေလွ်ာ္စက္မ်ားမွာ ၂၀၁၁ ခုႏွစ္ မတ္လနဲ႕ ၂၀၁၆ ခုႏွစ္ ႏုိဝင္ဘာလၾကား ထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္ ၃၄ မ်ဳိး ပါဝင္ၿပီး တန္ဖုိးအားျဖင့္ ျမန္မာေငြ ၅၇၀,၀၀၀ ေက်ာ္မွ ၁၉ သိန္းေက်ာ္ျဖစ္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

Galaxy Note 7 စမတ်ဖုန်းများ ပေါက်ကွဲမီးလောင်မှုကြောင့် ကမ္ဘာတစ်ဝန်းမှ ပြန်လည် သိမ်းဆည်းခဲ့ရပြီး ထုတ်လုပ်ရောင်းချမှု ရပ်ဆိုင်းခဲ့တဲ့ ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီဟာ ယခုအခါ အဝတ်လျှော်စက်များကိုလည်း အလားတူ ပြန်လည် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

ဆမ်ဆောင်း အဝတ်လျှော်စက်များ အသုံးပြုရာမှ ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်မှာ ရောင်းချထားတဲ့ အဝတ်လျှောက်စက် ၂.၈ သန်းကို ပြန်လည်သိမ်းဆည်းမယ်လို့ ဆမ်ဆောင်းက ယနေ့ (နိုဝင်ဘာ ၄ ရက်) ပြောကြားခဲ့ပါတယ်။

ဆမ်ဆောင်း အဝတ်လျှောက်စက်တွေ အသုံးပြုစဉ် ချို့ယွင်းချက်ကြောင့် ဒဏ်ရာရနိုင်တဲ့ အန္တရာယ်ရှိကြောင်း အမေရိကန် Consumer Product Safety Comission က သတိပေးထားပါတယ်။ အဝတ်လျှောက်စက် အသုံးပြုစဉ် ဒဏ်ရာရရှိတဲ့ဖြစ်ရပ် ၉ ခုရှိခဲ့ကြောင်း သိရပါတယ်။

ဆမ်ဆောင်း အဝတ်လျှော်စက်တွေရဲ့ အဝတ်ထည့်ကန်ဟာ အသုံးပြုနေစဉ် အလွန်အမင်း တုန်ခါမှုဖြစ်ကြောင်း ပြောကြားမှု ၇၃၃ ခုကိုလည်း လက်ခံရရှိခဲ့တယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။

အမေရိကန်မှာ ရောင်းချထားပြီး ပြန်လည် သိမ်းဆည်းသွားမယ့် ဆမ်ဆောင်း အဝတ်လျှော်စက်များမှာ ၂၀၁၁ ခုနှစ် မတ်လနဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကြား ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် ၃၄ မျိုး ပါဝင်ပြီး တန်ဖိုးအားဖြင့် မြန်မာငွေ ၅၇၀,၀၀၀ ကျော်မှ ၁၉ သိန်းကျော်ဖြစ်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top