Property Expo
×

မစ္႐ွဲလ္ကို ” ေဒါက္ဖိနပ္စီးထားတဲ့ေမ်ာက္ဝံ” ဆုိၿပီး ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စု အေနာက္ဗာဂ်ီးနီးယားျပည္နယ္က ၿမိဳ႕ေတာ္ဝန္တစ္ဦးဟာ သမၼတကေတာ္ မစ္႐ွဲလ္အိုဘားမားကို ေဖ့စ္ဘြတ္ေပၚမွာ ေလွာင္ေျပာင္ေရးသားခဲ့တဲ့အတြက္ ႏုတ္ထြက္လိုက္ရပါတယ္။ Clay ၿမိဳ႕ရဲ႕ အမ်ိဳးသမီးၿမိဳ႕ေတာ္ဝန္ ဘီဗာလီ ဝွလင္း ဆုိသူဟာ ေဒၚနယ္လ္ထရန္႔ မဲအႏုိင္ရသြားတဲ့အေပၚ ေအာင္ပြဲခံရာမွာ လက္႐ွိသမၼတကေတာ္ကိုပါ ပုတ္ခတ္ေစာ္ကားခဲ့တာျဖစ္ပါတယ္။

” ဒါဟာ အဆင့္အတန္း႐ွိၿပီး လွပတဲ့၊ က်က္သေရ႐ွွိတဲ့ သမၼတကေတာ္ကို အိမ္  ျဖဴေတာ္မွာ ျပန္ရၿပီေလ။ ကၽြန္မေတာ့ ေဒါက္ဖိနပ္စီးထားတဲ့ေမ်ာက္ဝံကို ျမင္ေနရတာ စိတ္ပင္ပန္းလွပါၿပီ” လို႔ မွတ္ခ်က္ေပး ေရးသားခဲ့တာ ျဖစ္ပါတယ္။ ဘီဗာလီရဲ႕ ေရးသားမႈဟာ ဖ်က္လိုက္ေပမဲ့လည္း လူမႈကြန္ရက္ေတြေပၚမွာ အေတာ္ကို က်ယ္ျပန္႔သြားခဲ့ရပါတယ္။ လူေပါင္း တစ္သိန္းခြဲက သူမရဲ႕လုပ္ရပ္ကို ကန္႔ကြက္ရႈတ္ခ်ခဲ့ၿပီးေနာက္ သူမအေနနဲ႔လူမ်ိဳးေရးခြဲျခားဖုိ႔ မရည္ရြယ္ခဲ့ပါဘူးလို႔ ျပန္လည္ေတာင္းပန္ခဲ့ပါေသးတယ္။ ဒါေပမဲ့လည္း သူမရဲ႕ ၿမိဳ႕ေတာ္ဝန္ရာထူးကိုေတာ့ စြန္႔လႊတ္လိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
မစ်ရှဲလ်ကို ” ဒေါက်ဖိနပ်စီးထားတဲ့မျောက်ဝံ” ဆိုပြီး ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု အနောက်ဗာဂျီးနီးယားပြည်နယ်က မြို့တော်ဝန်တစ်ဦးဟာ သမ္မတကတော် မစ်ရှဲလ်အိုဘားမားကို ဖေ့စ်ဘွတ်ပေါ်မှာ လှောင်ပြောင်ရေးသားခဲ့တဲ့အတွက် နုတ်ထွက်လိုက်ရပါတယ်။ Clay မြို့ရဲ့ အမျိုးသမီးမြို့တော်ဝန် ဘီဗာလီ ဝှလင်း ဆိုသူဟာ ဒေါ်နယ်လ်ထရန့် မဲအနိုင်ရသွားတဲ့အပေါ် အောင်ပွဲခံရာမှာ လက်ရှိသမ္မတကတော်ကိုပါ ပုတ်ခတ်စော်ကားခဲ့တာဖြစ်ပါတယ်။

” ဒါဟာ အဆင့်အတန်းရှိပြီး လှပတဲ့၊ ကျက်သရေရှှိတဲ့ သမ္မတကတော်ကို အိမ်  ဖြူတော်မှာ ပြန်ရပြီလေ။ ကျွန်မတော့ ဒေါက်ဖိနပ်စီးထားတဲ့မျောက်ဝံကို မြင်နေရတာ စိတ်ပင်ပန်းလှပါပြီ” လို့ မှတ်ချက်ပေး ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဘီဗာလီရဲ့ ရေးသားမှုဟာ ဖျက်လိုက်ပေမဲ့လည်း လူမှုကွန်ရက်တွေပေါ်မှာ အတော်ကို ကျယ်ပြန့်သွားခဲ့ရပါတယ်။ လူပေါင်း တစ်သိန်းခွဲက သူမရဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချခဲ့ပြီးနောက် သူမအနေနဲ့လူမျိုးရေးခွဲခြားဖို့ မရည်ရွယ်ခဲ့ပါဘူးလို့ ပြန်လည်တောင်းပန်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း သူမရဲ့ မြို့တော်ဝန်ရာထူးကိုတော့ စွန့်လွှတ်လိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top