Property Expo
×

ယခုအခါမွာ အမ်ိဳးသားေတြသာမက အမ်ိဳးသမီးေတြပါ အရက္ေသာက္သံုးလာတာကို ေနရာေတာ္ေတာ္ မ်ားမ်ားမွာ ေတြ႔ျမင္ေနရပါတယ္။ အရက္ေသာက္ျခင္းဟာ အသည္းေျခာက္ျခင္းႏွင့္ ယာဥ္မေတာ္တဆျဖစ္မႈ မ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈေတြကဲ့သို႔ေသာ ႀကီးမားတဲ့က်န္းမာေရးျပသနာေတြျဖစ္ေစႏိုင္တယ္ဆိုတာ အားလံုးသိၾကပါတယ္။ အရက္ေၾကာင့္ ခႏၶာကိုယ္ထဲမွာ ကၽြႏု္ပ္တို႔မသိႏိုင္တဲ့ အရာမ်ိဳးစံုျဖစ္ပ်က္ေနပါတယ္။

            ေအာက္ပါအခ်က္ (12) ခ်က္ကေတာ့ အရက္ကို အလြန္အကၽြံ စြဲၿမဲစြာေသာက္သံုးသူေတြမွာ ျဖစ္ေပၚ လာႏိုင္တဲ့ေရာဂါေတြပဲ ျဖစ္ပါတယ္။

1. ေသြးအားနည္းေရာဂါ (Anaemia)

       အရက္အလြန္အကၽြံေသာက္သံုးျခင္းေၾကာင့္ ခႏၶာကိုယ္ထဲမွာရွိတဲ့ ေအာက္ဆီဂ်င္ကို သယ္ေဆာင္ တဲ့ ေသြးနီဥအေရအတြက္က်ဆင္းလာပါတယ္။ အဲလိုအေျခအေနကို ေသြးအားနည္းတယ္ လို႔ေခၚၿပီး ေမာပန္းျခင္း၊ အသက္႐ႈျမန္ျခင္းနဲ႔ မူးေဝျခင္းေတြကဲ့သို႔ေသာ လကၡဏာေတြ ခံစားရတတ္ပါတယ္။

2. ကင္ဆာ

        အရက္အၿမဲေသာက္ျခင္းဟာ ကင္ဆာျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ ခႏၶာကိုယ္က အရက္ကို acetaldehyde လို႔ေခၚတဲ့ ကင္ဆာျဖစ္ေစတဲ့အရာအျဖစ္ ေျပာင္းလဲပစ္လုိက္ပါတယ္။ ကင္ဆာျဖစ္ႏိုင္တဲ့ေနရာေတြကေတာ့ အရက္နဲ႔ထိေတြ႔တဲ့ေနရာေတြျဖစ္တဲ့ ပါးစပ္၊ အစာႁပြန္ဦးပိုင္း (လည္ေခ်ာင္း)၊ အသံႁပြန္( အသံအိုး)၊ အစာႁပြန္၊ အသည္း၊ ႏို႔၊ အူမႀကီးနဲ႔ အစာေဟာင္းအိမ္တို႔ျဖစ္ၾကပါတယ္။ အရက္ေကာ၊ ေဆးရြက္ႀကီးေကာ ေသာက္တဲ့ သူေတြမွာ ကင္ဆာျဖစ္ႏိုင္ေခ်ပိုျမင့္ပါတယ္။

3. ႏွလံုးေသြးေၾကာေရာဂါ

         အရက္အလြန္အကၽြံေသာက္သံုးျခင္းဟာ ေသြးခဲေတြထဲကို ေသြးမႊားလို႔ေခၚတဲ့ platelets ေလးေတြကို ပုိစုေဝးလာေစျခင္းျဖင့္ ေလျဖတ္ျခင္းႏွင့္ ႐ုတ္တရက္ႏွလံုးခုန္ရပ္သြားျခင္းေတြကို ျဖစ္ေစတတ္ပါတယ္။ 2005 ခုႏွစ္မွာထုတ္ေဝခဲ့တဲ့ ေလ့လာမႈတစ္ခုအရ အရင္က႐ုတ္တရက္ႏွလံုးခုန္ရပ္တာကေန အသက္ျပန္ရွင္ဖူးတဲ့သူေတြမွာ အရက္ကိုတစ္ထိုင္တည္းအလြန္အကၽြံေသာက္သံုးရင္ ေသဖို႔ႏွစ္ဆပိုမ်ားပါတယ္။ ဒါေတြအျပင္ ႏွလံုးႂကြက္သားေရာဂါေတြလည္းျဖစ္ေစပါတယ္။ ႏွလံုးႂကြက္သားေတြအားနည္းလာၿပီး ေနာက္ ဆံုးမွာ လံုးဝအလုပ္မလုပ္ႏိုင္ေတာ့တာမ်ိဳးျဖစ္ႏိုင္သလို ႏွလံုးေသြးဝင္ခန္း၊ ေသြးလႊတ္ခန္းေတြ အဆမတန္ခုန္တာကဲ့သို႔ေသာ ႏွလံုးစည္းခ်က္မမွန္တာေတြလည္း ျဖစ္တတ္ပါတယ္။ Atrial fibrillation (ႏွလံုးေသြးဝင္ခန္း အဆမတန္ခုန္ျခင္း) ဆိုတာ ႏွလံုးအေပၚခန္းေတြက စည္းခ်က္က်က်ညႇစ္ရမယ့္အစား ပရမ္းပတာရမ္းခါေနျခင္းကိုေခၚတာျဖစ္ၿပီး အဲလိုျဖစ္ရင္ ေသြးခဲေတြျဖစ္လာၿပီး ေလျဖတ္တတ္ပါတယ္။ Ventricular fibrillation (ႏွလံုးေသြးလႊတ္ခန္း အဆမတန္ခုန္ျခင္း) ဆိုတာကေတာ့ ႏွလံုးရဲ႕အဓိကေသြးညႇစ္တဲ့အခန္းေတြျဖစ္တဲ့ ေသြးလႊတ္ခန္းေတြ ပရမ္းပတာရမ္းခါေနတာပါ။ ႐ုတ္တရက္သတိေမ့ေမ်ာသြားတတ္ၿပီး ကုသမႈခ်က္ခ်င္းမရဘူးဆိုရင္ ေသေစႏိုင္ပါတယ္။

4. အသည္းေျခာက္ျခင္း

         အရက္က အသည္းကို အဆိပ္သင့္ေစၿပီး အရက္ေသာက္သူအမ်ားအျပားမွာ အသည္းေျခာက္ေရာဂါ ျဖစ္တတ္ၾကပါတယ္။ တစ္ခါတစ္ရံေသေစႏိုင္တဲ့အေျခအေနေတြမွာဆိုရင္ အသည္းမွာအမာရြတ္ႀကီးတတ္ၿပီး အသည္းအလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ ဘယ္လိုအရက္ေသာက္သူေတြမွာ အသည္းေျခာက္မယ္ဆိုတာေတာ့ ခန္႔မွန္းရခက္ပါတယ္။ အခ်ိဳ႕အရက္အမ်ားႀကီးေသာက္သူေတြမွာ အသည္းမေျခာက္ဘဲနဲ႔ အခ်ိဳ႕ေသာ အလြန္အကၽြံမေသာက္သူေတြမွာ အသည္းေျခာက္တတ္ၾကပါတယ္။ အမ်ိဳးသမီးေတြမွာ ပိုျဖစ္တတ္ၿပီး အေၾကာင္းအရင္းကိုေတာ့ ေသခ်ာ မသိပါဘူး။

5. မွတ္ဉာဏ္ယုတ္ေလ်ာ့ျခင္း (Dementia)

       အသက္အရြယ္ႀကီးလာတာနဲ႔အမွ် ဆယ္စုႏွစ္တစ္ခုကို 1.9% ႏႈန္းနဲ႔ ဦးေႏွာက္က က်ံဳ႕လာပါတယ္။ ဒါက ပံုမွန္ျဖစ္စဥ္တစ္ခုပါ။ ဒါေပမယ့္ အရက္အလြန္အကၽြံေသာက္သံုးျခင္းက ဦးေႏွာက္ရဲ႕ အဓိကေနရာ အခ်ိဳ႕က်ံဳ႕ျခင္းကိုလွ်င္ျမန္ေစၿပီး မွတ္ဉာဏ္ယုတ္ေလ်ာ့ျခင္းနဲ႔ အျခားဦးေႏွာက္ျပႆနာေတြကိုျဖစ္ေစတတ္ပါတယ္။

      လူသားေတြရဲ႕ျမင့္မားတဲ့ ဦးေႏွာက္စြမ္းရည္ေတြျဖစ္တဲ့ အစီအစဥ္ဆဲြျခင္း၊ စဥ္းစားခ်င့္ခ်ိန္ျခင္း၊ ျပသနာမ်ားေျဖရွင္းျခင္းနဲ႔ အျခားစီမံခန္႔ခြဲေရးဆိုင္ရာစြမ္းရည္ေတြကို ယုတ္ေလ်ာ့လာေစပါတယ္။ ဒီလို ဦးေႏွာက္က်ံဳ႕ျခင္းေၾကာင့္ ျဖစ္လာတဲ့မွတ္ဉာဏ္ျပႆနာေတြအျပင္ အရက္အလြန္အကၽြံေသာက္သံုးျခင္းက အာဟာရျပင္းထန္စြာခ်ိဳ႕တဲ့မႈကုိျဖစ္ေစၿပီး အျခားမွတ္ဉာဏ္ျပႆနာေတြကိုလည္း ျဖစ္ေစပါတယ္။

6. စိတ္က်ေရာဂါ (Depression)

         အရက္အလြန္အကၽြံေသာက္သံုးျခင္းဟာ စိတ္က်ျခင္းနဲ႔လည္း ဆက္ႏြယ္ေနပါတယ္။ ဒါေပမယ့္ အရက္ေသာက္လို႔ စိတ္ဓာတ္က်တာလား? စိတ္ဓာတ္က်လို႔အရက္ေသာက္တာလား? ဆိုတာကို ေျပာဖို႔ ခက္ပါတယ္။ စိတ္ဓာတ္က်တဲ့သူေတြဟာ သူတို႔ရဲ႕နာက်င္ခံစားရမႈေတြကို ေမ့ေလ်ာ့ႏိုင္ဖို႔ အရက္ေသာက္ၾကပါတယ္။ ေလ့လာမႈတစ္ခုအရေတာ့ အရက္အလြန္အကၽြံေသာက္သံုးျခင္းေၾကာင့္လည္း စိတ္က်ေရာဂါရႏိုင္ပါတယ္။

7. အတက္ေရာဂါ

      အရက္အလြန္အကၽြံေသာက္သံုးျခင္းဟာ အတက္ေရာဂါအရင္ကမရွိတဲ့သူေတြေတာင္ တက္ေစတတ္ပါတယ္။ အတက္ေရာဂါကို ကုသတဲ့ေဆးဝါးေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုလည္း အေႏွာင့္အယွက္ေပးပါတယ္။

8. ေဂါက္ေရာဂါ (Gout)

        အဆစ္ေတြမွာ uric acid အမႈန္ေလးေတြျဖစ္ၿပီး နာက်င္ကိုက္ခဲတာကို Gout ေရာဂါလို႔ေခၚပါတယ္။ အခ်ိဳ႕က မ်ိဳး႐ိုးဗီဇေၾကာင့္ျဖစ္ေပမယ့္ အရက္နဲ႔ အျခားအစားအစာေတြကလည္း အေရးႀကီးတဲ့အခန္းက႑ကပါဝင္ပါတယ္။ အရက္က ရွိၿပီးသားေရာဂါကို ပိုဆိုးေစပါတယ္။

9. ေသြးတိုးျခင္း

       စိတ္ဖိစီးမႈ၊ အပူခ်ိန္နဲ႔ အာ႐ံုစိုက္မႈ စတဲ့အေျခအေနအမ်ိဳးမ်ိဳးကို တုန္႔ျပန္တဲ့အေနနဲ႔ ေသြးေၾကာမ်ား က်ံဳ႕ျခင္း၊ က်ယ္ျခင္းကို ထိန္းခ်ဳပ္တဲ့ အာ႐ံုေၾကာအဖြဲ႔အစည္းရဲ႕လုပ္ေဆာင္ခ်က္ေတြကို အရက္ကေႏွာင့္ယွက္ပါတယ္။ အရက္အလြန္အကၽြံေသာက္သံုးျခင္းနဲ႔ အရက္ခြက္ကို တစ္ခါတည္းနဲ႔ တရွိန္ထိုးေမာ့ေသာက္ျခင္းေတြ က ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒီျဖစ္စဥ္က နာတာရွည္ ျဖစ္လာပါတယ္။ ေသြးတုိးကေန ေက်ာက္ကပ္ေရာဂါ၊ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ျခင္းေတြကိုပါ ဆက္ျဖစ္ေစပါတယ္။

10. ကူးစက္ေရာဂါ

         အရက္အလြန္အကၽြံေသာက္သံုးျခင္းဟာ ခုခံအားစနစ္ကိုက်ဆင္းေစေသာေၾကာင့္ တီဘီ၊ HIV/AIDS၊ မ်ိဳးေအာင္ႏိုင္စြမ္း က်ဆင္းျခင္းစတဲ့ေရာဂါအပါအဝင္ လိင္မွတစ္ဆင့္ကူးစက္တတ္ေသာေရာဂါ စတဲ့ေရာဂါေတြပိုမိုကူးစက္ခံရႏိုင္ပါတယ္။ အရက္အလြန္အကၽြံေသာက္တတ္သူေတြဟာ အႏၲရာယ္ရွိတဲ့အျပဳအမူေတြနဲ႔ လိင္ဆက္ဆံတတ္ၾကတယ္။ အရက္အလြန္အကၽြံေသာက္သံုးျခင္းေၾကာင့္ လိင္မွတစ္ဆင့္ကူးစက္တတ္ေသာေရာဂါျဖစ္ႏိုင္ေခ် သံုးဆပိုမ်ားပါတယ္။

11. အာ႐ံုေၾကာထိခို္က္ျခင္း

          အရက္အလြန္အကၽြံေသာက္သံုးျခင္းေၾကာင့္  alcoholic neuropathy လို႔ေခၚတဲ့ အာ႐ံုေၾကာေရာဂါေတြလည္း ျဖစ္ေစတတ္ပါတယ္။ ေရာဂါလကၡဏာေတြကေတာ့ ေျခလက္မ်ားထံုက်ဥ္ျခင္း၊ ပင္အပ္ႏွင့္ထိုးသလို စူးခနဲနာျခင္း၊ ႂကြက္သားမ်ားအားနည္းျခင္း၊ ဆီးမထိန္းႏိုင္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ပန္းေသပန္ညႇိဳးျခင္းတို႔ျဖစ္ၾကပါတယ္။ အရက္က အာ႐ံုေၾကာဆဲလ္ေတြကိုဖ်က္ဆီးလို႔ အာ႐ံုေၾကာေရာဂါေတြျဖစ္ႏိုင္သလို အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ အာ႐ံုေၾကာလုပ္ငန္းေတြကို ဖ်က္ဆီးလိုက္လို႔လည္းျဖစ္ႏိုင္ပါတယ္။

12. မုန္႔ခ်ိဳအိတ္ေရာင္ျခင္း (Pancreatitis)

      အရက္ေသာက္ျခင္းေၾကာင့္ အစာအိမ္ေရာင္ရမ္းျခင္းအျပင္ မုန္႔ခ်ိဳအိတ္ေရာင္ျခင္းကိုလည္းျဖစ္ေစပါတယ္။ နာတာရွည္မုန္႔ခ်ိဳအိတ္ေရာင္ျခင္းက  အစာေခ်လုပ္ငန္းကိုေႏွာင့္ယွက္ျခင္းေၾကာင့္ ဗိုက္ေအာင့္ျခင္းနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းမ်ားကို ျဖစ္ေစပါတယ္။ အခ်ိဳ႕ေသာ နာတာရွည္မုန္႔ခ်ိဳအိတ္ေရာင္ျခင္းက သည္းေျခေက်ာက္မ်ားေၾကာင့္ ျဖစ္တတ္ေပမယ့္ 60% ကေတာ့ အရက္ေသာက္ျခင္းေၾကာင့္ျဖစ္တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

ယခုအခါမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ အရက်သောက်သုံးလာတာကို နေရာတော်တော် များများမှာ တွေ့မြင်နေရပါတယ်။ အရက်သောက်ခြင်းဟာ အသည်းခြောက်ခြင်းနှင့် ယာဉ်မတော်တဆဖြစ်မှု များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေကဲ့သို့သော ကြီးမားတဲ့ကျန်းမာရေးပြသနာတွေဖြစ်စေနိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။ အရက်ကြောင့် ခန္ဓာကိုယ်ထဲမှာ ကျွနု်ပ်တို့မသိနိုင်တဲ့ အရာမျိုးစုံဖြစ်ပျက်နေပါတယ်။

            အောက်ပါအချက် (12) ချက်ကတော့ အရက်ကို အလွန်အကျွံ စွဲမြဲစွာသောက်သုံးသူတွေမှာ ဖြစ်ပေါ် လာနိုင်တဲ့ရောဂါတွေပဲ ဖြစ်ပါတယ်။

1. သွေးအားနည်းရောဂါ (Anaemia)

       အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အောက်ဆီဂျင်ကို သယ်ဆောင် တဲ့ သွေးနီဥအရေအတွက်ကျဆင်းလာပါတယ်။ အဲလိုအခြေအနေကို သွေးအားနည်းတယ် လို့ခေါ်ပြီး မောပန်းခြင်း၊ အသက်ရှုမြန်ခြင်းနဲ့ မူးဝေခြင်းတွေကဲ့သို့သော လက္ခဏာတွေ ခံစားရတတ်ပါတယ်။

2. ကင်ဆာ

        အရက်အမြဲသောက်ခြင်းဟာ ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။ ခန္ဓာကိုယ်က အရက်ကို acetaldehyde လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့အရာအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ကင်ဆာဖြစ်နိုင်တဲ့နေရာတွေကတော့ အရက်နဲ့ထိတွေ့တဲ့နေရာတွေဖြစ်တဲ့ ပါးစပ်၊ အစာပြွန်ဦးပိုင်း (လည်ချောင်း)၊ အသံပြွန်( အသံအိုး)၊ အစာပြွန်၊ အသည်း၊ နို့၊ အူမကြီးနဲ့ အစာဟောင်းအိမ်တို့ဖြစ်ကြပါတယ်။ အရက်ကော၊ ဆေးရွက်ကြီးကော သောက်တဲ့ သူတွေမှာ ကင်ဆာဖြစ်နိုင်ချေပိုမြင့်ပါတယ်။

3. နှလုံးသွေးကြောရောဂါ

         အရက်အလွန်အကျွံသောက်သုံးခြင်းဟာ သွေးခဲတွေထဲကို သွေးမွှားလို့ခေါ်တဲ့ platelets လေးတွေကို ပိုစုဝေးလာစေခြင်းဖြင့် လေဖြတ်ခြင်းနှင့် ရုတ်တရက်နှလုံးခုန်ရပ်သွားခြင်းတွေကို ဖြစ်စေတတ်ပါတယ်။ 2005 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ အရင်ကရုတ်တရက်နှလုံးခုန်ရပ်တာကနေ အသက်ပြန်ရှင်ဖူးတဲ့သူတွေမှာ အရက်ကိုတစ်ထိုင်တည်းအလွန်အကျွံသောက်သုံးရင် သေဖို့နှစ်ဆပိုများပါတယ်။ ဒါတွေအပြင် နှလုံးကြွက်သားရောဂါတွေလည်းဖြစ်စေပါတယ်။ နှလုံးကြွက်သားတွေအားနည်းလာပြီး နောက် ဆုံးမှာ လုံးဝအလုပ်မလုပ်နိုင်တော့တာမျိုးဖြစ်နိုင်သလို နှလုံးသွေးဝင်ခန်း၊ သွေးလွှတ်ခန်းတွေ အဆမတန်ခုန်တာကဲ့သို့သော နှလုံးစည်းချက်မမှန်တာတွေလည်း ဖြစ်တတ်ပါတယ်။ Atrial fibrillation (နှလုံးသွေးဝင်ခန်း အဆမတန်ခုန်ခြင်း) ဆိုတာ နှလုံးအပေါ်ခန်းတွေက စည်းချက်ကျကျညှစ်ရမယ့်အစား ပရမ်းပတာရမ်းခါနေခြင်းကိုခေါ်တာဖြစ်ပြီး အဲလိုဖြစ်ရင် သွေးခဲတွေဖြစ်လာပြီး လေဖြတ်တတ်ပါတယ်။ Ventricular fibrillation (နှလုံးသွေးလွှတ်ခန်း အဆမတန်ခုန်ခြင်း) ဆိုတာကတော့ နှလုံးရဲ့အဓိကသွေးညှစ်တဲ့အခန်းတွေဖြစ်တဲ့ သွေးလွှတ်ခန်းတွေ ပရမ်းပတာရမ်းခါနေတာပါ။ ရုတ်တရက်သတိမေ့မျောသွားတတ်ပြီး ကုသမှုချက်ချင်းမရဘူးဆိုရင် သေစေနိုင်ပါတယ်။

4. အသည်းခြောက်ခြင်း

         အရက်က အသည်းကို အဆိပ်သင့်စေပြီး အရက်သောက်သူအများအပြားမှာ အသည်းခြောက်ရောဂါ ဖြစ်တတ်ကြပါတယ်။ တစ်ခါတစ်ရံသေစေနိုင်တဲ့အခြေအနေတွေမှာဆိုရင် အသည်းမှာအမာရွတ်ကြီးတတ်ပြီး အသည်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့် ဘယ်လိုအရက်သောက်သူတွေမှာ အသည်းခြောက်မယ်ဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။ အချို့အရက်အများကြီးသောက်သူတွေမှာ အသည်းမခြောက်ဘဲနဲ့ အချို့သော အလွန်အကျွံမသောက်သူတွေမှာ အသည်းခြောက်တတ်ကြပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပြီး အကြောင်းအရင်းကိုတော့ သေချာ မသိပါဘူး။

5. မှတ်ဉာဏ်ယုတ်လျော့ခြင်း (Dementia)

       အသက်အရွယ်ကြီးလာတာနဲ့အမျှ ဆယ်စုနှစ်တစ်ခုကို 1.9% နှုန်းနဲ့ ဦးနှောက်က ကျုံ့လာပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် အရက်အလွန်အကျွံသောက်သုံးခြင်းက ဦးနှောက်ရဲ့ အဓိကနေရာ အချို့ကျုံ့ခြင်းကိုလျှင်မြန်စေပြီး မှတ်ဉာဏ်ယုတ်လျော့ခြင်းနဲ့ အခြားဦးနှောက်ပြဿနာတွေကိုဖြစ်စေတတ်ပါတယ်။

      လူသားတွေရဲ့မြင့်မားတဲ့ ဦးနှောက်စွမ်းရည်တွေဖြစ်တဲ့ အစီအစဉ်ဆွဲခြင်း၊ စဉ်းစားချင့်ချိန်ခြင်း၊ ပြသနာများဖြေရှင်းခြင်းနဲ့ အခြားစီမံခန့်ခွဲရေးဆိုင်ရာစွမ်းရည်တွေကို ယုတ်လျော့လာစေပါတယ်။ ဒီလို ဦးနှောက်ကျုံ့ခြင်းကြောင့် ဖြစ်လာတဲ့မှတ်ဉာဏ်ပြဿနာတွေအပြင် အရက်အလွန်အကျွံသောက်သုံးခြင်းက အာဟာရပြင်းထန်စွာချို့တဲ့မှုကိုဖြစ်စေပြီး အခြားမှတ်ဉာဏ်ပြဿနာတွေကိုလည်း ဖြစ်စေပါတယ်။

6. စိတ်ကျရောဂါ (Depression)

         အရက်အလွန်အကျွံသောက်သုံးခြင်းဟာ စိတ်ကျခြင်းနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒါပေမယ့် အရက်သောက်လို့ စိတ်ဓာတ်ကျတာလား? စိတ်ဓာတ်ကျလို့အရက်သောက်တာလား? ဆိုတာကို ပြောဖို့ ခက်ပါတယ်။ စိတ်ဓာတ်ကျတဲ့သူတွေဟာ သူတို့ရဲ့နာကျင်ခံစားရမှုတွေကို မေ့လျော့နိုင်ဖို့ အရက်သောက်ကြပါတယ်။ လေ့လာမှုတစ်ခုအရတော့ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့်လည်း စိတ်ကျရောဂါရနိုင်ပါတယ်။

7. အတက်ရောဂါ

      အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အတက်ရောဂါအရင်ကမရှိတဲ့သူတွေတောင် တက်စေတတ်ပါတယ်။ အတက်ရောဂါကို ကုသတဲ့ဆေးဝါးတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အနှောင့်အယှက်ပေးပါတယ်။

8. ဂေါက်ရောဂါ (Gout)

        အဆစ်တွေမှာ uric acid အမှုန်လေးတွေဖြစ်ပြီး နာကျင်ကိုက်ခဲတာကို Gout ရောဂါလို့ခေါ်ပါတယ်။ အချို့က မျိုးရိုးဗီဇကြောင့်ဖြစ်ပေမယ့် အရက်နဲ့ အခြားအစားအစာတွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ အရက်က ရှိပြီးသားရောဂါကို ပိုဆိုးစေပါတယ်။

9. သွေးတိုးခြင်း

       စိတ်ဖိစီးမှု၊ အပူချိန်နဲ့ အာရုံစိုက်မှု စတဲ့အခြေအနေအမျိုးမျိုးကို တုန့်ပြန်တဲ့အနေနဲ့ သွေးကြောများ ကျုံ့ခြင်း၊ ကျယ်ခြင်းကို ထိန်းချုပ်တဲ့ အာရုံကြောအဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်တွေကို အရက်ကနှောင့်ယှက်ပါတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်းနဲ့ အရက်ခွက်ကို တစ်ခါတည်းနဲ့ တရှိန်ထိုးမော့သောက်ခြင်းတွေ က သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီဖြစ်စဉ်က နာတာရှည် ဖြစ်လာပါတယ်။ သွေးတိုးကနေ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကိုပါ ဆက်ဖြစ်စေပါတယ်။

10. ကူးစက်ရောဂါ

         အရက်အလွန်အကျွံသောက်သုံးခြင်းဟာ ခုခံအားစနစ်ကိုကျဆင်းစေသောကြောင့် တီဘီ၊ HIV/AIDS၊ မျိုးအောင်နိုင်စွမ်း ကျဆင်းခြင်းစတဲ့ရောဂါအပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါ စတဲ့ရောဂါတွေပိုမိုကူးစက်ခံရနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တတ်သူတွေဟာ အန္တရာယ်ရှိတဲ့အပြုအမူတွေနဲ့ လိင်ဆက်ဆံတတ်ကြတယ်။ အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ်နိုင်ချေ သုံးဆပိုများပါတယ်။

11. အာရုံကြောထိခိုက်ခြင်း

          အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့်  alcoholic neuropathy လို့ခေါ်တဲ့ အာရုံကြောရောဂါတွေလည်း ဖြစ်စေတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ခြေလက်များထုံကျဉ်ခြင်း၊ ပင်အပ်နှင့်ထိုးသလို စူးခနဲနာခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ပန်းသေပန်ညှိုးခြင်းတို့ဖြစ်ကြပါတယ်။ အရက်က အာရုံကြောဆဲလ်တွေကိုဖျက်ဆီးလို့ အာရုံကြောရောဂါတွေဖြစ်နိုင်သလို အာဟာရချို့တဲ့မှုကြောင့် အာရုံကြောလုပ်ငန်းတွေကို ဖျက်ဆီးလိုက်လို့လည်းဖြစ်နိုင်ပါတယ်။

12. မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis)

      အရက်သောက်ခြင်းကြောင့် အစာအိမ်ရောင်ရမ်းခြင်းအပြင် မုန့်ချိုအိတ်ရောင်ခြင်းကိုလည်းဖြစ်စေပါတယ်။ နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်းက  အစာချေလုပ်ငန်းကိုနှောင့်ယှက်ခြင်းကြောင့် ဗိုက်အောင့်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းများကို ဖြစ်စေပါတယ်။ အချို့သော နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်းက သည်းခြေကျောက်များကြောင့် ဖြစ်တတ်ပေမယ့် 60% ကတော့ အရက်သောက်ခြင်းကြောင့်ဖြစ်တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top