Kantharyar Centre
×




Credit:Duwun

Unicode Version

Spice Girls အဖွဲ့ဝင်ဖြစ်ခဲ့တုန်းက သူမရဲ့မိခင် ဗစ်တိုးရီးယားဟာ ကကွက်တွေနဲ့ ဝံ့ဝံ့စားစား ရှိခဲ့တာဖြစ်ပြီး အခု ငါးနှစ်အရွယ် ဟာပါဘက်ခမ်းလေးဟာ  ဘဲလေးအကသင်တန်းတက်လို့ မိခင်ရဲ့ခြေရာကို နင်းနေပါပြီ။

ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ သမီးထွေးလေး ဟာပါဟာ English National Ballet မှာ အကသင်တန်းစတက်နေပြီလို့ သိရပါတယ်။
ဘဲလေးအကကို ဗစ်တိုးရီးယားသာမကဘဲ ဒေးဗစ်ဘက်ခမ်းကပါ စိတ်ဝင်စားမှုရှိပြီး သင်တန်းကို သွားရောက်ကာ အခြားကလေးတွေရဲ့ မိဘတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် မြင်တွေ့ရပါတယ်။

"ဟာပါက ကိစ္စတွေ အများကြီးကို ကြိုးစားကြည့်ဖို့ ငယ်သေးပေမဲ့ သူက ဘဲလေးတော့ အရမ်းကချင်နေတယ်။ ဒေးဗစ်ရော ဗစ်တိုးရီးယားကပါ သူမ ဖျော်ဖြေတာကို ကြည့်ရတာ၊ သူမ လေ့ကျင့်နေတာကို ကူညီရတာကို သဘောကျကြတယ်" လို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top