Kantharyar Centre
×

 စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ န ဒုတိယဝန်ကြီး တာဝန်မှ ရပ်စဲ ခြင်းမခံရမီ နေပြည်တော်ကောင် စီသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရန်နှင့် ကိုယ်တိုင်နုတ် ထွက်စာတင်ရန် ညွှန်ကြားမှုများ ကို ငြင်းပယ်ခဲ့ပြီးနောက် တာဝန်မှ ရပ်စဲခံရခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းဝင်းက ပြောကြားသည်။

တာဝန်မှ ရပ်စဲခံရသည့်အ ကြောင်းရင်းမှာ အစည်းအဝေး  တစ်ခုတွင် စိုက်မွေးဆည်ပြည် ထောင်စုဝန်ကြီးနှင့် စကားအချေ အတင် ဖြစ်ခဲ့ခြင်းကြောင့်ဖြစ် သည်ဟုလည်း ဒေါက်တာထွန်း ဝင်းက ပြောသည်။ ဒေါက်တာထွန်းဝင်းအား ဒုဝန်ကြီးတာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတ လက်မှတ်ရေး ထိုးထားသော အမိန့်ကို သမ္မတရုံးက နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အစိုးရသစ်သက်တမ်း ရှစ်လခန့်အကြာတွင် အစိုးရအဖွဲ့ဝင်တစ်ဦးအား ပထမဆုံး တာဝန်မှရပ်နားစေခဲ့ခြင်းဖြစ်သည်။

ဒုဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်နေစဉ်အတွင်း ၎င်းတင်ပြ သည့် အဆိုပြုချက်များကို ဝန်ကြီး က ပယ်ချမှုများရှိခဲ့ပြီး လစဉ်ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် တစ်နိုင်ငံလုံးရှိ မိုးစပါးများကို ဆည်ရေမှ ရေပေးရန်၊ စိုက်ပျိုးရေးခြံများကို အလွန်သက်သာသောနှုန်းဖြင့် အငှားချထားပြီး အလုပ်မလုပ်သော မြေကွက်များကို အစိုးရက ပြန်သိမ်းရန်၊ ဆည်များတွင် ငါးမွေးမြူရေး လုပ်ကိုင်ရန်၊ ဧရာဝတီမြစ်ရေတင်စီမံကိန်းများလုပ်ဆောင်ရန်တို့ကို တင်ပြခဲ့သော်လည်း ပယ်ချခံရသဖြင့် ပယ်ချရသည့် အကြောင်းရင်းကို မေးမြန်းခဲ့ကာပြည်ထောင်စုဝန်ကြီးနှင့်  ကတောက်ကဆဖြစ်ခဲ့သည်ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

‘‘ဒီလို ပယ်ချတာကို ကျွန် တော်သည် သက်သက်မဲ့ တိုင်း ပြည်အကျိုးပြုမယ့်ဟာကို သာမန် လူတစ်ယောက်တွေးမယ်ဆို ချက်ချင်းလုပ်လို့ ချက်ချင်းအောင်မြင် မယ်ဆိုတဲ့ဟာမျိုးကို ဒီလောက် လွယ်တဲ့ဟာကို ဘာကြောင့်များ ပယ်ချပါသလဲဆိုပြီး ကျွန်တော် သူ့ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြီး တော့ ပြောမိတယ်။ ဝန်ကြီးသည် လေးလပဲ စိုက်ပျိုးရေးတာဝန်ကို ယူတာဖြစ်တယ်။ ကျွန်တော်သည် နှစ် ၄၀ ဒီဒုက္ခသုက္ခတွေ၊ လယ် သမားတွေ ခါးစည်းလို့ခံရတာ။ ဒါ တွေသာ ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာ ပြောင်းလဲမှုဖြစ်နိုင် သမျှ လယ်သမားတွေကို ချပြပြီး တော့ စပြီး လုပ်စေမယ်ဆိုရင် ကျွန်တော်တို့အစိုးရသစ်မှာ အ များကြီး တိုင်းသူပြည်သားတွေရဲ့  အကျိုးစီးပွားကို ပံ့ပိုးနိုင်မှာဖြစ်တဲ့ အတွက် ဒါကို လုပ်ခွင့်ပြုပါဆို တော့ ဝန်ကြီးသည် တော်တော်ကို စိတ်ဆိုးသွားပြီးတော့ သူက ချက် ချင်း ခုံကို ထထုပြီးတော့ ကျွန်တော်တို့အားလုံးကို သူသည် ပညာရေး မှာ ငါးနှစ်လောက် လုပ်တယ်။ ကျောင်းသား၊ ကျောင်းဆရာ ပေါင်း တစ်သိန်းကျော် နှစ်သိန်း လောက်ကို အုပ်ချုပ်တာ ဖြစ် တယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းတွေ နဲ့ပတ်သက်လို့ လေ့လာနေတယ်။ သိပ်ပြီး ဆန္ဒမစောနဲ့။ ဒီလုပ်ငန်း တွေကို နောက်ပိုင်းမှာ ဆက်လုပ် သွားမှာ။ စောင့်ကြည့်ပါဆိုပြီး သူ က ကျွန်တော့်ကို လက်သီးလက် မောင်းတန်းပြီး၊ ခုံထုပြီး ပြောပါ တယ်’’ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

‘‘ဒီခုံထုတဲ့ပြဿနာက ကြီး သွားတယ်ဗျ။ ကျွန်တော်ကြားရ တာပေါ့ဗျာ။ ကောလာဟလပေါ့ ဗျာ။ ကျွန်တော် ခုံထုပြီး ဝန်ကြီးကို အာခံပြောပါတယ်ဆိုပြီးတော့ အ မှုက ကြီးသွားတာပေါ့။ အဲဒီမှာ လူကြီးဆီ ရောက်သွားတာပေါ့’’ ဟု ဒေါက်တာထွန်းဝင်းက ဆိုသည်။

 အဆိုပါကိစ္စများ ဖြစ်ပြီး နောက် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦး ၀င်းထိန်က ခေါ်ယူတွေ့ဆုံမှုရှိခဲ့ ကြောင်း ဒေါက်တာထွန်းဝင်းကဆက်ပြောသည်။

        ဦးဝင်းထိန်နှင့်တွေ့ဆုံရာတွင် တိုင်စာများရောက်လာကြောင်း၊ တိုင်စာအတွက် နေပြည်တော်ကောင်စီသို့နေရာရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရမည်ဟု ပြောခဲ့သည်ဟု ဒေါက်တာထွန်းဝင်းကသတင်းထောက်များအား ပြောသည်။

     ဌာနပြောင်းအရေးယူရသည့် အကြောင်းကို သိရှိလိုကြောင်း ဦး ၀င်းထိန်အား မေးမြန်းခဲ့သော်လည်း အကြောင်းရင်းကို မပြောပြခဲ့ကြောင်းနှင့် နေရာ ပြောင်းရွှေ့ရန်စဉ်းစားချိန်ယူပါဟု ဆိုသဖြင့် တစ်ပတ်ခန့်အချိန်တောင်းခဲ့သည်ဟု၎င်းကဆိုသည်။

‘‘ဒီအလုပ်က ကျွန်တော်အာ ရုံစိုက်ပြီး လုပ်နေတဲ့ အလုပ်ဆို တော့ ကျွန်တော်ဘယ်ပြောင်းချင် မလဲဗျာ။ နေရာမင်လို့လည်း မ ဟုတ်၊ ရာထူးမင်လို့လည်းမဟုတ် ကျွန်တော်ဈာန်ဝင်နေတဲ့အတွက် ကျွန်တော်မပြောင်းချင်လို့ ၀န်ကြီး ဆီသွားပြီးတော့ ပြီးခဲ့တဲ့ကာလက ၀န်ကြီးကို ပြောခဲ့တဲ့ကိစ္စကြောင့် ဖြစ်မယ်၊၀န်ကြီးတိုင်လို့ဖြစ်မယ် ဆိုပြီးဝန်ကြီးဆီမနက်ခင်းသွားပြီး တော့ ထပ်တောင်းပန်တယ်။ ၀န် ကြီးခင်ဗျား တကယ်လို့ပြောမှား ဆိုမှားရှိရင် ကျွန်တော့်ကိုခွင့်လွှတ် ပါဆိုပြီး။ ဆရာ ဦးဝင်းထိန်က ကျွန်တော့်ကိုထွက်ခိုင်းနေပြီ။ ဒါ ပေမဲ့ ၀န်ကြီးနဲ့ အလုပ်လုပ်လိုတဲ့ ဆန္ဒရှိတယ်။ ၀န်ကြီး ဆန္ဒရှိရင် ကျွန်တော်ဆက်လုပ်မယ်ဆိုတော့ အဲဒီအခါဝန်ကြီးက ရပါတယ်ဗျာ ကျွန်တော်တို့ လုပ်ကြတာပေါ့ဗျာ ပြောတယ်’’ ဟု ဒေါက်တာထွန်း ၀င်းကဆိုသည်။

ဝန်ကြီးနှင့်အဆင်ပြေမှုကို ဦးဝင်းထိန်ထံသို့ ဖုန်းမြင့်ဆက် သွယ်ပြောကြားခဲ့ကာ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးသို့ ခရီးသွားရောက်ခဲ့ပြီး ပြန်ရောက်ပြီး တစ်ပတ်အကြာတွင် ဦးဝင်းထိန်နှင့်ထပ်မံ တွေ့ကြောင်း ဒေါက်တာ ထွန်းဝင်းကပြောသည်။

‘‘နောက်တစ်ပတ်ကျတော့ ကျွန်တော့်ကို ဖုန်းနဲ့ လှမ်းခေါ် တယ်။ ဒေါက်တာမျိုးအောင်က  လှမ်းခေါ်တယ်။ ဦးဝင်းထိန်က တွေ့ချင်လို့တဲ့။ သွားတဲ့အခါကျ တော့ ခင်ဗျား ကျွန်တော်ထွက်ပါလို့ပြောတာ။ ခင်ဗျား အာရုံ နောက်တယ်။ခင်ဗျားကွင်းထဲမှာ ရုပ်ရုပ်နဲ့ ဘာတွေလျှောက်လုပ် နေတာလဲ။ ထွက်ပါဆိုရင်ထွက် ပေါ့ဗျာ။ ကျွန်တော် ၀န်ကြီးနဲ့ အ ဆင်ပြေနေပြီ။ ဆရာ့တောင်ဖုန်း ဆက်သေးတယ်။ ဟာ..ကျွန်တော် နားကြားမှားတာ။ miss understanding ဒီတော့ ခင်ဗျားထွက်ဖို့ ပြင်။ မထွက်ရင်ကျွန်တော်တို့ ထုတ်ရလိမ့်မယ်’’ ဟု ဦးဝင်းထိန်က ပြောကြောင်း ဒေါက်တာထွန်းဝင်းက မီဒီယာအား ပြောသည်။

အဆိုပါ  ကိစ္စများနှင့် ပတ် သက်၍ ဦးဝင်းထိန်ထံသို့ 7Day  Daily သတင်းစာက နိုဝင်ဘာ ၁၉ ရက်ညနေပိုင်း ၅ နာရီ မိနစ် ၂၀ခန့်က ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံသူက ဦးဝင်းထိန် နေမကောင်းသဖြင့် အိပ်နေကြောင်းဖြေကြားခဲ့သည်။

ဒေါက်တာ ထွန်းဝင်းသည် ဦးဝင်းထိန်နှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီးနောက် နေရာ မပြောင်းလို ကြောင်းနှင့် ၎င်းတွင် အပြစ်မရှိ ၍ နုတ်မထွက်လိုကြောင်းတို့ကိုစာတစ်စောင်ရေးသားကာ နိုင်ငံတော်သမ္မတ၏ အဆုံးအဖြတ်အတိုင်းသာအရေးယူပါရန် သမ္မတထံတင်ပြခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်စဉ်တွင် ဌာနတွင်း၌ ၎င်းနှင့်ဝန်ကြီးတို့ကြား သွေးကွဲ အောင်သပ်လျှိုမှုများရှိနေပြီးဝန် ကြီးနှင့် ဝေးကွာအောင်ဝိုင်းပယ်ခံ ရမှုရှိသည်ဟု ၎င်းကဆိုခဲ့သည်။

‘‘သမ္မတကို ကျွန်တော်လုပ် ကိုင်ခဲ့တာ ဒုတိယ၀န်ကြီးဖြစ်တဲ့ အတွက် လုပ်ပိုင်ခွင့် မသာဘူး။ ပေါင်းစပ်ညှိနှိုင်းလို့လည်းမရဘူး။ အုပ်ချုပ်ရေးမှာလည်း ဒီလိုအုပ် ချုပ်လို့မရတဲ့အတွက် ကျွန်တော့် ရဲ့ ဒီလိုညံ့ဖျင်းမှုသည်ကျွန်တော့် ကြောင့်မဟုတ်ဘူး။ စနစ်ရဲ့အနေ အထားကိုက ဒီလိုမျိုးလုပ်လို့မရ အောင် အကာအကွယ်အတားအ ဆီးတွေ ရှိတယ်ဆိုတာကို ကျွန် တော်သည် ရှင်းလင်းတင်ပြပြီး တော့ ဒါကိုကျွန်တော်သည် အ ပြစ် မရှိတာကို အကြောင်းပြပြီး တော့ ကျွန်တော်မထွက်လိုပါဘူး။ နိုင်ငံတော် သမ္မတကြီးရဲ့ဆုံးဖြတ် မှုအရသာကျွန်တော့်ကိုအရေးယူ ပါဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ စာကိုမနေ့ကပေးလိုက်ပြီးတော့ မနက်က အမိန့်က ချက်ချင်းတန်း ထွက်လာတယ်’’ဟု သမ္မတထံမှ နိုဝင်ဘာ ၁၇ ရက်တွင် စာရောက်ရှိလာခဲ့ပြီးနိုဝင်ဘာ ၁၈ ရက်တွင် ကိုယ်တိုင်နုတ်ထွက်ရန် သို့မဟုတ် တာဝန်မှရပ်စဲမည်ဟု စာလာပြီးနောက် နုတ်ထွက်စာမတင်ဘဲအထက်ပါအတိုင်း စာပြန်ပို့ခဲ့ကြောင်း၎င်းက ပြောသည်။

ထို့အပြင် ၎င်းကြုံတွေ့ခဲ့ရသည်များကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသို့လည်း ပို့ခဲ့ကြောင်းပြောသည်။

ဒေါက်တာထွန်းဝင်းကို ဒုဝန် ကြီးအဖြစ်မှ  ထုတ်ပယ်လိုက်ခြင်း နှင့်ပတ်သက်၍ သမ္မတရုံးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး ကို မေးမြန်းခဲ့သော်လည်း သ တင်းထုတ်ပြန်ချက်အတိုင်းသာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

သမ္မတရုံး၏ထုတ်ပြန်ချက် တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ် (၁) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပ ဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဒေါက်တာ ထွန်းဝင်းကို တာဝန်မှ ရပ်စဲလိုက် ခြင်းဖြစ်ကြောင်းသာ ပါရှိပြီး အ ကြောင်းရင်းကို ဖော်ပြထားခြင်း မရှိပေ။

အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁) တွင် ‘ပေးအပ်သည့်တာဝန်ကို ကျေပွန် စွာ မထမ်းဆောင်နိုင်သော ပြည် ထောင်စုဝန်ကြီး (သို့မဟုတ်) ဒု တိယဝန်ကြီး တစ်ဦးဦးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင် သည်။ ညွှန်ကြားသည့် အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်’ ဟု ပြဋ္ဌာန်းထားသည်။သမ္မတရုံး၏  လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်သော အဆိုပါသတင်း၏အောက်၌ ဒုတိ ယဝန်ကြီးအား တာဝန်မှ ရပ်ဆိုင်း ရသည့်အကြောင်းရင်းကို သိရှိလို သည့် မေးမြန်းရေးသားမှုများရှိနေ ပြီး ကာယကံရှင် ဒေါက်တာထွန်း ဝင်းကလည်း ဖြစ်ရပ်မှန်ကို ရှင်းပြ ရန် အစိုးရ၌ တာဝန်ရှိသည်ဟု နိုဝင်ဘာ ၁၉ ရက် နေ့လယ်က နေပြည်တော်ရှိ ၎င်းနေထိုင်ရာ အိမ်တွင် သတင်းထောက်အချို့ အား ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ဒေါက်တာထွန်းဝင်းက ၎င်းထုတ်ပယ်ခံရခြင်းသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကို အကြောင်းပြခံခဲ့ရသည်ဟုဆိုသည်။

တိုင်းပြည်ကောင်းကျိုး အ တွက် ဆောင်ရွက်နေသည်ကို လူ ကိုယ်တိုင်ခေါ်ယူမေးမြန်းခြင်းမရှိ ဘဲ တာဝန်မှ ရပ်စဲခံလိုက်ရခြင်း သည် ပြည်သူလူထုက ရွေးချယ် တင်မြှောက်သော အစိုးရလက် ထက်၌ မဖြစ်သင့်ကြောင်း ၎င်းက ပြောကြားသည်။

‘‘ ကျွန်တော် ဘာသာတရား လည်းနေ့စဉ်လုပ်ပါတယ်။ ကျွန် တော် Absolute Truth(ပကတိ အမှန်တရား)ဗုဒ္ဓဟောတဲ့ Univer sal Truth, Absolute Truthကို သေတဲ့အထိလုပ်သွားမှာဖြစ်တဲ့ အတွက် ကျွန်တော်သည် ဘာမှ ကျွန်တော့်မှာ အပြစ်မရှိဘူး။ အ ပြစ်လုံးဝကင်းစင်တယ်။ တိုင်း ပြည်အတွက်သာ ရည်ရွယ်လုပ် တယ်။ ပါတီအတွက်သာ ရည် ရွယ်လုပ်တယ်’’ ဟု ဒေါက်တာ ထွန်းဝင်းကပြောသည်။

ဒုဝန်ကြီး တာဝန်မှ ရပ်စဲခံ လိုက်ရခြင်းအပေါ် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ဒေါက်တာထွန်းဝင်းကို အားပေးရေးသားမှုများရှိခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းဒုတိယ ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ‘‘လူတော် လူကောင်းတစ်ယောက်တာဝန်မှ ရပ်စဲခံရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ မြန်မာ့ လယ်ယာကဏ္ဍနှင့် တောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုးတိုး တက်ပါစေလို့ ဆန္ဒပြုပါတယ်’’ဟု ရေးသားထားသည်။

‘‘ဒေါက်တာ ထွန်းဝင်းကို ထုတ်ပယ်လိုက်တာ မဖြစ်သင့်တဲ့ ကိစ္စပဲ။ စိတ်မကောင်းစရာပေါ့။ ဘယ်ဘက်ကပဲဖြစ်ဖြစ် အစိုးရအ နေနဲ့ ဘာပဲပြောပြော လူပြောစ ရာဖြစ်တာပေါ့။ မှားတာ၊ မှန်တာ တော့ ထားပေါ့။ ဒါပေမဲ့ ပညာရှင်တစ်ယောက် လျော့သွားတာ တော့ ပြည်သူလူထုအတွက် နှ မြောစရာကောင်းတာပေါ့။ သူက ပညာရှင်။ တောင်သူလယ်သမား အရေးကို ဒီလောက်စိတ်ဝင်စား တာ။ တောင်သူလယ်သမားအ ရေး ကောင်းအောင်လုပ်ဖို့ သူ့မှာ အကြံဉာဏ်တွေ ရှိနေပြီး ကောင်း အောင်လုပ်ဖို့ အာရုံစိုက်နေတာ လေ။ တောင်သူတွေအတွက် တော့ ဆုံးရှုံးမှုတစ်ရပ်ပေါ့’’ ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း မှတ်ချက်ပေး သည်။

‘‘ဘာကြောင့် တာဝန်ကရပ် စဲခံရတာလဲဆိုတာတော့ ကျွန် တော် သေချာမသိပါဘူး။ သို့သော်... ကျွန်တော် တစ်ခါက ရေးခဲ့ဖူးတဲ့... ၀န်ကြီးတစ်ပါးရဲ့တရုတ် ပြည်ခရီးစဉ်မှာ လိုအပ်ရင်သုံးဖို့ ဘဏ်ကတ်ပေးလိုက်ချင်ကြောင်း ခရိုနီတစ်ယောက်ရဲ့ ပီအေက အ ကြိမ်ကြိမ် ချဉ်းကပ် ဆက်သွယ် တာကို ပြတ်ပြတ်သားသား ငြင်း ပယ်ခဲ့သူဆိုတာ ဒေါက်တာထွန်း ၀င်း ဖြစ်ပါတယ်။  သူ့လိုလူကို လာဘ်စားလို့ တာဝန်ရပ်စဲခံရသ ယောင်ယောင်ထင်ရာပြောနေကြတာ စိတ်ပျက်စရာပါ’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဒေါက်တာထွန်းဝင်းတာဝန်မှ ရပ်စဲခံရခြင်းနှင့် ပတ်သက်၍ ရေးသားထားသည်။

စိုက်ပျိုးရေး ပညာရှင်တစ်ဦး ဖြစ်သည့် ဒေါက်တာ ထွန်းဝင်း သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ၂၀၁၃ က ဖွဲ့စည်းသည့် လယ်သမားရေးရာကော်မတီအ ကြံပေးတစ်ဦးဖြစ်သည်။ ၎င်းသည်ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး၊ ဖိလစ်ပိုင်တွင်စိုက်ပျိုးရေး ဒေါက်တာဘွဲ့ ရရှိခဲ့ကာ

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးစိုက်ပျိုးရေးဌာနတွင် စိုက်ပျိုးရေး ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ဒုဝန်ကြီး မခန့်အပ်မီ စိုက်ပျိုးရေးပညာရှင်အဖြစ် ရပ်တည်နေပြီး ယခင်အစိုးရ လက်ထက်က စိုက်ပျိုးရေးစီမံခန့်ခွဲမှု အလွဲများကို ဆောင်းပါးများရေးသား၍ ဝေဖန်ခဲ့သူလည်း  ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top