Royal Maung Bamar Residence
×

 ပို႔ကုန္၊ သြင္းကုန္ အလိုအ ေလ်ာက္ အေကာက္ခြန္ရွင္းလင္း ေရးစနစ္(MACCS) ကို ႏုိ၀င္ဘာ လလယ္တြင္ စတင္အသုံးျပဳခဲ့ ေသာ္လည္း အဆင္မေျပမႈမ်ားရွိ ေၾကာင္း ပို႔ကုန္သြင္းကုန္လုပ္ငန္း ရွင္းမ်ားက ေျပာသည္။


ထိုစနစ္အဆင္မေျပျဖစ္ျခင္း ေၾကာင့္ ပို႔ကုန္၊ သြင္းကုန္ ကြန္တိန္ နာမ်ား ဆိပ္ကမ္းတြင္တင္မရ၊ ခ် မရျဖစ္ေနေၾကာင္း လုပ္ငန္းရွင္ မ်ားက ဆက္လက္ေျပာသည္။

‘‘လူတြက မကြၽမ္းက်င္တာ ရယ္။ ၀န္ထမ္းေတြက ဒီစက္နဲ႔ လုပ္ရင္ ပိုက္ဆံမရလုိ႔ သိပ္မလုပ္ ခ်င္ဘူး။ အင္တာနက္လုိင္းက မေကာင္းဘူး။ အခုေတာ့ လုပ္ငန္း ေတြလုပ္ရတာ အဆင္မေျပေသး ဘူး။ ေနာက္ေတာ့ ဘယ္လိုျဖစ္ မယ္မွန္း မသိေသးဘူး’’ဟု ေမာ္ ေတာ္ယာဥ္တင္သြင္း ထုတ္လုပ္ ျဖန္႔ျဖဴးေရာင္းခ်သူမ်ားအသင္း၊ ဥကၠ႒ေဒါက္တာစိုးထြန္းက ေျပာ ၾကားသည္။

ထိုစနစ္တြင္ အခ်က္အလက္ Data မ်ားေပးပို႔ေသာ္လည္း ျပန္ လည္အေၾကာင္းၾကားမႈ မရွိျခင္း၊ လုိင္စင္အားအဆက္ျဖတ္ခဲြတင္ ရာတြင္ အဆင္မေျပျခင္းႏွင့္ စနစ္ Sever Down ျခင္းစသည့္ ျပႆနာမ်ားျဖစ္ေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

‘‘ပုိ႔ကုန္ေတြေရာ၊ သြင္းကုန္ ေတြေရာ အခုခ်ိန္မွာ အခက္အခဲ ေတြျဖစ္ေနတယ္။ ကားေတြနဲ႔ သယ္ဖို႔လည္း ၾကန္႔ၾကာမႈေတြျဖစ္ ေနတယ္။ ဒါကိုေျဖရွင္းေပးဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါကိုအသင္း အေနနဲ႔လည္း ေလ့လာဆဲပါ’’ ဟု ပဲမ်ဳိးစုံႏွင့္ ႏွမ္းအသင္းခ်ဳပ္အတြင္း ေရးမွဴးဦးမင္းကိုဦးက ေျပာသည္။

အေကာက္ခြန္၀န္ထမ္းမ်ား သည္ အဆိုပါစနစ္ေၾကာင့္ ေငြမရ ၍ လုပ္ငန္းအေပၚတက္ႂကြမႈမရွိ ေၾကာင္း သြင္းကုန္လုပ္ငန္းရွင္ တစ္ဦးက မွတ္ခ်က္ေပးေျပာၾကား သည္။ ထုိစနစ္ျဖင့္ အသားက်ရန္အခ်ိန္ယူရဦးမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

‘‘တရားမ၀င္လာဘ္ေပး လာဘ္ယူ ပေပ်ာက္ေအာင္လုပ္တဲ့ အစိုးရရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ လက္ေတြ႕လုပ္ၾကေတာ့ ျပႆနာတက္တာေတြ႕ရပါတယ္။ အသားမက်ေသးလုိ႔ ေနာက္ပိုင္းမွာ ေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္’’ဟု ျမန္မာႏုိင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈကုန္သည္အ သင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ေလးက ေျပာသည္။

အဆုိပါ ၾကန္႔ၾကာမႈမ်ား အ ဆင္မေျပမႈမ်ားကို သိရွိပါေၾကာင္း ႏွင့္ ၀န္ထမ္းႏွင့္ ကုန္သည္မ်ားက လည္း စနစ္အေပၚကြၽမ္းက်င္မႈမရွိ ျခင္းေၾကာင့္ ျဖစ္သည္ဟု စီးပြား ေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန ၫႊန္ၾကားေရးမွဴး ဦးျမင့္ခ်ဳိက ေျပာသည္။

‘‘ဘယ္၀င္ရမယ္၊ ဘယ္သြား ရမယ္ဆိုတာ မသိဘူးျဖစ္ေနၾက တယ္။ စနစ္တစ္ခုအကူးအေျပာင္း မွာ ျဖစ္တတ္ပါတယ္။ ခဏေတာ့ သည္းခံေပးပါလို႔ ေျပာခ်င္ပါတယ္’’ဟု ၎ကဆက္လက္ေျပာသည္။

အြန္လုိင္းစနစ္ကို မျဖစ္မေန သြားရမည္ျဖစ္ေသာေၾကာင့္ ယခု အဆင္မေျပမႈမ်ားကို မျဖစ္မေန ေက်ာ္လႊားရမည္ျဖစ္ေၾကာင္း ၎ ကဆက္ေျပာသည္။

ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ အလိုအေလ်ာက္ ကုန္ပစၥည္းရွင္းလင္းေရးစနစ္ (Myanmar Automa-tic Cargo Clearance System- MACCS) ကို ဂ်ပန္အစုိးရအ ကူအညီျဖင့္ ေဆာင္ရြက္ျခင္းျဖစ္သည္။ MACCS ဆုိသည္မွာ ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ အေကာက္ခြန္႐ုံးမ်ားသို႔ သြားစရာမလိုဘဲ အြန္လုိင္းမွတစ္ဆင့္ အခ်ိန္တိုအတြင္း ေဆာင္ရြက္မည့္စနစ္ ျဖစ္သည္။ အဆုိပါ စနစ္ကို ရန္ကုန္ၿမိဳ႕ရွိ ေလဆိပ္ႏွင့္ဆိပ္ကမ္းမ်ားတြင္ စမ္းသပ္သည့္အေနျဖင့္ စတင္အသုံးျပဳမည္ျဖစ္ၿပီး နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ား၌ ဒုတိယအဆင့္မွသာ အသုံးျပဳမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


Unicode Version

 ပို့ကုန်၊ သွင်းကုန် အလိုအ လျောက် အကောက်ခွန်ရှင်းလင်း ရေးစနစ်(MACCS) ကို နိုဝင်ဘာ လလယ်တွင် စတင်အသုံးပြုခဲ့ သော်လည်း အဆင်မပြေမှုများရှိ ကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်းများက ပြောသည်။


ထိုစနစ်အဆင်မပြေဖြစ်ခြင်း ကြောင့် ပို့ကုန်၊ သွင်းကုန် ကွန်တိန် နာများ ဆိပ်ကမ်းတွင်တင်မရ၊ ချ မရဖြစ်နေကြောင်း လုပ်ငန်းရှင် များက ဆက်လက်ပြောသည်။

‘‘လူတွက မကျွမ်းကျင်တာ ရယ်။ ဝန်ထမ်းတွေက ဒီစက်နဲ့ လုပ်ရင် ပိုက်ဆံမရလို့ သိပ်မလုပ် ချင်ဘူး။ အင်တာနက်လိုင်းက မကောင်းဘူး။ အခုတော့ လုပ်ငန်း တွေလုပ်ရတာ အဆင်မပြေသေး ဘူး။ နောက်တော့ ဘယ်လိုဖြစ် မယ်မှန်း မသိသေးဘူး’’ဟု မော် တော်ယာဉ်တင်သွင်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း၊ ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ပြော ကြားသည်။

ထိုစနစ်တွင် အချက်အလက် Data များပေးပို့သော်လည်း ပြန် လည်အကြောင်းကြားမှု မရှိခြင်း၊ လိုင်စင်အားအဆက်ဖြတ်ခွဲတင် ရာတွင် အဆင်မပြေခြင်းနှင့် စနစ် Sever Down ခြင်းစသည့် ပြဿနာများဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ပို့ကုန်တွေရော၊ သွင်းကုန် တွေရော အခုချိန်မှာ အခက်အခဲ တွေဖြစ်နေတယ်။ ကားတွေနဲ့ သယ်ဖို့လည်း ကြန့်ကြာမှုတွေဖြစ် နေတယ်။ ဒါကိုဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်။ ဒါကိုအသင်း အနေနဲ့လည်း လေ့လာဆဲပါ’’ ဟု ပဲမျိုးစုံနှင့် နှမ်းအသင်းချုပ်အတွင်း ရေးမှူးဦးမင်းကိုဦးက ပြောသည်။

အကောက်ခွန်ဝန်ထမ်းများ သည် အဆိုပါစနစ်ကြောင့် ငွေမရ ၍ လုပ်ငန်းအပေါ်တက်ကြွမှုမရှိ ကြောင်း သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပေးပြောကြား သည်။ ထိုစနစ်ဖြင့် အသားကျရန်အချိန်ယူရဦးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘တရားမဝင်လာဘ်ပေး လာဘ်ယူ ပပျောက်အောင်လုပ်တဲ့ အစိုးရရဲ့ အစိတ်အပိုင်းတစ်ခုပါ။ လက်တွေ့လုပ်ကြတော့ ပြဿနာတက်တာတွေ့ရပါတယ်။ အသားမကျသေးလို့ နောက်ပိုင်းမှာ ကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်’’ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုကုန်သည်အ သင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

အဆိုပါ ကြန့်ကြာမှုများ အ ဆင်မပြေမှုများကို သိရှိပါကြောင်း နှင့် ဝန်ထမ်းနှင့် ကုန်သည်များက လည်း စနစ်အပေါ်ကျွမ်းကျင်မှုမရှိ ခြင်းကြောင့် ဖြစ်သည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။

‘‘ဘယ်ဝင်ရမယ်၊ ဘယ်သွား ရမယ်ဆိုတာ မသိဘူးဖြစ်နေကြ တယ်။ စနစ်တစ်ခုအကူးအပြောင်း မှာ ဖြစ်တတ်ပါတယ်။ ခဏတော့ သည်းခံပေးပါလို့ ပြောချင်ပါတယ်’’ဟု ၎င်းကဆက်လက်ပြောသည်။

အွန်လိုင်းစနစ်ကို မဖြစ်မနေ သွားရမည်ဖြစ်သောကြောင့် ယခု အဆင်မပြေမှုများကို မဖြစ်မနေ ကျော်လွှားရမည်ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar Automa-tic Cargo Clearance System- MACCS) ကို ဂျပန်အစိုးရအ ကူအညီဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ MACCS ဆိုသည်မှာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောက်ခွန်ရုံးများသို့ သွားစရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် အချိန်တိုအတွင်း ဆောင်ရွက်မည့်စနစ် ဖြစ်သည်။ အဆိုပါ စနစ်ကို ရန်ကုန်မြို့ရှိ လေဆိပ်နှင့်ဆိပ်ကမ်းများတွင် စမ်းသပ်သည့်အနေဖြင့် စတင်အသုံးပြုမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များ၌ ဒုတိယအဆင့်မှသာ အသုံးပြုမည် ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top