Property Expo
×

လူဆိုတာကေတာ့ ဘယ္သူမွပ်င္းရိၿငီးေငြ႕တဲ့ဘ၀ကို မႏွစ္ၿမိဳ႕ပါဘူး။ ပိုဆိုးတာ လူငယ္ဘ၀မွာဆိုရင္ ပိုလို႔ေတာင္ အေပ်ာ္အပါးနဲ႕ စိတ္လႈပ္ရွားမႈေတြကို ရွာေဖြခ်င္ၾကပါေသးတယ္။ ဒါေပမဲ့ ကိုယ့္ခ်စ္သူက အေပ်ာ္အပါးမက္ေနျပန္ေတာ့လည္း ကိုယ့္အေနနဲ႔ နားလည္ေပးရခက္၊ သ၀န္တိုရ၊ စိတ္ပူရနဲ႕ ေတာ္ေတာ္မလြယ္တဲ့အေျခအေနပါ။ ဒါဆိုရင္ သူေရာကိုယ္ေရာအဆင္ေျပဖို႕ သူ႔ကို နားလည္ေပးဖုိ႕ ဘယ္လိုစဥ္းစားရမလဲ...

၁။ သူ႔ေနရာကိုဝင္ၾကည့္

ကိုယ္က ဘယ္ေလာက္ပဲေအးေအးေဆးေဆးေနတတ္တယ္ေျပာေျပာ၊ ကိုယ္သာသူ႕ေနရာမွာဆိုရင္ ဒီလိုအေပ်ာ္အပါးအေသာက္အစားေတြရွိမိတာကို အျပစ္ႀကီးတစ္ခုလို႕ခံစားရပါ့မလား။ ေနာက္ျပီး အဓိကက်တဲ့ သစၥာတရား မထိခိုက္ဘဲ ေပ်ာ္ေပ်ာ္ပါးပါးေနလိုက္တာကို သူ႕လိုေနရာမွာကိုယ္ဆိုရင္ေရာ မလုပ္မိႏိုင္ဘူးလားလို႕ျဖည့္ေတြးပါ။

၂။ သစၥာတရား

သူဒီလို အေပ်ာ္အပါးေတြရွိေနတာက ကိုယ့္အတြက္ တစ္ပန္းသာတယ္လို႕လည္း ေတြးလို႕ရပါတယ္။ ေသာက္တာစားတာ၊ သြားတာလာတာေတြကို ကိုယ္ခြင့္လႊတ္ေၾကာင္းျပရင္း သူ႕ကိုသစၥာတရားနဲ႕ပတ္သက္ျပီး လံုး၀အထိအခိုက္မခံႏိုင္ေၾကာင္း ခပ္မာမာ ေျပာလို႕ရႏုိင္ပါတယ္။

၃။ တန္ဖိုး

သင္က ဦးစီးဦးေဆာင္ျပဳလုပ္ခ်င္သူဆိုရင္ေတာ့ သူဒီလိုအေပ်ာ္အပါးမက္ေနတာေတြက သင့္ေနရာနဲ႕တန္ဖိုးကို ပိုျမင့္တက္ေစတာ အေသအခ်ာပါပဲ။ ကိုယ္ကသူ႕လို အေပ်ာ္အပါးမမက္ေတာ့ စကားအရာမွာေရာ၊ အၾကံဉာဏ္နဲ႕ဆံုးျဖတ္ခ်က္အပိုင္းမွာပါ သူကကိုယ့္ကို ဦးစားေပး အရာထားရတာ ပိုမ်ားလာႏုိင္ပါတယ္။

၄။ လူေတြထဲကလူ

အစတုန္းကေျပာသလိုပါပဲ။ လူဆိုတာေတာ့ ေပ်ာ္ခ်င္ၾကတဲ့အမ်ိဳးပါ။ မပ်က္ဖို႕သာအဓိကက်တာပါ။ ဒါေၾကာင့္ သူ႕ကို နည္းမွန္လမ္းမွန္နဲ႕ေပ်ာ္တတ္ဖို႕၊ သူဘာေတြလုပ္ေနတယ္၊ ဘယ္ေတြသြားေနတယ္ဆိုတာကို မကြယ္မ၀ွက္တမ္း ကိုယ့္ကိုအသိေပးခ်င္စိတ္ရွိဖို႔သာလိုပါတယ္။ အဲ့လိုရွိေနရင္ ကုိယ့္အတြက္စိတ္မပူရသလို သူကလည္း ကိုယ္ကသူ႕ကိုနားလည္ေပးေနတာသိတဲ့အတြက္ ကိုယ့္ကိုပိုအမွတ္ေပးခ်စ္လာႏုိင္မွာ အေသအခ်ာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

လူဆိုတာကတော့ ဘယ်သူမှပျင်းရိငြီးငွေ့တဲ့ဘဝကို မနှစ်မြို့ပါဘူး။ ပိုဆိုးတာ လူငယ်ဘဝမှာဆိုရင် ပိုလို့တောင် အပျော်အပါးနဲ့ စိတ်လှုပ်ရှားမှုတွေကို ရှာဖွေချင်ကြပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ချစ်သူက အပျော်အပါးမက်နေပြန်တော့လည်း ကိုယ့်အနေနဲ့ နားလည်ပေးရခက်၊ သဝန်တိုရ၊ စိတ်ပူရနဲ့ တော်တော်မလွယ်တဲ့အခြေအနေပါ။ ဒါဆိုရင် သူရောကိုယ်ရောအဆင်ပြေဖို့ သူ့ကို နားလည်ပေးဖို့ ဘယ်လိုစဉ်းစားရမလဲ...

၁။ သူ့နေရာကိုဝင်ကြည့်

ကိုယ်က ဘယ်လောက်ပဲအေးအေးဆေးဆေးနေတတ်တယ်ပြောပြော၊ ကိုယ်သာသူ့နေရာမှာဆိုရင် ဒီလိုအပျော်အပါးအသောက်အစားတွေရှိမိတာကို အပြစ်ကြီးတစ်ခုလို့ခံစားရပါ့မလား။ နောက်ပြီး အဓိကကျတဲ့ သစ္စာတရား မထိခိုက်ဘဲ ပျော်ပျော်ပါးပါးနေလိုက်တာကို သူ့လိုနေရာမှာကိုယ်ဆိုရင်ရော မလုပ်မိနိုင်ဘူးလားလို့ဖြည့်တွေးပါ။

၂။ သစ္စာတရား

သူဒီလို အပျော်အပါးတွေရှိနေတာက ကိုယ့်အတွက် တစ်ပန်းသာတယ်လို့လည်း တွေးလို့ရပါတယ်။ သောက်တာစားတာ၊ သွားတာလာတာတွေကို ကိုယ်ခွင့်လွှတ်ကြောင်းပြရင်း သူ့ကိုသစ္စာတရားနဲ့ပတ်သက်ပြီး လုံးဝအထိအခိုက်မခံနိုင်ကြောင်း ခပ်မာမာ ပြောလို့ရနိုင်ပါတယ်။

၃။ တန်ဖိုး

သင်က ဦးစီးဦးဆောင်ပြုလုပ်ချင်သူဆိုရင်တော့ သူဒီလိုအပျော်အပါးမက်နေတာတွေက သင့်နေရာနဲ့တန်ဖိုးကို ပိုမြင့်တက်စေတာ အသေအချာပါပဲ။ ကိုယ်ကသူ့လို အပျော်အပါးမမက်တော့ စကားအရာမှာရော၊ အကြံဉာဏ်နဲ့ဆုံးဖြတ်ချက်အပိုင်းမှာပါ သူကကိုယ့်ကို ဦးစားပေး အရာထားရတာ ပိုများလာနိုင်ပါတယ်။

၄။ လူတွေထဲကလူ

အစတုန်းကပြောသလိုပါပဲ။ လူဆိုတာတော့ ပျော်ချင်ကြတဲ့အမျိုးပါ။ မပျက်ဖို့သာအဓိကကျတာပါ။ ဒါကြောင့် သူ့ကို နည်းမှန်လမ်းမှန်နဲ့ပျော်တတ်ဖို့၊ သူဘာတွေလုပ်နေတယ်၊ ဘယ်တွေသွားနေတယ်ဆိုတာကို မကွယ်မဝှက်တမ်း ကိုယ့်ကိုအသိပေးချင်စိတ်ရှိဖို့သာလိုပါတယ်။ အဲ့လိုရှိနေရင် ကိုယ့်အတွက်စိတ်မပူရသလို သူကလည်း ကိုယ်ကသူ့ကိုနားလည်ပေးနေတာသိတဲ့အတွက် ကိုယ့်ကိုပိုအမှတ်ပေးချစ်လာနိုင်မှာ အသေအချာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top