Kantharyar Centre
×

မ်က္ဝန္းျပာျပာေတြ ပိုင္ဆုိင္ထားတဲ့ ပါကစၥတန္က လက္ဖက္ရည္ေဖ်ာ္ဆရာေလးဟာ လူမႈကြန္ရက္မွာ နာမည္ႀကီးခဲ့ၿပီးေနာက္ အခုအခါ နီေပါက ဟင္းသီးဟင္း႐ြက္ေရာင္းတဲ့ အမ်ိဳးသမီးငယ္ေလးရဲ႕ အလွည့္ျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ရွရက္စ္သာဆိုသူ အမ်ိဳးသမီးငယ္ေလးဟာ နီေပါႏိုင္ငံ အစၥလာမာဘတ္ေစ်းထဲမွာ အသီးအ႐ြက္ေတြ ေရာင္းခ်သူျဖစ္ပါတယ္။ သူမရဲ႕ ဓာတ္ပံုအခ်ိဳ႕ကို တစ္စံုတစ္ေယာက္က ႐ိုက္ကူးခဲ့ၿပီးတဲ့ေနာက္ လူမႈကြန္ရက္မွာ အလြန္နာမည္ေက်ာ္လာျပန္ပါတယ္။ ခရမ္းခ်ဥ္းသီး ေသတၱာကို သယ္လာတဲ့ သူမရဲ႕ ဓာတ္ပံုဟာ အလြန္လူႀကိဳက္မ်ားလ်က္ရွိပါတယ္။

လူမႈကြန္ရက္ သံုးစြဲသူ တစ္ဦးကေတာ့ ပါကစၥတန္က လက္ဖက္ရည္ေဖ်ာ္ဆရာေလးနဲ႔ သူမတို႔ စံုတြဲျဖစ္ခဲ့မယ္ဆိုရင္ အလြန္လိုက္ဖက္ညီမွာျဖစ္ေၾကာင္း သူမရဲ႕ ဓာတ္ပံုေအာက္မွာ မွတ္ခ်က္ျပဳထားပါတယ္။ ရွရက္စ္သာတို႔ မိသားစုဟာ ေဂါခါျပည္နယ္က ေတာင္ယာလုပ္ကိုင္သူေတြ ျဖစ္ၾကၿပီး နီေပါၿမိဳ႕ေတာ္ ကက္သ္မန္ဒူနဲ႔ ၅၅ မိုင္ေလာက္ ကြာေဝးတဲ့ အရပ္က ျဖစ္ပါတယ္။ သူမဟာ ေစ်းထဲမွာ အသီးအ႐ြက္ ေရာင္းေန႐ံုသက္သက္ေတာ့ မဟုတ္ပါဘူး။

စီမံခန္႔ခြဲမႈ ပညာသင္ၾကားေနဆဲျဖစ္ၿပီး အားလပ္ခ်ိန္မွာ မိသားစုရဲ႕လုပ္ငန္းကို ကူညီေပးတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

မျက်ဝန်းပြာပြာတွေ ပိုင်ဆိုင်ထားတဲ့ ပါကစ္စတန်က လက်ဖက်ရည်ဖျော်ဆရာလေးဟာ လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပြီးနောက် အခုအခါ နီပေါက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အမျိုးသမီးငယ်လေးရဲ့ အလှည့်ဖြစ်ပါတယ်။

အသက် ၁၈ နှစ်သာရှိသေးတဲ့ ရှရက်စ်သာဆိုသူ အမျိုးသမီးငယ်လေးဟာ နီပေါနိုင်ငံ အစ္စလာမာဘတ်ဈေးထဲမှာ အသီးအရွက်တွေ ရောင်းချသူဖြစ်ပါတယ်။ သူမရဲ့ ဓာတ်ပုံအချို့ကို တစ်စုံတစ်ယောက်က ရိုက်ကူးခဲ့ပြီးတဲ့နောက် လူမှုကွန်ရက်မှာ အလွန်နာမည်ကျော်လာပြန်ပါတယ်။ ခရမ်းချဉ်းသီး သေတ္တာကို သယ်လာတဲ့ သူမရဲ့ ဓာတ်ပုံဟာ အလွန်လူကြိုက်များလျက်ရှိပါတယ်။

လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးကတော့ ပါကစ္စတန်က လက်ဖက်ရည်ဖျော်ဆရာလေးနဲ့ သူမတို့ စုံတွဲဖြစ်ခဲ့မယ်ဆိုရင် အလွန်လိုက်ဖက်ညီမှာဖြစ်ကြောင်း သူမရဲ့ ဓာတ်ပုံအောက်မှာ မှတ်ချက်ပြုထားပါတယ်။ ရှရက်စ်သာတို့ မိသားစုဟာ ဂေါခါပြည်နယ်က တောင်ယာလုပ်ကိုင်သူတွေ ဖြစ်ကြပြီး နီပေါမြို့တော် ကက်သ်မန်ဒူနဲ့ ၅၅ မိုင်လောက် ကွာဝေးတဲ့ အရပ်က ဖြစ်ပါတယ်။ သူမဟာ ဈေးထဲမှာ အသီးအရွက် ရောင်းနေရုံသက်သက်တော့ မဟုတ်ပါဘူး။

စီမံခန့်ခွဲမှု ပညာသင်ကြားနေဆဲဖြစ်ပြီး အားလပ်ချိန်မှာ မိသားစုရဲ့လုပ်ငန်းကို ကူညီပေးတာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top