Kantharyar Centre
×

အႏုပညာေလာကထဲမွာ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ရင္း နာမည္တစ္ခုရရွိထားသူကေတာ့ ယြန္းေရႊရည္ပါ။ သူမဟာ ဇာတ္ပုိ႕ေနရာေတြတုန္းကလည္း ဇာတ္ပို႕တစ္ေယာက္လုိ၊ မင္းသမီးေနရာေရာက္လာျပန္ေတာ့လည္း မင္းသမီးတစ္ေယာက္လို ဟာသကားကစလို႕၊ ဒရာမာမက်န္ ပီပီျပင္ျပင္သရုပ္ေဆာင္ႏုိင္တဲ့သူ ဆုိရင္လည္း မမွားပါဘူး။ လက္ရွိမွာေတာ့ ဗီဒီယိုေစ်းကြက္အေနအထားေၾကာင့္ ဗီဒီယိုကားရိုက္ကူးမႈနည္းပါးေနသလုိ ကားၾကီးေတြသာရုိက္ျဖစ္ေနရတယ္လို႕ေျပာလာတဲ့ယြန္းေရႊရည္ရဲ႕ လက္ရွိဇာတ္ကားရိုက္ကူးမႈမ်ားေၾကာင္းကို ေတြ႕ဆံုေမးျမန္းျဖစ္တဲ့အခါ

-အခုရုိက္ေနတဲ့ကားေလးအေၾကာင္း အရင္ေျပာျပေပးပါဦး။

ကိုေပါက္တို႕ထုတ္လုပ္ေရးကရိုက္တဲ့ကားၾကီးေပါ့။ ကားနာမည္က ဆယ္လီတဲ့။ ပညာေပးရုပ္ရွင္ဇာတ္ကားၾကီးပါ။ ဒီထဲမွာကာရိုက္တာေတာ့မသိရေသးဘူး။ အခုေဖ့စ္ဘြတ္ေပၚမွာျဖစ္ေနတဲ့သက္ငယ္မုဒိန္းမႈေတြကို ပညာေပးအေနနဲ႕ရိုက္တာပါ။ အစ္မတို႕က်ေတာ့ အခန္းနည္းတယ္။ ကေလးေတြကို ဦးစားေပးရိုက္တဲ့ကားဆိုေတာ့ေလ။ ဒီထဲက ကေလးေတြရဲ႕အစ္မေပါ့။ ဘယ္သူ႕အစ္မျဖစ္မလဲေတာ့ မသိေသးပါဘူး။

-သက္ငယ္မုဒိန္းမႈေတြအေပၚ ကိုယ္တုိင္ေရာ မိန္းကေလးတစ္ေယာက္အေနနဲ႕ဘယ္လိုခံစားမိပါသလဲ။

မိဘခ်င္းကိုယ္ခ်င္းစာတယ္။ ေဖ့စ္ဘြတ္ေပၚမွာျမင္ေနေတြ႕ေနရရင္ ဆက္လဲမၾကည့္ခ်င္ေတာ့ဘူး။ သိတယ္မလား။ သူတို႕ေတြကို အရမ္းလဲသနားတယ္။ သူတုိ႕မိဘေတြရဲ႕ခံစားခ်က္ကိုလဲ နားလည္တယ္။ ကုိယ္ေတြေတာင္မွဒီေလာက္ခံစားေနရရင္ သူတုိ႕မိဘေတြဆိုရင္ေတာ့ေျပာမေနနဲ႕ေတာ့။ အစ္မတို႕ကျမန္မာႏုိင္ငံ၊ ဗုဒၶဘာသာႏုိင္ငံျဖစ္ၿပီး အဲ့ဒီအမႈက အစ္မတို႕ျမန္မာႏုိင္ငံက အမ်ားဆံုးဆိုၿပီးလဲေျပာေနၾကတယ္။ အရင္တုန္းကလဲ ရွိရင္ရွိမွာေပါ့။ အခုကေဖ့စ္ဘြတ္ေပၚလာတဲ့အတြက္ ပိုၿပီးေပၚေပၚထင္ထင္ရွိလာတယ္။ သားသမီးခ်င္း ကုိယ္ခ်င္းစာတဲ့စိတ္ေတြဒီေခတ္မွာ မရွိေတာ့တာလားလို႕ေတြးမိတယ္။ ဒီဖက္ေခတ္ၾကီးက အရမ္းေျပာရခက္တယ္။ လူေတြရဲ႕စိတ္ကလဲ ေျပာရခက္တယ္။ အဲ့ဒီလိုမ်ိဳးေတြ႕လို႕ရွိရင္ သူမ်ားႏုိင္ငံေတြမွာဆို ေသဒဏ္ေပးတယ္ေလ။ ဒီႏုိင္ငံမွာလဲ အဲ့ဒီလိုမ်ိဳးေသဒဏ္ေပးေစခ်င္ပါတယ္။ အဲ့ဒါမွလဲဒီအမႈေတြပေပ်ာက္မယ္လို႕ထင္တယ္။ အသက္မျပည့္ေသးတဲ့ကေလးေတြကို ဒီလိုလုပ္တယ္ဆိုတာေတာ္ေတာ့ကို လူစိတ္မရွိတဲ့သူေတြပါ။ အဲ့ဒီေတာ့ ေသဒဏ္ေပးသင့္တယ္လုိ႕ျမင္ပါတယ္။

-အေခြလုပ္မယ္လို႕ၾကားတယ္။ အဲ့ဒါကေရာ ဘယ္လုိျဖစ္သြားၿပီလဲ။

စီေတာ့စီစဥ္ခ်င္တယ္။ ဒါေပမဲ့အေျခေနကသိတဲ့အတိုင္း ခုိးကူးေခြေတြကလဲရွိေတာ့ အဆင္မေျပဘူးဆုိေတာ့လည္း အဲ့ဒီဖက္ကိုလဲ မလႈပ္ရွားႏုိင္ေသးဘူး။ ေနာက္ၿပီး အခုသရုပ္ေဆာင္ဖက္ဆိုလဲ ဗီဒီယိုက သိပ္မရွိေတာ့ဘူး။ ေပ်ာက္လုနီးပါးျဖစ္ေနၿပီဆိုေတာ့ ကိုယ္လုပ္ေနတဲ့ အလုပ္ေလးကိုပဲ ပံုမွန္နဲ႕အေကာင္းဆံုးျဖစ္ေအာင္လုပ္ေနပါတယ္။

-အဲဒါဆုိသရုပ္ေဆာင္ဖက္ပဲေဇာက္ခ်ၿပီးလုပ္ျဖစ္ေနမွာလား။ တျခားစီးပြားေရးဖက္ကိုေရာကူးေျပာင္းဖို႕ရွိဦးမလား။

ေနာက္ပိုင္းေတာ့ လုပ္ျဖစ္မယ္ထင္ပါတယ္။ ဘာလို႕လဲဆိုေတာ့ ဒီအႏုပညာအလုပ္က ပေပ်ာက္လုနီးပါးျဖစ္ေနၿပီ။ ရုပ္ရွင္ဆိုတာလဲ ဘယ္ခ်ိန္ပေပ်ာက္မလဲ မသိေသးဘူး။ တျခားစီးပြားေရးလုပ္ဖို႕က စဥ္းစားေနတုန္းပါပဲ။ ကိုယ့္အႏုပညာအလုပ္နဲ႕ဆက္လ်ဥ္းမယ့္ အလုပ္တစ္ခုကိုပဲစဥ္းစားရမွာေပါ့။

-ကားရိုက္အေျခအေနကေရာ အခုေနာက္ပိုင္းက်ဲသြားတယ္လို႕ေျပာလို႕ရမလား။

အရင္ကထက္စာရင္ေတာ့ ကားရိုက္နည္းသြားတယ္။ က်ဲသြားတယ္။ ရုပ္ရွင္ေတြပဲရွိေတာ့တဲ့အတြက္ၿပီးေတာ့ တစ္လမွာ ရုပ္ရွင္ကားတစ္ကားေလာက္ပဲ ရုိက္ရေတာ့တယ္။ တစ္ခုေတာ့ေကာင္းတယ္။ ၀င္ေငြအေနနဲ႕မေကာင္းေပမဲ့ျပင္ဆင္ရတာ ဘာညာကေတာ့ ေသေသခ်ာခ်ာေလးျပင္ဆင္လို႕ရသြားတယ္။ ရုပ္ ရွင္ကားၾကီးျဖစ္တဲ့အတြက္ျပင္ဆင္ရတာ ပိုၿပီးေသခ်ာေလးလုပ္လို႕ရတယ္။

-စီးပြားေရးလုပ္ျဖစ္မယ္ဆုိ ဘယ္လိုစီးပြားေရးမ်ိဳးကိုစိတ္၀င္စားလဲ။

ကုိယ္ကဒီအလုပ္နဲ႕စပ္လ်ဥ္းတဲ့အလုပ္ပဲ လုပ္ျဖစ္မယ္။ ဥပမာ အလွျပင္ဆိုင္ဖြင့္တာတို႕ဘာတို႕ေပါ့။ ဒါေပမဲ့အဲ့ဒါကလဲ စဥ္းစားထားတာေပါ့။ လိုေတာ့လုိပါေသးတယ္။

-New Year ကိုေရာ ဘယ္လိုျဖတ္သန္းျဖစ္မလဲ။

အစ္မ အိမ္မွာပါပဲ။ ေပ်ာ္ပြဲရႊင္ပြဲေတြ သိပ္မသြားတတ္တာရယ္၊ ေနာက္ၿပီး အစ္မသီခ်င္းဆုိစရာရွိရင္ သြားဆုိမွာဆိုေတာ့ လူငယ္ဘ၀ေပ်ာ္ရႊင္မႈကေတာ့ သိပ္မရွိပါဘူး။

-ဒီကားၿပီးရင္ေရာ ဘာေတြလက္ခံထားတာရွိဦးမလဲ။

ဒီကားၿပီးရင္ျမစ္ၾကီးနားမွာ သီခ်င္းဆိုဖို႕ရွိတယ္။ ေနာက္လထဲမွာေတာ့ ေအာင္ပန္းမွာကားသြားရုိက္ဖို႕ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TrendMyanmar

#Unicode Version

အနုပညာလောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ရင်း နာမည်တစ်ခုရရှိထားသူကတော့ ယွန်းရွှေရည်ပါ။ သူမဟာ ဇာတ်ပို့နေရာတွေတုန်းကလည်း ဇာတ်ပို့တစ်ယောက်လို၊ မင်းသမီးနေရာရောက်လာပြန်တော့လည်း မင်းသမီးတစ်ယောက်လို ဟာသကားကစလို့၊ ဒရာမာမကျန် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့သူ ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာတော့ ဗီဒီယိုဈေးကွက်အနေအထားကြောင့် ဗီဒီယိုကားရိုက်ကူးမှုနည်းပါးနေသလို ကားကြီးတွေသာရိုက်ဖြစ်နေရတယ်လို့ပြောလာတဲ့ယွန်းရွှေရည်ရဲ့ လက်ရှိဇာတ်ကားရိုက်ကူးမှုများကြောင်းကို တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်း အရင်ပြောပြပေးပါဦး။

ကိုပေါက်တို့ထုတ်လုပ်ရေးကရိုက်တဲ့ကားကြီးပေါ့။ ကားနာမည်က ဆယ်လီတဲ့။ ပညာပေးရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီထဲမှာကာရိုက်တာတော့မသိရသေးဘူး။ အခုဖေ့စ်ဘွတ်ပေါ်မှာဖြစ်နေတဲ့သက်ငယ်မုဒိန်းမှုတွေကို ပညာပေးအနေနဲ့ရိုက်တာပါ။ အစ်မတို့ကျတော့ အခန်းနည်းတယ်။ ကလေးတွေကို ဦးစားပေးရိုက်တဲ့ကားဆိုတော့လေ။ ဒီထဲက ကလေးတွေရဲ့အစ်မပေါ့။ ဘယ်သူ့အစ်မဖြစ်မလဲတော့ မသိသေးပါဘူး။

-သက်ငယ်မုဒိန်းမှုတွေအပေါ် ကိုယ်တိုင်ရော မိန်းကလေးတစ်ယောက်အနေနဲ့ဘယ်လိုခံစားမိပါသလဲ။

မိဘချင်းကိုယ်ချင်းစာတယ်။ ဖေ့စ်ဘွတ်ပေါ်မှာမြင်နေတွေ့နေရရင် ဆက်လဲမကြည့်ချင်တော့ဘူး။ သိတယ်မလား။ သူတို့တွေကို အရမ်းလဲသနားတယ်။ သူတို့မိဘတွေရဲ့ခံစားချက်ကိုလဲ နားလည်တယ်။ ကိုယ်တွေတောင်မှဒီလောက်ခံစားနေရရင် သူတို့မိဘတွေဆိုရင်တော့ပြောမနေနဲ့တော့။ အစ်မတို့ကမြန်မာနိုင်ငံ၊ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အဲ့ဒီအမှုက အစ်မတို့မြန်မာနိုင်ငံက အများဆုံးဆိုပြီးလဲပြောနေကြတယ်။ အရင်တုန်းကလဲ ရှိရင်ရှိမှာပေါ့။ အခုကဖေ့စ်ဘွတ်ပေါ်လာတဲ့အတွက် ပိုပြီးပေါ်ပေါ်ထင်ထင်ရှိလာတယ်။ သားသမီးချင်း ကိုယ်ချင်းစာတဲ့စိတ်တွေဒီခေတ်မှာ မရှိတော့တာလားလို့တွေးမိတယ်။ ဒီဖက်ခေတ်ကြီးက အရမ်းပြောရခက်တယ်။ လူတွေရဲ့စိတ်ကလဲ ပြောရခက်တယ်။ အဲ့ဒီလိုမျိုးတွေ့လို့ရှိရင် သူများနိုင်ငံတွေမှာဆို သေဒဏ်ပေးတယ်လေ။ ဒီနိုင်ငံမှာလဲ အဲ့ဒီလိုမျိုးသေဒဏ်ပေးစေချင်ပါတယ်။ အဲ့ဒါမှလဲဒီအမှုတွေပပျောက်မယ်လို့ထင်တယ်။ အသက်မပြည့်သေးတဲ့ကလေးတွေကို ဒီလိုလုပ်တယ်ဆိုတာတော်တော့ကို လူစိတ်မရှိတဲ့သူတွေပါ။ အဲ့ဒီတော့ သေဒဏ်ပေးသင့်တယ်လို့မြင်ပါတယ်။

-အခွေလုပ်မယ်လို့ကြားတယ်။ အဲ့ဒါကရော ဘယ်လိုဖြစ်သွားပြီလဲ။

စီတော့စီစဉ်ချင်တယ်။ ဒါပေမဲ့အခြေနေကသိတဲ့အတိုင်း ခိုးကူးခွေတွေကလဲရှိတော့ အဆင်မပြေဘူးဆိုတော့လည်း အဲ့ဒီဖက်ကိုလဲ မလှုပ်ရှားနိုင်သေးဘူး။ နောက်ပြီး အခုသရုပ်ဆောင်ဖက်ဆိုလဲ ဗီဒီယိုက သိပ်မရှိတော့ဘူး။ ပျောက်လုနီးပါးဖြစ်နေပြီဆိုတော့ ကိုယ်လုပ်နေတဲ့ အလုပ်လေးကိုပဲ ပုံမှန်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်။

-အဲဒါဆိုသရုပ်ဆောင်ဖက်ပဲဇောက်ချပြီးလုပ်ဖြစ်နေမှာလား။ တခြားစီးပွားရေးဖက်ကိုရောကူးပြောင်းဖို့ရှိဦးမလား။

နောက်ပိုင်းတော့ လုပ်ဖြစ်မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအနုပညာအလုပ်က ပပျောက်လုနီးပါးဖြစ်နေပြီ။ ရုပ်ရှင်ဆိုတာလဲ ဘယ်ချိန်ပပျောက်မလဲ မသိသေးဘူး။ တခြားစီးပွားရေးလုပ်ဖို့က စဉ်းစားနေတုန်းပါပဲ။ ကိုယ့်အနုပညာအလုပ်နဲ့ဆက်လျဉ်းမယ့် အလုပ်တစ်ခုကိုပဲစဉ်းစားရမှာပေါ့။

-ကားရိုက်အခြေအနေကရော အခုနောက်ပိုင်းကျဲသွားတယ်လို့ပြောလို့ရမလား။

အရင်ကထက်စာရင်တော့ ကားရိုက်နည်းသွားတယ်။ ကျဲသွားတယ်။ ရုပ်ရှင်တွေပဲရှိတော့တဲ့အတွက်ပြီးတော့ တစ်လမှာ ရုပ်ရှင်ကားတစ်ကားလောက်ပဲ ရိုက်ရတော့တယ်။ တစ်ခုတော့ကောင်းတယ်။ ဝင်ငွေအနေနဲ့မကောင်းပေမဲ့ပြင်ဆင်ရတာ ဘာညာကတော့ သေသေချာချာလေးပြင်ဆင်လို့ရသွားတယ်။ ရုပ် ရှင်ကားကြီးဖြစ်တဲ့အတွက်ပြင်ဆင်ရတာ ပိုပြီးသေချာလေးလုပ်လို့ရတယ်။

-စီးပွားရေးလုပ်ဖြစ်မယ်ဆို ဘယ်လိုစီးပွားရေးမျိုးကိုစိတ်ဝင်စားလဲ။

ကိုယ်ကဒီအလုပ်နဲ့စပ်လျဉ်းတဲ့အလုပ်ပဲ လုပ်ဖြစ်မယ်။ ဥပမာ အလှပြင်ဆိုင်ဖွင့်တာတို့ဘာတို့ပေါ့။ ဒါပေမဲ့အဲ့ဒါကလဲ စဉ်းစားထားတာပေါ့။ လိုတော့လိုပါသေးတယ်။

-New Year ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

အစ်မ အိမ်မှာပါပဲ။ ပျော်ပွဲရွှင်ပွဲတွေ သိပ်မသွားတတ်တာရယ်၊ နောက်ပြီး အစ်မသီချင်းဆိုစရာရှိရင် သွားဆိုမှာဆိုတော့ လူငယ်ဘဝပျော်ရွှင်မှုကတော့ သိပ်မရှိပါဘူး။

-ဒီကားပြီးရင်ရော ဘာတွေလက်ခံထားတာရှိဦးမလဲ။

ဒီကားပြီးရင်မြစ်ကြီးနားမှာ သီချင်းဆိုဖို့ရှိတယ်။ နောက်လထဲမှာတော့ အောင်ပန်းမှာကားသွားရိုက်ဖို့ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: TrendMyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top