Property Expo
×

ဝိုင္လို႔ ေျပာလိုက္တာနဲ႔ အနီေရာင္နဲ႔ အျဖဴေရာင္ကိုပဲ ျမင္မိၾကမွာပါ။ ခုေတာ့ ဆန္းသစ္တီထြင္ထားတဲ့ အျပာေရာင္ဝိုင္ပုလင္းေလးက ဝိုင္ခ်စ္သူေတြကို အမိအရ ဆြဲေဆာင္ႏိုင္မွာ ေသခ်ာပါတယ္။


စပိန္ကုမၸဏီတစ္ခုက ထုတ္လုပ္လိုက္တဲ့ Gïk Blue ဝိုင္ျပာဟာ စပ်စ္ဝိုင္ အနီနဲ႔ အျဖဴကို ေပါင္းစပ္တဲ့ အယူအဆကို အေျခခံကာ သဘာဝဆိုးေဆးကို ထည့္သြင္းထုတ္လုပ္ထားတာျဖစ္ပါတယ္။ "Gïk က ေပ်ာ္႐ႊင္မႈအတြက္ ေမြးဖြားလာတာပါ။ အေျပာင္းအလဲေလးနည္းနည္းနဲ႔စၿပီး ဆန္းသစ္တီထြင္ခ်င္လို႔ပါ" ဆိုၿပီး ဝိုင္ျပာကိုတြဲဖက္တီထြင္ခဲ့သူ Aritz López က ဆိုပါတယ္။ ဝိုင္ကို အျပာေရာင္ျဖစ္သြားေအာင္ စပ်စ္သီးအနီ၊ စပ်စ္သီးအျဖဴ အမ်ိဳးအစားစံုတုိ႔ကို သဘာဝအေရာင္ႏွစ္မ်ိဳးနဲ႔ ေရာႀကိတ္ကာ အျပာေရာင္ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။


ဒီဝိုင္ကို စပိန္ႏိုင္ငံက စားေသာက္ဆုိင္ေတြမွာ စတင္ေရာင္းခ်ေနႏွင့္ပါၿပီ။ အျခားႏိုင္ငံ ၂၅ ခုကိုလည္း တင္ပို႔ေနပါသတဲ့။ ေရွ႕ႏွစ္ေလာက္ဆုိရင္ေတာ့ အေမရိကေစ်းကြက္ကိုပါ ေရာက္လာဖုိ႔ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဝိုင်လို့ ပြောလိုက်တာနဲ့ အနီရောင်နဲ့ အဖြူရောင်ကိုပဲ မြင်မိကြမှာပါ။ ခုတော့ ဆန်းသစ်တီထွင်ထားတဲ့ အပြာရောင်ဝိုင်ပုလင်းလေးက ဝိုင်ချစ်သူတွေကို အမိအရ ဆွဲဆောင်နိုင်မှာ သေချာပါတယ်။

စပိန်ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်တဲ့ Gïk Blue ဝိုင်ပြာဟာ စပျစ်ဝိုင် အနီနဲ့ အဖြူကို ပေါင်းစပ်တဲ့ အယူအဆကို အခြေခံကာ သဘာဝဆိုးဆေးကို ထည့်သွင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ "Gïk က ပျော်ရွှင်မှုအတွက် မွေးဖွားလာတာပါ။ အပြောင်းအလဲလေးနည်းနည်းနဲ့စပြီး ဆန်းသစ်တီထွင်ချင်လို့ပါ" ဆိုပြီး ဝိုင်ပြာကိုတွဲဖက်တီထွင်ခဲ့သူ Aritz López က ဆိုပါတယ်။ ဝိုင်ကို အပြာရောင်ဖြစ်သွားအောင် စပျစ်သီးအနီ၊ စပျစ်သီးအဖြူ အမျိုးအစားစုံတို့ကို သဘာဝအရောင်နှစ်မျိုးနဲ့ ရောကြိတ်ကာ အပြာရောင်ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

ဒီဝိုင်ကို စပိန်နိုင်ငံက စားသောက်ဆိုင်တွေမှာ စတင်ရောင်းချနေနှင့်ပါပြီ။ အခြားနိုင်ငံ ၂၅ ခုကိုလည်း တင်ပို့နေပါသတဲ့။ ရှေ့နှစ်လောက်ဆိုရင်တော့ အမေရိကဈေးကွက်ကိုပါ ရောက်လာဖို့ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top