Shwe Zabu River View Condominium Promotion
×

ထရန္႔အစိုးရလက္ထက္ တြင္ အေမရိကန္-ျမန္မာဆက္ဆံ ေရး ပိုမိုေကာင္းမြန္လာမည္ဟု ေမွ်ာ္လင့္ေၾကာင္း သမၼတ႐ံုးေျပာ ေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာသည္။

ျမန္္မာအစိုးရအေနျဖင့္ အ ေမရိကန္သမၼတသစ္အျဖစ္ ပူပူ ေႏြးေႏြး ေရြးေကာက္ခံလိုက္ရ ေသာ ေဒၚနယ္ထရန္႔ထံ ဂုဏ္ျပဳ လႊာေပးပို႔ရန္ ေန႔တြင္းခ်င္းေရး သားခဲ့ၿပီး ထရန္႔အေနျဖင့္ ျမန္မာ အေၾကာင္း သိရွိလာပါက ႏွစ္ႏိုင္ငံဆက္ဆံေရး ပိုေကာင္းလာမည့္ အလားအလာရွိသည္ဟု ၎က ဆိုသည္။  ‘‘ထရန္႔အေနနဲ႔ ျမန္္မာအ ေၾကာင္းကို အခုအခ်ိန္မွာ ဂဃ နဏ မသိဘူးဆိုေပမယ့္ သူသိလာတဲ့အခါက်ရင္ ႏွစ္ႏိုင္ငံဆက္ဆံ ေရးက ပိုေကာင္းမြန္လာမွာျဖစ္ပါ တယ္’’ဟု သမၼတ႐ံုး ဒုၫႊန္ခ်ဳပ္ ဦးေဇာ္ေဌးက ေျပာသည္။

ျမန္မာႏွင့္ ႐ုရွားၾကားတြင္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္မ်ားရိွျခင္း၊ တ႐ုတ္ႏွင့္အိမ္နီးခ်င္းျဖစ္ျခင္း၊ ထရန္႔ႏွင့္ ႐ုရွားသမၼတၾကား အျပန္အလွန္ေထာက္ခံမႈ၊ ထရန္႔၏တ႐ုတ္မူဝါဒ စသည္တို႔ေၾကာင့္ ျမန္မာႏွင့္ ထရန္႔အစိုးရၾကား ဆက္ဆံေရးပိုေကာင္းလာ ႏိုင္ျခင္းျဖစ္ေၾကာင္း ၎က ဆုိသည္။

ျမန္မာ့ဒီမိုကေရစီ အသြင္ ကူးေျပာင္းမႈကို တြန္းအားေပးခဲ့ ၾကၿပီး ျမန္မာအေပၚ အေရးယူ ဒဏ္ခတ္ပိတ္ဆို႔ထားခဲ့မႈမ်ားကို ဖယ္ရွားေပးရန္ ဆံုးျဖတ္ခ်က္မ်ား ခ်မွတ္ေပးခဲ့ၾကသူမ်ားျဖစ္သည့္ ဂြၽန္မက္ကိန္း၊ မစ္ခ်္မက္ကြန္းနဲလ္ တို႔မွာ ရီပက္ဘေလကန္အမတ္ မ်ားျဖစ္ျခင္း၊ လာမည့္ အေမရိကန္လႊတ္ေတာ္သစ္ႏွစ္ရပ္၌ ရီပက္ ဘေလကန္မ်ား လႊမ္းမိုးလာျခင္း တို႔ေၾကာင့္လည္း ျမန္မာႏွင့္ဆက္ ဆံေရးပိုေကာင္းလာႏိုင္သည္ဟု ၎က ေထာက္ျပသည္။ သို႔ေသာ္ ႀကီးႀကီးမားမား အေျပာင္းအလဲ ေတာ့ ျဖစ္မည္မဟုတ္ဟုလည္း ၎က ဆိုသည္။

သမၼတ ဦးထင္ေက်ာ္အေန ျဖင့္ အျခားအာဆီယံႏိုင္ငံမ်ား၏ ေခါင္းေဆာင္မ်ားႏွင့္အတူ ရီပက္ ဘေလကန္သမၼတသစ္ ေဒၚနယ္ ထရန္႔ကို ဂုဏ္ျပဳလႊာပို႔ရန္ စီစဥ္ ထားသည္ဟု ဆိုသည္။

ၾသဇာႀကီးေသာ Foreign Policy ၏ ေဆာင္းပါးရွင္James Palmer ကမူ ထရန္႔အေမရိကန္ သမၼတျဖစ္လာသည့္အခါ ပစိဖိတ္ေဒသ ပါဝါယွဥ္ၿပိဳင္ပြဲတြင္ မည္သူ႔ကို ေက်ာေထာက္ေနာက္ ခံျပဳရမည္မွန္း မေရရာမေသခ်ာ ေသာ ဗီယက္နမ္၊ ျမန္မာႏွင့္ဖိလစ္ ပိုင္ကဲ့သို႔ ႏုိင္ငံမ်ားအေနျဖင့္ တ ႐ုတ္ဘက္သို႔ လြန္လြန္ကဲကဲ ယိမ္း သြားေတာ့မည္ဟု သံုးသပ္လာ သည္။ ႏိုဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲျဖင့္ အေမရိကန္၏ ၄၅ ေယာက္ ေျမာက္ သမၼတအျဖစ္ ရီပက္ဘ ေလကန္ပါတီမွ ေဒၚနယ္ထရန္႔ကို သမၼတအျဖစ္ ေရြးခ်ယ္ခဲ့ၾက သည္။ ၎သည္ ၂၀၁၇ ဇန္နဝါရီ ၂၀ ရက္တြင္ သမၼတသစ္ႏွင့္ တပ္ မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သစ္ဆိုသည့္ ရာထူးႏွစ္ခုကိုရရွိၿပီး အိမ္ျဖဴေတာ္သို႔ လွမ္းဝင္ရမည္ ျဖစ္သည္။ အသက္(၇၀)အရြယ္ စီးပြားေရးလုပ္ငန္းရွင္ ထရန္႔သည္ အေမရိကန္သမုိင္းတစ္ေလွ်ာက္ အသက္အႀကီးဆံုး သမၼတအျဖစ္ မွတ္တမ္းဝင္သြားၿပီျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု ၏ဖြဲ႕စည္းပံုအေျခခံဥပေဒအရ အ စိုးရႏွင့္လႊတ္ေတာ္သည္ အျပန္အ လွန္စစ္ေဆး ဟန္ခ်က္ညီ ထိန္း ေက်ာင္းမႈျဖင့္ အာဏာခြဲေဝက်င့္ သံုးမႈရွိသည္။ ထို႔ေၾကာင့္ အစိုးရ အဖြဲ႕အေနျဖင့္ လႊတ္ေတာ္၏ သေဘာတူညီမႈမပါဘဲ ထင္တိုင္း လုပ္ႏိုင္ျခင္းမရွိ၍ ႏုိင္ငံျခားေရးမူ ဝါဒက ခ်က္ခ်င္း သိသိသာသာ ေျပာင္းလဲဦးမည္မဟုတ္ဟု ဆုိၾက သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ထရန့်အစိုးရလက်ထက် တွင် အမေရိကန်-မြန်မာဆက်ဆံ ရေး ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

မြန်မာအစိုးရအနေဖြင့် အ မေရိကန်သမ္မတသစ်အဖြစ် ပူပူ နွေးနွေး ရွေးကောက်ခံလိုက်ရ သော ဒေါ်နယ်ထရန့်ထံ ဂုဏ်ပြု လွှာပေးပို့ရန် နေ့တွင်းချင်းရေး သားခဲ့ပြီး ထရန့်အနေဖြင့် မြန်မာ အကြောင်း သိရှိလာပါက နှစ်နိုင်ငံဆက်ဆံရေး ပိုကောင်းလာမည့် အလားအလာရှိသည်ဟု ၎င်းက ဆိုသည်။  ‘‘ထရန့်အနေနဲ့ မြန်မာအ ကြောင်းကို အခုအချိန်မှာ ဂဃ နဏ မသိဘူးဆိုပေမယ့် သူသိလာတဲ့အခါကျရင် နှစ်နိုင်ငံဆက်ဆံ ရေးက ပိုကောင်းမွန်လာမှာဖြစ်ပါ တယ်’’ဟု သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။

မြန်မာနှင့် ရုရှားကြားတွင် နှစ်နိုင်ငံ သဘောတူညီချက်များရှိခြင်း၊ တရုတ်နှင့်အိမ်နီးချင်းဖြစ်ခြင်း၊ ထရန့်နှင့် ရုရှားသမ္မတကြား အပြန်အလှန်ထောက်ခံမှု၊ ထရန့်၏တရုတ်မူဝါဒ စသည်တို့ကြောင့် မြန်မာနှင့် ထရန့်အစိုးရကြား ဆက်ဆံရေးပိုကောင်းလာ နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကို တွန်းအားပေးခဲ့ ကြပြီး မြန်မာအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့ထားခဲ့မှုများကို ဖယ်ရှားပေးရန် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ကြသူများဖြစ်သည့် ဂျွန်မက်ကိန်း၊ မစ်ချ်မက်ကွန်းနဲလ် တို့မှာ ရီပက်ဘလေကန်အမတ် များဖြစ်ခြင်း၊ လာမည့် အမေရိကန်လွှတ်တော်သစ်နှစ်ရပ်၌ ရီပက် ဘလေကန်များ လွှမ်းမိုးလာခြင်း တို့ကြောင့်လည်း မြန်မာနှင့်ဆက် ဆံရေးပိုကောင်းလာနိုင်သည်ဟု ၎င်းက ထောက်ပြသည်။ သို့သော် ကြီးကြီးမားမား အပြောင်းအလဲ တော့ ဖြစ်မည်မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

သမ္မတ ဦးထင်ကျော်အနေ ဖြင့် အခြားအာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များနှင့်အတူ ရီပက် ဘလေကန်သမ္မတသစ် ဒေါ်နယ် ထရန့်ကို ဂုဏ်ပြုလွှာပို့ရန် စီစဉ် ထားသည်ဟု ဆိုသည်။

သြဇာကြီးသော Foreign Policy ၏ ဆောင်းပါးရှင်James Palmer ကမူ ထရန့်အမေရိကန် သမ္မတဖြစ်လာသည့်အခါ ပစိဖိတ်ဒေသ ပါဝါယှဉ်ပြိုင်ပွဲတွင် မည်သူ့ကို ကျောထောက်နောက် ခံပြုရမည်မှန်း မရေရာမသေချာ သော ဗီယက်နမ်၊ မြန်မာနှင့်ဖိလစ် ပိုင်ကဲ့သို့ နိုင်ငံများအနေဖြင့် တ ရုတ်ဘက်သို့ လွန်လွန်ကဲကဲ ယိမ်း သွားတော့မည်ဟု သုံးသပ်လာ သည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဖြင့် အမေရိကန်၏ ၄၅ ယောက် မြောက် သမ္မတအဖြစ် ရီပက်ဘ လေကန်ပါတီမှ ဒေါ်နယ်ထရန့်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ကြ သည်။ ၎င်းသည် ၂၀၁၇ ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတသစ်နှင့် တပ် မတော်ကာကွယ်ရေးဦးစီးချုပ် သစ်ဆိုသည့် ရာထူးနှစ်ခုကိုရရှိပြီး အိမ်ဖြူတော်သို့ လှမ်းဝင်ရမည် ဖြစ်သည်။ အသက်(၇၀)အရွယ် စီးပွားရေးလုပ်ငန်းရှင် ထရန့်သည် အမေရိကန်သမိုင်းတစ်လျှောက် အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စု ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ အ စိုးရနှင့်လွှတ်တော်သည် အပြန်အ လှန်စစ်ဆေး ဟန်ချက်ညီ ထိန်း ကျောင်းမှုဖြင့် အာဏာခွဲဝေကျင့် သုံးမှုရှိသည်။ ထို့ကြောင့် အစိုးရ အဖွဲ့အနေဖြင့် လွှတ်တော်၏ သဘောတူညီမှုမပါဘဲ ထင်တိုင်း လုပ်နိုင်ခြင်းမရှိ၍ နိုင်ငံခြားရေးမူ ဝါဒက ချက်ချင်း သိသိသာသာ ပြောင်းလဲဦးမည်မဟုတ်ဟု ဆိုကြ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top