Kantharyar Centre
×


အမ်ိဳးအစား-၁ ႏွင့္ အမ်ိဳးအစား-၂ ဟူ၍ ဆီးခ်ိဳေရာဂါႏွစ္မ်ိဳးရွိ ၿပီး မကုသဘဲထားပါက ေသြးထဲ သၾကားပါ၀င္မႈ ျမင့္တက္လာမည္ ျဖစ္သည္။

ခႏၶာကုိယ္၏ ဆဲလ္မ်ား ဂလူးကို႔စ္ဓာတ္ကို စုပ္ယူရန္ ကူညီ ေပးေသာ ေဟာ္မုန္းဓာတ္တစ္မ်ိဳးျဖစ္သည့္ အင္ဆူလင္ကို ဆီးခ်ိဳ ေရာဂါသည္တစ္ေယာက္၏ ခႏၶာကုိယ္က ေသခ်ာစြာ အသံုးမခ်ႏုိင္ ျဖစ္ေလ့ရွိသည္။ ယင္းအေျခအေနေၾကာင့္ ေသြးထဲတြင္ သၾကား ဓာတ္မ်ား ပိုမ်ားလာၿပီး ေသခ်ာကုသျခင္းမရွိပါက အလြန္အႏၲရာယ္ မ်ား ႏုိင္သည္။


မတူညီေသာ ေသာက္စရာမ်ားက ေသြးထဲသၾကားဓာတ္ပါ၀င္ မႈအေပၚ မတူညီေသာ နည္းလမ္းမ်ားျဖင့္ ထိခိုက္ေစႏိုင္သျဖင့္ ဆီး ခ်ိဳေရာဂါသည္မ်ား ေရြးခ်ယ္မႈမမွားေစရန္ အလြန္အေရးႀကီးသည္။

ဆီးခ်ိဳေရာဂါသည္မ်ားအတြက္ အေကာင္းဆံုးေသာက္စရာ မ်ားမွာ ေရ၊ သံပရာသီး (သို႔မဟုတ္) လိေမၼာ္သီးအနံ႔ ထည့္ထား ေသာ ေရ၊ ေဆးဖက္၀င္ေရေႏြးၾကမ္း၊ ႏုိ႔၊ သစ္သီးေဖ်ာ္ရည္တုိ႔ျဖစ္ သည္။

ေကာ္ဖီႏွင့္ လက္ဖက္ရည္ေသာက္မည္ ဆုိပါက အတန္အသင့္ သာေသာက္သံုးသင့္သည္။

ဆီးခ်ိဳေရာဂါသည္မ်ားအတြက္ ဆုိးက်ိဳးျဖစ္ေစႏုိင္ေသာ ေသာက္စရာမ်ားမွာ ဆိုဒါႏွင့္ အားျဖည့္အခ်ိဳရည္မ်ားျဖစ္သည္။ ဆုိဒါႏွင့္ အျခားသၾကားပါ၀င္ေသာ ေသာက္စရာမ်ားက အမ်ိဳးအ စား-၂ ဆီးခ်ိဳေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ကို ျမင့္တက္လာေစႏုိင္ သကဲ့သို႔ က်န္းမာေရးႏွင့္ ညီေသာ အစားအစာမ်ားမပါဘဲ ဆုိဒါ ေသာက္ျခင္းေၾကာင့္ ေသြးထဲသၾကားပါ၀င္မႈ ပမာဏကို မ်ားစြာ ျမင့္တက္လာေစႏုိင္သည္။

ထို႔ျပင္ ဆီးခ်ိဳေရာဂါသည္မ်ားအေနျဖင့္ အရက္ႏွင့္ ဘီယာကို လံုး၀မေသာက္သံုးသင့္ေပ။ ခႏၶာကုိယ္ရွိ အင္ဆူလင္ပမာဏကုိ ျမင့္ မားေစေသာ ေဆးမ်ားေသာက္သံုးေနရသူမ်ားအေနျဖင့္ အရက္ ေသာက္ပါက ျပႆနာႀကံဳႏုိင္သည္။ ဆီးခ်ိဳေရာဂါသည္မ်ားသည္ ေထာပတ္သီး၊ အုန္းသီးႏွင့္ အမွ်င္ဓာတ္မ်ားေသာ အစားအစာမ်ား ကို စားသံုးသင့္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အမျိုးအစား-၁ နှင့် အမျိုးအစား-၂ ဟူ၍ ဆီးချိုရောဂါနှစ်မျိုးရှိ ပြီး မကုသဘဲထားပါက သွေးထဲ သကြားပါဝင်မှု မြင့်တက်လာမည် ဖြစ်သည်။

ခန္ဓာကိုယ်၏ ဆဲလ်များ ဂလူးကို့စ်ဓာတ်ကို စုပ်ယူရန် ကူညီ ပေးသော ဟော်မုန်းဓာတ်တစ်မျိုးဖြစ်သည့် အင်ဆူလင်ကို ဆီးချို ရောဂါသည်တစ်ယောက်၏ ခန္ဓာကိုယ်က သေချာစွာ အသုံးမချနိုင် ဖြစ်လေ့ရှိသည်။ ယင်းအခြေအနေကြောင့် သွေးထဲတွင် သကြား ဓာတ်များ ပိုများလာပြီး သေချာကုသခြင်းမရှိပါက အလွန်အန္တရာယ် များ နိုင်သည်။


မတူညီသော သောက်စရာများက သွေးထဲသကြားဓာတ်ပါဝင် မှုအပေါ် မတူညီသော နည်းလမ်းများဖြင့် ထိခိုက်စေနိုင်သဖြင့် ဆီး ချိုရောဂါသည်များ ရွေးချယ်မှုမမှားစေရန် အလွန်အရေးကြီးသည်။

ဆီးချိုရောဂါသည်များအတွက် အကောင်းဆုံးသောက်စရာ များမှာ ရေ၊ သံပရာသီး (သို့မဟုတ်) လိမ္မော်သီးအနံ့ ထည့်ထား သော ရေ၊ ဆေးဖက်ဝင်ရေနွေးကြမ်း၊ နို့၊ သစ်သီးဖျော်ရည်တို့ဖြစ် သည်။

ကော်ဖီနှင့် လက်ဖက်ရည်သောက်မည် ဆိုပါက အတန်အသင့် သာသောက်သုံးသင့်သည်။

ဆီးချိုရောဂါသည်များအတွက် ဆိုးကျိုးဖြစ်စေနိုင်သော သောက်စရာများမှာ ဆိုဒါနှင့် အားဖြည့်အချိုရည်များဖြစ်သည်။ ဆိုဒါနှင့် အခြားသကြားပါဝင်သော သောက်စရာများက အမျိုးအ စား-၂ ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို မြင့်တက်လာစေနိုင် သကဲ့သို့ ကျန်းမာရေးနှင့် ညီသော အစားအစာများမပါဘဲ ဆိုဒါ သောက်ခြင်းကြောင့် သွေးထဲသကြားပါဝင်မှု ပမာဏကို များစွာ မြင့်တက်လာစေနိုင်သည်။

ထို့ပြင် ဆီးချိုရောဂါသည်များအနေဖြင့် အရက်နှင့် ဘီယာကို လုံးဝမသောက်သုံးသင့်ပေ။ ခန္ဓာကိုယ်ရှိ အင်ဆူလင်ပမာဏကို မြင့် မားစေသော ဆေးများသောက်သုံးနေရသူများအနေဖြင့် အရက် သောက်ပါက ပြဿနာကြုံနိုင်သည်။ ဆီးချိုရောဂါသည်များသည် ထောပတ်သီး၊ အုန်းသီးနှင့် အမျှင်ဓာတ်များသော အစားအစာများ ကို စားသုံးသင့်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top