Kantharyar Centre
×

 ႀကိဳက္တာယူ ၅၀၀၀ ဆိုင္မ်ား စစ္ေဆးမႈ ပထမဆုံးစတင္ျခင္းအျဖစ္ ပန္းဘဲတန္းၿမိဳ႕နယ္ရွိ ဆိုင္(၇)ဆိုင္ကို ႏို၀င္ဘာ၂၈ ရက္က စစ္ေဆးခဲ့ေၾကာင္း သတင္းရရွိသည္။

အဆုိပါဆိုင္မ်ားတြင္ ျမန္မာလူမ်ဳိးအမည္ခံၿပီး လုပ္ငန္းလိုင္ စင္ ျပဳလုပ္ထားမႈမ်ား ေတြ႕ရွိရ ေၾကာင္း ပန္းဘဲတန္းၿမိဳ႕နယ္ တိုင္း ေဒသႀကီး လႊတ္ေတာ္ ကိုယ္စား လွယ္ ဦးသန္းႏိုင္ဦးကေျပာသည္။

ပန္းဘဲတန္းၿမိဳ႕နယ္ ရပ္ကြက္ေလးခုတြင္ ဖြင့္လွစ္ထားေသာ ဘာယူယူ ၅,၀၀၀ က်ပ္တန္ အေရာင္းဆိုင္မ်ားကို ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဦးစီးဌာန၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕နယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕တို႔က  ပူးေပါင္းစစ္ေဆးျခင္းျဖစ္သည္။

‘‘ဒီဆိုင္ေတြက ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္မွာ လိုင္စင္ယူထား တာက ႏိုင္ငံသားအမည္ေတြနဲ႔ပါ။ ပိုင္ရွင္က ႏိုင္ငံံျခားသား ဟုတ္၊ မဟုတ္ကို ဆက္လက္စစ္ေဆးရ မယ္။ ႏုိင္ငံျခားသားေတြဆိုရင္ ေစ်းေရာင္းခ်ခြင့္မရွိဘူး’’ ဟု ဦး သန္းႏုိင္ဦးက ေျပာၾကားသည္။

စစ္အစိုးရ လက္ထက္တြင္ ျမန္မာႏိုင္ငံ၌ ႏိုင္ငံျခားသားမ်ားကို စီးပြားေရးလုပ္ကိုင္ခြင့္ မျပဳခဲ့ေပ။ ထုိ႔ေၾကာင့္ ျမန္မာႏိုင္ငံ၌ ရင္းႏွီး ျမႇဳပ္ႏံွလိုသည့္ ႏိုင္ငံျခားသား လုပ္ငန္းရွင္မ်ားသည္ ျမန္မာ လူမ်ဳိး အမည္ခံၿပီး စီးပြားေရး လုပ္ငန္း မ်ား လုပ္ကိုင္ခဲ့ရသည္။ ၿပီးခဲ့ သည့္ အစိုးရလက္ထက္က ထုိကဲ့ သို႔ အမည္ခံ လုပ္ငန္းမ်ားကို မူလပိုင္ရွင္အမည္မွန္ မွတ္ပံုတင္ ျပန္လည္ျပဳလုပ္ရန္ စီစဥ္ေပးခဲ့သည္။

ရန္ကုန္ၿမိဳ႕တြင္ လက္ရွိ၌ ဆိုင္ခန္းဖြင့္လွစ္ေရာင္းခ်ေနေသာ ၅,၀၀၀ က်ပ္တန္ ဆိုင္မ်ားမွာ လည္း ႏိုင္ငံျခားသားလုပ္ငန္းရွင္ မ်ားကို လက္လီ ေစ်းကြက္တြင္ ဝင္ေရာက္လုပ္ကိုင္ခြင့္ မေပးျခင္းေၾကာင့္ အမည္ခံၿပီး လုပ္ကိုင္ျခင္းျဖစ္ႏုိင္သည္ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံသား အမည္ခံ ႏိုင္ငံျခားသား လုပ္ငန္းရွင္မ်ားက ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ သာမက ကုန္သြယ္ေရး၊ လက္လီေစ်းကြက္ ႏွင့္ အစိုးရတင္ဒါပြဲမ်ား၌ ပါဝင္ေရာက္လာသျဖင့္ အေသးစားႏွင့္ အလတ္စားလုပ္ငန္းရွင္မ်ား အခြင့္အေရးဆံုး႐ံႈးေနေၾကာင္း ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ေလးက ေျပာသည္။

ရန္ကုန္ၿမိဳ႕အႏွံ႔တြင္ ဖြင့္လွစ္ ထာေသာ ၅,၀၀၀ က်ပ္တန္ အေရာင္းဆိုင္မ်ားသည္ တ႐ုတ္ လူမ်ဳိးအမ်ားစု လာေရာက္ကာဆိုင္ဖြင့္ ေရာင္းခ်ေနျခင္းျဖစ္ၿပီး ၎တို႔ ကိုင္ေဆာင္သည့္ ဗီဇာအမ်ဳိးအစား၊ ဝင္ေငြခြန္ ထမ္း ေဆာင္ထားသည့္ အေျခအေနတို႔ကို ေအာက္တိုဘာ ၆ ရက္က ရန္ကုန္တိုင္းေဒသႀကီး  လႊတ္ ေတာ္တြင္ လႊတ္ေတာ္ကိုယ္စား လွယ္ ဦးသန္းႏိုင္ဦးက ေမးျမန္း ခဲ့သည္။

ထိုသို႔ ေမးျမန္းမႈကို ရန္ကုန္ တုိင္းေဒသႀကီး ရခိုင္ တိုင္းရင္း သားလူမ်ဳိးေရးရာႏွင့္ အလုပ္ သမားဝန္ႀကီး ဦးေဇာ္ေအးေမာင္ က‘‘ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဥပေဒ၊ လုပ္ထံုးလုပ္နည္း၊ အမိန္႔၊ ၫႊန္ ၾကားခ်က္ လုပ္ထံုးလုပ္နည္း ရွိၿပီး သားပါ။ ဒီဥပေဒနဲ႔အညီ ျပည္သူ တုိင္းမွာ တာဝန္ရွိပါတယ္။ လႊတ္ ေတာ္ကိုယ္စားလွယ္ႀကီးေျပာ သလို ဒီလူဟာ တရားမဝင္ ဗီဇာ မရွိဘဲေနရင္ ျပည္သူမွာလည္း တာဝန္ရွိတယ္။ ဒီလူကို ကုပ္ဆြဲ ၿပီး ရဲလက္ကိုအပ္ေပးရမယ္’’ဟု ျပန္လည္ေျဖၾကားခဲ့သည္။ ဝန္ႀကီး၏ အေျဖကို အားရေက်နပ္မႈ မရွိေသာ္လည္း လက္ရွိတြင္ သက္ဆိုင္ရာအဖြဲ႕မ်ား ပူးေပါင္းၿပီး စစ္ေဆးမႈကို  စတင္လုပ္ေဆာင္ေနၿပီဟု ဦးသန္းႏုိင္ဦးကဆုိသည္။

၅,၀၀၀ က်ပ္တန္ဆိုင္မ်ားကုိ လက္ရွိစစ္ေဆးမႈသည္ ယင္းဆိုင္ မ်ားရွိ ႏိုင္ငံျခားသားမ်ား ကိုင္ ေဆာင္ေသာ ဗီဇာ အမ်ဳိးအစား သည္ စီးပြားေရးလုပ္ကိုင္ခြင့္ ဗီဇာ မ်ဳိး ဟုတ္၊ မဟုတ္ အဓိက ထား၍ စစ္ေဆးျခင္းျဖစ္သည္။

 ပန္းဘဲတန္း  ၿမိဳ႕နယ္ရွိ ၅,၀၀၀ က်ပ္တန္ အေရာင္းဆိုင္ မ်ားႏွင့္ ေရႊေတာင္ေဆာက္လုပ္ ေရးလုပ္ငန္းမွ ႏိုင္ငံျခားသားမ်ား ကို စစ္ေဆးရာတြင္ စီးပြားေရး ဗီဇာ ကိုင္ေဆာင္ထားသူမ်ား ျဖစ္သည္ဟု ပန္းဘဲတန္းၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ဦးစီးမွဴး ဦးစိုးျမင့္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ကြိုက်တာယူ ၅၀၀၀ ဆိုင်များ စစ်ဆေးမှု ပထမဆုံးစတင်ခြင်းအဖြစ် ပန်းဘဲတန်းမြို့နယ်ရှိ ဆိုင်(၇)ဆိုင်ကို နိုဝင်ဘာ၂၈ ရက်က စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆိုင်များတွင် မြန်မာလူမျိုးအမည်ခံပြီး လုပ်ငန်းလိုင် စင် ပြုလုပ်ထားမှုများ တွေ့ရှိရ ကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးသန်းနိုင်ဦးကပြောသည်။

ပန်းဘဲတန်းမြို့နယ် ရပ်ကွက်လေးခုတွင် ဖွင့်လှစ်ထားသော ဘာယူယူ ၅,၀၀၀ ကျပ်တန် အရောင်းဆိုင်များကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က  ပူးပေါင်းစစ်ဆေးခြင်းဖြစ်သည်။

‘‘ဒီဆိုင်တွေက ရန်ကုန်မြို့ တော်စည်ပင်မှာ လိုင်စင်ယူထား တာက နိုင်ငံသားအမည်တွေနဲ့ပါ။ ပိုင်ရှင်က နိုင်ငံံခြားသား ဟုတ်၊ မဟုတ်ကို ဆက်လက်စစ်ဆေးရ မယ်။ နိုင်ငံခြားသားတွေဆိုရင် ဈေးရောင်းချခွင့်မရှိဘူး’’ ဟု ဦး သန်းနိုင်ဦးက ပြောကြားသည်။

စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားများကို စီးပွားရေးလုပ်ကိုင်ခွင့် မပြုခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နံှလိုသည့် နိုင်ငံခြားသား လုပ်ငန်းရှင်များသည် မြန်မာ လူမျိုး အမည်ခံပြီး စီးပွားရေး လုပ်ငန်း များ လုပ်ကိုင်ခဲ့ရသည်။ ပြီးခဲ့ သည့် အစိုးရလက်ထက်က ထိုကဲ့ သို့ အမည်ခံ လုပ်ငန်းများကို မူလပိုင်ရှင်အမည်မှန် မှတ်ပုံတင် ပြန်လည်ပြုလုပ်ရန် စီစဉ်ပေးခဲ့သည်။

ရန်ကုန်မြို့တွင် လက်ရှိ၌ ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသော ၅,၀၀၀ ကျပ်တန် ဆိုင်များမှာ လည်း နိုင်ငံခြားသားလုပ်ငန်းရှင် များကို လက်လီ ဈေးကွက်တွင် ဝင်ရောက်လုပ်ကိုင်ခွင့် မပေးခြင်းကြောင့် အမည်ခံပြီး လုပ်ကိုင်ခြင်းဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသား အမည်ခံ နိုင်ငံခြားသား လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများတွင် သာမက ကုန်သွယ်ရေး၊ လက်လီဈေးကွက် နှင့် အစိုးရတင်ဒါပွဲများ၌ ပါဝင်ရောက်လာသဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ အခွင့်အရေးဆုံးရှုံးနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ရန်ကုန်မြို့အနှံ့တွင် ဖွင့်လှစ် ထာသော ၅,၀၀၀ ကျပ်တန် အရောင်းဆိုင်များသည် တရုတ် လူမျိုးအများစု လာရောက်ကာဆိုင်ဖွင့် ရောင်းချနေခြင်းဖြစ်ပြီး ၎င်းတို့ ကိုင်ဆောင်သည့် ဗီဇာအမျိုးအစား၊ ဝင်ငွေခွန် ထမ်း ဆောင်ထားသည့် အခြေအနေတို့ကို အောက်တိုဘာ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး  လွှတ် တော်တွင် လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်ဦးက မေးမြန်း ခဲ့သည်။

ထိုသို့ မေးမြန်းမှုကို ရန်ကုန် တိုင်းဒေသကြီး ရခိုင် တိုင်းရင်း သားလူမျိုးရေးရာနှင့် အလုပ် သမားဝန်ကြီး ဦးဇော်အေးမောင် က‘‘ကျွန်တော်တို့နိုင်ငံမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန် ကြားချက် လုပ်ထုံးလုပ်နည်း ရှိပြီး သားပါ။ ဒီဥပဒေနဲ့အညီ ပြည်သူ တိုင်းမှာ တာဝန်ရှိပါတယ်။ လွှတ် တော်ကိုယ်စားလှယ်ကြီးပြော သလို ဒီလူဟာ တရားမဝင် ဗီဇာ မရှိဘဲနေရင် ပြည်သူမှာလည်း တာဝန်ရှိတယ်။ ဒီလူကို ကုပ်ဆွဲ ပြီး ရဲလက်ကိုအပ်ပေးရမယ်’’ဟု ပြန်လည်ဖြေကြားခဲ့သည်။ ဝန်ကြီး၏ အဖြေကို အားရကျေနပ်မှု မရှိသော်လည်း လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်းပြီး စစ်ဆေးမှုကို  စတင်လုပ်ဆောင်နေပြီဟု ဦးသန်းနိုင်ဦးကဆိုသည်။

၅,၀၀၀ ကျပ်တန်ဆိုင်များကို လက်ရှိစစ်ဆေးမှုသည် ယင်းဆိုင် များရှိ နိုင်ငံခြားသားများ ကိုင် ဆောင်သော ဗီဇာ အမျိုးအစား သည် စီးပွားရေးလုပ်ကိုင်ခွင့် ဗီဇာ မျိုး ဟုတ်၊ မဟုတ် အဓိက ထား၍ စစ်ဆေးခြင်းဖြစ်သည်။

 ပန်းဘဲတန်း  မြို့နယ်ရှိ ၅,၀၀၀ ကျပ်တန် အရောင်းဆိုင် များနှင့် ရွှေတောင်ဆောက်လုပ် ရေးလုပ်ငန်းမှ နိုင်ငံခြားသားများ ကို စစ်ဆေးရာတွင် စီးပွားရေး ဗီဇာ ကိုင်ဆောင်ထားသူများ ဖြစ်သည်ဟု ပန်းဘဲတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးစိုးမြင့်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top