Property Expo
×


တကယ္ေတာ့ လမ္းေလွ်ာက္သင္ဖို႔ဆိုတဲ႔ ကေလးလမ္းေလွ်ာက္တဲ႔ေခြ ေလးေတြဟာ ကေလးငယ္ေတြကို ပံုမွန္ထက္ တစ္လေလာက္ ပိုေနာက္က်ၿပီးမွ လမ္းေလွ်ာက္ေစပါသတဲ႔။ရုပ္ပိုင္းဆိုင္ရာ ဖြ႔ံၿဖိဳ းမႈ အဆင္သင့္မျဖစ္ခင္မွာ ဒီေခြေတြနဲ႔ ကေလးေတြကို လႈပ္ရွားသြားလာေစႏိုင္တာေၾကာင့္ ပံုမွန္မဟုတ္တဲ႔ လႈပ္ရွားမႈပံုစံေတြ ၾကြက္သားထိန္းခ်ဳပ္မႈေတြကို ေႏွးေကြးေစပါတယ္။

ကေလးငယ္ေတြဟာ လမ္းစေလွ်ာက္ဖို႔ သင္ယူစဥ္မွာ သူတို႔ရဲ႕ေျခဖဝါးနဲ႔ ေျခေထာက္ေတြ ဘယ္လိုလႈပ္ရွားၾကတယ္ဆိုတာ နားလည္လာေစဖို႔ ေလ့လာၾကည့္ရႈဖို႔ လိုပါတယ္။ လမ္းေလွ်ာက္သင္ေခြေတြရဲ႕ ေရွ႕မွာပါတဲ႔ ပစၥည္းတင္တဲ႔ေနရာက သူတို႔ရဲ႕ ခႏၶာကိုယ္ေအာက္ပိုင္း လႈပ္ရွားမႈေတြကို မျမင္ရေတာ့ဘဲ လႈပ္ရွားမႈသတင္းအခ်က္အလက္ေတြကိုလည္း မရ႐ွိႏိုင္ေတာ့ပါဘူး။

ဒါေၾကာင့္ လမ္းေလွ်ာက္သင္ေထာက္ကူလို ယူဆထားၾကတဲ႔ ဒီလမ္းေလွ်ာက္သင္ေခြေတြဟာ ကေလးငယ္ရဲ႕ လမ္းေလွ်ာက္တတ္ဖို႔ သင္ယူေနျခင္းကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တယ္လို႔ ပညာရွင္ေတြက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version


တကယ်တော့ လမ်းလျှောက်သင်ဖို့ဆိုတဲ့ ကလေးလမ်းလျှောက်တဲ့ခွေ လေးတွေဟာ ကလေးငယ်တွေကို ပုံမှန်ထက် တစ်လလောက် ပိုနောက်ကျပြီးမှ လမ်းလျှောက်စေပါသတဲ့။ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြို းမှု အဆင်သင့်မဖြစ်ခင်မှာ ဒီခွေတွေနဲ့ ကလေးတွေကို လှုပ်ရှားသွားလာစေနိုင်တာကြောင့် ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုပုံစံတွေ ကြွက်သားထိန်းချုပ်မှုတွေကို နှေးကွေးစေပါတယ်။

ကလေးငယ်တွေဟာ လမ်းစလျှောက်ဖို့ သင်ယူစဉ်မှာ သူတို့ရဲ့ခြေဖဝါးနဲ့ ခြေထောက်တွေ ဘယ်လိုလှုပ်ရှားကြတယ်ဆိုတာ နားလည်လာစေဖို့ လေ့လာကြည့်ရှုဖို့ လိုပါတယ်။ လမ်းလျှောက်သင်ခွေတွေရဲ့ ရှေ့မှာပါတဲ့ ပစ္စည်းတင်တဲ့နေရာက သူတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမှုတွေကို မမြင်ရတော့ဘဲ လှုပ်ရှားမှုသတင်းအချက်အလက်တွေကိုလည်း မရရှိနိုင်တော့ပါဘူး။

ဒါကြောင့် လမ်းလျှောက်သင်ထောက်ကူလို ယူဆထားကြတဲ့ ဒီလမ်းလျှောက်သင်ခွေတွေဟာ ကလေးငယ်ရဲ့ လမ်းလျှောက်တတ်ဖို့ သင်ယူနေခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top