Kantharyar Centre
×

သမၼတရာထူးကေန ႏႈတ္ထြက္ခြင့္ျပဳဖို႔ ေတာင္ကိုရီးယားသမၼတ ပတ္ဂြန္ေဟးက လႊတ္ေတာ္ကို ေတာင္းဆိုလုိက္ေၾကာင္း သိရပါတယ္။ လႊတ္ေတာ္ကသာ သူ႔ကိုႏႈတ္ထြက္ခြင့္ျပဳမယ္ဆိုရင္ အဲဒီအဆံုးအျဖတ္ကို ခံယူမယ္လို႔ ပတ္က ေျပာၾကားလုိက္တာပါ။

" ကၽြန္မရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဆံုးျဖတ္ေဆြးေႏြးဖို႔ လႊတ္ေတာ္ကို ေျပာခ်င္ပါတယ္။ ကၽြန္မရဲ႕ သမၼတသက္တမ္းကိုလည္း ဆံုးျဖတ္ႏုိင္ပါတယ္" လို႔ ေျပာၾကားခဲ့ေၾကာင္း သတင္းဌာနႀကီးေတြက ေဖာ္ျပလာပါတယ္။ လႊတ္ေတာ္က အာဏာလႊဲေျပာင္းဖို႔ တည္တည္ၿငိမ္ၿငိမ္ေဆာင္႐ြက္ႏုိင္ခဲ့မယ္ဆိုရင္ သူမအေနနဲ႔ ႏႈတ္ထြက္သြားမွာျဖစ္ၿပီး တုိင္းျပည္အျမန္ဆံုး ျပန္လည္တည္ၿငိမ္လာဖုိ႔လည္း ေမွ်ာ္လင့္ေၾကာင္း သမၼတပတ္ဂြန္ေဟးက ေျပာခဲ့တာျဖစ္ပါတယ္။

လူေပါင္းသိန္းနဲ႔ခ်ီ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ ပက္ဂြန္ေဟးဟာ သူမရဲ႕ ဆႏၵကို ႐ုပ္သံကတစ္ဆင့္ ေၾကညာခဲ့တာျဖစ္ပါတယ္။ ႏုိင္ငံေတာ္ အစိုးရ ေရွ႕ေနအဖြဲ႔ကလည္း သမၼတပက္ကို အက်င့္ပ်က္ျခစားမႈ သံသယတရားခံတစ္ဦးအျဖစ္ သတ္မွတ္ကာ ေဆြးေႏြးစစ္ေဆးဖို႔ ႀကိဳးပမ္းေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

သမ္မတရာထူးကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက လွှတ်တော်ကို တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ လွှတ်တော်ကသာ သူ့ကိုနှုတ်ထွက်ခွင့်ပြုမယ်ဆိုရင် အဲဒီအဆုံးအဖြတ်ကို ခံယူမယ်လို့ ပတ်က ပြောကြားလိုက်တာပါ။

" ကျွန်မရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဆွေးနွေးဖို့ လွှတ်တော်ကို ပြောချင်ပါတယ်။ ကျွန်မရဲ့ သမ္မတသက်တမ်းကိုလည်း ဆုံးဖြတ်နိုင်ပါတယ်" လို့ ပြောကြားခဲ့ကြောင်း သတင်းဌာနကြီးတွေက ဖော်ပြလာပါတယ်။ လွှတ်တော်က အာဏာလွှဲပြောင်းဖို့ တည်တည်ငြိမ်ငြိမ်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် သူမအနေနဲ့ နှုတ်ထွက်သွားမှာဖြစ်ပြီး တိုင်းပြည်အမြန်ဆုံး ပြန်လည်တည်ငြိမ်လာဖို့လည်း မျှော်လင့်ကြောင်း သမ္မတပတ်ဂွန်ဟေးက ပြောခဲ့တာဖြစ်ပါတယ်။

လူပေါင်းသိန်းနဲ့ချီ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ပက်ဂွန်ဟေးဟာ သူမရဲ့ ဆန္ဒကို ရုပ်သံကတစ်ဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ ရှေ့နေအဖွဲ့ကလည်း သမ္မတပက်ကို အကျင့်ပျက်ခြစားမှု သံသယတရားခံတစ်ဦးအဖြစ် သတ်မှတ်ကာ ဆွေးနွေးစစ်ဆေးဖို့ ကြိုးပမ်းနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top