Kantharyar Centre
×

 အာဂ်င္တီးနား အသင္းအတြက္ အေရးပါေသာ ကမၻာ့ဖလားေျခစစ္ပြဲတစ္ပြဲျဖစ္ သည့္ ဘရာဇီးအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားမည့္ ပြဲတြင္ မက္ဆီျပန္လည္ပါ၀င္မည္ျဖစ္ေသာ္လည္း ကိုပါအေမရိကဖလားခ်န္ပီယံ ခ်ီလီအသင္းအတြက္ အာဆင္ နယ္ၾကယ္ပြင့္ကစားသမား ဆန္း ခ်က္ဇ္ဒဏ္ရာေၾကာင့္ မပါ၀င္ လာျခင္းက ကုိလံဘီယာအသင္း ႏွင့္ ရင္ဆုိင္ကစားမည့္ ပဲြအတြက္ အထိနာမႈတစ္ရပ္ျဖစ္ခဲ့သည္။

 အာဂ်င္တီးနားအသင္း သည္ မက္ဆီမပါ၀င္ႏုိင္ေသာ ပြဲစဥ္ သံုးပြဲတြင္ ႏွစ္ပြဲသေရ၊ တစ္ ပြဲ႐ႈံးျဖင့္ ရလဒ္မ်ား ဆိုးရြားေန ခဲ့ၿပီး ေနာက္ဆံုးမက္ဆီပါ၀င္ခဲ့ေသာ ဥ႐ုေဂြးႏွင့္ပြဲ၌ တစ္လံုးတည္းေသာအႏုိင္ဂုိးကုိ မက္ဆီက သြင္းယူေပးခဲ့သည္။ နည္းျပသစ္လက္ ထက္တြင္ အာဂ်င္တီးနားအသင္း ႏွင့္အတူ တစ္ပဲြသာ ပါ၀င္ကစား ခြင့္ရခဲ့ေသာ မက္ဆီျပန္လည္ပါ ၀င္လာမႈသည္ ဘရာဇီးအသင္း ကုိ ေလးပြဲဆက္ႏုိင္ပြဲရရိွေအာင္ စြမ္းေဆာင္ေပးထားႏုိင္ေသာ နည္းျပ တီတီအတြက္ စိန္ေခၚ မႈတစ္ရပ္ျဖစ္လာဖြယ္ရိွသည္။


မက္ဆီသည္ ေဘာလံုး ကစားရာတြင္ လြန္စြာကြၽမ္းက်င္ ၿပီး အဆံုးသတ္ေကာင္းေသာ အရည္အခ်င္းရိွသူျဖစ္ေသာေၾကာင့္ မိမိတို႔အေနျဖင့္ တတ္ႏုိင္သမွ် ႏွစ္ဆတိုး၍ ၎ကို လူကပ္ကစား ရမည္ဟု ဘရာဇီးကြင္းလယ္လူ ရီနာတုိေအာဂက္စ္တုိက ေျပာသည္။ မက္ဆီျပန္လည္ပါ၀င္ လာႏုိင္မႈအတြက္ ၀မ္းသာမိသည္ဟု အာဂ်င္တီးနားကြင္းလယ္ကစားသမား လူးကက္စ္ဘက္ဂလီယာက ေျပာသည္။ ယခင္နည္းျပမ်ားလက္ထက္တြင္ ဘရာဇီးအသင္းႏွင့္ အာဂ်င္တီးနားအသင္းတုိ႔သည္ တစ္ဂုိးစီသေရက်ခဲ့ၾကသည္။ ဘရာဇီးႏွင့္ အာဂ်င္းတီးနားအသင္းတို႔သည္ ႏို၀င္ဘာ ၁၁ ရက္ နံနက္တြင္ ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အာဂျင်တီးနား အသင်းအတွက် အရေးပါသော ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲဖြစ် သည့် ဘရာဇီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲတွင် မက်ဆီပြန်လည်ပါဝင်မည်ဖြစ်သော်လည်း ကိုပါအမေရိကဖလားချန်ပီယံ ချီလီအသင်းအတွက် အာဆင် နယ်ကြယ်ပွင့်ကစားသမား ဆန်း ချက်ဇ်ဒဏ်ရာကြောင့် မပါဝင် လာခြင်းက ကိုလံဘီယာအသင်း နှင့် ရင်ဆိုင်ကစားမည့် ပွဲအတွက် အထိနာမှုတစ်ရပ်ဖြစ်ခဲ့သည်။

 အာဂျင်တီးနားအသင်း သည် မက်ဆီမပါဝင်နိုင်သော ပွဲစဉ် သုံးပွဲတွင် နှစ်ပွဲသရေ၊ တစ် ပွဲရှုံးဖြင့် ရလဒ်များ ဆိုးရွားနေ ခဲ့ပြီး နောက်ဆုံးမက်ဆီပါဝင်ခဲ့သော ဥရုဂွေးနှင့်ပွဲ၌ တစ်လုံးတည်းသောအနိုင်ဂိုးကို မက်ဆီက သွင်းယူပေးခဲ့သည်။ နည်းပြသစ်လက် ထက်တွင် အာဂျင်တီးနားအသင်း နှင့်အတူ တစ်ပွဲသာ ပါဝင်ကစား ခွင့်ရခဲ့သော မက်ဆီပြန်လည်ပါ ဝင်လာမှုသည် ဘရာဇီးအသင်း ကို လေးပွဲဆက်နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားနိုင်သော နည်းပြ တီတီအတွက် စိန်ခေါ် မှုတစ်ရပ်ဖြစ်လာဖွယ်ရှိသည်။


မက်ဆီသည် ဘောလုံး ကစားရာတွင် လွန်စွာကျွမ်းကျင် ပြီး အဆုံးသတ်ကောင်းသော အရည်အချင်းရှိသူဖြစ်သောကြောင့် မိမိတို့အနေဖြင့် တတ်နိုင်သမျှ နှစ်ဆတိုး၍ ၎င်းကို လူကပ်ကစား ရမည်ဟု ဘရာဇီးကွင်းလယ်လူ ရီနာတိုအောဂက်စ်တိုက ပြောသည်။ မက်ဆီပြန်လည်ပါဝင် လာနိုင်မှုအတွက် ဝမ်းသာမိသည်ဟု အာဂျင်တီးနားကွင်းလယ်ကစားသမား လူးကက်စ်ဘက်ဂလီယာက ပြောသည်။ ယခင်နည်းပြများလက်ထက်တွင် ဘရာဇီးအသင်းနှင့် အာဂျင်တီးနားအသင်းတို့သည် တစ်ဂိုးစီသရေကျခဲ့ကြသည်။ ဘရာဇီးနှင့် အာဂျင်းတီးနားအသင်းတို့သည် နိုဝင်ဘာ ၁၁ ရက် နံနက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top