Property Expo
×

လာမည့္ေႏြရာသီတြင္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ဘာစီလိုနာအသင္းက ကမ္းလွမ္းခဲ့မႈကို အာဂ်င္တီးနားတိုက္စစ္မွဴး မက္ဆီက ျငင္းဆန္ပယ္ခ်လိုက္သည္။

မက္ဆီသည္ လက္ရွိအခ်ိန္တြင္ အခြန္ကိစၥရပ္ႏွင့္ပတ္သက္ၿပီး စပိန္အာဏာပိုင္မ်ားႏွင့္ အမႈအခင္းျဖစ္ပြားေနသည့္အတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုျခင္းမရွိေသးေၾကာင္း ျငင္းဆန္ခဲ့ျခင္းျဖစ္သည္။ မက္ဆီ၏ အမႈမွာ ရုံးတင္ထားဆဲျဖစ္ၿပီး လာမည့္ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလမွ ဇြန္လအတြင္း စစ္ေဆးၾကားနာသြားမည္ ျဖစ္သည္။

အကယ္၍ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမည္ဆိုပါကလည္း အေစာဆုံးအျဖစ္ ၂၀၁၇ ခုႏွစ္ ေႏွာင္းပိုင္းႏွင့္ ၂၀၁၈ ခုႏွစ္တြင္မွ စာခ်ဳပ္ ခ်ဳပ္ဆိုမည္ ျဖစ္ေၾကာင္း မက္ဆီက ေျပာၾကားခဲ့သည္။

မက္ဆီႏွင့္ နီးစပ္သည့္အသိုင္းအ၀ိုင္းကလည္း မက္ဆီ၏စာခ်ဳပ္သစ္မွာ ၂၀၁၇ ခုႏွစ္အတြင္းသာ အေစာဆုံးျဖစ္ႏိုင္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ခဲ့ပါကလည္း တစ္ႏွစ္လွ်င္ ေပါင္ ၄၅ သန္း အထိ လစာတုိးျမင့္သြားမည္ျဖစ္ကာ စီေရာ္နယ္ဒို၏လစာကို ေက်ာ္ျဖတ္သြားမည္ဟု ေျပာခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima

#Unicode Version

လာမည့်နွေရာသီတွင် စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့မှုကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ငြင်းဆန်ပယ်ချလိုက်သည်။

မက်ဆီသည် လက်ရှိအချိန်တွင် အခွန်ကိစ္စရပ်နှင့်ပတ်သက်ပြီး စပိန်အာဏာပိုင်များနှင့် အမှုအခင်းဖြစ်ပွားနေသည့်အတွက် စာချုပ်သစ်ချုပ်ဆိုလိုခြင်းမရှိသေးကြောင်း ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ မက်ဆီ၏ အမှုမှာ ရုံးတင်ထားဆဲဖြစ်ပြီး လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်ဆေးကြားနာသွားမည် ဖြစ်သည်။

အကယ်၍ စာချုပ်သစ်ချုပ်ဆိုမည်ဆိုပါကလည်း အစောဆုံးအဖြစ် ၂၀၁၇ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၈ ခုနှစ်တွင်မှ စာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း မက်ဆီက ပြောကြားခဲ့သည်။

မက်ဆီနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကလည်း မက်ဆီ၏စာချုပ်သစ်မှာ ၂၀၁၇ ခုနှစ်အတွင်းသာ အစောဆုံးဖြစ်နိုင်ပြီး စာချုပ်သစ်ချုပ်ခဲ့ပါကလည်း တစ်နှစ်လျှင် ပေါင် ၄၅ သန်း အထိ လစာတိုးမြင့်သွားမည်ဖြစ်ကာ စီရော်နယ်ဒို၏လစာကို ကျော်ဖြတ်သွားမည်ဟု ပြောခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top