Property Expo
×

မေလးရွားႏုိင္ငံ၊ ကိုတာဘား႐ူးၿမိဳ႕ရွိ ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုတြင္ အလုပ္လုပ္ကိုင္ေနေသာ ျမန္မာလုပ္သားေလးဦးကို မ်က္ႏွာဖံုးစြပ္ လူကိုးဦးက ျပန္ေပးဆြဲၿပီး အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္းသတင္းရရွိသည္။
အၾကမ္းဖက္သတ္ျဖတ္ခံရ သည့္ ျမန္မာလုပ္သားေလးဦး၏ အေလာင္းမ်ားကို မေလးရွားရဲ တပ္ဖြဲ႕က ေအာက္တိုဘာ ၃၁ ရက္တြင္ ေတြ႕ရွိခဲ့ေၾကာင္း မေလးရွားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ ျမန္မာလုပ္သားေလးဦး ျပန္ေပးဆြဲခံရမႈသည္ ျမန္မာျပည္တြင္ ျဖစ္ပြားေနေသာ ျပႆနာမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္းကို တာဘား႐ူးၿမိဳ႕အာ ဏာပိုင္မ်ားက သတင္းထုတ္ျပန္ထားသည္ဟု ေရႊ႕ေျပာင္းအလုပ္သမားကူညီမႈ လူမႈအဖြဲ႕အစည္း (မေလးရွား)မွ ဦးခ်စ္ေကာင္းက ေျပာသည္။

‘‘ေဒသရဲမွဴးကေတာ့ ျပည္ တြင္းက ျပႆနာေတြေၾကာင့္လို႔ ေျပာထားတယ္’’ဟု ဦးခ်စ္ေကာင္းက ေျပာသည္။

သတ္ျဖတ္ခံရသည့္ ျမန္မာ လုပ္သားမ်ားမွာ အသက္ (၂၀) အရြယ္ရွိ မင္းေဇာ္လင္း၊ အသက္ (၂၂) ႏွစ္အရြယ္ရွိ သက္ႏိုင္စိုး၊ အ သက္ (၃၀) အရြယ္ရွိ သက္ႏိုင္၀င္း ႏွင့္ အသက္ (၃၁) ႏွစ္အရြယ္ရွိ ေမာင္ေမာင္စိုးတို႔ျဖစ္ေၾကာင္း သတင္းရရွိသည္။

‘‘ျမန္မာေလးေယာက္ထဲက တစ္ေယာက္က ညမွာ ေစ်း၀ယ္ ထြက္ရာမွာ အျပန္မွာ လူေတြ လိုက္လာတယ္ေျပာတယ္။ အဲဒီ မွာ ျပန္ေပးဆြဲခံရတယ္လို႔ သိရ တယ္။ အခင္းျဖစ္ပြားတဲ့ေနရာမွာ ဓားႏွစ္လက္က်န္ခဲ့တယ္။ အဲဒီ ဓားေတြ ဘယ္ကလာလဲ စစ္ၾကည့္ ေတာ့ လူႏွစ္ေယာက္က ဆိုင္တစ္ ဆိုင္မွာ ဓားလာ၀ယ္တဲ့ CCTV မွတ္တမ္းရဲက ရထားတယ္ေျပာ တယ္။ ကြၽန္ေတာ္တို႔ သံ႐ုံးက လည္း မေလးရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္း ၿပီး ျဖစ္စဥ္ကို စံုစမ္းေနပါတယ္’’ ဟု မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာ သံ႐ုံးမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာ လုပ္သားေလးဦး သည္ ေအာက္တိုဘာ ၂၅ ရက္ည က ျပန္ေပးဆြဲခံရျခင္းျဖစ္ႏိုင္ သည္ဟု မေလးရွားရဲတပ္ဖြဲ႕က ေျပာသည္။

ဇူလိုင္ ၁၁ ရက္ကလည္း ပီနန္ဘာတာ၀ပ္နယ္ေျမတြင္ ျမန္ မာလုပ္သားမ်ားေနထိုင္ေသာ အ ေဆာင္သို႔ ဆိုင္ကယ္စီးမ်က္ႏွာဖံုး စြပ္လူအုပ္စုက ပစၥည္းမ်ားလု ယက္ၿပီး ျမန္မာလုပ္သားသံုးဦးကို သတ္ျဖတ္မႈ ျဖစ္ပြားခဲ့သည္။ ျမန္မာလုပ္သားသံုးဦးကို သတ္ ျဖတ္သည့္ တရားခံမ်ားကို မေလးရွားရဲတပ္ဖြဲ႕က လက္ရွိအခ်ိန္အထိ ဖမ္းဆီးမိျခင္း မရွိေသးေပ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day news

#Unicode Version
မလေးရှားနိုင်ငံ၊ ကိုတာဘားရူးမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားလေးဦးကို မျက်နှာဖုံးစွပ် လူကိုးဦးက ပြန်ပေးဆွဲပြီး အကြမ်းဖက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
အကြမ်းဖက်သတ်ဖြတ်ခံရ သည့် မြန်မာလုပ်သားလေးဦး၏ အလောင်းများကို မလေးရှားရဲ တပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက်တွင် တွေ့ရှိခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာလုပ်သားလေးဦး ပြန်ပေးဆွဲခံရမှုသည် မြန်မာပြည်တွင် ဖြစ်ပွားနေသော ပြဿနာများကြောင့် ဖြစ်နိုင်ကြောင်းကို တာဘားရူးမြို့အာ ဏာပိုင်များက သတင်းထုတ်ပြန်ထားသည်ဟု ရွှေ့ပြောင်းအလုပ်သမားကူညီမှု လူမှုအဖွဲ့အစည်း (မလေးရှား)မှ ဦးချစ်ကောင်းက ပြောသည်။

‘‘ဒေသရဲမှူးကတော့ ပြည် တွင်းက ပြဿနာတွေကြောင့်လို့ ပြောထားတယ်’’ဟု ဦးချစ်ကောင်းက ပြောသည်။

သတ်ဖြတ်ခံရသည့် မြန်မာ လုပ်သားများမှာ အသက် (၂၀) အရွယ်ရှိ မင်းဇော်လင်း၊ အသက် (၂၂) နှစ်အရွယ်ရှိ သက်နိုင်စိုး၊ အ သက် (၃၀) အရွယ်ရှိ သက်နိုင်ဝင်း နှင့် အသက် (၃၁) နှစ်အရွယ်ရှိ မောင်မောင်စိုးတို့ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘မြန်မာလေးယောက်ထဲက တစ်ယောက်က ညမှာ ဈေးဝယ် ထွက်ရာမှာ အပြန်မှာ လူတွေ လိုက်လာတယ်ပြောတယ်။ အဲဒီ မှာ ပြန်ပေးဆွဲခံရတယ်လို့ သိရ တယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ ဓားနှစ်လက်ကျန်ခဲ့တယ်။ အဲဒီ ဓားတွေ ဘယ်ကလာလဲ စစ်ကြည့် တော့ လူနှစ်ယောက်က ဆိုင်တစ် ဆိုင်မှာ ဓားလာဝယ်တဲ့ CCTV မှတ်တမ်းရဲက ရထားတယ်ပြော တယ်။ ကျွန်တော်တို့ သံရုံးက လည်း မလေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ပြီး ဖြစ်စဉ်ကို စုံစမ်းနေပါတယ်’’ ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ လုပ်သားလေးဦး သည် အောက်တိုဘာ ၂၅ ရက်ည က ပြန်ပေးဆွဲခံရခြင်းဖြစ်နိုင် သည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

ဇူလိုင် ၁၁ ရက်ကလည်း ပီနန်ဘာတာဝပ်နယ်မြေတွင် မြန် မာလုပ်သားများနေထိုင်သော အ ဆောင်သို့ ဆိုင်ကယ်စီးမျက်နှာဖုံး စွပ်လူအုပ်စုက ပစ္စည်းများလု ယက်ပြီး မြန်မာလုပ်သားသုံးဦးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ မြန်မာလုပ်သားသုံးဦးကို သတ် ဖြတ်သည့် တရားခံများကို မလေးရှားရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ ဖမ်းဆီးမိခြင်း မရှိသေးပေ။


ဖိုးသူတော် (www.phothutaw.com)
Credit: 7day news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top