Property Expo
×

တစ္ေန႕ တစ္ေန႕ ၾကားေနရတဲ့ မုဒိမ္းမႈေတြက ဒုနဲ႕ေဒးပါ။ သုံးရက္ကို တစ္မႈႏႈန္း ဆယ္လအတြင္း မုဒိမ္းမႈေပါင္း ၇၀၀ ေက်ာ္ဆိုတာ မၾကားဝံ့စရာပါ။ ေခတ္ႀကီးဟာ ေျပာင္းလဲလာတာနဲ႕အမွ် လူေတြလည္း ပ်က္စီးယိုယြင္းလာၾကပါတယ္။ ဖုန္းထဲက မေတာ္တေရာ္ေတြၾကည့္ၿပီး ကေလးခ်င္းခ်င္း မုဒိမ္းက်င့္လို႔က်င့္ ဖခင္က သမီးကို မုဒိမ္းက်င့္လို႔က်င့္နဲ႕ နားနဲ႕မဆံ့ေအာင္ ၾကားေနရတာ သက္ငယ္မုဒိမ္းမႈေတြပါ။ ဒီ သက္ငယ္ မုဒိမ္းမႈနဲ႕ ပတ္သတ္ၿပီး "ဘယ္လို ထိထိေရာက္ေရာက္ အေရးယူမွာလည္း" "ကေလးငယ္ေတြကို ဘယ္လိုကာကြယ္ေစာင့္ေရွာက္မလည္း" ဆိုတာ ေမးသင့္တဲ့ ေမးခြန္းပါ။ အမ်ားျပည္သူအေနနဲ႕ သက္ငယ္မုဒိမ္းမႈဟာ ေသဒဏ္ႏွင့္သာ ထိုက္တန္ေၾကာင္း တခဲနက္အဆိုျပဳေနၾကၿပီး လႊတ္ေတာ္သို႔ တင္သြင္းထားတယ္လို႔လည္း သိရပါတယ္……

စစ္တမ္းမ်ားအရ သက္ငယ္မုဒိမ္းမႈဟာ တစ္ရက္ တစ္မႈႏႈန္းခန႔္ျဖစ္ပြားေနၿပီး မူႀကိဳအ႐ြယ္ ၄ ႏွစ္ကေလးမ်ားပင္ ပါဝင္ေနေၾကာင္း သိရပါတယ္။ ကေလးေတြကို မုဒိမ္းက်င့္ၿပီး လူမဆန္တဲ့ သတ္ျဖတ္မႈေတြလည္း ရွိေနပါတယ္။ ကိုယ့္နိုင္ငံမွာ မုဒိမ္းမႈအတြက္ ေသဒဏ္ေပးဖို႔ အခုမွ အဆိုတင္သြင္းေနေပမဲ့ တျခားနိုင္ငံေတြမွာေတာ့သက္ငယ္မုဒိမ္းကို ျပင္းျပင္းထန္ထန္ေသဒဏ္ေပးတယ္လို႔ သိရပါတယ္။

ဘာသာေရးအယူျပင္းထန္တဲ့ ယီမင္ နိုင္ငံမ်ိဳးမွာ မုဒိမ္းမႈေျမာက္ေၾကာင္း ေပၚလြင္တယ္ဆိုရင္ က်ဴးလြန္သူကို မဆိုင္းမတြ ေသဒဏ္ေပးပါတယ္။
 
က်ဴးလြန္းသူကို ေထာင္သားေတြအားလုံးေရွ႕မွာပဲ ေသနတ္နဲ႕ပစ္ၿပီး ေသဒဏ္စီရင္ေစပါတယ္။ ဒါဟာ ငါတို႔နိုင္ငံဟာ တျခားအမႈကိုသာ ခြင့္လႊတ္နိုင္မယ္ မုဒိမ္းမႈဆို ေသဒဏ္ပဲ ဆိုၿပီး သတိေပးတဲ့ သေဘာလည္း ျဖစ္ပါတယ္။ ဘယ္လိုမ်ိဳးေသဒဏ္ေပးလည္းဆိုတာကိုေတာ့ ေအာက္ပါပုံမွာ ၾကည့္ရႈနိုင္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
တစ်နေ့ တစ်နေ့ ကြားနေရတဲ့ မုဒိမ်းမှုတွေက ဒုနဲ့ဒေးပါ။ သုံးရက်ကို တစ်မှုနှုန်း ဆယ်လအတွင်း မုဒိမ်းမှုပေါင်း ၇၀၀ ကျော်ဆိုတာ မကြားဝံ့စရာပါ။ ခေတ်ကြီးဟာ ပြောင်းလဲလာတာနဲ့အမျှ လူတွေလည်း ပျက်စီးယိုယွင်းလာကြပါတယ်။ ဖုန်းထဲက မတော်တရော်တွေကြည့်ပြီး ကလေးချင်းချင်း မုဒိမ်းကျင့်လို့ကျင့် ဖခင်က သမီးကို မုဒိမ်းကျင့်လို့ကျင့်နဲ့ နားနဲ့မဆံ့အောင် ကြားနေရတာ သက်ငယ်မုဒိမ်းမှုတွေပါ။ ဒီ သက်ငယ် မုဒိမ်းမှုနဲ့ ပတ်သတ်ပြီး "ဘယ်လို ထိထိရောက်ရောက် အရေးယူမှာလည်း" "ကလေးငယ်တွေကို ဘယ်လိုကာကွယ်စောင့်ရှောက်မလည်း" ဆိုတာ မေးသင့်တဲ့ မေးခွန်းပါ။ အများပြည်သူအနေနဲ့ သက်ငယ်မုဒိမ်းမှုဟာ သေဒဏ်နှင့်သာ ထိုက်တန်ကြောင်း တခဲနက်အဆိုပြုနေကြပြီး လွှတ်တော်သို့ တင်သွင်းထားတယ်လို့လည်း သိရပါတယ်……

စစ်တမ်းများအရ သက်ငယ်မုဒိမ်းမှုဟာ တစ်ရက် တစ်မှုနှုန်းခန့်ဖြစ်ပွားနေပြီး မူကြိုအရွယ် ၄ နှစ်ကလေးများပင် ပါဝင်နေကြောင်း သိရပါတယ်။ ကလေးတွေကို မုဒိမ်းကျင့်ပြီး လူမဆန်တဲ့ သတ်ဖြတ်မှုတွေလည်း ရှိနေပါတယ်။ ကိုယ့်နိုင်ငံမှာ မုဒိမ်းမှုအတွက် သေဒဏ်ပေးဖို့ အခုမှ အဆိုတင်သွင်းနေပေမဲ့ တခြားနိုင်ငံတွေမှာတော့ သက်ငယ်မုဒိမ်းကို နပြင်းပြင်းထန်ထန်သေဒဏ်ပေးတယ်လို့ သိရပါတယ်။

ဘာသာရေးအယူပြင်းထန်တဲ့ ယီမင် နိုင်ငံမျိုးမှာ မုဒိမ်းမှုမြောက်ကြောင်း ပေါ်လွင်တယ်ဆိုရင် ကျူးလွန်သူကို မဆိုင်းမတွ သေဒဏ်ပေးပါတယ်။ ကျူးလွန်းသူကို ထောင်သားတွေအားလုံးရှေ့မှာပဲ သေနတ်နဲ့ပစ်ပြီး သေဒဏ်စီရင်စေပါတယ်။ ဒါဟာ ငါတို့နိုင်ငံဟာ တခြားအမှုကိုသာ ခွင့်လွှတ်နိုင်မယ် မုဒိမ်းမှုဆို သေဒဏ်ပဲ ဆိုပြီး သတိပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လိုမျိုးသေဒဏ်ပေးလည်းဆိုတာကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top