Kantharyar Centre
×

ေငြလဲႏႈန္း စံခ်ိန္တင္ျမင့္တက္လာခ်ိန္တြင္ ျပည္တြင္း၌ အေျခခံစားေသာက္ကုန္အပါအဝင္ မရွိမျဖစ္လူသံုးကုန္ပစၥည္းမ်ား၏ ကုန္ေဈးႏႈန္း ႀကီးျမင့္မႈကို ရင္ဆုိင္ေနရသျဖင့္ ျပည္သူမ်ားအၾကား ကုန္ေဈးႏႈန္းျမင့္တက္မႈအေပၚ ေဝဖန္မႈမ်ားျဖစ္ေပၚခဲ့သည္။ ထို႔အျပင္ ကုန္ေဈးႏႈန္း အတက္အက်ကို အစိုးရက ဝင္ေရာက္ထိန္းညႇိသင့္ေၾကာင္း တုိက္တြန္းမႈမ်ား ရွိေနသလို ေဈးကိုထိန္းျခင္းထက္ ဝိုင္းဝန္းအေျဖရွာရန္ ပညာရွင္ မ်ားကလည္း အႀကံျပဳေျပာၾကားလာရာ ကုန္ေဈးႏႈန္းျမင့္တက္မႈႏွင့္ပတ္သက္၍ ျပည္သူမ်ား၏အသံကို စုစည္းေဖာ္ျပအပ္ပါသည္။

ဦးစိုးဝင္း (ဆိုက္ကားဆရာ)

ဆိုက္ကားနင္းလုိ႔ရတာက ပံုမွန္ေတာ့မရွိဘူး။ တစ္ေန႔ ၇,၀၀၀ ရတဲ့အခါရတယ္။ ဒီေန႔လို ႐ံုးပိတ္ရက္ဆုိရင္ လံုးဝကို ဆြဲမေကာင္းပါဘူး။ ဆဲြ မေကာင္းတာလည္း တစ္ဂိတ္လံုးပါပဲ။ ကုိယ္တစ္ေယာက္တည္းလည္း မဟုတ္ပါဘူး။ ကိုယ့္မွာ မိသားစုကိုးေယာက္ရွိတယ္။ မိသားစုမ်ားေတာ့ ကိုယ့္ရဲ႕ ဝင္ေငြနဲ႔ မိသားစုအတုိင္းအတာနဲ႔က ဘယ္လိုမွမမွ်ဘူး ျဖစ္ေန တယ္။ ကုန္ေဈးႏႈန္းကေတာ့ ေျပာမေနနဲ႔။ ကန္စြန္းရြက္တစ္စည္းကို ၃၀၀ေလာက္ျဖစ္ေနတယ္။ ေတာ္႐ံုကန္စြန္းရြက္စားႏုိင္ရင္ ဒီေခတ္မွာ သူေဌးလို႔ ေျပာရမယ္။ ေတာ္႐ံုတန္႐ံု ကြၽန္ေတာ္တုိ႔ ကန္စြန္းရြက္မစားႏုိင္ဘူး။ဘဲဥဆုိရင္ ပိုဆုိးေရာ။ ၾကက္ဥဆိုရင္လည္း တစ္လံုး ၁၂၀ ေလာက္မွ စားလို႔ရတာ။ လူဆယ္ေယာက္ဆုိရင္ ဆယ္လံုး။ အဲဒီမွာတင္ ၁,၂၀၀ သြားၿပီ။ဆန္ေဈးဆုိရင္လည္း ၁,၆၀၀ ရွိတယ္။ ကြၽန္ေတာ္တို႔ဆို ဆန္ၾကမ္းတစ္ျပည္ ၁,၀၀၀ ပဲစားႏုိင္တယ္။ ကုန္ေဈးႏႈန္းကျမင့္တယ္။ ရတဲ့ဝင္ေငြကလည္း မိသားစုအေပၚ မထိန္းႏုိင္တဲ့အတြက္ေၾကာင့္ အငယ္ဆံုးမေလးဆုိရင္ (၁၃)ႏွစ္နဲ႔ ေက်ာင္းေနရင္းတန္းလန္းထြက္လိုက္ရတယ္။ အခုအထည္ခ်ဳပ္စက္႐ံုမွာ လုပ္တာဆုိရင္ တစ္လေက်ာ္ပဲရွိေသးတယ္။ ပထမတစ္လစာက အိုဗာတုိင္ေရာ၊ ရက္မွန္ေၾကးေရာ အားလံုးမွ ၃၀,၀၀၀ ေက်ာ္ပဲရတယ္။ သားေတြဆိုရင္လည္း တစ္ေန႔ ၆,၀၀၀ ေလာက္ရတယ္။ ေန႔စားလုပ္တာ။ အစိုးရသစ္ကိုေတာ့ တျခားေတာ့ မေျပာခ်င္ပါဘူး။တတ္ႏုိင္ရင္ ကြၽန္ေတာ္တုိ႔ မရွိဆင္းရဲသားေတြအတြက္ ကုန္ေဈးႏႈန္း အဓိကက်ေအာင္လုပ္ေပးပါ၊ ဒါပဲ ေျပာခ်င္တယ္။

ကိုေအာင္ေက်ာ္ထြန္း (Export Import မန္ေနဂ်ာ၊ ရန္ကုန္)

လက္ရွိ အသားငါး၊ ဟင္းသီးဟင္းရြက္ေဈးေတြက ေၾကာက္ခမန္း လိလိ တက္ေနတာပါ။ ေအာက္ေျခလူတန္းစားေတြ၊ ပံုမွန္ဝင္ေငြမရွိသူ ေတြအတြက္ အဆုိးဆံုးအေျခအေနလို႔ေတာင္ ေျပာႏုိင္ပါတယ္။ ပုဂၢလိ က ဝန္ထမ္းေတြအမ်ားစု ရတဲ့ဝင္ေငြနဲ႔က လံုးဝလံုေလာက္မႈမရွိပါဘူး။ စုေဆာင္းထားတာရွိရင္ အဲဒါေလး ၿဖိဳသံုးေပါ့။ ဒီလို လည္ပတ္ေအာင္ လုပ္ရပါတယ္။ ေနာက္ႏုိင္ငံျခားက တင္သြင္းရတဲ့ ကုန္ပစၥည္းအမ်ားစု လည္း ေဈးတက္ပါတယ္။ ဒါေၾကာင့္ ျပည္သူေတြ အဆင္ေျပဖို႔ဆုိရင္ အစိုးရက ကူသင့္တာမွန္သမွ် ကူညီသင့္တယ္ ထင္ပါတယ္။ ေနာက္ၿပီး အခြန္အခေပးေဆာင္ရမႈေတြကို အခ်က္အလက္ေသေသခ်ာခ်ာေလ့လာ ၿပီးမွ ေကာက္သင့္တဲ့ အခြန္ရယ္၊ ျပည္သူေတြကို ဝန္ထုပ္ဝန္ပိုးျဖစ္ေစမယ့္ အခြန္ရယ္ စသျဖင့္ေသခ်ာစိစစ္ေစခ်င္ပါတယ္။ ႏုိင္ငံျခားပစၥည္းတခ်ိဳ႕ဆိုရင္ အခြန္ေၾကာင့္ တရားဝင္တင္ သြင္းရဖို႔ ခက္ခဲၿပီး သူခုိးလမ္းေၾကာင္းလို တရားမဝင္တဲ့ ေနရာမ်ိဳးက သြားၾကေတာ့ မသမာမႈေတြျဖစ္ေစပါ တယ္။ ကုန္ေဈးႏႈန္းႀကီးျမင့္မႈရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ဒုစ႐ိုက္မႈေတြ အနာဂတ္မွာ ပိုမုိျဖစ္ပြားလာမွာကို စိုးရိမ္ရပါတယ္။ ဒီလိုမျဖစ္ေအာင္ အစိုးရအေနနဲ႔ အားလံုးမဟုတ္ေတာင္ ဒီကိစၥမွာ တစ္စိတ္တစ္ပိုင္းေတာ့ တာဝန္ရွိတယ္ထင္တယ္။ ဒါေတြထိန္းခ်ဳပ္ႏုိင္ဖို႔ အရန္ဆန္ဝယ္ယူထားျခင္းမ်ိဳးလို စီမံတာေတြ ျမန္ျမန္ျဖစ္လာ ေအာင္ လုပ္ဖို႔လိုမယ္ထင္တယ္။

ကိုေသာ္ၿဖိဳးေရႊ (Program Officer, BANCA)

လစာက မတုိး၊ ကုန္ေဈးႏႈန္းကတက္ေတာ့ အေျခခံလူတန္းစားမွာ အမ်ားႀကီး ဂယက္ထတာေပါ့။ လံုေလာက္မႈရွိတယ္ဆုိ႐ံုေလးပါပဲ။ တစ္ ႏွစ္လံုးအေနနဲ႔ဆုိရင္ေတာ့ က်န္းမာေရး၊ လူမႈေရး၊ ဘာသာေရး အသံုး စရိတ္ေတြပါ ထည့္ေပါင္းရင္ မေလာက္ငပါဘူး။ ကုန္ေဈးႏႈန္းတက္ေတာ့ အစားအေသာက္ေတြ အသံုးအေဆာင္ေဆးဝါးကအစ ေဈးေတြတက္ တယ္။ အဲဒီေတာ့ ထြက္ေငြပိုမ်ားလာတယ္။ ၾကာလာေတာ့ မရွိတဲ့သူေတြ အဖို႔ ပိုၿပီးက်ပ္တည္းလာၾကတယ္။ အနာဂတ္အတြက္ေျပာရရင္ လက္ရွိ မွာ ကုန္ေဈးႏႈန္းတက္တဲ့အတြက္ ကုန္ထုတ္လုပ္မႈမွာ အေျခခံကုန္ပစၥည္း ေတြကို ေဈးႀကီးေပးဝယ္ၿပီး ထုတ္လုပ္ရလို႔ ေနာင္လာမယ့္ ထုတ္ကုန္ ေတြလည္း အနည္းနဲ႔အမ်ား ေဈးတက္ဖြယ္ရွိပါတယ္။ တကယ္လုိ႔ အခု ထုတ္တဲ့ ပစၥည္းေတြ ေဈးခ်ေရာင္းမယ္ဆိုရင္ အ႐ႈံးေပၚတာေတြ ႀကံဳရႏုိင္ပါတယ္။ သက္ေရာက္မႈေတာ့ အနည္းနဲ႔ အမ်ားရွိမွာပါပဲ။ အစိုးရက တိုက္႐ိုက္ႀကီး ဝင္ေရာက္ထိန္းညႇိေပးဖို႔ မျဖစ္ႏုိင္ဘူးဆုိေပမယ့္ ႏုိင္ငံ တကာနဲ႔ ေဈးကြက္ကို မွ်တမႈျဖစ္ေအာင္ စီမံေပးဖို႔သင့္ပါတယ္။ ထုတ္လုပ္သူ ေတာင္သူလယ္သမား (ဒါမွ မဟုတ္) တစ္ဆင့္ေရာင္းခ်သူေတြအတြက္ ေဈးကြက္အာမခံခ်က္ရွိေအာင္ ႀကိဳးပမ္းေပးရပါလိမ့္မယ္။ တျခား ႏုိင္ငံေတြလည္း ဒီလိုပဲလုပ္ေနၾကတာပါပဲ။ ဥပမာ ဖရဲသီး၊ ခရမ္းခ်ဥ္သီးေပါ့ေနာ္။ ျပည္တြင္းထဲမွာတင္ ေဈးက ကြာလြန္းေနတယ္။ တခ်ိဳ႕ေနရာက်ေတာ့ ေဈးအရမ္းႀကီးတယ္။ တခ်ိဳ႕ေနရာမွာ အရမ္းေပါေနတယ္။ ခူးခေတာင္မရလို႔ ပစ္ထားရတဲ့ စိုက္ခင္းေတြရွိတယ္။ အဲဒါမ်ိဳးကို ေဈးကြက္အာမခံရေအာင္ အစိုးရက ႀကိဳးပမ္းရ မွာပါ။ ေတာင္သူေတြအေနနဲ႔ စိုက္လို႔ အသီးျဖစ္ထြန္းရင္ သူ႔တာဝန္ေက်ေနပါၿပီ။ က်န္တာ အစိုးရတာဝန္ပဲလို႔ ျမင္ပါတယ္။ ေတာင္သူက ႏုိင္ငံတကာအထိ ခ်ိတ္ဖို႔ သူတတ္ႏုိင္မွာမဟုတ္ပါဘူး။

မေကခုိင္ေထြး (တုတ္ထုိးေရာင္းသူ၊ သဃၤန္းကြၽန္းၿမိဳ႕နယ္)

အစ္မတုိ႔က မိသားစုေလးေယာက္မွာ ေက်ာင္းသားႏွစ္ေယာက္ရဲ႕ ေက်ာင္းစရိတ္ရယ္ သူတို႔ ထမင္းခ်ိဳင့္ေတြ လုပ္ေပးရတာနဲ႔ မုန္႔ဖိုးေတြ ဘာေတြနဲ႔ဆိုရင္ ဝင္ေငြနဲ႔ ထြက္ေငြမမွ်ဘူး။ အရင္ကဆို ရတာေလးနဲ႔ စားလို႔အဆင္ေျပတယ္။ အခုက ကုန္ေဈးႏႈန္းအရမ္းတက္ေနေတာ့ က်န္တဲ့ အျပင္အစားအစာေတာင္ မစားျဖစ္ဘူး။ ကုိယ့္ဟာကိုယ္ ထမင္းစားရရင္ ၿပီးေရာဆုိတဲ့ ပံုစံမ်ိဳးနဲ႔ ရွာေနရတဲ့ ဘဝေတြျဖစ္ေနတယ။္ အစ္မဆီမွာ စားတဲ့လူက အရင္ကထက္စာရင္ နည္းသြားတယ္။ အေရာင္းအဝယ္ေတြ ပါးသြားတာေပါ့။ ဘယ္အစိုးရပဲတက္တက္ ကုန္ေဈးႏႈန္းေလးကိုေတာ့ နည္းနည္းေလးၾကည့္ၿပီးေတာ့ လုပ္ေပးပါ။ ကုန္ေဈးႏႈန္းသက္သာမွ လူ ေတြက သြားလာလႈပ္ရွားလည္ပတ္ဖို႔က အဆင္ေျပမွာ။ အခုက အားလံုး လိုလို အဆင္မေျပဘူး။ တခ်ိဳ႕ဆိုရင္ အေဖအေမ အိပ္ရာထဲလဲေနတာ ေတြရွိတယ္။ ဒီလူမမာအတြက္ေရာဆုိရင္ တစ္ေန႔တာ ဝင္ေငြေလးငါး ေထာင္နဲ႔ ဘယ္လိုမွ မေလာက္ငဘူး။ မေလာက္ေတာ့ လူေတြက အတိုးယူတယ္။ အတုိးေပၚအတိုးဆင့္ၿပီး ဘဝေတြ ပိုၿပီးနစ္ေနေတာ့ က်န္တာေတြ ဘာမွ မစဥ္းစားႏုိင္ေတာ့ဘူး။

မေအးျမတ္ျမတ္မင္း (ကမၻာေအး)

ေငြေၾကးေဖာင္းပြမႈ၊ ကုန္ေဈးႏႈန္းျမင့္တက္မႈေတြက အထက္တန္း လူတန္းစားေတြအတြက္ မသိသာေပမယ့္ အလယ္အလတ္တန္း လူတန္း စားမ်ားနဲ႔ အေျခခံလူတန္းစားမ်ားကို ႐ိုက္ခတ္မႈရွိပါတယ္။ မိသားစုလူ ဦးေရမ်ားၿပီး ေငြေၾကးေခြၽတာရတဲ့ လူတန္းစားမ်ားအတြက္ မ်ားစြာအ က်ပ္အတည္းျဖစ္ရပါတယ္။ ထြက္ေငြ၊ ဝင္ေငြ မမွ်တတဲ့အတြက္ အနာ ဂတ္ေရွ႕ေရး၊ က်န္းမာေရး၊ စီးပြားေရး၊ ပညာေရးအတြက္ အစီအစဥ္ ေတြ စိတ္ကူးထားသလို ျဖစ္မလာႏုိင္ပါဘူး။ ကုန္ေဈးႏႈန္းျမင့္တက္မႈက အနာဂတ္မွာ အဆင္မေျပမႈေတြ ဒီထက္ပိုၿပီး မ်ားျပားလာမွာပါ။ ေဈး ကြက္စီးပြားေရးစနစ္ျဖစ္တဲ့အတြက္ ကုန္ေဈးႏႈန္းအတက္အက်ကို တိုက္ ႐ိုက္မထိန္းညႇိေပးဘူးဆိုတဲ့စကားကို လက္မခံႏုိင္ပါဘူး။ မ်က္ႏွာလႊဲ ခဲပစ္လုပ္ရာ က်ပါတယ္။ တိက်တဲ့ ထိန္းခ်ဳပ္မႈမ်ိဳးရွိရင္ ဒီထက္မက ျပည္သူ ေတြအတြက္ ပိုအဆင္ေျပမယ္ထင္ပါတယ္။

ဦးစန္းလြင္ (ေျမာက္ဒဂံု)

ျပည္သူျပည္သားေတြ ေန႔စဥ္ႀကံဳေတြ႕ေနရတာက ကုန္ေဈးႏႈန္းပါ။ အထူးသျဖင့္ လစာနည္းဝန္ထမ္းေတြနဲ႔ တစ္ေန႔လုပ္ တစ္ေန႔စားဘဝနဲ႔ ရွင္သန္ေနရတဲ့ ျပည္သူေတြ ပိုခံစားရတာေပါ့။ ျပည္သူတစ္ ေယာက္အေနနဲ႔ ကုန္ေဈးႏႈန္းျမန္ျမန္က်ေစခ်င္တယ္။ ဒါကလည္း အစိုးရအေပၚ တာဝန္အျပည့္ရွိတယ္လုိ႔ေတာ့ မယူဆပါဘူး။ ေရာင္းဝယ္ေဖာက္ကားသူ ေတာ္ေတာ္မ်ားမ်ား ေလာဘကို အေျခခံတာကလည္း ကုန္ေဈးႏႈန္းတက္ေစပါ တယ္။ အစိုးရအေနနဲ႔ ကုန္ေဈးႏႈန္းက်ေစမယ့္၊ ျပည္သူေတြဝန္ပိေစမယ့္ ကိစၥေတြ စိစစ္ၿပီး ဥပေဒစည္းမ်ဥ္းစည္းကမ္းျပင္ဆင္ေျဖေလွ်ာ့ေပးသင့္တာေတြ အျမန္ေဆာင္ရြက္လိုက္ရင္ ေရာင္းဝယ္ေဖာက္ကားသူေတြက လည္း ကိုယ္ခ်င္းစာတရားထားၿပီး ေလာဘေလးေတြ ကိုယ္စီကိုယ္င ေလွ်ာ့ခ်လိုက္မယ္ဆုိရင္ ကုန္ေဈးႏႈန္းက်သြားမယ္လို႔ ထင္ျမင္ယူဆမိပါတယ္။

မျဖဴသဲ (အလံု)

ကုန္ေဈးႏႈန္းသိသိသာသာျမင့္မားလာျခင္းအတြက္ ကြၽန္မတုိ႔လို ကုမၸဏီဝန္ထမ္းေတြေတာင္ လစာနဲ႔ ဝင္ေငြ၊ ထြက္ေငြမွ်တမႈရွိေအာင္ မနည္းခ်ိန္ဆေနရပါတယ္။ ဒါေတာင္ က်န္းမာေရး၊ အိုနာစရိတ္ Saving (ေငြစုေဆာင္းျခင္း)ဆုိတာ ေတာ္ေတာ္ေခြၽတာႏုိင္မွ။ အေျခခံလက္လုပ္ လက္စားေတြ ဘဝဆိုတာ ခန္႔မွန္းၾကည့္စရာမလိုေအာင္ သိသာေနတယ္။ ကြၽန္မတုိ႔ႏုိင္ငံမွာက လူတန္းစားမမွ်တမႈက ကုန္ေဈးႏႈန္းႀကီးမႈနဲ႔ တိုက္ ႐ိုက္ပတ္သက္ေနပါတယ္။ ကုန္ေဈးႏႈန္းကို ႏုိင္ငံေတာ္အစိုးရက ေဈး ကြက္စီးပြားေရးစနစ္ျဖစ္ေပမယ့္လည္း အဓိကစားသံုးကုန္စည္နဲ႔ပတ္ သက္လို႔ စနစ္က်တဲ့ ထိန္းခ်ဳပ္မႈတစ္ခုရွိသင့္တယ္လို႔ ျမင္ပါတယ္။ သြင္းကုန္ထုတ္ကုန္ပမာဏမွာ ျပည္တြင္းထုတ္ကုန္ကို ႏုိင္ငံသားဦးစား ေပးစနစ္နဲ႔ရွိေအာင္ ဘယ္လိုမူဝါဒျပ႒ာန္းရမယ္ဆုိတာရွိမယ္ဆုိရင္ ကုန္ေဈးႏႈန္းႀကီးျခင္းကို သိသိသာသာ ေလ်ာ့က်ေစမယ္။

ကိုသန္႔ဇင္(ယာဥ္ေမာင္း၊ ကံမ)

ရလာတဲ့ ဝင္ေငြနဲ႔ ထြက္ေငြက ဘယ္ေတာ့မွ မမွ်ခဲ့ပါဘူး။ ကိုယ္လုပ္ တဲ့အလုပ္က ပံုမွန္ေငြမဝင္တဲ့အလုပ္ဆို ပုိဆုိးပါတယ္။ ဒီလိုပဲ အဆင္ေျပသလို မိသားစုလည္ပတ္ေအာင္ သံုးစြဲရပါတယ္။ လက္ရွိအတိုင္းသာဆို ျပည္သူေတြက စားဝတ္ေနေရးအတြက္ ဥပေဒျပင္ပက အလုပ္အကိုင္ မ်ိဳးေတြ ပိုလုပ္လာႏုိင္ပါတယ္။ ျပည္သူ႔ဘဝလံုၿခံဳမႈဆိုတာလည္း မရွိသလို ျဖစ္လာမွာ အရမ္းစိုးရိမ္မိတယ္။ ဒီလုိေတြျဖစ္မလာဖို႔ အစိုးရမွာ တာဝန္ရွိတယ္လို႔ ထင္ပါတယ္။ ကုန္ေဈးႏႈန္းကို အစိုးရက ကိုင္တြယ္ထိန္းခ်ဳပ္ လုိ႔မရဘူးဆိုၿပီး ဒီအတုိင္းေတာ့ ၾကည့္မေနသင့္ဘူး ထင္ပါတယ္။ အမွန္ တကယ္ကြၽမ္းက်င္တဲ့ ပညာရွင္ေတြနဲ႔ ေဆြးေႏြးၿပီး လုပ္ေပးသင့္တယ္လုိ႔ ျမင္ပါတယ္။

ေဒၚႏွင္းအိအိမိုး (ျပည္ၿမိဳ႕)

ဒီႏွစ္ထဲမွာ ဝင္ေငြနဲ႔ ထြက္ေငြညီမွ်ေအာင္ မနည္း႐ုန္းကန္ခဲ့ရတယ္။ ကုန္ေဈးႏႈန္းကလည္း က်တယ္လုိ႔မရွိတာေၾကာင့္ အဆင္မေျပဘဲ ၿခိဳးၿခံ ေခြၽတာသံုးစြဲခဲ့ရတယ္။ အပိုေငြရယ္လို႔ စုေဆာင္းမထားႏိုင္ခဲ့ဘူး။ မတ္ တတ္စာပဲရွာႏိုင္ၿပီး တုံးလံုးစာမရွိဘူးဆိုသလိုေပါ့။ ကုန္ေဈးႏႈန္းႀကီးျမင့္ ေနတာေၾကာင့္ မိသားစုစားေသာက္စရိတ္ထဲမွာပဲ ဝင္ေငြကို မနည္းမွ် ေအာင္ သံုးေနရေတာ့ မိသားစုထဲမွာ က်န္းမာေရးမေကာင္းတာတုိ႔ တျခားေသာ ေငြေၾကးကုန္က်စရာေတြေပၚလာရင္ ဒုကၡေရာက္ေတာ့မွာပဲ လို႔ ပူပန္စိုးရိမ္တယ္။ အစိုးရတစ္ရပ္အေနနဲ႔ ကုန္ေဈးႏႈန္းကို တိုက္႐ိုက္ ဝင္ေရာက္ထိန္းသိမ္းမေပးႏုိင္ဘူးဆိုရင္လည္း ျပည္သူေတြ ဝင္ေငြထြက္ေငြအဆင္ေျပေအာင္၊ စီးပြားေရးအလုပ္အကိုင္အဆင္ေျပေအာင္ အ ေလးထားေဆာင္ရြက္ေပးသင့္တယ္။ ကုန္ေဈးႏႈန္းႀကီးျမင့္ေနလုိ႔ ျပည္သူ တစ္ေယာက္မွာ ဝင္ေငြထြက္ေငြ မမွ်တတာ၊ ပင္ပန္းဆင္းရဲစြာ သံုးစြဲေန ရတာ စီးပြားေရးက႑မေအာင္ျမင္လုိ႔ပဲ။ ေသခ်ာတိက်တဲ့ စီးပြားေရး မူဝါဒကို ခ်မွတ္ေပးၿပီး ကုန္ေဈးႏႈန္းႀကီးျမင့္မႈကိုလည္း ထိန္းညႇိေပးေစခ်င္တယ္။

ကိုမွတ္ႀကီး

(ဒီမိုကေရစီေရး စဥ္ဆက္မျပတ္ လႈပ္ရွားမႈအင္အားစု-MDCF)

အလုပ္လုပ္တဲ့ ဝင္ေငြကနည္းၿပီးေတာ့ ကုန္က်စရိတ္က မ်ားေန တာေပါ့။ မိသားစုငါးေယာက္ရွိရင္ ငါးေယာက္စလံုး အလုပ္ထြက္လုပ္ရ တာေပါ့။ အဲဒီလို အလုပ္လုပ္တာေတာင္ ပံုမွန္စားေသာက္ႏုိင္ဖို႔ပဲရတယ္။ ၾကားထဲမွာ မိသားစုက်န္းမာေရးအတြက္တို႔၊ သာေရး၊ နာေရးတုိ႔အတြက္ ဆို မေပးႏုိင္၊ မလွဴႏုိင္ေပါ့။ အဲဒါက ကုန္ေဈးႏႈန္းႀကီးလို႔။ ျပည္သူေတြက ခံေနရတယ္။ စစ္အစိုးရလက္ထက္တုန္းကဆုိရင္ ေတာ္႐ံုသိပ္ၿပီး မႀကီး ဘူး။ ကုန္ေဈးႏႈန္းတက္ခဲ့ရင္လည္း ခဏပဲ။ တစ္လေက်ာ္ေက်ာ္ေလာက္ ဆို သူ႔ဟာသူ ျပန္က်သြားတယ္။ အခုဟာက ကုန္ေဈးႏႈန္းက အရမ္းႀကီး ေနတယ္လုိ႔ ေျပာရမယ္။ အခုပဲ ေဈးသြားဝယ္ျပန္လာတာ။ ပိုက္ဆံတစ္ ေသာင္းယူသြားတယ္။ အသားဟင္းတစ္မ်ိဳးနဲ႔ ၾကက္သြန္၊ ဆီ၊ ဆားနဲ႔ ပိုက္ဆံတစ္ေသာင္း ကုန္သြားေရာ။ အဲဒါေတာင္ သံုးေယာက္စာအတြက္ ပဲ ကြၽန္ေတာ္ဝယ္လာတာ။ ျပည္သူလူထုမွာ ကုန္ေဈးႏႈန္းႀကီးတဲ့ ဒဏ္ေတြေၾကာင့္ အခက္အခဲေတြ၊ အက်ပ္အတည္းေတြ ေတြ႕ေနတယ္။ အဲဒါကို အစိုးရက ျပန္ၿပီးေတာ့ ထိန္းညႇိမေပးႏုိင္ဘူး ဆုိရင္ ျပည္သူေတြေပးတဲ့မဲကို ဘာလို႔ယူထားလဲ။

ကိုေဇာ္မင္း

(သံပန္းသံတံခါးလုပ္ကိုင္သူ၊ ေအာင္လံ)

ဒီေန႔ေခတ္ ကုန္ေဈးႏႈန္းအေျခအေနေၾကာင့္ ေန႔စဥ္ဝင္ေငြပံုမွန္မရွိ သူေတြအတြက္ ပိုၿပီးဒုကၡျဖစ္ေစပါတယ္။ ကြၽန္ေတာ့္အိမ္ဆုိရင္ တစ္ေန႔ အိမ္စရိတ္က ၅,၀၀၀ ရွိမွ ျဖစ္ပါတယ္။ စားတာလည္း ပံုမွန္အတုိင္း စားတာပါပဲ။ ဘာမွ အပိုအလွ်ံသံုးစြဲရတာမရွိဘဲ ကုန္က်တာပါ။ တျခား လူမႈေရးကိစၥေတြလို အသံုးစရိတ္နဲ႔ဆုိရင္ ရတဲ့ဝင္ေငြနဲ႔က လံုးဝလံု ေလာက္မႈမရွိပါဘူး။ ဝင္ေငြထြက္ေငြမွ်တေနဖို႔ အေရးႀကီးပါတယ္။ အစိုးရအေနနဲ႔ တာဝန္တစ္ခုေတာ့ရွိတယ္လို႔ ထင္ပါတယ္။ ဥပမာ သားသတ္လိုင္စင္ကိစၥ။ စက္သံုးဆီေဈး ပံုမွန္ျဖစ္ဖို႔၊ အေျခခံလူတန္းစားေတြရဲ႕ အလုပ္အ ကိုင္အခြင့္အလမ္း ပိုမိုရရွိလာဖို႔ ဒါေတြက အစိုးရမူဝါဒနဲ႔ သြားရတာပါ။ ဒါေၾကာင့္ အစိုးရအေနနဲ႔က ဘက္စံုက ဝင္ေရာက္ထိန္းညႇိေပးတာေတြ လုပ္သင့္ပါတယ္။

ဦးေဖသန္း

(ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ရခုိုင္အမ်ိဳးသားပါတီ)

အေျခခံစားသံုးကုန္ေတြတက္တာက အေျခခံလူတန္းစားကို ထိိခိုက္ေစတယ္။ ေရႊေဈးႏႈန္းေတြ၊ ေဒၚလာေဈးႏႈန္းေတြတက္လို႔ အေျခခံကုန္ ေဈးႏႈန္းတက္တာကို ကြၽန္ေတာ့္အေနနဲ႔ေတာ့ လက္မခံခ်င္ဘူး။ ဝိသမ ေလာဘသားေတြက တမင္လုပ္ေနတာလား၊ ႏုိင္ငံေတာ္ကပဲ အားနည္း ခ်က္ရွိလို႔လားဆုိတာမ်ိဳးေတာ့ အေျဖရွာသင့္တယ္။ အစိုးရအေနနဲ႔ အေျခခံကုန္ေဈးႏႈန္းကို မတက္ေစခ်င္ဘူးဆုိရင္ ထုတ္လုပ္မႈေတြကို အားေပးဖို႔ လိုတယ္။ ၿပီးေတာ့ ေဈးကြက္ကို ဝင္ထိန္းဖို႔လိုတယ္။ ဥပမာ စပါးေဈး။ ကိုယ့္ႏုိင္ငံမွာ စားသံုးဖို႔က လံုေလာက္တာပဲ။ ဆန္ေဈးႏႈန္းမတက္ေစခ်င္ ရင္ ႏုိင္ငံျခားမထုတ္နဲ႔ေပါ့။ ေဒၚလာေဈးႏႈန္း၊ ေရႊေဈးႏႈန္းတက္တာထက္ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမတက္ေအာင္ ၾကပ္ၾကပ္မတ္မတ္ေလး အေျဖရွာေပးဖို႔လိုတယ္လို႔ ျမင္တယ္။

ဦးျမတ္သင္းေအာင္ (စီးပြားေရးလုပ္ငန္းရွင္)

ကုန္ေဈးႏႈန္းတက္တာက ေဒၚလာေဈးက ၁၀ ရာခိုင္ႏႈန္းေလာက္ တက္သြားတယ္။ တစ္ဖက္မွာ ျမန္မာက်ပ္ေငြကလည္း ၁၀ ရာခုိင္ႏႈန္း ေလာက္ က်သြားတယ္။ ဒီတက္လာတဲ့ႏႈန္းက စိုးရိမ္စရာရွိလားဆိုေတာ့ ပစၥည္းအေရာင္းအဝယ္သေဘာနဲ႔ ေဈးကြက္သေဘာအရျဖစ္တာမို႔ စိုးရိမ္စရာမရွိပါဘူး။ အစိုးရကထိန္းရင္ သက္သာသြားႏိုင္တယ္။ လံုးဝထိန္း ခ်ဳပ္ရင္ေတာ့မေကာင္းဘူး။ ေနာက္ၿပီး အစိုးရက လံုးလံုးလ်ားလ်ားထိန္း ခ်ဳပ္လို႔မရဘူးေလ။ ကုန္ေဈးႏႈန္းက်ေအာင္ အဓိကအေရးႀကီးဆံုးက ပစၥည္းမ်ားမ်ားထုတ္ဖို႔ပဲ။ သြားထိန္းခ်ဳပ္လို႔မရဘူး။ ေဈးကြက္မွာ ပစၥည္း မ်ားမ်ားေရာက္ရင္ ေဈးက်တာပဲေလ။ တုိင္းနဲ႔ ျပည္နယ္ေတြမွာမ်ားမ်ားထြက္ေအာင္ လုပ္ရမယ္ေလ။ အရင္အစိုးရေခတ္ေတြလို ရွားေနတာကို သြားထိန္းရင္ ကုန္ေဈးႏႈန္းပိုတက္သြားမယ္။ ေဈးကြက္ပါ ေပ်ာက္သြားႏုိင္တယ္။ ပိုဆုိးသြားႏုိင္တယ္။

မလီလီခိုင္ (ေတာင္ဥကၠလာပၿမိဳ႕နယ္)

ဒီႏွစ္အတြင္းမွာေတာ့ ဝင္ေငြနဲ႔ ထြက္ေငြက ဘယ္လိုမွ လံုေလာက္ မႈမရွိပါဘူး။ လက္ရွိအစိုးရအေနနဲ႔ ကုန္ေဈးႏႈန္းကို တုိက္႐ိုက္ထိန္းခ်ဳပ္ သင့္တယ္လုိ႔ ျမင္ပါတယ္။ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ၿငိမ္း ခ်မ္းေရးမရသေရြ႕ေတာ့ ကုန္ေဈးႏႈန္းကို ထိန္းထားႏုိင္မယ္ မထင္ပါဘူး။ စစ္ပြဲေတြျဖစ္ေနေတာ့ ကုန္သြယ္ေရးအတြက္ အခက္အခဲရွိတယ္။ လမ္း ပန္းဆက္သြယ္ေရးမေကာင္းရင္ ကုန္ေဈးႏႈန္းကလည္း ထပ္ၿပီး တက္ေန ဦးမယ္။ ေငြေၾကးေဖာင္းပြမႈေတြလည္း ဆက္ၿပီးျဖစ္ေနဦးမယ္လုိ႔ ျမင္ပါ တယ္။ ျပည္သူေတြအတြက္ ေအးခ်မ္းစြာေနထိုင္ဖို႔၊ စည္ပင္ဝေျပာဖို႔ စီးပြားေရးတုိးတက္ဖို႔၊ နည္းပညာဖြံ႕ၿဖိဳးတုိးတက္ဖို႔ အားလံုးဟာ အစိုးရမွာပဲ တာဝန္ရွိတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ငွေလဲနှုန်း စံချိန်တင်မြင့်တက်လာချိန်တွင် ပြည်တွင်း၌ အခြေခံစားသောက်ကုန်အပါအဝင် မရှိမဖြစ်လူသုံးကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်နေရသဖြင့် ပြည်သူများအကြား ကုန်ဈေးနှုန်းမြင့်တက်မှုအပေါ် ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ကုန်ဈေးနှုန်း အတက်အကျကို အစိုးရက ဝင်ရောက်ထိန်းညှိသင့်ကြောင်း တိုက်တွန်းမှုများ ရှိနေသလို ဈေးကိုထိန်းခြင်းထက် ဝိုင်းဝန်းအဖြေရှာရန် ပညာရှင် များကလည်း အကြံပြုပြောကြားလာရာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်ပတ်သက်၍ ပြည်သူများ၏အသံကို စုစည်းဖော်ပြအပ်ပါသည်။

ဦးစိုးဝင်း (ဆိုက်ကားဆရာ)

ဆိုက်ကားနင်းလို့ရတာက ပုံမှန်တော့မရှိဘူး။ တစ်နေ့ ၇,၀၀၀ ရတဲ့အခါရတယ်။ ဒီနေ့လို ရုံးပိတ်ရက်ဆိုရင် လုံးဝကို ဆွဲမကောင်းပါဘူး။ ဆွဲ မကောင်းတာလည်း တစ်ဂိတ်လုံးပါပဲ။ ကိုယ်တစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ ကိုယ့်မှာ မိသားစုကိုးယောက်ရှိတယ်။ မိသားစုများတော့ ကိုယ့်ရဲ့ ဝင်ငွေနဲ့ မိသားစုအတိုင်းအတာနဲ့က ဘယ်လိုမှမမျှဘူး ဖြစ်နေ တယ်။ ကုန်ဈေးနှုန်းကတော့ ပြောမနေနဲ့။ ကန်စွန်းရွက်တစ်စည်းကို ၃၀၀လောက်ဖြစ်နေတယ်။ တော်ရုံကန်စွန်းရွက်စားနိုင်ရင် ဒီခေတ်မှာ သူဌေးလို့ ပြောရမယ်။ တော်ရုံတန်ရုံ ကျွန်တော်တို့ ကန်စွန်းရွက်မစားနိုင်ဘူး။ဘဲဥဆိုရင် ပိုဆိုးရော။ ကြက်ဥဆိုရင်လည်း တစ်လုံး ၁၂၀ လောက်မှ စားလို့ရတာ။ လူဆယ်ယောက်ဆိုရင် ဆယ်လုံး။ အဲဒီမှာတင် ၁,၂၀၀ သွားပြီ။ဆန်ဈေးဆိုရင်လည်း ၁,၆၀၀ ရှိတယ်။ ကျွန်တော်တို့ဆို ဆန်ကြမ်းတစ်ပြည် ၁,၀၀၀ ပဲစားနိုင်တယ်။ ကုန်ဈေးနှုန်းကမြင့်တယ်။ ရတဲ့ဝင်ငွေကလည်း မိသားစုအပေါ် မထိန်းနိုင်တဲ့အတွက်ကြောင့် အငယ်ဆုံးမလေးဆိုရင် (၁၃)နှစ်နဲ့ ကျောင်းနေရင်းတန်းလန်းထွက်လိုက်ရတယ်။ အခုအထည်ချုပ်စက်ရုံမှာ လုပ်တာဆိုရင် တစ်လကျော်ပဲရှိသေးတယ်။ ပထမတစ်လစာက အိုဗာတိုင်ရော၊ ရက်မှန်ကြေးရော အားလုံးမှ ၃၀,၀၀၀ ကျော်ပဲရတယ်။ သားတွေဆိုရင်လည်း တစ်နေ့ ၆,၀၀၀ လောက်ရတယ်။ နေ့စားလုပ်တာ။ အစိုးရသစ်ကိုတော့ တခြားတော့ မပြောချင်ပါဘူး။တတ်နိုင်ရင် ကျွန်တော်တို့ မရှိဆင်းရဲသားတွေအတွက် ကုန်ဈေးနှုန်း အဓိကကျအောင်လုပ်ပေးပါ၊ ဒါပဲ ပြောချင်တယ်။

ကိုအောင်ကျော်ထွန်း (Export Import မန်နေဂျာ၊ ရန်ကုန်)

လက်ရှိ အသားငါး၊ ဟင်းသီးဟင်းရွက်ဈေးတွေက ကြောက်ခမန်း လိလိ တက်နေတာပါ။ အောက်ခြေလူတန်းစားတွေ၊ ပုံမှန်ဝင်ငွေမရှိသူ တွေအတွက် အဆိုးဆုံးအခြေအနေလို့တောင် ပြောနိုင်ပါတယ်။ ပုဂ္ဂလိ က ဝန်ထမ်းတွေအများစု ရတဲ့ဝင်ငွေနဲ့က လုံးဝလုံလောက်မှုမရှိပါဘူး။ စုဆောင်းထားတာရှိရင် အဲဒါလေး ဖြိုသုံးပေါ့။ ဒီလို လည်ပတ်အောင် လုပ်ရပါတယ်။ နောက်နိုင်ငံခြားက တင်သွင်းရတဲ့ ကုန်ပစ္စည်းအများစု လည်း ဈေးတက်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အဆင်ပြေဖို့ဆိုရင် အစိုးရက ကူသင့်တာမှန်သမျှ ကူညီသင့်တယ် ထင်ပါတယ်။ နောက်ပြီး အခွန်အခပေးဆောင်ရမှုတွေကို အချက်အလက်သေသေချာချာလေ့လာ ပြီးမှ ကောက်သင့်တဲ့ အခွန်ရယ်၊ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အခွန်ရယ် စသဖြင့်သေချာစိစစ်စေချင်ပါတယ်။ နိုင်ငံခြားပစ္စည်းတချို့ဆိုရင် အခွန်ကြောင့် တရားဝင်တင် သွင်းရဖို့ ခက်ခဲပြီး သူခိုးလမ်းကြောင်းလို တရားမဝင်တဲ့ နေရာမျိုးက သွားကြတော့ မသမာမှုတွေဖြစ်စေပါ တယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဒုစရိုက်မှုတွေ အနာဂတ်မှာ ပိုမိုဖြစ်ပွားလာမှာကို စိုးရိမ်ရပါတယ်။ ဒီလိုမဖြစ်အောင် အစိုးရအနေနဲ့ အားလုံးမဟုတ်တောင် ဒီကိစ္စမှာ တစ်စိတ်တစ်ပိုင်းတော့ တာဝန်ရှိတယ်ထင်တယ်။ ဒါတွေထိန်းချုပ်နိုင်ဖို့ အရန်ဆန်ဝယ်ယူထားခြင်းမျိုးလို စီမံတာတွေ မြန်မြန်ဖြစ်လာ အောင် လုပ်ဖို့လိုမယ်ထင်တယ်။

ကိုသော်ဖြိုးရွှေ (Program Officer, BANCA)

လစာက မတိုး၊ ကုန်ဈေးနှုန်းကတက်တော့ အခြေခံလူတန်းစားမှာ အများကြီး ဂယက်ထတာပေါ့။ လုံလောက်မှုရှိတယ်ဆိုရုံလေးပါပဲ။ တစ် နှစ်လုံးအနေနဲ့ဆိုရင်တော့ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး အသုံး စရိတ်တွေပါ ထည့်ပေါင်းရင် မလောက်ငပါဘူး။ ကုန်ဈေးနှုန်းတက်တော့ အစားအသောက်တွေ အသုံးအဆောင်ဆေးဝါးကအစ ဈေးတွေတက် တယ်။ အဲဒီတော့ ထွက်ငွေပိုများလာတယ်။ ကြာလာတော့ မရှိတဲ့သူတွေ အဖို့ ပိုပြီးကျပ်တည်းလာကြတယ်။ အနာဂတ်အတွက်ပြောရရင် လက်ရှိ မှာ ကုန်ဈေးနှုန်းတက်တဲ့အတွက် ကုန်ထုတ်လုပ်မှုမှာ အခြေခံကုန်ပစ္စည်း တွေကို ဈေးကြီးပေးဝယ်ပြီး ထုတ်လုပ်ရလို့ နောင်လာမယ့် ထုတ်ကုန် တွေလည်း အနည်းနဲ့အများ ဈေးတက်ဖွယ်ရှိပါတယ်။ တကယ်လို့ အခု ထုတ်တဲ့ ပစ္စည်းတွေ ဈေးချရောင်းမယ်ဆိုရင် အရှုံးပေါ်တာတွေ ကြုံရနိုင်ပါတယ်။ သက်ရောက်မှုတော့ အနည်းနဲ့ အများရှိမှာပါပဲ။ အစိုးရက တိုက်ရိုက်ကြီး ဝင်ရောက်ထိန်းညှိပေးဖို့ မဖြစ်နိုင်ဘူးဆိုပေမယ့် နိုင်ငံ တကာနဲ့ ဈေးကွက်ကို မျှတမှုဖြစ်အောင် စီမံပေးဖို့သင့်ပါတယ်။ ထုတ်လုပ်သူ တောင်သူလယ်သမား (ဒါမှ မဟုတ်) တစ်ဆင့်ရောင်းချသူတွေအတွက် ဈေးကွက်အာမခံချက်ရှိအောင် ကြိုးပမ်းပေးရပါလိမ့်မယ်။ တခြား နိုင်ငံတွေလည်း ဒီလိုပဲလုပ်နေကြတာပါပဲ။ ဥပမာ ဖရဲသီး၊ ခရမ်းချဉ်သီးပေါ့နော်။ ပြည်တွင်းထဲမှာတင် ဈေးက ကွာလွန်းနေတယ်။ တချို့နေရာကျတော့ ဈေးအရမ်းကြီးတယ်။ တချို့နေရာမှာ အရမ်းပေါနေတယ်။ ခူးခတောင်မရလို့ ပစ်ထားရတဲ့ စိုက်ခင်းတွေရှိတယ်။ အဲဒါမျိုးကို ဈေးကွက်အာမခံရအောင် အစိုးရက ကြိုးပမ်းရ မှာပါ။ တောင်သူတွေအနေနဲ့ စိုက်လို့ အသီးဖြစ်ထွန်းရင် သူ့တာဝန်ကျေနေပါပြီ။ ကျန်တာ အစိုးရတာဝန်ပဲလို့ မြင်ပါတယ်။ တောင်သူက နိုင်ငံတကာအထိ ချိတ်ဖို့ သူတတ်နိုင်မှာမဟုတ်ပါဘူး။

မကေခိုင်ထွေး (တုတ်ထိုးရောင်းသူ၊ သင်္ဃန်းကျွန်းမြို့နယ်)

အစ်မတို့က မိသားစုလေးယောက်မှာ ကျောင်းသားနှစ်ယောက်ရဲ့ ကျောင်းစရိတ်ရယ် သူတို့ ထမင်းချိုင့်တွေ လုပ်ပေးရတာနဲ့ မုန့်ဖိုးတွေ ဘာတွေနဲ့ဆိုရင် ဝင်ငွေနဲ့ ထွက်ငွေမမျှဘူး။ အရင်ကဆို ရတာလေးနဲ့ စားလို့အဆင်ပြေတယ်။ အခုက ကုန်ဈေးနှုန်းအရမ်းတက်နေတော့ ကျန်တဲ့ အပြင်အစားအစာတောင် မစားဖြစ်ဘူး။ ကိုယ့်ဟာကိုယ် ထမင်းစားရရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ရှာနေရတဲ့ ဘဝတွေဖြစ်နေတယ။် အစ်မဆီမှာ စားတဲ့လူက အရင်ကထက်စာရင် နည်းသွားတယ်။ အရောင်းအဝယ်တွေ ပါးသွားတာပေါ့။ ဘယ်အစိုးရပဲတက်တက် ကုန်ဈေးနှုန်းလေးကိုတော့ နည်းနည်းလေးကြည့်ပြီးတော့ လုပ်ပေးပါ။ ကုန်ဈေးနှုန်းသက်သာမှ လူ တွေက သွားလာလှုပ်ရှားလည်ပတ်ဖို့က အဆင်ပြေမှာ။ အခုက အားလုံး လိုလို အဆင်မပြေဘူး။ တချို့ဆိုရင် အဖေအမေ အိပ်ရာထဲလဲနေတာ တွေရှိတယ်။ ဒီလူမမာအတွက်ရောဆိုရင် တစ်နေ့တာ ဝင်ငွေလေးငါး ထောင်နဲ့ ဘယ်လိုမှ မလောက်ငဘူး။ မလောက်တော့ လူတွေက အတိုးယူတယ်။ အတိုးပေါ်အတိုးဆင့်ပြီး ဘဝတွေ ပိုပြီးနစ်နေတော့ ကျန်တာတွေ ဘာမှ မစဉ်းစားနိုင်တော့ဘူး။

မအေးမြတ်မြတ်မင်း (ကမ္ဘာအေး)

ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေက အထက်တန်း လူတန်းစားတွေအတွက် မသိသာပေမယ့် အလယ်အလတ်တန်း လူတန်း စားများနဲ့ အခြေခံလူတန်းစားများကို ရိုက်ခတ်မှုရှိပါတယ်။ မိသားစုလူ ဦးရေများပြီး ငွေကြေးချွေတာရတဲ့ လူတန်းစားများအတွက် များစွာအ ကျပ်အတည်းဖြစ်ရပါတယ်။ ထွက်ငွေ၊ ဝင်ငွေ မမျှတတဲ့အတွက် အနာ ဂတ်ရှေ့ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးအတွက် အစီအစဉ် တွေ စိတ်ကူးထားသလို ဖြစ်မလာနိုင်ပါဘူး။ ကုန်ဈေးနှုန်းမြင့်တက်မှုက အနာဂတ်မှာ အဆင်မပြေမှုတွေ ဒီထက်ပိုပြီး များပြားလာမှာပါ။ ဈေး ကွက်စီးပွားရေးစနစ်ဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းအတက်အကျကို တိုက် ရိုက်မထိန်းညှိပေးဘူးဆိုတဲ့စကားကို လက်မခံနိုင်ပါဘူး။ မျက်နှာလွှဲ ခဲပစ်လုပ်ရာ ကျပါတယ်။ တိကျတဲ့ ထိန်းချုပ်မှုမျိုးရှိရင် ဒီထက်မက ပြည်သူ တွေအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။

ဦးစန်းလွင် (မြောက်ဒဂုံ)

ပြည်သူပြည်သားတွေ နေ့စဉ်ကြုံတွေ့နေရတာက ကုန်ဈေးနှုန်းပါ။ အထူးသဖြင့် လစာနည်းဝန်ထမ်းတွေနဲ့ တစ်နေ့လုပ် တစ်နေ့စားဘဝနဲ့ ရှင်သန်နေရတဲ့ ပြည်သူတွေ ပိုခံစားရတာပေါ့။ ပြည်သူတစ် ယောက်အနေနဲ့ ကုန်ဈေးနှုန်းမြန်မြန်ကျစေချင်တယ်။ ဒါကလည်း အစိုးရအပေါ် တာဝန်အပြည့်ရှိတယ်လို့တော့ မယူဆပါဘူး။ ရောင်းဝယ်ဖောက်ကားသူ တော်တော်များများ လောဘကို အခြေခံတာကလည်း ကုန်ဈေးနှုန်းတက်စေပါ တယ်။ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကျစေမယ့်၊ ပြည်သူတွေဝန်ပိစေမယ့် ကိစ္စတွေ စိစစ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းပြင်ဆင်ဖြေလျှော့ပေးသင့်တာတွေ အမြန်ဆောင်ရွက်လိုက်ရင် ရောင်းဝယ်ဖောက်ကားသူတွေက လည်း ကိုယ်ချင်းစာတရားထားပြီး လောဘလေးတွေ ကိုယ်စီကိုယ်င လျှော့ချလိုက်မယ်ဆိုရင် ကုန်ဈေးနှုန်းကျသွားမယ်လို့ ထင်မြင်ယူဆမိပါတယ်။

မဖြူသဲ (အလုံ)

ကုန်ဈေးနှုန်းသိသိသာသာမြင့်မားလာခြင်းအတွက် ကျွန်မတို့လို ကုမ္ပဏီဝန်ထမ်းတွေတောင် လစာနဲ့ ဝင်ငွေ၊ ထွက်ငွေမျှတမှုရှိအောင် မနည်းချိန်ဆနေရပါတယ်။ ဒါတောင် ကျန်းမာရေး၊ အိုနာစရိတ် Saving (ငွေစုဆောင်းခြင်း)ဆိုတာ တော်တော်ချွေတာနိုင်မှ။ အခြေခံလက်လုပ် လက်စားတွေ ဘဝဆိုတာ ခန့်မှန်းကြည့်စရာမလိုအောင် သိသာနေတယ်။ ကျွန်မတို့နိုင်ငံမှာက လူတန်းစားမမျှတမှုက ကုန်ဈေးနှုန်းကြီးမှုနဲ့ တိုက် ရိုက်ပတ်သက်နေပါတယ်။ ကုန်ဈေးနှုန်းကို နိုင်ငံတော်အစိုးရက ဈေး ကွက်စီးပွားရေးစနစ်ဖြစ်ပေမယ့်လည်း အဓိကစားသုံးကုန်စည်နဲ့ပတ် သက်လို့ စနစ်ကျတဲ့ ထိန်းချုပ်မှုတစ်ခုရှိသင့်တယ်လို့ မြင်ပါတယ်။ သွင်းကုန်ထုတ်ကုန်ပမာဏမှာ ပြည်တွင်းထုတ်ကုန်ကို နိုင်ငံသားဦးစား ပေးစနစ်နဲ့ရှိအောင် ဘယ်လိုမူဝါဒပြဋ္ဌာန်းရမယ်ဆိုတာရှိမယ်ဆိုရင် ကုန်ဈေးနှုန်းကြီးခြင်းကို သိသိသာသာ လျော့ကျစေမယ်။

ကိုသန့်ဇင်(ယာဉ်မောင်း၊ ကံမ)

ရလာတဲ့ ဝင်ငွေနဲ့ ထွက်ငွေက ဘယ်တော့မှ မမျှခဲ့ပါဘူး။ ကိုယ်လုပ် တဲ့အလုပ်က ပုံမှန်ငွေမဝင်တဲ့အလုပ်ဆို ပိုဆိုးပါတယ်။ ဒီလိုပဲ အဆင်ပြေသလို မိသားစုလည်ပတ်အောင် သုံးစွဲရပါတယ်။ လက်ရှိအတိုင်းသာဆို ပြည်သူတွေက စားဝတ်နေရေးအတွက် ဥပဒေပြင်ပက အလုပ်အကိုင် မျိုးတွေ ပိုလုပ်လာနိုင်ပါတယ်။ ပြည်သူ့ဘဝလုံခြုံမှုဆိုတာလည်း မရှိသလို ဖြစ်လာမှာ အရမ်းစိုးရိမ်မိတယ်။ ဒီလိုတွေဖြစ်မလာဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ကုန်ဈေးနှုန်းကို အစိုးရက ကိုင်တွယ်ထိန်းချုပ် လို့မရဘူးဆိုပြီး ဒီအတိုင်းတော့ ကြည့်မနေသင့်ဘူး ထင်ပါတယ်။ အမှန် တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်။

ဒေါ်နှင်းအိအိမိုး (ပြည်မြို့)

ဒီနှစ်ထဲမှာ ဝင်ငွေနဲ့ ထွက်ငွေညီမျှအောင် မနည်းရုန်းကန်ခဲ့ရတယ်။ ကုန်ဈေးနှုန်းကလည်း ကျတယ်လို့မရှိတာကြောင့် အဆင်မပြေဘဲ ခြိုးခြံ ချွေတာသုံးစွဲခဲ့ရတယ်။ အပိုငွေရယ်လို့ စုဆောင်းမထားနိုင်ခဲ့ဘူး။ မတ် တတ်စာပဲရှာနိုင်ပြီး တုံးလုံးစာမရှိဘူးဆိုသလိုပေါ့။ ကုန်ဈေးနှုန်းကြီးမြင့် နေတာကြောင့် မိသားစုစားသောက်စရိတ်ထဲမှာပဲ ဝင်ငွေကို မနည်းမျှ အောင် သုံးနေရတော့ မိသားစုထဲမှာ ကျန်းမာရေးမကောင်းတာတို့ တခြားသော ငွေကြေးကုန်ကျစရာတွေပေါ်လာရင် ဒုက္ခရောက်တော့မှာပဲ လို့ ပူပန်စိုးရိမ်တယ်။ အစိုးရတစ်ရပ်အနေနဲ့ ကုန်ဈေးနှုန်းကို တိုက်ရိုက် ဝင်ရောက်ထိန်းသိမ်းမပေးနိုင်ဘူးဆိုရင်လည်း ပြည်သူတွေ ဝင်ငွေထွက်ငွေအဆင်ပြေအောင်၊ စီးပွားရေးအလုပ်အကိုင်အဆင်ပြေအောင် အ လေးထားဆောင်ရွက်ပေးသင့်တယ်။ ကုန်ဈေးနှုန်းကြီးမြင့်နေလို့ ပြည်သူ တစ်ယောက်မှာ ဝင်ငွေထွက်ငွေ မမျှတတာ၊ ပင်ပန်းဆင်းရဲစွာ သုံးစွဲနေ ရတာ စီးပွားရေးကဏ္ဍမအောင်မြင်လို့ပဲ။ သေချာတိကျတဲ့ စီးပွားရေး မူဝါဒကို ချမှတ်ပေးပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းညှိပေးစေချင်တယ်။

ကိုမှတ်ကြီး

(ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု-MDCF)

အလုပ်လုပ်တဲ့ ဝင်ငွေကနည်းပြီးတော့ ကုန်ကျစရိတ်က များနေ တာပေါ့။ မိသားစုငါးယောက်ရှိရင် ငါးယောက်စလုံး အလုပ်ထွက်လုပ်ရ တာပေါ့။ အဲဒီလို အလုပ်လုပ်တာတောင် ပုံမှန်စားသောက်နိုင်ဖို့ပဲရတယ်။ ကြားထဲမှာ မိသားစုကျန်းမာရေးအတွက်တို့၊ သာရေး၊ နာရေးတို့အတွက် ဆို မပေးနိုင်၊ မလှူနိုင်ပေါ့။ အဲဒါက ကုန်ဈေးနှုန်းကြီးလို့။ ပြည်သူတွေက ခံနေရတယ်။ စစ်အစိုးရလက်ထက်တုန်းကဆိုရင် တော်ရုံသိပ်ပြီး မကြီး ဘူး။ ကုန်ဈေးနှုန်းတက်ခဲ့ရင်လည်း ခဏပဲ။ တစ်လကျော်ကျော်လောက် ဆို သူ့ဟာသူ ပြန်ကျသွားတယ်။ အခုဟာက ကုန်ဈေးနှုန်းက အရမ်းကြီး နေတယ်လို့ ပြောရမယ်။ အခုပဲ ဈေးသွားဝယ်ပြန်လာတာ။ ပိုက်ဆံတစ် သောင်းယူသွားတယ်။ အသားဟင်းတစ်မျိုးနဲ့ ကြက်သွန်၊ ဆီ၊ ဆားနဲ့ ပိုက်ဆံတစ်သောင်း ကုန်သွားရော။ အဲဒါတောင် သုံးယောက်စာအတွက် ပဲ ကျွန်တော်ဝယ်လာတာ။ ပြည်သူလူထုမှာ ကုန်ဈေးနှုန်းကြီးတဲ့ ဒဏ်တွေကြောင့် အခက်အခဲတွေ၊ အကျပ်အတည်းတွေ တွေ့နေတယ်။ အဲဒါကို အစိုးရက ပြန်ပြီးတော့ ထိန်းညှိမပေးနိုင်ဘူး ဆိုရင် ပြည်သူတွေပေးတဲ့မဲကို ဘာလို့ယူထားလဲ။

ကိုဇော်မင်း

(သံပန်းသံတံခါးလုပ်ကိုင်သူ၊ အောင်လံ)

ဒီနေ့ခေတ် ကုန်ဈေးနှုန်းအခြေအနေကြောင့် နေ့စဉ်ဝင်ငွေပုံမှန်မရှိ သူတွေအတွက် ပိုပြီးဒုက္ခဖြစ်စေပါတယ်။ ကျွန်တော့်အိမ်ဆိုရင် တစ်နေ့ အိမ်စရိတ်က ၅,၀၀၀ ရှိမှ ဖြစ်ပါတယ်။ စားတာလည်း ပုံမှန်အတိုင်း စားတာပါပဲ။ ဘာမှ အပိုအလျှံသုံးစွဲရတာမရှိဘဲ ကုန်ကျတာပါ။ တခြား လူမှုရေးကိစ္စတွေလို အသုံးစရိတ်နဲ့ဆိုရင် ရတဲ့ဝင်ငွေနဲ့က လုံးဝလုံ လောက်မှုမရှိပါဘူး။ ဝင်ငွေထွက်ငွေမျှတနေဖို့ အရေးကြီးပါတယ်။ အစိုးရအနေနဲ့ တာဝန်တစ်ခုတော့ရှိတယ်လို့ ထင်ပါတယ်။ ဥပမာ သားသတ်လိုင်စင်ကိစ္စ။ စက်သုံးဆီဈေး ပုံမှန်ဖြစ်ဖို့၊ အခြေခံလူတန်းစားတွေရဲ့ အလုပ်အ ကိုင်အခွင့်အလမ်း ပိုမိုရရှိလာဖို့ ဒါတွေက အစိုးရမူဝါဒနဲ့ သွားရတာပါ။ ဒါကြောင့် အစိုးရအနေနဲ့က ဘက်စုံက ဝင်ရောက်ထိန်းညှိပေးတာတွေ လုပ်သင့်ပါတယ်။

ဦးဖေသန်း

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ)

အခြေခံစားသုံးကုန်တွေတက်တာက အခြေခံလူတန်းစားကို ထိခိုက်စေတယ်။ ရွှေဈေးနှုန်းတွေ၊ ဒေါ်လာဈေးနှုန်းတွေတက်လို့ အခြေခံကုန် ဈေးနှုန်းတက်တာကို ကျွန်တော့်အနေနဲ့တော့ လက်မခံချင်ဘူး။ ဝိသမ လောဘသားတွေက တမင်လုပ်နေတာလား၊ နိုင်ငံတော်ကပဲ အားနည်း ချက်ရှိလို့လားဆိုတာမျိုးတော့ အဖြေရှာသင့်တယ်။ အစိုးရအနေနဲ့ အခြေခံကုန်ဈေးနှုန်းကို မတက်စေချင်ဘူးဆိုရင် ထုတ်လုပ်မှုတွေကို အားပေးဖို့ လိုတယ်။ ပြီးတော့ ဈေးကွက်ကို ဝင်ထိန်းဖို့လိုတယ်။ ဥပမာ စပါးဈေး။ ကိုယ့်နိုင်ငံမှာ စားသုံးဖို့က လုံလောက်တာပဲ။ ဆန်ဈေးနှုန်းမတက်စေချင် ရင် နိုင်ငံခြားမထုတ်နဲ့ပေါ့။ ဒေါ်လာဈေးနှုန်း၊ ရွှေဈေးနှုန်းတက်တာထက် အခြေခံစားသောက်ကုန်ဈေးနှုန်းမတက်အောင် ကြပ်ကြပ်မတ်မတ်လေး အဖြေရှာပေးဖို့လိုတယ်လို့ မြင်တယ်။

ဦးမြတ်သင်းအောင် (စီးပွားရေးလုပ်ငန်းရှင်)

ကုန်ဈေးနှုန်းတက်တာက ဒေါ်လာဈေးက ၁၀ ရာခိုင်နှုန်းလောက် တက်သွားတယ်။ တစ်ဖက်မှာ မြန်မာကျပ်ငွေကလည်း ၁၀ ရာခိုင်နှုန်း လောက် ကျသွားတယ်။ ဒီတက်လာတဲ့နှုန်းက စိုးရိမ်စရာရှိလားဆိုတော့ ပစ္စည်းအရောင်းအဝယ်သဘောနဲ့ ဈေးကွက်သဘောအရဖြစ်တာမို့ စိုးရိမ်စရာမရှိပါဘူး။ အစိုးရကထိန်းရင် သက်သာသွားနိုင်တယ်။ လုံးဝထိန်း ချုပ်ရင်တော့မကောင်းဘူး။ နောက်ပြီး အစိုးရက လုံးလုံးလျားလျားထိန်း ချုပ်လို့မရဘူးလေ။ ကုန်ဈေးနှုန်းကျအောင် အဓိကအရေးကြီးဆုံးက ပစ္စည်းများများထုတ်ဖို့ပဲ။ သွားထိန်းချုပ်လို့မရဘူး။ ဈေးကွက်မှာ ပစ္စည်း များများရောက်ရင် ဈေးကျတာပဲလေ။ တိုင်းနဲ့ ပြည်နယ်တွေမှာများများထွက်အောင် လုပ်ရမယ်လေ။ အရင်အစိုးရခေတ်တွေလို ရှားနေတာကို သွားထိန်းရင် ကုန်ဈေးနှုန်းပိုတက်သွားမယ်။ ဈေးကွက်ပါ ပျောက်သွားနိုင်တယ်။ ပိုဆိုးသွားနိုင်တယ်။

မလီလီခိုင် (တောင်ဥက္ကလာပမြို့နယ်)

ဒီနှစ်အတွင်းမှာတော့ ဝင်ငွေနဲ့ ထွက်ငွေက ဘယ်လိုမှ လုံလောက် မှုမရှိပါဘူး။ လက်ရှိအစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို တိုက်ရိုက်ထိန်းချုပ် သင့်တယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးမရသရွေ့တော့ ကုန်ဈေးနှုန်းကို ထိန်းထားနိုင်မယ် မထင်ပါဘူး။ စစ်ပွဲတွေဖြစ်နေတော့ ကုန်သွယ်ရေးအတွက် အခက်အခဲရှိတယ်။ လမ်း ပန်းဆက်သွယ်ရေးမကောင်းရင် ကုန်ဈေးနှုန်းကလည်း ထပ်ပြီး တက်နေ ဦးမယ်။ ငွေကြေးဖောင်းပွမှုတွေလည်း ဆက်ပြီးဖြစ်နေဦးမယ်လို့ မြင်ပါ တယ်။ ပြည်သူတွေအတွက် အေးချမ်းစွာနေထိုင်ဖို့၊ စည်ပင်ဝပြောဖို့ စီးပွားရေးတိုးတက်ဖို့၊ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဟာ အစိုးရမှာပဲ တာဝန်ရှိတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top