Kantharyar Centre
×





Credit:Duwun

#Unicode Version
မနောဆိုတာကတော့ ပရိသတ်တွေ ယခုကထိန်ကာလအတွင်းထဲမှာ ကြားကြားနေရတဲ့ “ဗိုလ်အောင်ဒင်” သီချင်းကို သီဆိုသူ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ ဂီတလောကထဲကို ဝင်လာကတည်းက တစ်ပုဒ်ဆို တစ်ပုဒ်ပေါက်ခဲ့ပါတယ်။

Ma nawအခုလည်း ဗိုလ်အောင်ဒင်သီချင်းက ကထိန်ကာလတစ်လျှောက်လုံးမှာ အလှူခံမဏ္ဍပ်တွေရဲ့ အဖွင့်အများဆုံး သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်လည်း မနောရဲ့ သီချင်းတွေဖြစ်တဲ့ “ကြာဖြူ”၊ “ရှင်မွှေးလွန်း”၊ “အလှူတော်” သီချင်းများကလည်း ပရိသတ်အသိအမှတ်ပြုတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

မနောရဲ့ “မိချော” ဆိုတဲ့ သီချင်းကလည်း ၂၀၁၆ ခုနှစ်သင်္ကြန်တုန်းက စတင်လူသိခဲ့ပြီး သင်္ကြန်ကာလ တစ်လျှောက် လုံး အဖွင့်အများဆုံး သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အဆိုတော်မနောဟာ တစ်ကိုယ်တော်အခွေများနဲ့ အတွဲအခွေများ စွာ ထွက်ရှိထားသူ တစ်ဦးဖြစ်ပြီး ယခုဆိုရင် နယ်ပရိသတ်များသာမက ရန်ကုန်ပရိသတ်များပါ ရရှိထားနိုင်ပြီ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top