Kantharyar Centre
×

 မီးဖြားရန္ ေဆး႐ံုတက္ေနသည့္အက်ဥ္းသားအမ်ဳိးသမီးအား ေျခထိတ္လက္ထိတ္မ်ားခတ္ထားသည့္အတြက္ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေ၀ ဖန္မႈျမင့္တက္လာခဲ့၍ သရက္ ၿမိဳ႕နယ္ ရဲတပ္ဖဲြ႕တာ၀န္ရိွသူမ်ား က ႏုိ၀င္ဘာ ၃ရက္တြင္နံနက္တြင္ ေျခထိတ္လက္ထိတ္မ်ားကို ျဖဳတ္ ေပးခဲ့ေၾကာင္း သတင္းရရိွသည္။

 အဆိုပါ အမ်ိဳးသမီးသည္ မင္းဘူးၿမိဳ႕နယ္ ကြၽဲဘုိးေျမႇာင္ ေက်းရြာတြင္ ေနထိုင္္ၿပီး ေဖေဖာ္ ၀ါရီအတြင္း လမ္းေဘးတြင္ဘူး ျဖင့္ဓာတ္ဆီေရာင္းသျဖင့္ဒဏ္ ေငြအပါအ၀င္ ေထာင္ဒဏ္ ေျခာက္လက်ခံခဲ့ရျခင္းျဖစ္သည္။

 ေထာင္ဒဏ္က်ခံေနစဥ္ ကုိယ္၀န္အရင့္အမာ ပါလာခဲ့ ၍  ခဲြစိတ္ေမြးဖြားရန္ သရက္ၿမိဳ႕ ခ႐ုိင္ျပည္သူ႔ေဆး႐ံုႀကီးသုိ႔ ေအာက္တုိဘာ ၃၀ ရက္က တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

မီးဖြားရန္ ေဆး႐ံုတက္ေန စဥ္ တာ၀န္ရိွသူမ်ားက ေျခထိတ္ လက္ထိတ္ခတ္ထားခဲ့သည့္ ဓာတ္ ပံုမ်ား လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ပ်ံ႕ႏွံ႔လာခဲ့ၿပီးေနာက္ ေ၀ဖန္ ေျပာဆိုမႈမ်ား ျမင့္တက္လာခဲ့ျခင္း ျဖစ္သည္။

‘‘ေျခထိတ္လက္ထိတ္ေတြ ေတာ့ ျဖဳတ္ထားေပးပါၿပီ။ ဒါေပမဲ့ ညက်ရင္ေတာ့ ျပန္ခတ္ထားမယ္ လုိ႔ေျပာတယ္’’ဟု ကာယကံရွင္မသြယ္သြယ္စုိးက ေျပာသည္။

အက်ဥ္းဦးစီးဌာနအေနျဖင့္ ေဆး႐ံုတက္ေဆးကုသမည့္ အ က်ဥ္းသားမ်ားအား လုပ္ထံုးလုပ္ နည္းမ်ားအရ လံုၿခံဳေရးေဆာင္ရြက္ေပးရန္ ရဲတပ္ဖြဲ႕သုိ႔ လဲႊအပ္ရေၾကာင္း သရက္အက်ဥ္းေထာင္တာ၀န္ရိွသူတစ္ဦးက ေျပာသည္။

 ရဲတပ္ဖြဲ႕အေနျဖင့္ ဥပေဒအရ ေဆာင္ရြက္ခဲ့ၿပီး အမ်ိဳးသမီးရဲတပ္ဖြဲ႕၀င္မွာလည္း လက္ရိွတြင္တစ္ဦးသာ လံုၿခံဳေရးထားႏုိင္၍ ေျခထိတ္လက္ထိတ္မ်ား ခတ္ထားရျခင္းျဖစ္ေၾကာင္း သရက္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ တာ၀န္ရိွသူတစ္ဦးက ေျပာသည္။

လက္ရိွတြင္ လံုၿခံဳေရးအ ျဖစ္ ရဲတပ္ဖြဲ႕၀င္တုိးျမႇင့္ထားေပး မည္ျဖစ္ၿပီး အက်ဥ္းသားအမ်ိဳး သမီးအဆင္ေျပေစရန္ ေဆာင္ ရြက္ေပးထားေၾကာင္း ေျပာသည္။အဆုိပါအမ်ိဳးသမီးသည္ ေအာက္ တုိဘာ ၃၁ ရက္တြင္ ဒုတိယေျမာက္ သားေယာက်္ားေလးအား ေအာင္ျမင္စြာ ခဲြစိတ္ေမြးဖြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မီးဖွားရန် ဆေးရုံ တက်နေသည့် အကျဉ်းသား အမျိုးသမီးအား ခြေထိတ်လက် ထိတ်များခတ်ထားသည့်အတွက် လူမှုကွန်ရက်စာမျက်နှာတွင် ေ၀ ဖန်မှုမြင့်တက်လာခဲ့၍ သရက် မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူများ က နိုဝင်ဘာ ၃ ရက်တွင် နံနက် တွင် ခြေထိတ်လက်ထိတ်များကို ဖြုတ် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 အဆိုပါ အမျိုးသမီးသည် မင်းဘူးမြို့နယ် ကျွဲဘိုးမြှောင် ကျေးရွာတွင် နေထိုင်ပြီး ဖေဖော် ဝါရီအတွင်း လမ်းဘေးတွင် ဘူး ဖြင့် ဓာတ်ဆီရောင်းသဖြင့် ဒဏ် ငွေအပါအဝင် ထောင်ဒဏ် ခြောက်လကျခံခဲ့ရခြင်းဖြစ်သည်။

 ထောင်ဒဏ်ကျခံနေစဉ် ကိုယ်ဝန်အရင့်အမာ ပါလာခဲ့ ၍  ခွဲစိတ်မွေးဖွားရန် သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အောက်တိုဘာ ၃၀ ရက်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။


မီးဖွားရန် ဆေးရုံတက်နေ စဉ် တာဝန်ရှိသူများက ခြေထိတ် လက်ထိတ်ခတ်ထားခဲ့သည့် ဓာတ် ပုံများ လူမှုကွန်ရက်စာမျက်နှာ တွင် ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန် ပြောဆိုမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

‘‘ခြေထိတ်လက်ထိတ်တွေ တော့ ဖြုတ်ထားပေးပါပြီ။ ဒါပေမဲ့ ညကျရင်တော့ ပြန်ခတ်ထားမယ် လို့ပြောတယ်’’ဟု ကာယကံရှင်မသွယ်သွယ်စိုးက ပြောသည်။

အကျဉ်းဦးစီးဌာနအနေဖြင့် ဆေးရုံတက်ဆေးကုသမည့် အ ကျဉ်းသားများအား လုပ်ထုံးလုပ် နည်းများအရ လုံခြုံရေးဆောင်ရွက်ပေးရန် ရဲတပ်ဖွဲ့သို့ လွဲှအပ်ရကြောင်း သရက်အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေအရ ဆောင်ရွက်ခဲ့ပြီး အမျိုးသမီးရဲတပ်ဖွဲ့ဝင်မှာလည်း လက်ရှိတွင်တစ်ဦးသာ လုံခြုံရေးထားနိုင်၍ ခြေထိတ်လက်ထိတ်များ ခတ်ထားရခြင်းဖြစ်ကြောင်း သရက်မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် လုံခြုံရေးအ ဖြစ် ရဲတပ်ဖွဲ့ဝင်တိုးမြှင့်ထားပေး မည်ဖြစ်ပြီး အကျဉ်းသားအမျိုး သမီးအဆင်ပြေစေရန် ဆောင် ရွက်ပေးထားကြောင်း ပြောသည်။အဆိုပါအမျိုးသမီးသည် အောက် တိုဘာ ၃၁ ရက်တွင် ဒုတိယမြောက် သားယောကျ်ားလေးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top