Property Expo
×

မႏၲေလးတုိင္းေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္တြင္ တ႐ုတ္ႏုိင္ငံဘက္သုိ႔ လူကုန္ကူးခံခဲ့ရၿပီး ျပန္လည္ ေရာက္ရွိလာသည့္ အမ်ဳိးသမီးက ေမြးဖြားထားေသာ ႏွစ္ႏွစ္အရြယ္ရွိ သမီးငယ္အား ၎အိမ္  ေထာင္က်ခဲ့သည့္ တ႐ုတ္ႏုိင္ငံ Xiang Yang ၿမဳိ႕မွ တ႐ုတ္အမ်ဳိးသား၏ မိခင္ျဖစ္သူ Mrs. Zhng Zhalan က ႏုိ၀င္ဘာ ၁ ရက္က အဆုိပါ လူကုန္ကူးခံခဲ့ရသည့္ အမ်ဳိးသမီးထံမွ ကေလးငယ္အား ေမြးစားရန္အတြက္ လာေရာက္ ေတာင္းယူခဲ့ေၾကာင္း မႏၲေလးတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးမွ စုံစမ္းသိရွိရသည္။
ျဖစ္စဥ္မွာ ေအာက္တုိဘာ ၁၁ ရက္က ရမည္းသင္းၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးတြင္ လြန္ခဲ့သည့္ႏွစ္ ၂၀ ခန္႔က တ႐ုတ္ႏုိင္ငံဘက္သုိ႔ လူကုန္ကူးခံခဲ့ရသည့္ အမ်ဳိးသမီးတစ္ဦးႏွင့္ ၎၏သမီးငယ္ေလးအား အမ်ဳိးသမီး၏ အုပ္ထိန္းသူထံ အသိသက္ေသမ်ားေရွ႕တြင္ မႏၲေလးတုိင္းေဒသႀကီး လူမႈ၀န္ထမ္းဦးစီးဌာနက အပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။

ထုိသုိ႔အပ္ႏွံေပးခဲ့ၿပီးေနာက္ ႏုိ၀င္ဘာ ၁ ရက္တြင္ အဆုိပါအမ်ဳိးသမီး တ႐ုတ္ႏုိင္ငံ၌ အိမ္ေထာင္က်ခဲ့သည့္ Xiang Yang ၿမိဳ႕မွ တ႐ုတ္အမ်ဳိးသား Mr. Tang Wu Liang ၏မိခင္ျဖစ္သူ Mrs. Zhng Zhalan က ၎၏သားႏွင့္ အိမ္ေထာင္က်ခဲ့ရာမွ ရရွိထားသည့္ ႏွစ္ႏွစ္ႏွင့္ ေလးလအရြယ္ရွိ ေျမးျဖစ္သူကုိ မိခင္ျဖစ္သူ အမ်ဳိးသမီး၏ ခြင့္ျပဳခ်က္ျဖင့္ တ႐ုတ္ႏုိင္ငံသုိ႔ ေခၚယူေမြးစားရန္ လာေရာက္ ေတာင္းယူခဲ့ေၾကာင္း တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးမွ စုံစမ္းသိရွိရသည္။

တ႐ုတ္ႏုိင္ငံသုိ႔ ျပန္လည္ ေမြးစားရန္အတြက္ လာေရာက္ ေတာင္းယူခဲ့မႈအား ကေလးငယ္၏ မိခင္ျဖစ္သူက သေဘာတူ ခြင့္ျပဳခဲ့ျခင္းေၾကာင့္ ရမည္းသင္းၿမိဳ႕ ေအာင္မဂၤလာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးတြင္ အသိသက္ေသမ်ားေရွ႕၌ ကေလးငယ္အား လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

မႏၲေလးတုိင္းေဒသႀကီးတြင္ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီမွ စက္တင္ဘာလအထိ လူကုန္ကူးမႈျဖစ္စဥ္ ၁၁ မႈျဖစ္ပြားခဲ့ၿပီး တ႐ုတ္ႏုိင္ငံဘက္သုိ႔ အေပ်ာ္မယားအျဖစ္ အမ်ဳိးသမီးေလးဦး လူကုန္ကူးခံရသည့္ မႈခင္းျဖစ္စဥ္တစ္ခု၊ ျပည္တြင္းျပည့္တန္ဆာအျဖစ္ လူကုန္ကူးခံရသည့္ မႈခင္းျဖစ္စဥ္ငါးခု၊ တ႐ုတ္ႏုိင္ငံသုိ႔ အမ်ဳိးသမီးတစ္ဦး ေရာင္းခ်ခံရသည့္ ျဖစ္စဥ္ႏွစ္ခုႏွင့္ အမ်ဳိးသားေလးဦးအား လူကုန္ကူးခဲ့သည့္ မႈခင္းျဖစ္စဥ္တစ္ခုႏွင့္ တ႐ုတ္ႏုိင္ငံသုိ႔ လူကုန္ကူးခံခဲ့ရၿပီး ျပန္လည္ လြတ္ေျမာက္လာသည့္ အမ်ဳိးသမီးတစ္ဦး ျဖစ္စဥ္တုိ႔ ျဖစ္ပြားခဲ့ေၾကာင္း လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး တပ္ဖြဲ႕စု (၁၁) ထံမွ စုံစမ္းသိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven news

#Unicode Version
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံခဲ့ရပြီး ပြန်လည် ရောက်ရှိလာသည့် အမျိုးသမီးက မွေးဖွားထားသော နှစ်နှစ်အရွယ်ရှိ သမီးငယ်အား ၎င်းအိမ်  ထောင်ကျခဲ့သည့် တရုတ်နိုင်ငံ Xiang Yang မြို့မှ တရုတ်အမျိုးသား၏ မိခင်ဖြစ်သူ Mrs. Zhng Zhalan က နိုဝင်ဘာ ၁ ရက်က အဆိုပါ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးထံမှ ကလေးငယ်အား မွေးစားရန်အတွက် လာရောက် တောင်းယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက်က ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လွန်ခဲ့သည့်နှစ် ၂၀ ခန့်က တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သမီးငယ်လေးအား အမျိုးသမီး၏ အုပ်ထိန်းသူထံ အသိသက်သေများရှေ့တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက အပ်နှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့အပ်နှံပေးခဲ့ပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် အဆိုပါအမျိုးသမီး တရုတ်နိုင်ငံ၌ အိမ်ထောင်ကျခဲ့သည့် Xiang Yang မြို့မှ တရုတ်အမျိုးသား Mr. Tang Wu Liang ၏မိခင်ဖြစ်သူ Mrs. Zhng Zhalan က ၎င်း၏သားနှင့် အိမ်ထောင်ကျခဲ့ရာမှ ရရှိထားသည့် နှစ်နှစ်နှင့် လေးလအရွယ်ရှိ မြေးဖြစ်သူကို မိခင်ဖြစ်သူ အမျိုးသမီး၏ ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံသို့ ခေါ်ယူမွေးစားရန် လာရောက် တောင်းယူခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံသို့ ပြန်လည် မွေးစားရန်အတွက် လာရောက် တောင်းယူခဲ့မှုအား ကလေးငယ်၏ မိခင်ဖြစ်သူက သဘောတူ ခွင့်ပြုခဲ့ခြင်းကြောင့် ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အသိသက်သေများရှေ့၌ ကလေးငယ်အား လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ လူကုန်ကူးမှုဖြစ်စဉ် ၁၁ မှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ အပျော်မယားအဖြစ် အမျိုးသမီးလေးဦး လူကုန်ကူးခံရသည့် မှုခင်းဖြစ်စဉ်တစ်ခု၊ ပြည်တွင်းပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရသည့် မှုခင်းဖြစ်စဉ်ငါးခု၊ တရုတ်နိုင်ငံသို့ အမျိုးသမီးတစ်ဦး ရောင်းချခံရသည့် ဖြစ်စဉ်နှစ်ခုနှင့် အမျိုးသားလေးဦးအား လူကုန်ကူးခဲ့သည့် မှုခင်းဖြစ်စဉ်တစ်ခုနှင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦး ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (၁၁) ထံမှ စုံစမ်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top