Property Expo
×


သုက္လႊတ္ဂလင္းကင္ဆာကို ကုသရန္ အသံုးျပဳေနက်ျဖစ္ ေသာ ေဟာ္မုန္းကုထံုးေၾကာင့္ အမ်ိဳးသားမ်ား အသက္အရြယ္မေရြး မွတ္ဉာဏ္ဆံုး႐ႈံးႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း မ်ားမၾကာမီက သုေတသနျပဳခ်က္တစ္ခုအရ သိရသည္။


ဇရာႀကိဳေရာဂါျဖစ္ပြားမႈႏွင့္ သုက္လႊတ္ဂလင္းကင္ဆာေရာဂါ ျဖစ္ပြားမႈၾကား ဆက္စပ္မႈရွိေၾကာင္း သုေတသီမ်ား ယမန္ႏွစ္က ေလ့လာေတြ႕ရွိခဲ့သည္။ ယခုေလ့လာမႈအသစ္က ေဟာ္မုန္းေလ်ာ့ပါး ေစေသာ ကုထံုးႏွင့္ အာ႐ံုေၾကာဆုိင္ရာ မွတ္ဉာဏ္ထိခိုက္ႏုိင္သည့္ အႏၲရာယ္ျမင့္တက္လာျခင္းတို႔အၾကား ဆက္စပ္ေၾကာင္း ေဖာ္ျပ ထားသည္။

သုက္လႊတ္ဂလင္းဆဲလ္မ်ား ႀကီးထြားမႈအတြက္ အမ်ိဳးသား ေဟာ္မုန္းသည္ သာမန္အားျဖင့္ အဓိကက်ေသာ အခန္းက႑မွပါ ၀င္သည့္ က်ားေဟာ္မုန္းထုတ္လႊတ္မႈကို ေလွ်ာ့ခ်ေသာကုထံုးမ်ားကို သုက္လႊတ္ဂလင္းအက်ိတ္မ်ားအား ကုသရာတြင္ မၾကာခဏဆုိသ လို အသံုးျပဳေလ့ရွိသည္။

အမ်ိဳးသားေဟာ္မုန္းပမာဏေလ်ာ့နည္းသြားျခင္းေၾကာင့္ ေဘး ထြက္ဆိုးက်ိဳးမ်ားျဖစ္ေပၚႏုိင္သည့္ အမ်ိဳးသား ေဟာ္မုန္းပမာဏ ေလ်ာ့နည္းျခင္းႏွင့္ အ၀လြန္ျခင္း၊ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးျခင္းႏွင့္ ႏွလံုးေရာဂါတုိ႔ျဖစ္ပြားျခင္းေၾကာင့္ ဆက္စပ္မႈရွိၿပီး ယင္းအေျခအေန မ်ားေၾကာင့္ မွတ္ဉာဏ္ဆံုး႐ႈံးမႈျဖစ္ေပၚလာႏုိင္သည္။

ဇရာႀကိဳေရာဂါျဖစ္ပြားေနေသာ အမ်ိဳးသားမ်ားသည္ သက္တူ ရြယ္တူ ေရာဂါမရွိသူမ်ားထက္ က်ားေဟာ္မုန္းပမာဏ ေလ်ာ့နည္း ေနေလ့ရွိသည္။

သုက္လႊတ္ဂလင္းကင္ဆာအတြက္ ကုသမႈခံယူျခင္းေၾကာင့္ မွတ္ဉာဏ္ဆံုး႐ႈံးႏုိင္သည့္ အႏၲရာယ္ကုိ ႏွစ္ဆျမင့္တက္လာေစၿပီး ကုသမႈမခံယူသူမ်ားမွာ ယင္းထက္ အႏၲရာယ္ပိုမ်ားေၾကာင္း သုေတ သီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။

ယခု ေလ့လာမႈအရ ေဟာ္မုန္းကုထံုးမ်ားသည္ ဦးေႏွာက္ဆဲလ္ မ်ားကို ထိခိုက္ေစႏုိင္ေၾကာင္း ျပသေနၿပီး ယေန႔ေခတ္တြင္ ေဟာ္ မုန္းကုသနည္းျဖင့္ ကုသမႈခံယူေနရေသာ လူနာမ်ားအၾကား မွတ္ ဉာဏ္ဆံုး႐ႈံးမႈျဖစ္ပြားျခင္း ျမင့္မားေနသလားဆုိသည္ကို သိရွိႏုိင္ရန္ ေနာက္ထပ္ ယခုထက္ပိုျပည့္စံုေသာ ေလ့လာမႈျပဳလုပ္ရန္လိုေၾကာင္း သုေတသီမ်ားက ေျပာသည္။           


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 သုက်လွှတ်ဂလင်းကင်ဆာကို ကုသရန် အသုံးပြုနေကျဖြစ် သော ဟော်မုန်းကုထုံးကြောင့် အမျိုးသားများ အသက်အရွယ်မရွေး မှတ်ဉာဏ်ဆုံးရှုံးနိုင်သည့် အန္တရာယ်မြင့်မားကြောင်း များမကြာမီက သုတေသနပြုချက်တစ်ခုအရ သိရသည်။


ဇရာကြိုရောဂါဖြစ်ပွားမှုနှင့် သုက်လွှတ်ဂလင်းကင်ဆာရောဂါ ဖြစ်ပွားမှုကြား ဆက်စပ်မှုရှိကြောင်း သုတေသီများ ယမန်နှစ်က လေ့လာတွေ့ရှိခဲ့သည်။ ယခုလေ့လာမှုအသစ်က ဟော်မုန်းလျော့ပါး စေသော ကုထုံးနှင့် အာရုံကြောဆိုင်ရာ မှတ်ဉာဏ်ထိခိုက်နိုင်သည့် အန္တရာယ်မြင့်တက်လာခြင်းတို့အကြား ဆက်စပ်ကြောင်း ဖော်ပြ ထားသည်။

သုက်လွှတ်ဂလင်းဆဲလ်များ ကြီးထွားမှုအတွက် အမျိုးသား ဟော်မုန်းသည် သာမန်အားဖြင့် အဓိကကျသော အခန်းကဏ္ဍမှပါ ဝင်သည့် ကျားဟော်မုန်းထုတ်လွှတ်မှုကို လျှော့ချသောကုထုံးများကို သုက်လွှတ်ဂလင်းအကျိတ်များအား ကုသရာတွင် မကြာခဏဆိုသ လို အသုံးပြုလေ့ရှိသည်။

အမျိုးသားဟော်မုန်းပမာဏလျော့နည်းသွားခြင်းကြောင့် ဘေး ထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်သည့် အမျိုးသား ဟော်မုန်းပမာဏ လျော့နည်းခြင်းနှင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးခြင်းနှင့် နှလုံးရောဂါတို့ဖြစ်ပွားခြင်းကြောင့် ဆက်စပ်မှုရှိပြီး ယင်းအခြေအနေ များကြောင့် မှတ်ဉာဏ်ဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်သည်။

ဇရာကြိုရောဂါဖြစ်ပွားနေသော အမျိုးသားများသည် သက်တူ ရွယ်တူ ရောဂါမရှိသူများထက် ကျားဟော်မုန်းပမာဏ လျော့နည်း နေလေ့ရှိသည်။

သုက်လွှတ်ဂလင်းကင်ဆာအတွက် ကုသမှုခံယူခြင်းကြောင့် မှတ်ဉာဏ်ဆုံးရှုံးနိုင်သည့် အန္တရာယ်ကို နှစ်ဆမြင့်တက်လာစေပြီး ကုသမှုမခံယူသူများမှာ ယင်းထက် အန္တရာယ်ပိုများကြောင်း သုတေ သီများ လေ့လာတွေ့ရှိခဲ့သည်။

ယခု လေ့လာမှုအရ ဟော်မုန်းကုထုံးများသည် ဦးနှောက်ဆဲလ် များကို ထိခိုက်စေနိုင်ကြောင်း ပြသနေပြီး ယနေ့ခေတ်တွင် ဟော် မုန်းကုသနည်းဖြင့် ကုသမှုခံယူနေရသော လူနာများအကြား မှတ် ဉာဏ်ဆုံးရှုံးမှုဖြစ်ပွားခြင်း မြင့်မားနေသလားဆိုသည်ကို သိရှိနိုင်ရန် နောက်ထပ် ယခုထက်ပိုပြည့်စုံသော လေ့လာမှုပြုလုပ်ရန်လိုကြောင်း သုတေသီများက ပြောသည်။           


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top