Property Expo
×

ေသြးဖိအားက်ဆင္းဖို႔ အသံုးမ်ားတဲ့ ေသြးတိုး က်ေဆးဟာ အက်ိတ္အတြင္း ေသြးေၾကာေတြကို ပြင့္ေစႏိုင္တဲ့အတြက္ ကင္ဆာကို တြန္းလွန္ဖို႔ ကူညီ ႏိုင္တယ္လို႔ သိရပါတယ္။ ၾကြက္ေတြနဲ႔ ေအာင္ျမင္ စြာ စမ္းသပ္မႈျပဳလုပ္အၿပီးမွာ ကုသရ အလြန္ခက္ခဲ တဲ့ မုန္႔ခ်ိဳအိတ္ကင္ဆာ ရွိသူေတြကို Losartan ေခၚ တဲ့ ေသြးတိုးက်ေဆးေပးဖို႔ ဆရာဝန္ေတြက ႀကံစည္ ထားၾကပါတယ္။ မုန္႔ခ်ိဳအိတ္ကင္ဆာရွိသူေတြရဲ႕ ငါးရာခိုင္ႏႈန္းသာ ငါးႏွစ္အသက္ရွင္ႏႈန္း ရွိပါတယ္။ ေရာဂါရွိသူ ၁၀ ေယာက္မွာ တစ္ေယာက္ႏႈန္းသာ ခြဲစိတ္မႈျပဳလုပ္ႏိုင္ တာေၾကာင့္ပါ။ Losartan ေဆးဝါးဟာ ေသြးတိုးက် ေဆးအေနနဲ႔ ဆယ္စုႏွစ္တစ္စုေက်ာ္ၾကာ အႏၱရာယ္ ကင္းစြာ အသံုးျပဳေနတယ္လို႔ သိရပါတယ္။ ဒီေဆး ဝါးဟာ ေသြးေၾကာေတြကို က်ယ္ေစတာေၾကာင့္ ေသြးပိုမိုရရွိကာ ဖိအားသက္ေရာက္မႈ နည္းေစပါ တယ္။ မက္ဆာခ်ဴးဆက္မွ သုေတသီအုပ္စုေတြက ပါတယ္။ ဒီေဆးဝါးကို လူေတြရဲ႕ မုန္႔ခ်ိဳအိတ္ကင္ဆာ အတြက္ အသံုးျပဳရာမွာ ေရာဂါ လံုးဝမေပ်ာက္ကင္း ႏိုင္ေပမယ့္ အသက္ရွည္ရွည္ ပိုေနႏိုင္မယ္လို႔ သုေတ သီေတြက ေမွ်ာ္လင့္ထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
သွေးဖိအားကျဆင်းဖို့ အသုံးများတဲ့ သွေးတိုး ကျဆေးဟာ အကျိတ်အတွင်း သွေးကြောတွေကို ပွင့်စေနိုင်တဲ့အတွက် ကင်ဆာကို တွန်းလှန်ဖို့ ကူညီ နိုင်တယ်လို့ သိရပါတယ်။ ကြွက်တွေနဲ့ အောင်မြင် စွာ စမ်းသပ်မှုပြုလုပ်အပြီးမှာ ကုသရ အလွန်ခက်ခဲ တဲ့ မုန့်ချိုအိတ်ကင်ဆာ ရှိသူတွေကို Losartan ခေါ် တဲ့ သွေးတိုးကျဆေးပေးဖို့ ဆရာဝန်တွေက ကြံစည် ထားကြပါတယ်။ မုန့်ချိုအိတ်ကင်ဆာရှိသူတွေရဲ့ ငါးရာခိုင်နှုန်းသာ ငါးနှစ်အသက်ရှင်နှုန်း ရှိပါတယ်။ ရောဂါရှိသူ ၁၀ ယောက်မှာ တစ်ယောက်နှုန်းသာ ခွဲစိတ်မှုပြုလုပ်နိုင် တာကြောင့်ပါ။ Losartan ဆေးဝါးဟာ သွေးတိုးကျ ဆေးအနေနဲ့ ဆယ်စုနှစ်တစ်စုကျော်ကြာ အန္တရာယ် ကင်းစွာ အသုံးပြုနေတယ်လို့ သိရပါတယ်။ ဒီဆေး ဝါးဟာ သွေးကြောတွေကို ကျယ်စေတာကြောင့် သွေးပိုမိုရရှိကာ ဖိအားသက်ရောက်မှု နည်းစေပါ တယ်။ မက်ဆာချူးဆက်မှ သုတေသီအုပ်စုတွေက ပါတယ်။ ဒီဆေးဝါးကို လူတွေရဲ့ မုန့်ချိုအိတ်ကင်ဆာ အတွက် အသုံးပြုရာမှာ ရောဂါ လုံးဝမပျောက်ကင်း နိုင်ပေမယ့် အသက်ရှည်ရှည် ပိုနေနိုင်မယ်လို့ သုတေ သီတွေက မျှော်လင့်ထားကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top