Property Expo
×

ျမန္မာႏိုင္ငံတြင္ အသက္(၁၆)ႏွစ္မွ (၃၅)ႏွစ္အထိ ကို လူငယ္အျဖစ္ သတ္မွတ္ရန္ ေနျပည္ေတာ္၌ ႏုိဝင္ဘာ ၁၇ ရက္တြင္ က်င္းပေသာ ျမန္မာႏိုင္ငံလံုး ဆုိင္ရာ လူငယ္ေတြ႕ဆံုေဆြးေႏြးပြဲ က သေဘာတူခဲ့သည္။

ျပည္နယ္ႏွင့္တုိင္းေဒသႀကီး အသီးသီးမွ ေကာက္ယူလာသည့္ လူငယ္အသက္သတ္မွတ္ခ်က္ မ်ားထဲမွ အေရအတြက္အမ်ားဆံုး သတ္မွတ္ခ်က္ကို တစ္ႏိုင္ငံလံုးအ ဆင့္သတ္မွတ္ခ်က္အျဖစ္ ေရြး ခ်ယ္ခဲ့ျခင္းျဖစ္သည္။

လူငယ္အျဖစ္ အနည္းဆံုး အသက္သတ္မွတ္ခ်က္တြင္ (၁၆) ႏွစ္သည္ အမ်ားဆံုးျဖစ္ေသာ္ လည္း (၁၃)ႏွစ္၊ (၁၅)ႏွစ္ႏွင့္ (၁၈)ႏွစ္တို႔ ျဖစ္သင့္ေၾကာင္း တင္ျပခဲ့ သူမ်ားလည္း ရွိသည္။

‘‘တစ္ႏုိင္ငံလံုးအဆင့္ သတ္ မွတ္လိုက္ေပမယ့္လို႔ ျပည္နယ္နဲ႔ တိုင္းက တင္လာတဲ့ အသက္ကန္႔ သတ္ခ်က္ေတြကိုဖ်က္ပစ္လိုက္ တဲ့သေဘာမဟုတ္ပါဘူး။ သူ႔ျပည္ နယ္နဲ႔ တုိင္းအလိုက္ သတ္မွတ္ခ်က္အတိုင္း ရွိေနမွာျဖစ္ပါတယ္။ ျပည္ေထာင္စုအဆင့္အေနနဲ႔က ေတာ့ အသက္(၁၆)ႏွစ္က (၃၅) ႏွစ္ဟာ လူငယ္ျဖစ္တယ္လို႔ သ ေဘာတူခဲ့တာပါ’’ဟု လူငယ္ေရး ရာမူဝါဒေရးဆြဲေရးလုပ္ငန္းေကာ္ မတီဝင္ မခင္စႏၵာၫြန္႔က ေျပာ သည္။

ျမန္မာႏုိင္ငံလံုးဆိုင္ရာ လူ ငယ္ေတြ႕ဆံုေဆြးေႏြးပြဲမွ လူငယ္ အသက္သတ္မွတ္ခ်က္ကို လူမႈ ဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္ လည္ေနရာခ်ထားေရးဝန္ႀကီးဌာ နက လက္ခံရန္ သေဘာတူၿပီးျဖစ္ ေၾကာင္း ၎က ေျပာသည္။

ကုလသမဂၢ၏လူငယ္အသက္သတ္မွတ္ခ်က္မွာ (၁၅)ႏွစ္မွ (၂၄)ႏွစ္အရြယ္အထိျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

  မြန်မာနိုင်ငံတွင် အသက်(၁၆)နှစ်မှ (၃၅)နှစ်အထိ ကို လူငယ်အဖြစ် သတ်မှတ်ရန် နေပြည်တော်၌ နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲ က သဘောတူခဲ့သည်။


ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ကောက်ယူလာသည့် လူငယ်အသက်သတ်မှတ်ချက် များထဲမှ အရေအတွက်အများဆုံး သတ်မှတ်ချက်ကို တစ်နိုင်ငံလုံးအ ဆင့်သတ်မှတ်ချက်အဖြစ် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။

လူငယ်အဖြစ် အနည်းဆုံး အသက်သတ်မှတ်ချက်တွင် (၁၆) နှစ်သည် အများဆုံးဖြစ်သော် လည်း (၁၃)နှစ်၊ (၁၅)နှစ်နှင့် (၁၈)နှစ်တို့ ဖြစ်သင့်ကြောင်း တင်ပြခဲ့ သူများလည်း ရှိသည်။

‘‘တစ်နိုင်ငံလုံးအဆင့် သတ် မှတ်လိုက်ပေမယ့်လို့ ပြည်နယ်နဲ့ တိုင်းက တင်လာတဲ့ အသက်ကန့် သတ်ချက်တွေကိုဖျက်ပစ်လိုက် တဲ့သဘောမဟုတ်ပါဘူး။ သူ့ပြည် နယ်နဲ့ တိုင်းအလိုက် သတ်မှတ်ချက်အတိုင်း ရှိနေမှာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်အနေနဲ့က တော့ အသက်(၁၆)နှစ်က (၃၅) နှစ်ဟာ လူငယ်ဖြစ်တယ်လို့ သ ဘောတူခဲ့တာပါ’’ဟု လူငယ်ရေး ရာမူဝါဒရေးဆွဲရေးလုပ်ငန်းကော် မတီဝင် မခင်စန္ဒာညွန့်က ပြော သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူ ငယ်တွေ့ဆုံဆွေးနွေးပွဲမှ လူငယ် အသက်သတ်မှတ်ချက်ကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာ နက လက်ခံရန် သဘောတူပြီးဖြစ် ကြောင်း ၎င်းက ပြောသည်။

ကုလသမဂ္ဂ၏လူငယ်အသက်သတ်မှတ်ချက်မှာ (၁၅)နှစ်မှ (၂၄)နှစ်အရွယ်အထိဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top