Kantharyar Centre
×

ခ်ိစ္နဲ႔ ဝိုင္ဟာ လိုက္ဖက္တဲ့ အတဲြအစပ္ဆိုတာ ဘယ္သူမွ ျငင္းမယ္မထင္ပါဘူး။ ဒါေပမဲ့ အေကာင္းဆံုးအရသာအတြဲအဖက္ ကိုရဖို႔ဆိုရင္ေတာ့ ေဆာင္ရန္၊ေရွာင္ရန္အခ်က္ေလးေတြနည္းနည္းသိထားဖို႔လိုပါတယ္။ ဒီအခ်က္ေတြဟာ ခက္ခက္ခဲခဲ လွ်ိဳ႕ဝွက္ခ်က္ၾကီးေတြမဟုတ္ေပမယ့္ သိထားမယ္ဆိုရင္ ပိုျပီးလိုက္ဖက္တဲ့ ဝိုင္နဲ႔ ခ်ိစ္ ကိုေရြးခ်ယ္ႏုိင္ေအာင္ ကူညီေပးႏုိင္ပါ တယ္။

၁။ သက္တမ္းတူ၊ ျပင္းအားတူ တဲ့ ဝိုင္ နဲ႔ ခ်ိစ္ကိုေရြးခ်ယ္ပါ။

သက္တမ္းတူတယ္ဆိုတာက အတိအက်တူတာမ်ိဳးကို ေျပာတာမဟုတ္ဘူး။ သက္တမ္းရင့္တဲ့ဝိုင္မ်ိဳးနဲ႔ အခ်ိန္ယူျပဳလုပ္ ရတဲ့ ခ်ိစ္အမာကို တြဲစပ္သံုးေဆာင္ရင္ ပိုမိုေကာင္းမြန္မွာျဖစ္ျပီး အဲဒီိလိုပဲ သက္တမ္းႏုတဲ့ဝိုင္မ်ိဳးအတြက္ဆိုရင္ေတာ့ လတ္ဆက္တဲ့ခ်ိစ္အေပ်ာ႔က ပိုအဆင္ေျပမွာ ျဖစ္ပါတယ္။ အဲဒီိလိုပဲ အရသာအရဆိုရင္လည္း အရသာစူးတဲ့ဝိုင္မ်ိဳးနဲ႔ အရသာစူးတဲ့ ခ်ိစ္၊ အရသာေပ်ာ႔တဲ့ဝိုင္နဲ႔ အရသာေပ်ာ႔တဲ့ ခ်ိစ္တုိ႔ကို တြဲဖက္သံုးေဆာင္ရင္ ပိုမိုလိုက္ဖက္တဲ့အရသာကို ရရွိႏုိင္မွာ ျဖစ္ပါတယ္။

၂။ အနံ႔စူးတဲ့ခ်ိစ္

ဒီခ်ိစ္ေတြကေတာ့ အေပၚကေျပာခဲ့တဲ့ ေရြးခ်ယ္နည္းမ်ိဳးမွာ ျခြင္းခ်က္အျဖစ္ထားရမယ့္ခ်ိစ္ေတြ ျဖစ္ပါတယ္။ အနံံ႔ျပင္းတဲ့ ခ်ိစ္ေတြဟာ အရသာစူးရွတဲ့ဝိုင္ေတြနဲ႔ထက္ အရသာေပ်ာ့ျပီး အနံ႔ေမႊးတဲ့ ဝိုင္မ်ိဳးေတြနဲ႔ပိုမိုလုိက္ဖက္ပါတယ္။

၃။ ခ်ိစ္အသားအလိုက္ လိုက္ဖက္တဲ့ဝိုင္ကိုေရြးခ်ယ္ျခင္း

ခ်ိစ္ရဲ႕ အသား အမာ၊အေပ်ာ့ေပၚမူတည္ျပီး လိုက္ဖက္တဲ့ဝိုင္ကို စိတ္ၾကိဳက္ေရြးခ်ယ္ႏုိင္ပါတယ္။ ခ်ိစ္ရဲ႕ အေပ်ာ့၊ အမာနဲ႔ အရသာေပၚမူတည္ျပီးေရြးခ်ယ္တဲ့ေနရာမွာ ကိုယ္ေတြ႕ကိုအေျခခံျပီးေရြးခ်ယ္တာက အေကာင္းဆံုးပါပဲ။ ခ်ိစ္ ကိုသူ႔ခ်ည္းပဲ တစ္ကိုက္၊ကိုက္ၾကည့္၊ ျပီးရင္ ေနာက္တစ္ကိုက္ကိုက္ျပီး ဝိုင္ကိုေသာက္ၾကည့္။ စိတ္ၾကိဳက္အရသာရတယ္ဆိုရင္ အဲဒီ အတြဲအစပ္ကို အလြတ္သာမွတ္သားထားလိုက္ပါေတာ့။ ဒီနည္းလမ္းေတြအျပင္ ကိုယ့္စိတ္ၾကိဳက္ ခ်ိစ္နဲ႔ဝိုင္အမ်ိဳးမ်ိဳးကိုေရြးခ်ယ္ျပီးလည္း စမ္းသပ္ကာ အရသာကိုလြတ္လြတ္ လပ္လပ္ခံစားၾကည့္ႏိုင္ပါေသးတယ္။

နမူနာအေနနဲ႔ စမ္းသပ္ၾကည့္ႏုိင္မယ့္ ခ်ိစ္နဲ႔ဝိုင္ အတြဲအစပ္ႏွစ္ခုကို ေဖာ္ျပရမယ္ ဆိုရင္ေတာ့

- Jacob's Creek Reserved စပ်စ္ဝိုင္နီ နဲ႔ Chadder ခ်ိစ္အမာ

Jacob's Creek စပ်စ္ဝို္င္နီဟာ ျပင္းရွေမႊးျမတဲ့ ဘယ္ရီနံ႔မ်ိဳးရွိပါတယ္။ ဝက္သစ္ခ်သားစည္နဲ႔ေဖာက္ထားျပီး သဘာဝပစၥည္း ေတြနဲ႔ အေရာင္းဆိုးထားတဲ ဒီဝိုင္ဟာ အရသာျပင္းတဲ့ ဝိုင္နီမ်ိဳးပဲ ျဖစ္ပါတယ္။ ဒီဝိုင္ကို အရသာျပင္းတဲ့ chadder ခ်ိစ္အမာ နဲ႔တြဲဖက္တဲ့အခါ ခ်ိစ္ရဲ႕အရသာကိုပိုမိုေပၚလြင္ေကာင္းမြန္လာတာကိုေတြ႕ရမွာပါ။ Jacob's Creek စပ်စ္ဝိုင္နီကို အျခားအရ သာျပင္းတဲ့ခ်ိစ္ေတြနဲ႔လည္း တြဲဖက္သံုးေဆာင္ႏုိင္ျပီး အငံဓါတ္ကဲျပီး မာတဲ့ခ်ိစ္မ်ိဳးေတြနဲ႔ အထူးလိုက္ဖက္ပါတယ္။

Jacob's Creek Reserved စပ်စ္နက္ဝိုင္ နဲ႔ ဂူဒါ ၊ ဒါမွမဟုတ္ ကမ္မမ္ဘာ့တ္ ခ်ိစ္

ႏူးညံ့တဲ့ဝက္သစ္ခ်အန႔ံ နဲ႔ ေမႊးၾကိဳင္တဲ့သစ္သီးအရသာတို႔ကိုေပါင္းစပ္တဲ့ Jacob's Creek Reserved စပ်စ္နက္ဝုိင္ဟာ ႏူးညံ့မႈနဲ႔ စူးရွမႈႏွစ္မ်ိဳးလံုးကိုတစ္ျပိဳင္နက္ေပးစြမ္းႏုိ္င္ပါတယ္။ ဒါေၾကာင့္ ဒီဝိုင္ဟာ ဒတ္ခ်္ခ်ိစ္အမာဂူဒါလို အနံ႔အရသာျပင္းခ်ိစ္မ်ိဳးနဲ႔လုိက္ဖက္သလို ကမ္မမ္ဘာ့တ္ခ်ိစ္လို႔ ႏူးညံ့တဲ့ခ်ိစ္အေပ်ာ့ေတြနဲ႔လည္းလိုက္ဖက္တာကိုေတြ႕ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ချိစ်နဲ့ ဝိုင်ဟာ လိုက်ဖက်တဲ့ အတွဲအစပ်ဆိုတာ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံးအရသာအတွဲအဖက် ကိုရဖို့ဆိုရင်တော့ ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေနည်းနည်းသိထားဖို့လိုပါတယ်။ ဒီအချက်တွေဟာ ခက်ခက်ခဲခဲ လျှို့ဝှက်ချက်ကြီးတွေမဟုတ်ပေမယ့် သိထားမယ်ဆိုရင် ပိုပြီးလိုက်ဖက်တဲ့ ဝိုင်နဲ့ ချိစ် ကိုရွေးချယ်နိုင်အောင် ကူညီပေးနိုင်ပါ တယ်။

၁။ သက်တမ်းတူ၊ ပြင်းအားတူ တဲ့ ဝိုင် နဲ့ ချိစ်ကိုရွေးချယ်ပါ။

သက်တမ်းတူတယ်ဆိုတာက အတိအကျတူတာမျိုးကို ပြောတာမဟုတ်ဘူး။ သက်တမ်းရင့်တဲ့ဝိုင်မျိုးနဲ့ အချိန်ယူပြုလုပ် ရတဲ့ ချိစ်အမာကို တွဲစပ်သုံးဆောင်ရင် ပိုမိုကောင်းမွန်မှာဖြစ်ပြီး အဲဒီလိုပဲ သက်တမ်းနုတဲ့ဝိုင်မျိုးအတွက်ဆိုရင်တော့ လတ်ဆက်တဲ့ချိစ်အပျော့က ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အရသာအရဆိုရင်လည်း အရသာစူးတဲ့ဝိုင်မျိုးနဲ့ အရသာစူးတဲ့ ချိစ်၊ အရသာပျော့တဲ့ဝိုင်နဲ့ အရသာပျော့တဲ့ ချိစ်တို့ကို တွဲဖက်သုံးဆောင်ရင် ပိုမိုလိုက်ဖက်တဲ့အရသာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၂။ အနံ့စူးတဲ့ချိစ်

ဒီချိစ်တွေကတော့ အပေါ်ကပြောခဲ့တဲ့ ရွေးချယ်နည်းမျိုးမှာ ခြွင်းချက်အဖြစ်ထားရမယ့်ချိစ်တွေ ဖြစ်ပါတယ်။ အနံံ့ပြင်းတဲ့ ချိစ်တွေဟာ အရသာစူးရှတဲ့ဝိုင်တွေနဲ့ထက် အရသာပျော့ပြီး အနံ့မွှေးတဲ့ ဝိုင်မျိုးတွေနဲ့ပိုမိုလိုက်ဖက်ပါတယ်။

၃။ ချိစ်အသားအလိုက် လိုက်ဖက်တဲ့ဝိုင်ကိုရွေးချယ်ခြင်း

ချိစ်ရဲ့ အသား အမာ၊အပျော့ပေါ်မူတည်ပြီး လိုက်ဖက်တဲ့ဝိုင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ချိစ်ရဲ့ အပျော့၊ အမာနဲ့ အရသာပေါ်မူတည်ပြီးရွေးချယ်တဲ့နေရာမှာ ကိုယ်တွေ့ကိုအခြေခံပြီးရွေးချယ်တာက အကောင်းဆုံးပါပဲ။ ချိစ် ကိုသူ့ချည်းပဲ တစ်ကိုက်၊ကိုက်ကြည့်၊ ပြီးရင် နောက်တစ်ကိုက်ကိုက်ပြီး ဝိုင်ကိုသောက်ကြည့်။ စိတ်ကြိုက်အရသာရတယ်ဆိုရင် အဲဒီ အတွဲအစပ်ကို အလွတ်သာမှတ်သားထားလိုက်ပါတော့။ ဒီနည်းလမ်းတွေအပြင် ကိုယ့်စိတ်ကြိုက် ချိစ်နဲ့ဝိုင်အမျိုးမျိုးကိုရွေးချယ်ပြီးလည်း စမ်းသပ်ကာ အရသာကိုလွတ်လွတ် လပ်လပ်ခံစားကြည့်နိုင်ပါသေးတယ်။

နမူနာအနေနဲ့ စမ်းသပ်ကြည့်နိုင်မယ့် ချိစ်နဲ့ဝိုင် အတွဲအစပ်နှစ်ခုကို ဖော်ပြရမယ် ဆိုရင်တော့

- Jacob's Creek Reserved စပျစ်ဝိုင်နီ နဲ့ Chadder ချိစ်အမာ

Jacob's Creek စပျစ်ဝိုင်နီဟာ ပြင်းရှမွှေးမြတဲ့ ဘယ်ရီနံ့မျိုးရှိပါတယ်။ ဝက်သစ်ချသားစည်နဲ့ဖောက်ထားပြီး သဘာဝပစ္စည်း တွေနဲ့ အရောင်းဆိုးထားတဲ ဒီဝိုင်ဟာ အရသာပြင်းတဲ့ ဝိုင်နီမျိုးပဲ ဖြစ်ပါတယ်။ ဒီဝိုင်ကို အရသာပြင်းတဲ့ chadder ချိစ်အမာ နဲ့တွဲဖက်တဲ့အခါ ချိစ်ရဲ့အရသာကိုပိုမိုပေါ်လွင်ကောင်းမွန်လာတာကိုတွေ့ရမှာပါ။ Jacob's Creek စပျစ်ဝိုင်နီကို အခြားအရ သာပြင်းတဲ့ချိစ်တွေနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပြီး အငံဓါတ်ကဲပြီး မာတဲ့ချိစ်မျိုးတွေနဲ့ အထူးလိုက်ဖက်ပါတယ်။

Jacob's Creek Reserved စပျစ်နက်ဝိုင် နဲ့ ဂူဒါ ၊ ဒါမှမဟုတ် ကမ်မမ်ဘာ့တ် ချိစ်

နူးညံ့တဲ့ဝက်သစ်ချအနံ့ နဲ့ မွှေးကြိုင်တဲ့သစ်သီးအရသာတို့ကိုပေါင်းစပ်တဲ့ Jacob's Creek Reserved စပျစ်နက်ဝိုင်ဟာ နူးညံ့မှုနဲ့ စူးရှမှုနှစ်မျိုးလုံးကိုတစ်ပြိုင်နက်ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီဝိုင်ဟာ ဒတ်ချ်ချိစ်အမာဂူဒါလို အနံ့အရသာပြင်းချိစ်မျိုးနဲ့လိုက်ဖက်သလို ကမ်မမ်ဘာ့တ်ချိစ်လို့ နူးညံ့တဲ့ချိစ်အပျော့တွေနဲ့လည်းလိုက်ဖက်တာကိုတွေ့ရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top