Property Expo
×

 ေျမာက္ပိုင္းမဟာမိတ္အ ဖဲြ႕က မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ ေရးဇုန္တိုက္ခုိက္ခံရမႈတြင္ ဖမ္း ဆီးေခၚေဆာင္ၿပီး အသတ္ခံရ ေသာ ရဲတပ္ဖဲြ႕၀င္ သံုးဦးႏွင့္အရပ္ သားတစ္ဦးတို႔၏ ႐ုပ္အေလာင္း မ်ားကုိ ႏုိ၀င္ဘာ ၂၁ ရက္ နံနက္က  သြားေရာက္သယ္ေဆာင္ခဲ့ ေၾကာင္း မူဆယ္ခ႐ိုင္ရဲတပ္ဖဲြ႕မွ သတင္းရရွိသည္။

ႏုိ၀င္ဘာ ၂၀ ရက္ နံနက္က တိုက္ခိုက္မႈတြင္ မူဆယ္ ၁၀၅ မုိင္ကုန္သြယ္ေရးဇုန္အနီး နမ့္ေပါ တံတားရဲကင္းစခန္းမွ တပ္ၾကပ္ ႀကီးလိႈင္စိုး၊ တပ္ၾကပ္ ခင္အုန္း၊ ဒုတပ္ၾကပ္ ေဇာ္လင္းေအာင္ႏွင့္ အရပ္သားတစ္ဦးကို လက္နက္ ကုိင္မ်ားက ဖမ္းဆီးသြားၿပီး ကုန္ သြယ္ေရးဇုန္ႏွင့္ ႏွစ္ဖာလံုအကြာ ေတာထဲတြင္ ေသနတ္ျဖင့္ ပစ္ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း မူဆယ္ ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ေသဆံုးသူမ်ား၏ ႐ုပ္အ ေလာင္းမ်ားကို ႏုိ၀င္ဘာ ၂၁ ရက္ နံနက္တြင္ တပ္မေတာ္လံုၿခံဳေရး ယူ၍ လူမႈကူညီေရးအသင္းမ်ား က သြားေရာက္သယ္ေဆာင္ခဲ့ သည္။ အသတ္ခံရေၾကာင္း သ တင္းၾကားေသာ္လည္း လံုၿခံဳေရး အေျခအေနအရ ေနာက္တစ္ေန႔ မွသာ သြားေရာက္သယ္ေဆာင္ခဲ့ ၿပီး ေသဆံုးသူ ရဲတပ္ဖဲြ႕၀င္အား လံုးသည္ အိမ္ေထာင္သည္မ်ား ျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕နယ္ ရဲ တပ္ဖဲြ႕မွဴး ရဲမွဴးစိုးသန္းက ေျပာ သည္။

ယင္းတိုက္ခိုက္မႈကို KIA (ကခ်င္)၊ TNLA (တအာင္း၊ ပ ေလာင္)၊ MNDAA ႏွင့္ AA ပူး ေပါင္းအဖဲြ႕ျဖစ္ေသာ ေျမာက္ပိုင္း မဟာမိတ္အဖဲြ႕က က်ဴးလြန္ျခင္း ျဖစ္ေၾကာင္း ႏုိင္ငံေတာ္အတိုင္ ပင္ခံ႐ံုးႏွင့္ တပ္မေတာ္က သ တင္းထုတ္ျပန္ထားၿပီး မိမိတို႔က လည္း တိုက္ခုိက္မႈ ျပဳလုပ္ခဲ့ ေၾကာင္း ေျပာဆုိထားသည္။

တိုက္ခိုက္္မႈမ်ားေၾကာင့္ တပ္မေတာ္သားတစ္ဦး၊ ရဲတပ္ဖဲြ႕ ၀င္ သံုးဦး၊ ျပည္သူ႔စစ္အဖဲြ႕၀င္ တစ္ဦး က်ဆံုးၿပီး အရပ္သားေလး ဦး ေသဆံုးခဲ့သည္။ ထို႔အျပင္ အ ရပ္သား ၁၇ ဦး၊ ရဲတပ္ဖဲြ႕၀င္ကိုးဦး ႏွင့္ အေကာက္ခြန္၀န္ထမ္းႏွစ္ဦး စုစုေပါင္း ၂၈ ဦး ဒဏ္ရာရရွိခဲ့ သည္။

တိုက္ပဲြေၾကာင့္   စစ္ေဘး ေရွာင္ ျပည္သူ ၁,၅၀၀ ခန္႔ ေဘး လြတ္ရာ တိမ္းေရွာင္ေနရၿပီး အ ကူအညီမ်ား လိုအပ္ေနကာ လွဴ ဒါန္းလိုပါက မူဆယ္ၿမိဳ႕ က႐ုဏာ လူမႈကူညီေရးအသင္း၊ဖုန္းနံပါတ္ ၀၉-၅၂၃၀၂၃၄ ႏွင့္ ၀၈၂-၅၂၀၄၃ သို႔ ဆက္သြယ္လွဴဒါန္း ႏုိင္ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မြောက်ပိုင်းမဟာမိတ်အ ဖွဲ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်တိုက်ခိုက်ခံရမှုတွင် ဖမ်း ဆီးခေါ်ဆောင်ပြီး အသတ်ခံရ သော ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့်အရပ် သားတစ်ဦးတို့၏ ရုပ်အလောင်း များကို နိုဝင်ဘာ ၂၁ ရက် နံနက်က  သွားရောက်သယ်ဆောင်ခဲ့ ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

နိုဝင်ဘာ ၂၀ ရက် နံနက်က တိုက်ခိုက်မှုတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး နမ့်ပေါ တံတားရဲကင်းစခန်းမှ တပ်ကြပ် ကြီးလှိုင်စိုး၊ တပ်ကြပ် ခင်အုန်း၊ ဒုတပ်ကြပ် ဇော်လင်းအောင်နှင့် အရပ်သားတစ်ဦးကို လက်နက် ကိုင်များက ဖမ်းဆီးသွားပြီး ကုန် သွယ်ရေးဇုန်နှင့် နှစ်ဖာလုံအကွာ တောထဲတွင် သေနတ်ဖြင့် ပစ် သတ်ခဲ့ခြင်းဖြစ်ကြောင်း မူဆယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူများ၏ ရုပ်အ လောင်းများကို နိုဝင်ဘာ ၂၁ ရက် နံနက်တွင် တပ်မတော်လုံခြုံရေး ယူ၍ လူမှုကူညီရေးအသင်းများ က သွားရောက်သယ်ဆောင်ခဲ့ သည်။ အသတ်ခံရကြောင်း သ တင်းကြားသော်လည်း လုံခြုံရေး အခြေအနေအရ နောက်တစ်နေ့ မှသာ သွားရောက်သယ်ဆောင်ခဲ့ ပြီး သေဆုံးသူ ရဲတပ်ဖွဲ့ဝင်အား လုံးသည် အိမ်ထောင်သည်များ ဖြစ်ကြောင်း မူဆယ်မြို့နယ် ရဲ တပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ပြော သည်။

ယင်းတိုက်ခိုက်မှုကို KIA (ကချင်)၊ TNLA (တအာင်း၊ ပ လောင်)၊ MNDAA နှင့် AA ပူး ပေါင်းအဖွဲ့ဖြစ်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့က ကျူးလွန်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံးနှင့် တပ်မတော်က သ တင်းထုတ်ပြန်ထားပြီး မိမိတို့က လည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်း ပြောဆိုထားသည်။

တိုက်ခိုက်မှုများကြောင့် တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ ဝင် သုံးဦး၊ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး အရပ်သားလေး ဦး သေဆုံးခဲ့သည်။ ထို့အပြင် အ ရပ်သား ၁၇ ဦး၊ ရဲတပ်ဖွဲ့ဝင်ကိုးဦး နှင့် အကောက်ခွန်ဝန်ထမ်းနှစ်ဦး စုစုပေါင်း ၂၈ ဦး ဒဏ်ရာရရှိခဲ့ သည်။

တိုက်ပွဲကြောင့်   စစ်ဘေး ရှောင် ပြည်သူ ၁,၅၀၀ ခန့် ဘေး လွတ်ရာ တိမ်းရှောင်နေရပြီး အ ကူအညီများ လိုအပ်နေကာ လှူ ဒါန်းလိုပါက မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်း၊ဖုန်းနံပါတ် ၀၉-၅၂၃၀၂၃၄ နှင့် ၀၈၂-၅၂၀၄၃ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top