Property Expo
×

က်ြန္မတုိ႕အမ်ိဳးသမီးေတြ ျပင္ဆင္ျခယ္သျပီး အိမ္အျပင္ကို ထြက္လိုက္ျပီဆုိတာနဲ႕ မ်က္ႏွာေပၚက မိတ္ကပ္အေနအထားဘယ္လိုရွိလိမ့္မလဲဆုိတာ ေတြးပူၾကရပါတယ္။ အထူးသျဖင့္ မိတ္ကပ္က ကိုယ့္မ်က္ႏွာမွာ တစ္ေန႕လံုး အဆင္ေျပေျပေလး ရွိမေနတဲ့အခါ၊ ေန႕လည္ေလာက္ေရာက္ျပီဆုိတာနဲ႕ မိတ္ကပ္ေတြက ၾကည့္မေကာင္းေတာ့တဲ့အခါ ဒီအခ်က္ကေလးေတြ ဖတ္ၾကည့္ဖုိ႕ လိုအပ္လာပါျပီ။

၁။ သင္ဟာ မ်က္ႏွာကို လက္နဲ႕ အျမဲထိေတြ႕ေနလို႕ပါ။
တစ္ခ်ိဳ႕အမ်ိဳးသမီးေတြက မ်က္ႏွာကို လက္နဲ႕ကိုင္လိုက္၊ ေမးေစ့ကို လက္နဲ႕ေထာက္ျပီး ကြန္ပ်ဴတာ ၾကည့္လိုက္ စသျဖင့္ မ်က္ႏွာကို သတိမထားမိမွာခင္ အၾကိမ္ေပါင္းမ်ားစြာ ကိုင္ျပီးျဖစ္ေနပါျပီ။ ဒီေတာ့ သင့္မိတ္ကပ္တစ္ေနလံုး မခံတဲ့အေၾကာင္းရင္းဟာ ဒါေတြေၾကာင့္ပါပဲ။ သတိထားဖုိ႕ လိုပါတယ္။

၂။ အဆီစုပ္စကၠဴကို မသံုးလို႕ပါ။
သင့္မ်က္ႏွာဟာ အဆီျပန္တဲ့ မ်က္ႏွာမ်ိဳးဆုိရင္ ေသခ်ာတာကေတာ့ ညေန ၃နာရီ၀န္းက်င္ေလာက္ဆုိ အဆီေတြျပန္ျပီး ၾကည့္ရဆိုးေနပါျပီ။ ဒီလိုအခ်ိန္မွာ သင္လုပ္ေလ့ရွိတာက မိတ္ကပ္ထပ္လိမ္းတာ၊ တို႕ပတ္ေလးနဲ႕ ျပန္ရိုက္ေပးတာမ်ိဳးေတြေပါ့။ ဒီလိုလုပ္မယ့္အစား သင့္မ်က္ႏွာကို အဆီစုပ္တဲ့ စကၠဴမ်ိဳးေလးသံုးျပီး မ်က္ႏွာေပၚက အဆီေတြကို တတ္ႏိုင္သမ်ွ နည္းပါးသြားေအာင္ စုပ္ရမွာပါ။

၃။ မိတ္ကပ္လိမ္းတဲ့အခါ မိတ္ကပ္သိုသိပ္ေစမယ့္ ကူရွင္ကိုမေရြးခ်ယ္မိတာေၾကာင့္ပါ။
ခုေနာက္ပိုင္းမွာ ေဖာင္ေဒးရွင္းလိမ္းတဲ့အခါ beautyblender ေလးေတြ သံုးလာၾကပါတယ္။ ဒါေလးက မေကာင္းဘူးလားဆုိေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ သင့္မ်က္ႏွာက မိတ္ကပ္သားမခံဘူးဆုိရင္ သူ႕အစား သင္ေျပာင္းသံုးႏိုင္တာက ကူရွင္ပါ။ ဒါကို blotting cushion လုိ႕ ရွာေမးရင္ရပါတယ္။ သူက blender နဲ႕ေတာ့ တူပါတယ္။ ဒါေပမယ့္ သူက ၾကက္ဥပုစံေလး ျဖစ္တာေၾကာင့္ မ်က္ႏွာေနရာတုိင္းကို လြယ္လြယ္ကူကူ လိမ္းႏိုင္တဲ့အတြက္ ပိုအဆင္ေျပပါလိမ့္မယ္။

၄။ ေဖာင္ေဒးရွင္ေရြးခ်ယ္ရာမွာ မွားယြင္းေနတာေၾကာင့္ပါ။
က်ြန္မတုိ႕ဟာ အသစ္အသစ္ေသာ ေဖာင္ေဒးရွင္းေတြကို ေရြးခ်ယ္တတ္ၾကပါတယ္။ ဒါေလးက ပိုေကာင္းမလားဆုိတဲ့ စိတ္ေလးေတြနဲ႕ေပါ့။ အဲ့ဒီလို အသစ္အသစ္ေတြ ေရြးခ်ယ္ျခင္းက အသားအေရအတြက္ ျပသနာအၾကီးအက်ယ္ျဖစ္ေစပါတယ္။ ဒီေတာ့ ကိုယ္ေရြးခ်ယ္တဲ့ ေဖာင္ေဒးရွင္းဟာ ကုိယ္နဲ႕အဆင္မေျပဘူးဆုိရင္ ကိုယ့္မ်က္ႏွာေပၚ အခ်ိန္ၾကာၾကာ ရွိေနမွာ မဟုတ္ပါဘူး။

၅။ Primer မသံုးတာေၾကာင့္ပါ။
မိတ္ကပ္မလိမ္းခင္ မိတ္ကပ္သားတစ္ေနကုန္ ခံေနေစဖုိ႕ Primer ကို မျဖစ္မေန လိမ္းေပးဖုိ႕လုိပါတယ္။ သူက အသားအေရအတြက္ အားျဖည့္ေပးရံုမကပဲ မိတ္ကပ္သားကို တစ္ေနကုန္ခံေစပါတယ္။

၆။Setting spray မသံုးတာေၾကာင့္ပါ။
Beauty Bloggerအမ်ားစုဟာ သူတုိ႕မ်က္ႏွာကို ျပင္ဆင္ျခယ္သျပီးျပီဆုိတာနဲ႕ setting spray ေလးဖ်န္းျပီး သူတုိ႕မိတ္ကပ္ကို တစ္ေနကုန္ခံေအာင္ လုပ္ေဆာင္ၾကပါတယ္။ ဒီအခ်က္ကလည္း အေရးၾကီးပါတယ္။ ဒါေလးကို သံုးေပးမယ္ဆုိရင္ သင့္အတြက္လည္း အဆင္ေျပပါလိမ့္မယ္။

၇။ ေပါင္ဒါ မသံုးတာေၾကာင့္ပါ။
ေဖာင္ေဒးရွင္းကို အခ်ိန္အၾကာၾကိး ခံခ်င္တယ္ဆုိတဲ့သူတုိင္း ေပါင္ဒါသံုးကို သံုးရပါလိမ့္မယ္။ ေဖာင္ေဒးရွင္းအရည္ ဆုိရင္လည္း ဒါကလိုအပ္တာပါပဲ။ သင္က ေပါင္ဒါမၾကိဳက္ဘူးဆုိရင္ Lighting ေပါင္ဒါမ်ိဳးေတြ သံုးေပးႏိုင္ပါတယ္။

၈။ ေပါင္ဒါဘရက္ရွ္ သံုးမိတာေၾကာင့္ပါ။
ေပါင္ဒါလိမ္းတဲ့အခါ ဘရက္ရွ္ေလးနဲ႕ လိမ္းျခင္းကလည္း တစ္ခါတစ္ေလ ျပသနာျဖစ္ေစပါတယ္။ သူက မိတ္ကပ္သားေတြကို ေရြွ႕လိုက္သလို ျဖစ္ေစတာေၾကာင့္ ေပါင္ဒါဘရက္ရွ္သံုးမယ့္အစား sponge ေလးနဲ႕ ထိေတြ႕ေပးတာ ပါေကာင္းပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ကျွန်မတို့အမျိုးသမီးတွေ ပြင်ဆင်ခြယ်သပြီး အိမ်အပြင်ကို ထွက်လိုက်ပြီဆိုတာနဲ့ မျက်နှာပေါ်က မိတ်ကပ်အနေအထားဘယ်လိုရှိလိမ့်မလဲဆိုတာ တွေးပူကြရပါတယ်။ အထူးသဖြင့် မိတ်ကပ်က ကိုယ့်မျက်နှာမှာ တစ်နေ့လုံး အဆင်ပြေပြေလေး ရှိမနေတဲ့အခါ၊ နေ့လည်လောက်ရောက်ပြီဆိုတာနဲ့ မိတ်ကပ်တွေက ကြည့်မကောင်းတော့တဲ့အခါ ဒီအချက်ကလေးတွေ ဖတ်ကြည့်ဖို့ လိုအပ်လာပါပြီ။

၁။ သင်ဟာ မျက်နှာကို လက်နဲ့ အမြဲထိတွေ့နေလို့ပါ။
တစ်ချို့အမျိုးသမီးတွေက မျက်နှာကို လက်နဲ့ကိုင်လိုက်၊ မေးစေ့ကို လက်နဲ့ထောက်ပြီး ကွန်ပျူတာ ကြည့်လိုက် စသဖြင့် မျက်နှာကို သတိမထားမိမှာခင် အကြိမ်ပေါင်းများစွာ ကိုင်ပြီးဖြစ်နေပါပြီ။ ဒီတော့ သင့်မိတ်ကပ်တစ်နေလုံး မခံတဲ့အကြောင်းရင်းဟာ ဒါတွေကြောင့်ပါပဲ။ သတိထားဖို့ လိုပါတယ်။

၂။ အဆီစုပ်စက္ကူကို မသုံးလို့ပါ။
သင့်မျက်နှာဟာ အဆီပြန်တဲ့ မျက်နှာမျိုးဆိုရင် သေချာတာကတော့ ညနေ ၃နာရီဝန်းကျင်လောက်ဆို အဆီတွေပြန်ပြီး ကြည့်ရဆိုးနေပါပြီ။ ဒီလိုအချိန်မှာ သင်လုပ်လေ့ရှိတာက မိတ်ကပ်ထပ်လိမ်းတာ၊ တို့ပတ်လေးနဲ့ ပြန်ရိုက်ပေးတာမျိုးတွေပေါ့။ ဒီလိုလုပ်မယ့်အစား သင့်မျက်နှာကို အဆီစုပ်တဲ့ စက္ကူမျိုးလေးသုံးပြီး မျက်နှာပေါ်က အဆီတွေကို တတ်နိုင်သမျှ နည်းပါးသွားအောင် စုပ်ရမှာပါ။

၃။ မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်သိုသိပ်စေမယ့် ကူရှင်ကိုမရွေးချယ်မိတာကြောင့်ပါ။
ခုနောက်ပိုင်းမှာ ဖောင်ဒေးရှင်းလိမ်းတဲ့အခါ beautyblender လေးတွေ သုံးလာကြပါတယ်။ ဒါလေးက မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် သင့်မျက်နှာက မိတ်ကပ်သားမခံဘူးဆိုရင် သူ့အစား သင်ပြောင်းသုံးနိုင်တာက ကူရှင်ပါ။ ဒါကို blotting cushion လို့ ရှာမေးရင်ရပါတယ်။ သူက blender နဲ့တော့ တူပါတယ်။ ဒါပေမယ့် သူက ကြက်ဥပုစံလေး ဖြစ်တာကြောင့် မျက်နှာနေရာတိုင်းကို လွယ်လွယ်ကူကူ လိမ်းနိုင်တဲ့အတွက် ပိုအဆင်ပြေပါလိမ့်မယ်။

၄။ ဖောင်ဒေးရှင်ရွေးချယ်ရာမှာ မှားယွင်းနေတာကြောင့်ပါ။
ကျွန်မတို့ဟာ အသစ်အသစ်သော ဖောင်ဒေးရှင်းတွေကို ရွေးချယ်တတ်ကြပါတယ်။ ဒါလေးက ပိုကောင်းမလားဆိုတဲ့ စိတ်လေးတွေနဲ့ပေါ့။ အဲ့ဒီလို အသစ်အသစ်တွေ ရွေးချယ်ခြင်းက အသားအရေအတွက် ပြသနာအကြီးအကျယ်ဖြစ်စေပါတယ်။ ဒီတော့ ကိုယ်ရွေးချယ်တဲ့ ဖောင်ဒေးရှင်းဟာ ကိုယ်နဲ့အဆင်မပြေဘူးဆိုရင် ကိုယ့်မျက်နှာပေါ် အချိန်ကြာကြာ ရှိနေမှာ မဟုတ်ပါဘူး။

၅။ Primer မသုံးတာကြောင့်ပါ။
မိတ်ကပ်မလိမ်းခင် မိတ်ကပ်သားတစ်နေကုန် ခံနေစေဖို့ Primer ကို မဖြစ်မနေ လိမ်းပေးဖို့လိုပါတယ်။ သူက အသားအရေအတွက် အားဖြည့်ပေးရုံမကပဲ မိတ်ကပ်သားကို တစ်နေကုန်ခံစေပါတယ်။

၆။Setting spray မသုံးတာကြောင့်ပါ။
Beauty Bloggerအများစုဟာ သူတို့မျက်နှာကို ပြင်ဆင်ခြယ်သပြီးပြီဆိုတာနဲ့ setting spray လေးဖျန်းပြီး သူတို့မိတ်ကပ်ကို တစ်နေကုန်ခံအောင် လုပ်ဆောင်ကြပါတယ်။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဒါလေးကို သုံးပေးမယ်ဆိုရင် သင့်အတွက်လည်း အဆင်ပြေပါလိမ့်မယ်။

၇။ ပေါင်ဒါ မသုံးတာကြောင့်ပါ။
ဖောင်ဒေးရှင်းကို အချိန်အကြာကြိး ခံချင်တယ်ဆိုတဲ့သူတိုင်း ပေါင်ဒါသုံးကို သုံးရပါလိမ့်မယ်။ ဖောင်ဒေးရှင်းအရည် ဆိုရင်လည်း ဒါကလိုအပ်တာပါပဲ။ သင်က ပေါင်ဒါမကြိုက်ဘူးဆိုရင် Lighting ပေါင်ဒါမျိုးတွေ သုံးပေးနိုင်ပါတယ်။

၈။ ပေါင်ဒါဘရက်ရှ် သုံးမိတာကြောင့်ပါ။
ပေါင်ဒါလိမ်းတဲ့အခါ ဘရက်ရှ်လေးနဲ့ လိမ်းခြင်းကလည်း တစ်ခါတစ်လေ ပြသနာဖြစ်စေပါတယ်။ သူက မိတ်ကပ်သားတွေကို ရွှေ့လိုက်သလို ဖြစ်စေတာကြောင့် ပေါင်ဒါဘရက်ရှ်သုံးမယ့်အစား sponge လေးနဲ့ ထိတွေ့ပေးတာ ပါကောင်းပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top