Property Expo
×

 ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးေရးအတြက္ လာမည့္ငါးႏွစ္တာကာလအတြင္း ယန္းဘီလီယံ ၈၀၀ (အေမရိကန္ေဒၚလာ ၈ ဘီလီယံ ခန္႔)ကို ဂ်ပန္က ကူညီေထာက္ပံ့မည္ျဖစ္ေၾကာင္း ဂ်ပန္၀န္ႀကီးခ်ဳပ္ရွင္ဇုိအာေဘးက ေဒၚေအာင္ဆန္းစုၾကည္အား ႏုိ၀င္ဘာ ၂ ရက္ တြင္ ကတိျပဳေျပာၾကားခဲ့သည္။

ဂ်ပန္သုိ႔ ငါးရက္တာ အ လည္အပတ္ ေရာက္ရွိေနေသာ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ႏွင့္ ဂ်ပန္၀န္ႀကီးခ်ဳပ္တုိ႔ ေတြ႕ဆုံပြဲအၿပီးျပဳလုပ္ခဲ့သည့္ ပူးတြဲသတင္းစာရွင္းလင္းပြဲတြင္ ဂ်ပန္၏ ကူညီ ေထာက္ပံ့မည့္အစီအစဥ္ကိုထုတ္ ျပန္္ေၾကညာျခင္းျဖစ္သည္။ ဂ်ပန္−ျမန္မာပူးေပါင္းေဆာင္ရြက္ေရးအစီအစဥ္အမည္ျဖင့္  ကန္ ေဒၚလာ ၇ဒသမ၇၃ဘီလီယံအ နက္ ေဒၚလာ  ၃၈၇ သန္းကို တုိင္းရင္း သား လူနည္းစုမ်ား ေနထုိင္ရာေဒသမ်ားစီးပြားေရးဖြံ႕ၿဖိဳးေရးအ တြက္ ကူညီမည္ျဖစ္သည္။

‘‘ဒီအကူအညီဟာ ျမန္မာရဲ႕ အမ်ဳိးမ်ဳိးေသာေဒသေတြဆီ ၿငိမ္း ခ်မ္းေရးတည္ေဆာက္မႈအသီးအ ပြင့္ေတြ ကူညီျဖန္႔ေ၀ေပးၿပီး ေရွ႕ ဆက္လက္ခ်ီတက္ေမာင္းႏွင္ေစ လိမ့္မယ္လုိ႔ ကၽြန္ေတာ္တုိ႔ေမွ်ာ္ လင့္ပါတယ္’’ဟု မစၥတာအာေဘး က သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားသည္။

က်န္ေငြမ်ားကို ေလဆိပ္ မ်ား၊ လွ်ပ္စစ္ဓာတ္အားစီမံကိန္း မ်ား၊ အေျခခံ အေဆာက္အအုံ တည္ေဆာက္ေရးကဲ့သုိ႔ က႑ မ်ားတြင္ သုံးစြဲမည္ဟု ဆုိသည္။ ထုိ႔အျပင္ သက္တမ္းအုိေဟာင္းေနၿပီျဖစ္ေသာ ေရအားလွ်ပ္စစ္စက္႐ုံႏွစ္႐ုံကို ျပန္လည္မြမ္းမံေရးအတြက္လည္း ေခ်းေငြယန္း ၁၀ဒသမ၈ ဘီလီယံ(ေဒၚလာ သန္း၁၀၀ ေက်ာ္) လည္း ေပးအပ္မည္ျဖစ္ေၾကာင္း ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာၾကားသည္။

ဂ်ပန္အစုိးရႏွင့္ ဂ်ပန္အေျခ စုိက္ ပုဂၢလိကက႑ စီးပြားေရး လုပ္ငန္းမ်ားအေနျဖင့္ ယင္းယန္း ဘီလီယံ ၈၀၀ (ေဒၚလာ ရွစ္ဘီလီယံခန္႔) ကို ကူညီရန္ အသင့္ရွိသည္ဟုဆုိသည္။ ျမန္မာ၏မိတ္ ေဆြတစ္ဦးအေနျဖင့္ ဂ်ပန္သည္ အမ်ားျပည္သူ က႑၊ ပုဂၢလိက က႑အားလုံးတြင္ျမန္မာအစုိးရ သစ္အား အျပည့္အ၀ေထာက္ခံမႈ ေပးအပ္မည္ဟု ဂ်ပန္၀န္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။

‘‘ ဒီအကူအညီေၾကာင့္ ျမန္ မာရဲ႕ ဖြံ႕ၿဖိဳးတုိးတက္ေရးကို အ ေထာက္အကူ ျပဳလိမ့္မယ္လုိ႔ ကၽြန္မတုိ႔ ေမွ်ာ္လင့္ပါတယ္’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာ ၾကားသည္။

ျမန္မာကုိစီးပြားေရးအကူအ ညီေပးမည့္ ႏွစ္ကာလသက္တမ္း ထပ္မံတုိးျမႇင့္ျခင္းအတြက္ ဂ်ပန္ ကို ေက်းဇူးစကားလည္း ေျပာ ၾကားခဲ့သည္။ ထုိ႔အတူျမန္မာက အသစ္တစ္ဖန္ျပန္လည္တည္ ေဆာက္လ်က္ရွိေသာ ၿငိမ္းခ်မ္း ေရးႏွင့္တည္ၿငိမ္ေရးကို ဂ်ပန္က ကူညီေထာက္ပံ့ေနျခင္းကိုလည္း အသိအမွတ္ျပဳေၾကာင္း ၎က တု႔ံျပန္ေျပာၾကားသည္။

‘‘ဂ်ပန္နဲ႔ ကၽြန္မတုိ႔ရဲ႕ ဆက္ ဆံေရးဟာ ေခ်ာေခ်ာေမြ႕ေမြ႕ကုိ တုိးတက္ေနပါတယ္’’ ဟု ေဒၚ ေအာင္ဆန္းစုၾကည္က ဘာသာ ျပန္မွတစ္ဆင့္ေျပာၾကားခဲ့သည္။

ျမန္မာအေနျဖင့္ သမုိင္းစာ မ်က္ႏွာသစ္ကို ေရးေနသည့္ယခု အခ်ိန္တြင္ ျမန္မာ၏ မိတ္ေဆြ ေကာင္း၊ ယုံၾကည္စိတ္ခ်ရေသာ မိတ္ဖက္တစ္ဦးအျဖစ္ ျမန္မာႏွင့္ အတူတကြ ဂ်ပန္ကေလွ်ာက္လွမ္း မည္ဟု ယုံၾကည္စိတ္ခ်ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က  ဆုိသည္။

 ဂ်ပန္၏ အကူအညီမ်ား ကမ္းလွမ္းျခင္းမွာ ျမန္မာတြင္ တ ႐ုတ္၏ စီးပြားေရး၊ ႏုိင္ငံေရးလႊမ္း မုိးမႈအေပၚ ယွဥ္ၿပိဳင္ျခင္းကို ေရာင္ ျပန္ဟပ္ေနေၾကာင္းေလ့လာဆန္း စစ္သူမ်ားက သုံးသပ္သည္။

ဂ်ပန္ႏုိင္ငံသည္ ျမန္မာႏုိင္ငံကို အဓိက ကူညီေထာက္ပံ့ေနသည့္ အဓိက အလွဴရွင္ႏုိင္ငံ မ်ားအနက္ တစ္ႏုိင္ငံျဖစ္သည္။   အာေဘးသည္ ၃၆ႏွစ္တာအတြင္း ျမန္မာကို လာေရာက္သည့္ ပထမဆုံးဂ်ပန္၀န္ႀကီးခ်ဳပ္အျဖစ္ ၂၀၁၃ တြင္ လာေရာက္ခဲ့ၿပီး ျမန္မာက ဂ်ပန္ကိုေပးစရာရွိသည့္ အေႂကြး အေမရိကန္ေဒၚလာ ၁ ဒသမ၇၄ ဘီလီယံကို ေလွ်ာ္ေပးခဲ့ဖူးသည္။ တစ္ခ်ိန္တည္းမွာပင္ အကူအညီ သစ္အျဖစ္ ယန္း ၅၁ ဘီလီယံ ေက်ာ္ေပးအပ္မည့္အစီအစဥ္ကို ေၾကညာခဲ့သည္။ ယင္းအနက္ သီ လ၀ါအထူးစီးပြားေရးဇုန္စီမံကိန္း အတြက္ ယန္းဘီလီယံ ၂၀ေခ်းေငြ ပါ၀င္သည္။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ မစၥတာအာေဘးတုိ႔သည္ ႏွစ္ႏုိင္ငံ အၾကားစီးပြားေရးက႑ပူးေပါင္း ေဆာင္ရြက္ေရး၊ အထူးသျဖင့္ ျမန္မာ့စီးပြားေရးဖြံ႕ၿဖိဳးတုိးတက္မႈအတြက္ ဂ်ပန္က ပုဂၢလိကလုပ္ငန္း မ်ားရင္းႏွီးျမႇဳပ္ႏွံမႈပုိမုိလာေရာက္ ေရး၊ ကာကြယ္ေရးက႑ပူးေပါင္း ေဆာင္ရြက္ေရး၊ ျမန္မာ၏အမ်ဳိး သား  ျပန္လည္ရင္ၾကားေစ့ေရး လုပ္ငန္းစဥ္မ်ားကို ဂ်ပန္က ပံ့ပုိး ေဆာင္ရြက္သြားေရးကိစၥရပ္မ်ား အပါအ၀င္ ႏွစ္ႏုိင္ငံဆက္ဆံေရး ႏွင့္ ေဒသဆုိင္ရာ ကိစၥရပ္မ်ား ေဆြးေႏြးခဲ့ေၾကာင္း ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ထုတ္ျပန္သည္။ ေတြြ႕ဆုံပြဲ အၿပီးတြင္ ျမန္မာႏွင့္ ဂ်ပန္ႏွစ္ႏုိင္ငံအစုိးရၾကား ဂ်ပန္ ျပည္ပပူးေပါင္းေဆာင္ရြက္မႈလုပ္ အားေပးမ်ားေစလႊတ္ေရးအစီအ စဥ္အရ ျမန္မာသုိ႔ လုပ္အားေပး မ်ား ေစလႊတ္ေရးဆုိင္ရာ စာခၽြန္ လႊာကုိ ႏွစ္ႏုိင္ငံအစုိးရကုိယ္စား လွယ္မ်ား လက္မွတ္ေရးထုိးခဲ့ သည္။  ယင္းလက္မွတ္ေရးထုိးပြဲသို႔ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ မစၥတာအာေဘးတုိ႔ တက္ေရာက္ခဲ့သည္။

၎တုိ႔ႏွစ္ဦးမေတြ႕ဆုံမီ နံ နက္က တုိက်ဳိတြင္ ေဒၚေအာင္ ဆန္းစုၾကည္သည္ ဂ်ပန္ေရာက္ ျမန္မာမ်ားႏွင့္ ေတြ႕ဆုံၿပီး ကမၻာ့ စီးပြားေရးတုိးတက္မႈေႏွးေကြးေန သည့္အထဲ ျမန္မာ့စီးပြားေရးဆုိင္ ရာအခက္အခဲမ်ားထပ္ေဆာင္းရွိ ေနျခင္းေၾကာင့္ ျမန္မာ့စီးပြားေရး ကို က႑အားလုံးတြင္ ဖြံ႕ၿဖိဳးရန္ လိုအပ္ေနေၾကာင္း ေျပာၾကားခဲ့ သည္။ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားအ ျပားႏွင့္ လတ္ဆတ္သစ္လြင္ေသာ အႀကံဥာဏ္မ်ားရွိသည့္ စီးပြား ေရးကၽြမ္းက်င္ပညာရွင္အမ်ားအ  ျပားလုိအပ္ေနေၾကာင္း ၎က  ေျပာၾကားခဲ့သည္။

 ေဒၚေအာင္ဆန္းစုၾကည္ သည္္ ႏုိ၀င္ဘာ ၃ရက္တြင္ က်ဳိတုိ တကၠသုိလ္သုိ႔ သြားေရာက္၍ တ ကၠသိုလ္  ေက်ာင္းသားမ်ားအား ေဟာေျပာပုိ႔ခ်ေဆြးေႏြးမည္ျဖစ္သည္။ ယင္းတကၠသုိလ္မွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္း သုေတသနကို ၁၉၈၀ ျပည့္ႏွစ္မ်ားက ေဒၚေအာင္ဆန္းစုၾကည္ျပဳလုပ္ခဲ့ရာ ေနရာျဖစ္သည္။

 ၎၏ ငါးရက္ၾကာ ခရီး စဥ္အတြင္း ဂ်ပန္ဧကရာဇ္အာကီ ဟိတုိ၊ ၾကင္ရာေတာ္ မီခ်ီကိုတုိ႔  ႏွင့္ ေတြ႕ဆုံမည္ျဖစ္သည္။ ထုိ႔အ တူ ျမန္မာ့အေရးဆုိင္ရာ ဂ်ပန္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ လည္းေတြ႕ဆုံရန္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် လာမည့်ငါးနှစ်တာကာလအတွင်း ယန်းဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ခန့်)ကို ဂျပန်က ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၂ ရက် တွင် ကတိပြုပြောကြားခဲ့သည်။

ဂျပန်သို့ ငါးရက်တာ အ လည်အပတ် ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲအပြီးပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျပန်၏ ကူညီ ထောက်ပံ့မည့်အစီအစဉ်ကိုထုတ် ပြန်ကြေညာခြင်းဖြစ်သည်။ ဂျပန်−မြန်မာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အမည်ဖြင့်  ကန် ဒေါ်လာ ၇ဒသမ၇၃ဘီလီယံအ နက် ဒေါ်လာ  ၃၈၇ သန်းကို တိုင်းရင်း သား လူနည်းစုများ နေထိုင်ရာဒေသများစီးပွားရေးဖွံ့ဖြိုးရေးအ တွက် ကူညီမည်ဖြစ်သည်။

‘‘ဒီအကူအညီဟာ မြန်မာရဲ့ အမျိုးမျိုးသောဒေသတွေဆီ ငြိမ်း ချမ်းရေးတည်ဆောက်မှုအသီးအ ပွင့်တွေ ကူညီဖြန့်ဝေပေးပြီး ရှေ့ ဆက်လက်ချီတက်မောင်းနှင်စေ လိမ့်မယ်လို့ ကျွန်တော်တို့မျှော် လင့်ပါတယ်’’ဟု မစ္စတာအာဘေး က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ကျန်ငွေများကို လေဆိပ် များ၊ လျှပ်စစ်ဓာတ်အားစီမံကိန်း များ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကဲ့သို့ ကဏ္ဍ များတွင် သုံးစွဲမည်ဟု ဆိုသည်။ ထို့အပြင် သက်တမ်းအိုဟောင်းနေပြီဖြစ်သော ရေအားလျှပ်စစ်စက်ရုံနှစ်ရုံကို ပြန်လည်မွမ်းမံရေးအတွက်လည်း ချေးငွေယန်း ၁၀ဒသမ၈ ဘီလီယံ(ဒေါ်လာ သန်း၁၀၀ ကျော်) လည်း ပေးအပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ဂျပန်အစိုးရနှင့် ဂျပန်အခြေ စိုက် ပုဂ္ဂလိကကဏ္ဍ စီးပွားရေး လုပ်ငန်းများအနေဖြင့် ယင်းယန်း ဘီလီယံ ၈၀၀ (ဒေါ်လာ ရှစ်ဘီလီယံခန့်) ကို ကူညီရန် အသင့်ရှိသည်ဟုဆိုသည်။ မြန်မာ၏မိတ် ဆွေတစ်ဦးအနေဖြင့် ဂျပန်သည် အများပြည်သူ ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍအားလုံးတွင်မြန်မာအစိုးရ သစ်အား အပြည့်အဝထောက်ခံမှု ပေးအပ်မည်ဟု ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

‘‘ ဒီအကူအညီကြောင့် မြန် မာရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အ ထောက်အကူ ပြုလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

မြန်မာကိုစီးပွားရေးအကူအ ညီပေးမည့် နှစ်ကာလသက်တမ်း ထပ်မံတိုးမြှင့်ခြင်းအတွက် ဂျပန် ကို ကျေးဇူးစကားလည်း ပြော ကြားခဲ့သည်။ ထို့အတူမြန်မာက အသစ်တစ်ဖန်ပြန်လည်တည် ဆောက်လျက်ရှိသော ငြိမ်းချမ်း ရေးနှင့်တည်ငြိမ်ရေးကို ဂျပန်က ကူညီထောက်ပံ့နေခြင်းကိုလည်း အသိအမှတ်ပြုကြောင်း ၎င်းက တုံ့ပြန်ပြောကြားသည်။

‘‘ဂျပန်နဲ့ ကျွန်မတို့ရဲ့ ဆက် ဆံရေးဟာ ချောချောမွေ့မွေ့ကို တိုးတက်နေပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ဘာသာ ပြန်မှတစ်ဆင့်ပြောကြားခဲ့သည်။

မြန်မာအနေဖြင့် သမိုင်းစာ မျက်နှာသစ်ကို ရေးနေသည့်ယခု အချိန်တွင် မြန်မာ၏ မိတ်ဆွေ ကောင်း၊ ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးအဖြစ် မြန်မာနှင့် အတူတကွ ဂျပန်ကလျှောက်လှမ်း မည်ဟု ယုံကြည်စိတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ဆိုသည်။

 ဂျပန်၏ အကူအညီများ ကမ်းလှမ်းခြင်းမှာ မြန်မာတွင် တ ရုတ်၏ စီးပွားရေး၊ နိုင်ငံရေးလွှမ်း မိုးမှုအပေါ် ယှဉ်ပြိုင်ခြင်းကို ရောင် ပြန်ဟပ်နေကြောင်းလေ့လာဆန်း စစ်သူများက သုံးသပ်သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို အဓိက ကူညီထောက်ပံ့နေသည့် အဓိက အလှူရှင်နိုင်ငံ များအနက် တစ်နိုင်ငံဖြစ်သည်။   အာဘေးသည် ၃၆နှစ်တာအတွင်း မြန်မာကို လာရောက်သည့် ပထမဆုံးဂျပန်ဝန်ကြီးချုပ်အဖြစ် ၂၀၁၃ တွင် လာရောက်ခဲ့ပြီး မြန်မာက ဂျပန်ကိုပေးစရာရှိသည့် အကြွေး အမေရိကန်ဒေါ်လာ ၁ ဒသမ၇၄ ဘီလီယံကို လျှော်ပေးခဲ့ဖူးသည်။ တစ်ချိန်တည်းမှာပင် အကူအညီ သစ်အဖြစ် ယန်း ၅၁ ဘီလီယံ ကျော်ပေးအပ်မည့်အစီအစဉ်ကို ကြေညာခဲ့သည်။ ယင်းအနက် သီ လဝါအထူးစီးပွားရေးဇုန်စီမံကိန်း အတွက် ယန်းဘီလီယံ ၂၀ချေးငွေ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာအာဘေးတို့သည် နှစ်နိုင်ငံ အကြားစီးပွားရေးကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ အထူးသဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်က ပုဂ္ဂလိကလုပ်ငန်း များရင်းနှီးမြှုပ်နှံမှုပိုမိုလာရောက် ရေး၊ ကာကွယ်ရေးကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ၏အမျိုး သား  ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များကို ဂျပန်က ပံ့ပိုး ဆောင်ရွက်သွားရေးကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ဒေသဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ တွေ့ဆုံပွဲ အပြီးတွင် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံအစိုးရကြား ဂျပန် ပြည်ပပူးပေါင်းဆောင်ရွက်မှုလုပ် အားပေးများစေလွှတ်ရေးအစီအ စဉ်အရ မြန်မာသို့ လုပ်အားပေး များ စေလွှတ်ရေးဆိုင်ရာ စာချွန် လွှာကို နှစ်နိုင်ငံအစိုးရကိုယ်စား လှယ်များ လက်မှတ်ရေးထိုးခဲ့ သည်။  ယင်းလက်မှတ်ရေးထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာအာဘေးတို့ တက်ရောက်ခဲ့သည်။

၎င်းတို့နှစ်ဦးမတွေ့ဆုံမီ နံ နက်က တိုကျိုတွင် ဒေါ်အောင် ဆန်းစုကြည်သည် ဂျပန်ရောက် မြန်မာများနှင့် တွေ့ဆုံပြီး ကမ္ဘာ့ စီးပွားရေးတိုးတက်မှုနှေးကွေးနေ သည့်အထဲ မြန်မာ့စီးပွားရေးဆိုင် ရာအခက်အခဲများထပ်ဆောင်းရှိ နေခြင်းကြောင့် မြန်မာ့စီးပွားရေး ကို ကဏ္ဍအားလုံးတွင် ဖွံ့ဖြိုးရန် လိုအပ်နေကြောင်း ပြောကြားခဲ့ သည်။ ရင်းနှီးမြှုပ်နှံမှုအများအ ပြားနှင့် လတ်ဆတ်သစ်လွင်သော အကြံဉာဏ်များရှိသည့် စီးပွား ရေးကျွမ်းကျင်ပညာရှင်အများအ  ပြားလိုအပ်နေကြောင်း ၎င်းက  ပြောကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၃ရက်တွင် ကျိုတို တက္ကသိုလ်သို့ သွားရောက်၍ တ က္ကသိုလ်  ကျောင်းသားများအား ဟောပြောပို့ချဆွေးနွေးမည်ဖြစ်သည်။ ယင်းတက္ကသိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သုတေသနကို ၁၉၈၀ ပြည့်နှစ်များက ဒေါ်အောင်ဆန်းစုကြည်ပြုလုပ်ခဲ့ရာ နေရာဖြစ်သည်။

 ၎င်း၏ ငါးရက်ကြာ ခရီး စဉ်အတွင်း ဂျပန်ဧကရာဇ်အာကီ ဟိတို၊ ကြင်ရာတော် မီချီကိုတို့  နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့အ တူ မြန်မာ့အရေးဆိုင်ရာ ဂျပန် လွှတ်တော်ကိုယ်စားလှယ်များနှင့် လည်းတွေ့ဆုံရန်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top