Property Expo
×

  ျမန္မာႏုိင္ငံတြင္ ႏွစ္စဥ္ ျဖစ္ပြားေနေသာ ၀က္နားရြက္ျပာ ေရာဂါထိန္းခ်ဳပ္ႏုိင္ရန္ ၀က္နား ရြက္ျပာ
 ေရာဂါကာကြယ္ေဆး ထုတ္လုပ္မႈကုိ လပုိင္းအတြင္း စတင္ႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

FAOႏွင့္ OIEတုိ႔၏ နည္းပ ညာအကူအညီျဖင့္ ၀က္နားရြက္ ျပာကာကြယ္ေဆး ထုတ္လုပ္ကာယခုႏွစ္တြင္း သံုးစြဲခြင့္ျပဳႏုိင္ေတာ့မည္ျဖစ္ေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမွဴးခ်ဳပ္
 ေဒါက္တာရဲထြန္း၀င္းကေျပာသည္။ ထုိသုိ႔ ကာကြယ္ေဆးသုံးစြဲခြင့္ရရွိပါက ၀က္ေမြးျမဴေရးလုပ္ငန္းရွင္မ်ား
အတြက္ ေရာဂါေၾကာင့္၀က္မ်ား ဆုံး႐ႈံးမႈကို ေလွ်ာ့ခ်ႏုိင္ဖြယ္ရွိေနသည္။

ျမန္မာႏုိင္ငံတြင္ ၂၀၁၁ ကစတင္၍ ႏွစ္စဥ္နီးပါး၀က္နားရြက္ျပာေရာဂါျဖစ္ပြားေသာေၾကာင့္ ၀က္ေကာင္ေရေထာင္ခ်ီေသဆုံးခဲ့သျဖင့္ အစုိးရက ကာကြယ္ေဆးသုံးစြဲခြင့္ကန္႔သတ္ထားမႈကို  ပယ္ဖ်က္ေပးရန္၀က္ေမြးျမဴေရးလုပ္ငန္းရွင္မ်ားက ေတာင္းဆုိခ့ဲရာ ကာကြယ္ေဆးထုတ္လုပ္ႏုိင္ေရး
 ႏုိင္ငံတကာအကူအညီျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

အျပင္းစား၀က္နားရြက္ျပာ ေရာဂါကို တိရစၧာန္က်န္းမာေရး ႏွင့္ ဖြံ႕ၿဖိဳးေရးဥပေဒအရ(က)
စာရင္း၀င္ေရာဂါအျဖစ္ ၂၀၁၂ ဇန္န၀ါရီတြင္ ထုတ္ျပန္ေၾကညာၿပီးေနာက္ ေရာဂါထိန္းခ်ဳပ္ျခင္း
လုပ္ငန္းမ်ားကို အေလးထား ေဆာင္ရြက္ေနေၾကာင္း စုိက္ပ်ဳိး ေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာနကဆုိသည္။

‘‘၀က္နားရြက္ျပာကာကြယ္ေရး ထိေရာက္တဲ့ကာကြယ္ေဆးထုတ္လုပ္သုံးစြဲႏုိင္ဖုိ႔ ျပန္လည္
 ေဆာင္ရြက္ေနပါၿပီ။ FAOနဲ႔ OIE က ဘယ္အမ်ဳိးအစားကာကြယ္ ေဆးဟာ ထိေရာက္သလဲဆိုတာ သူတုိ႔က အႀကံေပးမွာပါ’’ဟု  ေဒါက္တာရဲထြန္း၀င္းက ေျပာၾကားသည္။ ၀က္ေမြးျမဴေရးအတြက္ စိန္ ေခၚမႈျဖစ္ေနေသာ ၀က္နားရြက္ ျပာေရာဂါတုိက္ဖ်က္ရာတြင္ ေရာ ဂါကင္းစင္ေရးျပဳလုပ္ရန္ခက္ခဲ ၍ ေရာဂါထိန္းခ်ဳပ္သည့္လုပ္ငန္းမ်ားတြင္ သက္ဆုိင္သူအားလုံးပူးေပါင္းေဆာင္ရြက္ရန္ ႏုိ၀င္ဘာ ၉ရက္က ေနျပည္ေတာ္၌ က်င္းပသည့္ ၀က္နားရြက္ျပာထိန္းခ်ဳပ္ေရးအစည္းအေ၀းတြင္ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ဦးခင္ေဇာ္ကေျပာသည္။

၀က္နားရြက္ျပာေရာဂါထိန္း ခ်ဳပ္မႈေလ့လာေရးအဖြဲ႕၏ ေတြ႕ရွိ ခ်က္မ်ား၊ ေရာဂါကာကြယ္ထိန္း ခ်ဳပ္မႈ အေျခအေနမ်ားႏွင့္ ကာ ကြယ္ေဆးကိစၥကို ေရာဂါကာ ကြယ္ထိန္းခ်ဳပ္မႈေလ့လာေရးအ ဖြဲ႕ေခါင္းေဆာင္ အေမရိကန္ႏုိင္ငံ မင္နီဆုိးတားတကၠသုိလ္ ပါေမာ ကၡ ေဒါက္တာေရာဘတ္ေမာ္ရီ ဆြန္က ယင္းအစည္းအေ၀းတြင္ ေျပာသည္။

အဆုိပါအစည္းအေ၀းတြင္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန  တာ၀န္ရွိသူမ်ား၊ ျမန္မာႏုိင္ငံ တိရစၧာန္ေဆးပညာေကာင္စီ၊  တိရစၧာန္ေဆးကုဆရာ၀န္မ်ားအ သင္း၊ ျမန္မာႏုိင္ငံေမြးျမဴေရးလုပ္ ငန္းအဖြဲ႕ခ်ဳပ္မွ ကုိယ္စားလွယ္ မ်ားႏွင့္ ပညာရွင္မ်ား၊ စည္ပင္ သာယာေရးဦးစီးဌာန တာ၀န္ရွိသူ မ်ားႏွင့္ FAOမွ ကုိယ္စားလွယ္မ်ား၊ ေလ့လာေရးအဖြဲ႕ေခါင္း ေဆာင္မ်ားက ၀က္နားရြက္ျပာေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ၀ုိင္း၀န္းေဆြးေႏြးေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြန်မာနိုင်ငံတွင် နှစ်စဉ် ဖြစ်ပွားနေသော ဝက်နားရွက်ပြာ ရောဂါထိန်းချုပ်နိုင်ရန် ဝက်နား ရွက်ပြာ

 ရောဂါကာကွယ်ဆေး ထုတ်လုပ်မှုကို လပိုင်းအတွင်း စတင်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

FAOနှင့် OIEတို့၏ နည်းပ ညာအကူအညီဖြင့် ဝက်နားရွက် ပြာကာကွယ်ဆေး ထုတ်လုပ်ကာယခုနှစ်တွင်း သုံးစွဲခွင့်ပြုနိုင်တော့မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်

 ဒေါက်တာရဲထွန်းဝင်းကပြောသည်။ ထိုသို့ ကာကွယ်ဆေးသုံးစွဲခွင့်ရရှိပါက ဝက်မွေးမြူရေးလုပ်ငန်းရှင်များ

အတွက် ရောဂါကြောင့်ဝက်များ ဆုံးရှုံးမှုကို လျှော့ချနိုင်ဖွယ်ရှိနေသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ကစတင်၍ နှစ်စဉ်နီးပါးဝက်နားရွက်ပြာရောဂါဖြစ်ပွားသောကြောင့် ဝက်ကောင်ရေထောင်ချီသေဆုံးခဲ့သဖြင့် အစိုးရက ကာကွယ်ဆေးသုံးစွဲခွင့်ကန့်သတ်ထားမှုကို  ပယ်ဖျက်ပေးရန်ဝက်မွေးမြူရေးလုပ်ငန်းရှင်များက တောင်းဆိုခဲ့ရာ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး

 နိုင်ငံတကာအကူအညီဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

အပြင်းစားဝက်နားရွက်ပြာ ရောဂါကို တိရစ္ဆာန်ကျန်းမာရေး နှင့် ဖွံ့ဖြိုးရေးဥပဒေအရ(က)

စာရင်းဝင်ရောဂါအဖြစ် ၂၀၁၂ ဇန်နဝါရီတွင် ထုတ်ပြန်ကြေညာပြီးနောက် ရောဂါထိန်းချုပ်ခြင်း

လုပ်ငန်းများကို အလေးထား ဆောင်ရွက်နေကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကဆိုသည်။

‘‘ဝက်နားရွက်ပြာကာကွယ် ရေးထိရောက်တဲ့ကာကွယ်ဆေးထုတ်လုပ်သုံးစွဲနိုင်ဖို့ ပြန်လည် ဆောင်ရွက်နေပါပြီ။

 FAOနဲ့ OIE က ဘယ်အမျိုးအစားကာကွယ် ဆေးဟာ ထိရောက်သလဲဆိုတာ သူတို့က အကြံပေးမှာပါ’’ဟု  ဒေါက်တာရဲထွန်းဝင်းက ပြောကြားသည်။ ဝက်မွေးမြူရေးအတွက် စိန် ခေါ်မှုဖြစ်နေသော ဝက်နားရွက် ပြာရောဂါတိုက်ဖျက်ရာတွင် ရော ဂါကင်းစင်ရေးပြုလုပ်ရန်ခက်ခဲ ၍ ရောဂါထိန်းချုပ်သည့်လုပ်ငန်းများတွင် သက်ဆိုင်သူအားလုံးပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာ ၉ရက်က နေပြည်တော်၌ ကျင်းပသည့် ဝက်နားရွက်ပြာထိန်းချုပ်ရေးအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးခင်ဇော်ကပြောသည်။

ဝက်နားရွက်ပြာရောဂါထိန်း ချုပ်မှုလေ့လာရေးအဖွဲ့၏ တွေ့ရှိ ချက်များ၊ ရောဂါကာကွယ်ထိန်း ချုပ်မှု အခြေအနေများနှင့် ကာ ကွယ်ဆေးကိစ္စကို ရောဂါကာ ကွယ်ထိန်းချုပ်မှုလေ့လာရေးအ ဖွဲ့ခေါင်းဆောင် အမေရိကန်နိုင်ငံ မင်နီဆိုးတားတက္ကသိုလ် ပါမော က္ခ ဒေါက်တာရောဘတ်မော်ရီ ဆွန်က ယင်းအစည်းအဝေးတွင် ပြောသည်။

အဆိုပါအစည်းအဝေးတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊  တိရစ္ဆာန်ဆေးကုဆရာဝန်များအ သင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ် ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ် များနှင့် ပညာရှင်များ၊ စည်ပင် သာယာရေးဦးစီးဌာန တာဝန်ရှိသူ များနှင့် FAOမှ ကိုယ်စားလှယ်များ၊ လေ့လာရေးအဖွဲ့ခေါင်း ဆောင်များက ဝက်နားရွက်ပြာရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top