Kantharyar Centre
×

အမ်ားစုက ေရေမႊးစြတ္တာေလာက္ လြယ္တဲ့အလုပ္ ဘာရွိလို႕လဲဆုိျပီး ထင္တတ္ၾကပါတယ္။ ကိုယ္ခႏၶာကိုယ္နဲ႕ ဒါမွမဟုတ္ အက်ီရင္ဘတ္ေနရာမ်ိဳး ေကာက္စြတ္ျပီး ဒါေရေမႊးစြတ္နည္းအမွန္လို႕လည္း ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ ေရေမႊးစြတ္တဲ့အခါ လူေတြလုပ္တတ္ၾကတဲ့ အမွားေတြ အမ်ားၾကီးရွိပါတယ္။ အဲ့ဒါက ဘာေတြမ်ားလဲ ၾကည့္လိုက္ၾကရေအာင္။

၁။ ေရေမႊးထားတဲ့ေနရာကို သတိထားဖုိ႕ လိုပါတယ္။

ေရေမႊးကို ပူလြန္းတဲ့ေနရာ၊ ေႏြးတဲ့ေနရာေတြမွာ မထားသင့္ပါဘူး။ အပူခ်ိန္ေတြ၊ အလင္းေရာင္၊ ပူေႏြးစြတ္စိုမႈေတြေၾကာင့္ ေရေမႊးဟာ အနံ႕မေကာင္းတာ၊ အကုန္ျမန္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အဲ့ဒီအစား ေအးျပီးေျခာက္ေသြ႕တဲ့ေနရာမ်ိဳး၊ ျပတင္းေပါက္နဲ႕ေ၀းတဲ့ေနရာမ်ိဳးမွာ ထားလိုက္ပါ။

၂။ လိုးရွင္းလိမ္းျပီးမွ ေရေမႊးစြတ္ပါ။

ေရေမႊးမစြတ္ခင္ လိုးရွင္းတစ္ခုခု လိမ္းေပးျခင္းက ေရေမႊးရနံ႕ၾကာရွည္ခံေစပါတယ္။ ဒီလိုမဟုတ္ပဲ ေရခ်ိဳးခ်ိဳးျပီးခ်င္း တန္းစြတ္မယ္ဆုိရင္ေတာ့ ေရေမႊးနံ႕က ခဏသာ ခံပါလိမ့္မယ္။ လိုးရွင္းမွာ ပါတဲ့အဆီကသာ သင့္ေရေမႊးကို တစ္ေန႕လံုးေမႊးပ်ံ႕ေအာင္ ကူညီႏိုင္မွာပါ။

၃။အ၀တ္အစားမ၀တ္ခင္ ေရေမႊးစြတ္ပါ။

အမ်ားစုက ေရေမႊးကို အ၀တ္အစား၀တ္ျပီးမွ စြတ္တတ္ၾကပါတယ္။ ဒီအခ်က္က မွားပါတယ္။ အ၀တ္အစား၀တ္ျပီးမွ ေရေမႊးစြတ္တဲ့အခါ အ၀တ္အစား စြန္းထင္းျခင္းကို ျဖစ္ေပၚေစတတ္ျပီး လက္၀တ္ရတနာေတြကိုလည္း အေရာင္ေျပာင္းတာမ်ိဳးေတြ ျဖစ္ေစတတ္တာေၾကာင့္ ေရခ်ိဳး ၊ လိုးရွင္းလိမ္းျပီးတာနဲ႕ ေရေမႊးတန္းစြတ္တာ ေကာင္းပါတယ္။

၄။လက္ေကာက္၀တ္မွာခ်ည္းပဲ မစြတ္ပါနဲ႕။

လူေတာ္ေတာ္မ်ားမ်ားက ေရေမႊးစြတ္တဲ့အခါ ေသြးခုန္ႏႈန္းရွိေနတဲ့ ေနရာေတြ ေရြးတတ္ၾကပါတယ္။ ဒါေပမယ့္ လက္ေကာက္၀တ္ကိုေတာ့ ဘယ္ေတာ့မွမေရြးပါနဲ႕။ ဘာလုိ႕လဲဆုိေတာ့ သူက ရနံ႕ျပယ္လြယ္လုိ႕ပါ။ အျခားအရာ၀တၳဳေတြနဲ႕ မၾကာခဏထိေတြ႕တာေၾကာင့္ေရာ၊ တစ္ခါတစ္ေလ ေရေမႊးစြတ္ျပီးျပီးခ်င္း လက္ႏွစ္ဖက္ကို ဖိပြတ္မိလိုက္တာေတြေၾကာင့္ပါ လက္ေကာက္၀တ္မွာ ေရေမႊးစြတ္တာဟာ ရနံ႕တာရွည္မခံတတ္ပါဘူး။

၅။ေသြခုန္ႏႈန္းရွိတဲ့ ေနရာေတြကို ခ်န္မထားခဲ့ပါနဲ႕။

ေသြခုန္ႏႈန္းရွိတဲ့ လည္ပင္း၊ တံေတာင္ဆစ္အတြင္းပိုင္း၊ ဒူးအတြင္းဘက္ စတဲ့ေနရာေတြအားလံုးကို ေရေမႊးစြတ္ျခင္းအားျဖင့္ ရနံ႕ၾကာရွည္ခံပါလိမ့္မယ္။

၆။ ဆံပင္ကို ေရေမႊးမဖ်န္းမိပါေစနဲ႕။

တစ္ခါတစ္ေလ ဆံပင္အေပၚနားထိ ေရေမႊးျဖန္းျပီး တစ္ကိုယ္လံုးေမႊးေနေအာင္ လုပ္ေဆာင္တတ္ၾကပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ သင့္ဆံသားေတြ ေျခာက္ေသြ႕ေစတတ္တာေၾကာင့္ ျဖစ္ႏိုင္ရင္ ဆံပင္ျဖီးမယ့္ ဘရက္ရွ္ကို ေရေမႊးျဖန္းျပီး ေခါင္းျဖီးေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

အများစုက ရေမွှေးစွတ်တာလောက် လွယ်တဲ့အလုပ် ဘာရှိလို့လဲဆိုပြီး ထင်တတ်ကြပါတယ်။ ကိုယ်ခန္ဓာကိုယ်နဲ့ ဒါမှမဟုတ် အကျီရင်ဘတ်နေရာမျိုး ကောက်စွတ်ပြီး ဒါရေမွှေးစွတ်နည်းအမှန်လို့လည်း ထင်တတ်ကြပါတယ်။ တကယ်တော့ ရေမွှေးစွတ်တဲ့အခါ လူတွေလုပ်တတ်ကြတဲ့ အမှားတွေ အများကြီးရှိပါတယ်။ အဲ့ဒါက ဘာတွေများလဲ ကြည့်လိုက်ကြရအောင်။

၁။ ရေမွှေးထားတဲ့နေရာကို သတိထားဖို့ လိုပါတယ်။

ရေမွှေးကို ပူလွန်းတဲ့နေရာ၊ နွေးတဲ့နေရာတွေမှာ မထားသင့်ပါဘူး။ အပူချိန်တွေ၊ အလင်းရောင်၊ ပူနွေးစွတ်စိုမှုတွေကြောင့် ရေမွှေးဟာ အနံ့မကောင်းတာ၊ အကုန်မြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီအစား အေးပြီးခြောက်သွေ့တဲ့နေရာမျိုး၊ ပြတင်းပေါက်နဲ့ဝေးတဲ့နေရာမျိုးမှာ ထားလိုက်ပါ။

၂။ လိုးရှင်းလိမ်းပြီးမှ ရေမွှေးစွတ်ပါ။

ရေမွှေးမစွတ်ခင် လိုးရှင်းတစ်ခုခု လိမ်းပေးခြင်းက ရေမွှေးရနံ့ကြာရှည်ခံစေပါတယ်။ ဒီလိုမဟုတ်ပဲ ရေချိုးချိုးပြီးချင်း တန်းစွတ်မယ်ဆိုရင်တော့ ရေမွှေးနံ့က ခဏသာ ခံပါလိမ့်မယ်။ လိုးရှင်းမှာ ပါတဲ့အဆီကသာ သင့်ရေမွှေးကို တစ်နေ့လုံးမွှေးပျံ့အောင် ကူညီနိုင်မှာပါ။

၃။အဝတ်အစားမဝတ်ခင် ရေမွှေးစွတ်ပါ။

အများစုက ရေမွှေးကို အဝတ်အစားဝတ်ပြီးမှ စွတ်တတ်ကြပါတယ်။ ဒီအချက်က မှားပါတယ်။ အဝတ်အစားဝတ်ပြီးမှ ရေမွှေးစွတ်တဲ့အခါ အဝတ်အစား စွန်းထင်းခြင်းကို ဖြစ်ပေါ်စေတတ်ပြီး လက်ဝတ်ရတနာတွေကိုလည်း အရောင်ပြောင်းတာမျိုးတွေ ဖြစ်စေတတ်တာကြောင့် ရေချိုး ၊ လိုးရှင်းလိမ်းပြီးတာနဲ့ ရေမွှေးတန်းစွတ်တာ ကောင်းပါတယ်။

၄။လက်ကောက်ဝတ်မှာချည်းပဲ မစွတ်ပါနဲ့။

လူတော်တော်များများက ရေမွှေးစွတ်တဲ့အခါ သွေးခုန်နှုန်းရှိနေတဲ့ နေရာတွေ ရွေးတတ်ကြပါတယ်။ ဒါပေမယ့် လက်ကောက်ဝတ်ကိုတော့ ဘယ်တော့မှမရွေးပါနဲ့။ ဘာလို့လဲဆိုတော့ သူက ရနံ့ပြယ်လွယ်လို့ပါ။ အခြားအရာဝတ္ထုတွေနဲ့ မကြာခဏထိတွေ့တာကြောင့်ရော၊ တစ်ခါတစ်လေ ရေမွှေးစွတ်ပြီးပြီးချင်း လက်နှစ်ဖက်ကို ဖိပွတ်မိလိုက်တာတွေကြောင့်ပါ လက်ကောက်ဝတ်မှာ ရေမွှေးစွတ်တာဟာ ရနံ့တာရှည်မခံတတ်ပါဘူး။

၅။သွေခုန်နှုန်းရှိတဲ့ နေရာတွေကို ချန်မထားခဲ့ပါနဲ့။

သွေခုန်နှုန်းရှိတဲ့ လည်ပင်း၊ တံတောင်ဆစ်အတွင်းပိုင်း၊ ဒူးအတွင်းဘက် စတဲ့နေရာတွေအားလုံးကို ရေမွှေးစွတ်ခြင်းအားဖြင့် ရနံ့ကြာရှည်ခံပါလိမ့်မယ်။

၆။ ဆံပင်ကို ရေမွှေးမဖျန်းမိပါစေနဲ့။

တစ်ခါတစ်လေ ဆံပင်အပေါ်နားထိ ရေမွှေးဖြန်းပြီး တစ်ကိုယ်လုံးမွှေးနေအောင် လုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ဆံသားတွေ ခြောက်သွေ့စေတတ်တာကြောင့် ဖြစ်နိုင်ရင် ဆံပင်ဖြီးမယ့် ဘရက်ရှ်ကို ရေမွှေးဖြန်းပြီး ခေါင်းဖြီးပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top