Property Expo
×





Credit:Duwun

#Unicode Version
နိုင်ဂျီးရီးယားနိုင်ငံက သားသတ်သမားတစ်ဦးဟာ နတ်ဆရာထံက ကိုယ်ပျောက်ဆေးဝယ်ပြီးနောက်မှာ သူ့ကိုယ်သူ ကိုယ်ပျောက်လူသားလို့ ထင်မှတ်ခဲ့ပါတယ်။ အဲ့ဒီနောက် သားသတ်ရုံဂိုထောင်ထဲက အသားတွေကို အကြိမ်ကြိမ် ခိုးထုတ်နေခဲ့တာပါ။
သူ့ကိုဖမ်းမိသွားချိန်မှာတော့ သားသတ်ရုံကလူတွေဟာ သူ့ကို အဝတ်တွေချွတ်ပြီး အပြင်းအထန် ရိုက်နှက်ကာ သတ်ဖြတ်ဖို့အထိ ကြံရွယ်ခဲ့ကြပါတယ်။ ရဲတွေရောက်လာလို့သာ အသက်ချမ်းသာရာရသွားခဲ့ရတာပါ။ နတ်ဆရာက သူ့ကိုပေးလိုက်တဲ့ဆေးကြောင့် ကိုယ်ပျောက်သွားတယ်ထင်ပြီး စိတ်ချလက်ချနဲ့ အသားတုံးကြီးတွေသယ်နေတာကို သားသတ်ရုံဝန်ထမ်းတွေကလည်း အလုပ်ကြောင့်သယ်ရတယ်အထင်နဲ့ မေးမြန်းခြင်းမပြုခဲ့ပါဘူးတဲ့။

တစ်ကြိမ်မှာတော့ သားသတ်ရုံဝန်ထမ်းတစ်ဦးက သူ့ကိုမေးမြန်းခဲ့ပါတယ်။ သူကလည်း ကိုယ်ပျောက်နေဆဲအမှတ်နဲ့ ပြန်မဖြေခဲ့ရာကနေ လူတွေကဝိုင်းဖမ်းပြီး အသေအကြေထုရိုက်ကြတာဖြစ်ပါတယ်။ ရဲတွေက သူ့ကိုဆေးရုံမှာတင်ပို့ပေးထားကြပါတယ်။ ဒဏ်ရာတွေသက်သာရင်တော့ ရုံးတော်မှာ အမှုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top