Kantharyar Centre
×

အင္း၀အပ္ခ်ဳပ္ဆုိင္မွ အိမ္အကူမိန္းကေလးငယ္ႏွစ္ဦး ႏွိပ္စက္ညႇဥ္းပန္းခံရမႈႏွင့္ ပတ္ သက္၍ ေက်ာက္တံတားၿမိဳ႕နယ္ (၉) ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက တရားလိုျပ သက္ေသအျဖစ္ ထြက္ဆိုရာ ၂၀၁၄ က မိန္းကေလး မိဘမ်ား လာေရာက္တိုင္ၾကား​၍ ေျဖရွင္းေပးခဲ့ျခင္းကို အေသးစိတ္ထြက္ဆုိခဲ့သည္။

အိမ္အကူမိန္းကေလးမ်ား ၏ အုပ္ထိန္းသူမ်ားက ကေလး မ်ားအား မေတြ႕ရွိရျခင္းႏွင့္လုပ္ခ လစာမ်ား မရရွိသည့္အတြက္ အုပ္ခ်ဳပ္ေရး႐ံုးသုိ႔ လာေရာက္ တုိင္ၾကားခဲ့၍ ႏွစ္ဖက္ေခၚယူေတြ႕ ဆံုညိႇႏိႈင္းေပးခဲ့ကာ မွတ္တမ္းတင္ ထားေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴးက အဆိုပါအမႈ၏ေျခာက္ႀကိမ္ေျမာက္ ႐ုံးခ်ိန္းတြင္ ႏုိ၀င္ဘာ၃ ရက္တြင္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ တရား႐ံုး၌ ထြက္ဆုိခဲ့သည္။

၂၀၁၄ စက္တင္ဘာက ညိႇ ႏိႈင္းခဲ့ရာတြင္ အင္း၀အပ္ခ်ဳပ္ဆိုင္ မွ ေဒၚစုမြန္လတ္က မစန္းေကခုိင္ ရရန္ရွိေသာ ငါးလစာလုပ္အားခ ၇၀,၀၀၀ က်ပ္ကုိ ဖခင္အား ေပး အပ္ခဲ့ၿပီး မစန္းေကခုိင္က ၎၏ ဖခင္ရြာသို႔ ျပန္ေခၚသည္ကို မ လိုက္လို၍ ထြက္ေျပးေသာေၾကာင့္ ဖခင္က သမီးျဖစ္သူ တစ္ခုခုျဖစ္ မည္ကုိ စိုးရိမ္၍ လက္ေလွ်ာ့ၿပီး ႀကိဳတင္လစာသံုး ေသာင္းက်ပ္ကို အုပ္ခ်ဳပ္ေရးမွဴး႐ံုးတြင္ လက္မွတ္ ထိုးယူသြားေၾကာင္း သက္ေသ ထြက္ဆိုခဲ့သည္။

အင္း၀အပ္ခ်ဳပ္ဆိုင္ပိုင္ရွင္ အား ကေလးမ်ား၏ မိဘေဆြမ်ိဳး မ်ားလာေခၚ၍ ျပန္ထည့္ေပးရန္ ေျပာခဲ့ရာ အုပ္ခ်ဳပ္ေရးမွဴးအား အင္း၀အပ္ခ်ဳပ္ဆုိင္ပိုင္ရွင္ ေဒၚခင္သူဇာက ‘‘ဥကၠ႒ ကၽြန္မအ ေၾကာင္းသိေစရမယ္’’ဟု ၿခိမ္း ေျခာက္ေျပာဆုိခဲ့သည္ဟု တရား လိုျပ သက္ေသအုပ္ခ်ဳပ္ေရးမွဴးက ထြက္ဆုိသည္။

မစန္းေကခုိင္ကို ငါးႏွစ္လံုး လံုး အိမ္အကူလုပ္ငန္းလုပ္ကိုင္ ေဆာင္ရြက္ၿပီး ရရွိလာေသာ ေငြ မ်ားကို မုန္႔ဖိုးအနည္းငယ္ေပး၍ က်န္ေငြမ်ား ယူေဆာင္သြားျခင္း ႏွင့္ အမွန္စင္စစ္လုပ္အားခမ်ားကို ေခါင္းပံုျဖတ္ယူသြားသူမ်ားမွာ ၎တို႔၏ မိဘမ်ားသာ ျဖစ္ၾက သည္မွာ မွန္ပါသလားဟု တရားခံ ေရွ႕ေန၏ ေမးျမန္းမႈကုိ အုပ္ခ်ဳပ္ ေရးမွဴးက မသိပါဟုျပန္လည္ေျဖဆုိခဲ့ သည္။

ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔ အခြင့္အေရးေကာ္မရွင္တြင္ အင္း ၀အပ္ခ်ဳပ္ဆုိင္မွ ဦးရာဇာထြန္း၊ ေဒၚစုမြန္လတ္ႏွင့္ မစန္းေကခိုင္၏ မိခင္ ေဒၚညိဳညိဳ၀င္းတို႔ ႏွစ္ဦးႏွစ္ ဖက္ သေဘာတူညီခ်က္အရ နစ္ နာေၾကးက်ပ္သိန္းေလးဆယ္ေပး အပ္မႈႏွင့္ပတ္သက္၍ ထိုေနရာ တြင္ မိမိရွိေနေသာေၾကာင့္ ပိုက္ ဆံေပးမွန္းေတာ့ သိပါသည္ မည္ မွ်ေပးသည္ကို မသိပါဟု အုပ္ ခ်ဳပ္ေရးမွဴးက ေျဖၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူမိန်းကလေးငယ်နှစ်ဦး နှိပ်စက်ညှဉ်းပန်းခံရမှုနှင့် ပတ် သက်၍ ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြ သက်သေအဖြစ် ထွက်ဆိုရာ ၂၀၁၄ က မိန်းကလေး မိဘများ လာရောက်တိုင်ကြား၍ ဖြေရှင်းပေးခဲ့ခြင်းကို အသေးစိတ်ထွက်ဆိုခဲ့သည်။


အိမ်အကူမိန်းကလေးများ ၏ အုပ်ထိန်းသူများက ကလေး များအား မတွေ့ရှိရခြင်းနှင့်လုပ်ခ လစာများ မရရှိသည့်အတွက် အုပ်ချုပ်ရေးရုံးသို့ လာရောက် တိုင်ကြားခဲ့၍ နှစ်ဖက်ခေါ်ယူတွေ့ ဆုံညှိနှိုင်းပေးခဲ့ကာ မှတ်တမ်းတင် ထားကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူးက အဆိုပါအမှု၏ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် နိုဝင်ဘာ၃ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၌ ထွက်ဆိုခဲ့သည်။

၂၀၁၄ စက်တင်ဘာက ညှိ နှိုင်းခဲ့ရာတွင် အင်းဝအပ်ချုပ်ဆိုင် မှ ဒေါ်စုမွန်လတ်က မစန်းကေခိုင် ရရန်ရှိသော ငါးလစာလုပ်အားခ ၇၀,၀၀၀ ကျပ်ကို ဖခင်အား ပေး အပ်ခဲ့ပြီး မစန်းကေခိုင်က ၎င်း၏ ဖခင်ရွာသို့ ပြန်ခေါ်သည်ကို မ လိုက်လို၍ ထွက်ပြေးသောကြောင့် ဖခင်က သမီးဖြစ်သူ တစ်ခုခုဖြစ် မည်ကို စိုးရိမ်၍ လက်လျှော့ပြီး ကြိုတင်လစာသုံး သောင်းကျပ်ကို အုပ်ချုပ်ရေးမှူးရုံးတွင် လက်မှတ် ထိုးယူသွားကြောင်း သက်သေ ထွက်ဆိုခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အား ကလေးများ၏ မိဘဆွေမျိုး များလာခေါ်၍ ပြန်ထည့်ပေးရန် ပြောခဲ့ရာ အုပ်ချုပ်ရေးမှူးအား အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်ခင်သူဇာက ‘‘ဥက္ကဋ္ဌ ကျွန်မအ ကြောင်းသိစေရမယ်’’ဟု ခြိမ်း ခြောက်ပြောဆိုခဲ့သည်ဟု တရား လိုပြ သက်သေအုပ်ချုပ်ရေးမှူးက ထွက်ဆိုသည်။

မစန်းကေခိုင်ကို ငါးနှစ်လုံး လုံး အိမ်အကူလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ပြီး ရရှိလာသော ငွေ များကို မုန့်ဖိုးအနည်းငယ်ပေး၍ ကျန်ငွေများ ယူဆောင်သွားခြင်း နှင့် အမှန်စင်စစ်လုပ်အားခများကို ခေါင်းပုံဖြတ်ယူသွားသူများမှာ ၎င်းတို့၏ မိဘများသာ ဖြစ်ကြ သည်မှာ မှန်ပါသလားဟု တရားခံ ရှေ့နေ၏ မေးမြန်းမှုကို အုပ်ချုပ် ရေးမှူးက မသိပါဟုပြန်လည်ဖြေဆိုခဲ့ သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်တွင် အင်း ဝအပ်ချုပ်ဆိုင်မှ ဦးရာဇာထွန်း၊ ဒေါ်စုမွန်လတ်နှင့် မစန်းကေခိုင်၏ မိခင် ဒေါ်ညိုညိုဝင်းတို့ နှစ်ဦးနှစ် ဖက် သဘောတူညီချက်အရ နစ် နာကြေးကျပ်သိန်းလေးဆယ်ပေး အပ်မှုနှင့်ပတ်သက်၍ ထိုနေရာ တွင် မိမိရှိနေသောကြောင့် ပိုက် ဆံပေးမှန်းတော့ သိပါသည် မည် မျှပေးသည်ကို မသိပါဟု အုပ် ချုပ်ရေးမှူးက ဖြေကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top