Property Expo
×

အမ်ိဳးသားအမ်ားစုဟာ အိမ္ေထာင္က်သြားတဲ့အခါ အရင္ကျပဳမူလုပ္ေဆာင္ေနက်အရာေတြကို ဆက္လက္လုပ္ေဆာင္ဖုိ႔ ျငင္းဆန္လာၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း လ်စ္လ်ဴရႈပစ္လိုက္တာမ်ိဳး ရွိပါတယ္။ အိမ္ေထာင္က်သြားၿပီမုိ႔ ဒါေတြမလိုေတာ့ဘူးလို႔လည္း ထင္တတ္ၾကပါတယ္။ အမွန္တကယ္ေတာ့ သမီးရည္းစားဘ၀က လုပ္ေဆာင္ခဲ့တဲ့ တစ္ခ်ိဳ႕အေသးအဖြဲ ကိစၥေလးေတြဟာ အိမ္ေထာင္က်ၿပီးသြားခ်ိန္မွာလည္း ဆက္လက္လုပ္ေဆာင္သင့္သလို အဲ့ဒီ အေသးအဖြဲအရာေလးေတြကပဲ အိမ္ေထာင္ေရး ပိုမိုသာယာေစႏိုင္တဲ့အျပင္ ကိုယ့္အိမ္သူသက္ထားရဲ႕ ယံုၾကည္မႈကိုလည္း အတုိင္းအတာတစ္ခုထိ ရရွိေစတယ္ဆုိတာ ေျပာရင္ယံုမွာေတာင္ မဟုတ္ပါဘူး။ ဒီေတာ့ အိမ္ ေထာင္က်သြားတဲ့ အမ်ိဳးသားေတြအေန လ်စ္လ်ဴရႈလိုက္တဲ့ အရာတစ္ခ်ိဳ႕ကေတာ့

၁။ကိုယ့္ဇနီးမယားရဲ႕ လက္ကိုတြဲၿပီး လမ္းမေလွ်ာက္ၾကေတာ့ပါဘူး။

အိမ္ေထာင္က်ၿပီးသြားတဲ့ အမ်ိဳးသားေတြဟာ ကိုယ့္အိမ္သူရဲ႕လက္ကို တြဲၿပီး ေလွ်ာက္ဖုိ႔ မလိုအပ္ေတာ့ဘူးလို႔ ယူဆလိုက္ပံုရပါတယ္။ အမွန္ေတာ့ ဒါဟာ အမွားႀကီးမွားတာပါ။ အမ်ိဳးသမီးေတြအေနနဲ႔ စဥ္းစားရၾကပ္တယ္လို႔ ဆိုထားတဲ့အရာေတြထဲမွာ အိမ္ေထာင္က်ၿပီးသြားလို႔ ကိုယ့္အမ်ိဳးသားလက္ကို သြားတြဲတဲ့အခါမွာေတာင္ ကိုယ္ကပဲ ကေလးကလားလုပ္ေနသလို အေျပာခံရတယ္လို႔ ဆုိၾကပါတယ္။ အမွန္ေတာ့ ကိုယ့္အိမ္သူ၊ ကိုယ့္ဇနီးမယားရဲ႕ လက္ကိုတြဲၿပီး လမ္းေလွ်ာက္တာမ်ိဳးဟာ ေဘးလူေတြ သေဘာက်၊ အားက်တာမ်ိဳး ခံရရံုသာမကပါဘူး။ ႏွစ္ဦးစလံုးရဲ႕ ရင္ထဲမွာလည္း ငါတုိ႔ဟာ အရင္လို ခ်စ္ခင္ေနၾကဆဲ၊ တစ္ဦးနဲ႔တစ္ဦး ျမတ္ႏိုးခံုမင္ေနၾကဆဲဆိုတဲ့ စိတ္ကေလး ကိန္းေအာင္းသြားေစပါတယ္။ ေဖးမတဲ့သေဘာလည္း သက္ေရာက္ပါတယ္။

၂။ကိုယ့္ဇနီးမယားရဲ႕ ေဘးနားမွာ တြဲၿပီး မေလွ်ာက္ၾကေတာ့ပါဘူး။
 

ရည္းစားဘ၀တုန္းက ေဘးနားမွာ တတြဲတြဲ၊ မခြဲအတူ ရွိတတ္တဲ့ သူေတြက ခုမ်ားက်ေတာ့ ေရွ႕ကပဲ ဦးေဆာင္ခ်င္တာလား၊ ဒါမွမဟုတ္ ငါ့ေနာက္မွာပဲေနလုိ႔ ေျပာခ်င္တာလား၊ ဒါမွမဟုတ္ လမ္းေလွ်ာက္ပဲ ပိုသြက္သြားၾကတာလား စဥ္းစားစရာျဖစ္လာပါၿပီ။ အမ်ိဳးသမီးေတြ ေတာင့္တၾကတာက သူတုိ႔ေဘးနားမွာေနၿပီး သူတုိ႔နဲ႔အတူ ေျခလွမ္းတိုင္းအတူ လွမ္းခ်ီဖုိ႔ပါ။

၃။ကုိယ့္ဇနီးမယားအတြက္ ကားတံခါးလာဖြင့္ေပးတာမ်ိဳး မလုပ္ၾကေတာ့ပါဘူး။


အရင္က ကိုယ့္ခ်စ္သူကို သူမအိမ္မွာ လာေခၚတယ္၊ တစ္ေနရာမွာသြားႀကိဳတယ္ဆုိပါစို႔။ သူမဆင္းလာမယ့္ ကားတံခါးကို ဖြင့္ေပးတာ၊ သူမကားေပၚတက္ေတာ့မယ္ဆုိ ကားတံခါးဖြင့္ေပးတာမ်ိဳးေတြ လုပ္တတ္ၾကပါတယ္။ အိမ္ေထာင္က်သြားၿပီးခ်ိန္မွာေတာ့ အထုပ္အပိုးေတြ၊ ကေလးတစ္ဖက္နဲ႔ ျဖစ္ေနပါေစ ခုနကလို ကားတံခါးဖြင့္ေပးဖုိ႔ မေျပာနဲ႔။ လက္ထဲက ပစၥည္းေတြ ကူသယ္ေပးရင္ေတာင္ ကံေကာင္းလုိ႔ မွတ္ၾကရေတာ့တာပါပဲ။

၄။ကိုယ့္ဇနီးမယားနဲ႔အတူ ခရီးသြားတာမ်ိဳးေတြ မရွိေတာ့ပါဘူး။

အလုပ္ကိစၥကို ဗန္းျပၿပီး အရင္တုန္းကလုိ ခရီးရွည္မဟုတ္ဘဲ သိပ္မေ၀းတဲ့ ေနရာေဒသမ်ိဳးသြားရင္ေတာင္ ကိုယ့္ဇနီးကို လိုက္ဖုိ႔ မေခၚၾကေတာ့ပါဘူး။ အမွန္ဆို ကိုယ့္အမ်ိဳးသမီးနဲ႔အတူ ခရီးသြားတယ္ဆိုတာ ႏွစ္ဦးသားစိတ္ပင္ပန္းတာေတြ၊ စိတ္ညစ္ညဴးးခဲ့တာေတြ ျပန္လည္လန္းဆန္းသြားေအာင္၊ ခံစားမႈအသစ္ေတြ ျပန္လည္ေမြးဖြားႏိုင္ေအာင္ ဖန္တီးေပးျခင္းဆိုတာ မေမ့ပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အမျိုးသားအများစုဟာ အိမ်ထောင်ကျသွားတဲ့အခါ အရင်ကပြုမူလုပ်ဆောင်နေကျအရာတွေကို ဆက်လက်လုပ်ဆောင်ဖို့ ငြင်းဆန်လာကြပါတယ်။ တစ်ချို့ကလည်း လျစ်လျူရှုပစ်လိုက်တာမျိုး ရှိပါတယ်။ အိမ်ထောင်ကျသွားပြီမို့ ဒါတွေမလိုတော့ဘူးလို့လည်း ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ သမီးရည်းစားဘဝက လုပ်ဆောင်ခဲ့တဲ့ တစ်ချို့အသေးအဖွဲ ကိစ္စလေးတွေဟာ အိမ်ထောင်ကျပြီးသွားချိန်မှာလည်း ဆက်လက်လုပ်ဆောင်သင့်သလို အဲ့ဒီ အသေးအဖွဲအရာလေးတွေကပဲ အိမ်ထောင်ရေး ပိုမိုသာယာစေနိုင်တဲ့အပြင် ကိုယ့်အိမ်သူသက်ထားရဲ့ ယုံကြည်မှုကိုလည်း အတိုင်းအတာတစ်ခုထိ ရရှိစေတယ်ဆိုတာ ပြောရင်ယုံမှာတောင် မဟုတ်ပါဘူး။ ဒီတော့ အိမ် ထောင်ကျသွားတဲ့ အမျိုးသားတွေအနေ လျစ်လျူရှုလိုက်တဲ့ အရာတစ်ချို့ကတော့

၁။ကိုယ့်ဇနီးမယားရဲ့ လက်ကိုတွဲပြီး လမ်းမလျှောက်ကြတော့ပါဘူး။

အိမ်ထောင်ကျပြီးသွားတဲ့ အမျိုးသားတွေဟာ ကိုယ့်အိမ်သူရဲ့လက်ကို တွဲပြီး လျှောက်ဖို့ မလိုအပ်တော့ဘူးလို့ ယူဆလိုက်ပုံရပါတယ်။ အမှန်တော့ ဒါဟာ အမှားကြီးမှားတာပါ။ အမျိုးသမီးတွေအနေနဲ့ စဉ်းစားရကြပ်တယ်လို့ ဆိုထားတဲ့အရာတွေထဲမှာ အိမ်ထောင်ကျပြီးသွားလို့ ကိုယ့်အမျိုးသားလက်ကို သွားတွဲတဲ့အခါမှာတောင် ကိုယ်ကပဲ ကလေးကလားလုပ်နေသလို အပြောခံရတယ်လို့ ဆိုကြပါတယ်။ အမှန်တော့ ကိုယ့်အိမ်သူ၊ ကိုယ့်ဇနီးမယားရဲ့ လက်ကိုတွဲပြီး လမ်းလျှောက်တာမျိုးဟာ ဘေးလူတွေ သဘောကျ၊ အားကျတာမျိုး ခံရရုံသာမကပါဘူး။ နှစ်ဦးစလုံးရဲ့ ရင်ထဲမှာလည်း ငါတို့ဟာ အရင်လို ချစ်ခင်နေကြဆဲ၊ တစ်ဦးနဲ့တစ်ဦး မြတ်နိုးခုံမင်နေကြဆဲဆိုတဲ့ စိတ်ကလေး ကိန်းအောင်းသွားစေပါတယ်။ ဖေးမတဲ့သဘောလည်း သက်ရောက်ပါတယ်။

၂။ကိုယ့်ဇနီးမယားရဲ့ ဘေးနားမှာ တွဲပြီး မလျှောက်ကြတော့ပါဘူး။

ရည်းစားဘဝတုန်းက ဘေးနားမှာ တတွဲတွဲ၊ မခွဲအတူ ရှိတတ်တဲ့ သူတွေက ခုများကျတော့ ရှေ့ကပဲ ဦးဆောင်ချင်တာလား၊ ဒါမှမဟုတ် ငါ့နောက်မှာပဲနေလို့ ပြောချင်တာလား၊ ဒါမှမဟုတ် လမ်းလျှောက်ပဲ ပိုသွက်သွားကြတာလား စဉ်းစားစရာဖြစ်လာပါပြီ။ အမျိုးသမီးတွေ တောင့်တကြတာက သူတို့ဘေးနားမှာနေပြီး သူတို့နဲ့အတူ ခြေလှမ်းတိုင်းအတူ လှမ်းချီဖို့ပါ။

၃။ကိုယ့်ဇနီးမယားအတွက် ကားတံခါးလာဖွင့်ပေးတာမျိုး မလုပ်ကြတော့ပါဘူး။

အရင်က ကိုယ့်ချစ်သူကို သူမအိမ်မှာ လာခေါ်တယ်၊ တစ်နေရာမှာသွားကြိုတယ်ဆိုပါစို့။ သူမဆင်းလာမယ့် ကားတံခါးကို ဖွင့်ပေးတာ၊ သူမကားပေါ်တက်တော့မယ်ဆို ကားတံခါးဖွင့်ပေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ အိမ်ထောင်ကျသွားပြီးချိန်မှာတော့ အထုပ်အပိုးတွေ၊ ကလေးတစ်ဖက်နဲ့ ဖြစ်နေပါစေ ခုနကလို ကားတံခါးဖွင့်ပေးဖို့ မပြောနဲ့။ လက်ထဲက ပစ္စည်းတွေ ကူသယ်ပေးရင်တောင် ကံကောင်းလို့ မှတ်ကြရတော့တာပါပဲ။

၄။ကိုယ့်ဇနီးမယားနဲ့အတူ ခရီးသွားတာမျိုးတွေ မရှိတော့ပါဘူး။

အလုပ်ကိစ္စကို ဗန်းပြပြီး အရင်တုန်းကလို ခရီးရှည်မဟုတ်ဘဲ သိပ်မဝေးတဲ့ နေရာဒေသမျိုးသွားရင်တောင် ကိုယ့်ဇနီးကို လိုက်ဖို့ မခေါ်ကြတော့ပါဘူး။ အမှန်ဆို ကိုယ့်အမျိုးသမီးနဲ့အတူ ခရီးသွားတယ်ဆိုတာ နှစ်ဦးသားစိတ်ပင်ပန်းတာတွေ၊ စိတ်ညစ်ညူးးခဲ့တာတွေ ပြန်လည်လန်းဆန်းသွားအောင်၊ ခံစားမှုအသစ်တွေ ပြန်လည်မွေးဖွားနိုင်အောင် ဖန်တီးပေးခြင်းဆိုတာ မမေ့ပါနဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top