Property Expo
×

ပုံမွာ ျမင္ေတြ ့ေနရတာက Bastoy ေထာင္က အက်ဥ္းသားတစ္ေယာက္ပါ။ Bastoy ေထာင္ဟာ ေနာ္ေ၀ႏိုင္ငံမွာ တည္ရွိျပီး ေထာင္သားအမ်ားစုက လူသတ္တရားခံနဲ ့မုဒိန္းမွဳက်ဴးလြန္ခဲ့တဲ့လူေတြ ျဖစ္ပါတယ္။ ဒီေထာင္ဟာ ကမၻာမွာ လုံျခဳံေရးအနည္းဆုံးေထာင္လည္းျဖစ္ပါတယ္။ ေနာ္ေ၀ႏိုင္ငံ၊ အုိစလုိျမိဳ ့ေတာင္ဘက္ ၄၆ မုိင္အကြာက Bastoy ကၽြန္းေပၚမွာ တည္ေဆာက္ထားတာပါ။

ေထာင္သားေတြဟာ သစ္လုံးအိမ္ေတြမွာေနထိုင္ျပီး ေထာင္ရဲ့ စိုက္ပ်ိဳးေမြးျမဴေရးကို လုပ္ကိုင္ၾကရပါတယ္။ အားလပ္ခ်ိန္မွာ ျမင္းစီး၊ ငါးမွ်ား၊ တင္းနစ္ရိုက္၊ ႏွင္းေလွ်ာစီး စတဲ့ အားကစားေတြ ၾကိဳက္ႏွစ္သက္သလုိ လုပ္ႏိုင္ပါတယ္။ ဒီကၽြန္းကို ေရာက္ႏိုင္တဲ့တစ္ခုတည္းေသာနည္းလမ္းက ဖယ္ရီေလွ တစ္မ်ိဳးပဲရွိတာပါ။

ေထာင္သားေတြမွာ ကိုယ္ပုိင္အခန္းေသာ့ေတြရွိျပီး လြတ္လြတ္လပ္လပ္သြားလာႏိုင္ပါတယ္။ အေစာင့္ေတြဟာ လက္နက္ကိုင္ေဆာင္ထားျခင္းမရွိတဲ့အျပင္ ေထာင္ျခံစည္းရိုးေတာင္မရွိပါဘူး။ ေထာင္သားေတြ မွာ အခ်ိန္ပုိမ်ားစြာရွိျပီး Gym ကစားခန္းမမွာ အခ်ိန္ျဖဳန္းႏိုင္သလုိ ကမ္းေျခမွာလည္း သြားေရာက္ အပန္းေျဖႏိုင္ပါေသးတယ္။

ကၽြန္းမွာ ေထာင္သားဦးေရ ၁၁၅ ေယာက္ကို ထိန္းသိမ္းထားျပီး ေထာင္၀န္ထမ္း ၆၉ ေယာက္ရွိပါတယ္။ ညအခ်ိန္ေတြမွာ ေထာင္ေစာင့္ ငါးေယာက္ပဲ ထားရွိေပမယ့္ ထြက္ေျပးသူအက်ဥ္းသားတစ္ေယာက္မွ မရွိပါဘူး။ Bastoy ေထာင္ကို ကမၻာ့လူသားအဆန္ဆုံးေထာင္၊ အလြတ္လပ္ဆုံး၊ဇိမ္အက်ဆုံးေထာင္အျဖစ္ နာမည္ေပးထားၾကပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ပုံမှာ မြင်တွေ့နေရတာက Bastoy ထောင်က အကျဉ်းသားတစ်ယောက်ပါ။ Bastoy ထောင်ဟာ နော်ဝေနိုင်ငံမှာ တည်ရှိပြီး ထောင်သားအများစုက လူသတ်တရားခံနဲ့မုဒိန်းမှုကျူးလွန်ခဲ့တဲ့လူတွေ ဖြစ်ပါတယ်။ ဒီထောင်ဟာ ကမ္ဘာမှာ လုံခြုံရေးအနည်းဆုံးထောင်လည်းဖြစ်ပါတယ်။ နော်ဝေနိုင်ငံ၊ အိုစလိုမြို့တောင်ဘက် ၄၆ မိုင်အကွာက Bastoy ကျွန်းပေါ်မှာ တည်ဆောက်ထားတာပါ။

ထောင်သားတွေဟာ သစ်လုံးအိမ်တွေမှာနေထိုင်ပြီး ထောင်ရဲ့ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြရပါတယ်။ အားလပ်ချိန်မှာ မြင်းစီး၊ ငါးမျှား၊ တင်းနစ်ရိုက်၊ နှင်းလျှောစီး စတဲ့ အားကစားတွေ ကြိုက်နှစ်သက်သလို လုပ်နိုင်ပါတယ်။ ဒီကျွန်းကို ရောက်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းက ဖယ်ရီလှေ တစ်မျိုးပဲရှိတာပါ။

ထောင်သားတွေမှာ ကိုယ်ပိုင်အခန်းသော့တွေရှိပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်။ အစောင့်တွေဟာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့အပြင် ထောင်ခြံစည်းရိုးတောင်မရှိပါဘူး။ ထောင်သားတွေ မှာ အချိန်ပိုများစွာရှိပြီး Gym ကစားခန်းမမှာ အချိန်ဖြုန်းနိုင်သလို ကမ်းခြေမှာလည်း သွားရောက် အပန်းဖြေနိုင်ပါသေးတယ်။

ကျွန်းမှာ ထောင်သားဦးရေ ၁၁၅ ယောက်ကို ထိန်းသိမ်းထားပြီး ထောင်ဝန်ထမ်း ၆၉ ယောက်ရှိပါတယ်။ ညအချိန်တွေမှာ ထောင်စောင့် ငါးယောက်ပဲ ထားရှိပေမယ့် ထွက်ပြေးသူအကျဉ်းသားတစ်ယောက်မှ မရှိပါဘူး။ Bastoy ထောင်ကို ကမ္ဘာ့လူသားအဆန်ဆုံးထောင်၊ အလွတ်လပ်ဆုံး၊ဇိမ်အကျဆုံးထောင်အဖြစ် နာမည်ပေးထားကြပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top