Kantharyar Centre
×

အဂၤလန္ပရီးမီးယားလိဂ္မွ မန္ခ်က္စတာယူႏုိက္တက္က ကစားသမားေတြကုိ လုပ္ခလစာ အမ်ားဆုံးေပးတဲ့ ေဘာလုံးကလပ္ အသင္းအျဖစ္ ထိပ္ဆုံးမွ ရပ္တည္ခဲ့ေၾကာင္း ကမာၻတစ္ဝန္း အားကစားနယ္ပယ္မွ လုပ္ခလစာ ေလ့လာမႈစစ္တမ္း Global Sports Salaries Survey က ေဖာ္ျပပါတယ္။

မန္ယူအသင္းရဲ႕ ပထမဦးစားေပး ကစားသမားတစ္ေယာက္အတြက္ ပ်မ္းမွ်လုပ္ခလစာဟာ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ ၇.၂၇ သန္း သုိ႕မဟုတ္ တစ္ပတ္လွ်င္ ေဒၚလာ ၁၄၀,၀၀၀ နီးပါး ျဖစ္ပါတယ္။

ေဘာလုံးကလပ္အသင္းမ်ားအနက္ မန္ယူၿပီးလွ်င္ ဘာစီလိုနာက ေဒၚလာ ၅.၆၅ သန္း၊ မန္စီးတီးက ေဒၚလာ ၅.၄ သန္းျဖင့္ လုပ္ခလစာ အမ်ားဆုံးေပးတဲ့ ေဘာလုံးကလပ္မ်ားအျဖစ္ ဒုတိယနဲ႕ တတိယေနရာမွာ အသီးသီး ရပ္တည္ေနပါတယ္။

Global Sports Salaries Survey ေလ့လာမႈစစ္တမ္းအရ မန္ယူအသင္းဟာ ကမာၻတစ္ဝန္း လုပ္ခလစာ အမ်ားဆုံးေပးတဲ့ အားကစားအသင္းေတြမွာေတာ့ စတုတၳေနရာမွာ ရပ္တည္ခဲ့ပါတယ္။

ကစားသမားေတြကုိ လုပ္ခလစာ အမ်ားဆုံးေပးတဲ့ ထိပ္ဆုံး အားကစားအသင္း ၃ သင္းမွာ NBA မွ Cleveland Cavaliers က တစ္ႏွစ္လွ်င္ လုပ္ခလစာ ေဒၚလာ ၈.၇ သန္း၊ ေဘ့စ္ေဘာအသင္း New York Yankees က ေဒၚလာ ၇.၆၈ သန္းနဲ႕ NBA အသင္း LA Clippers က ေဒၚလာ ၇.၆၅ သန္းျဖင့္ အစဥ္လုိက္ ရပ္တည္ေနပါတယ္။

ယခု ေလ့လာမႈစစ္တမ္းကုိ ကမာၻတစ္ဝန္းမွ အားကစားအမ်ဳိးအစား ၇ မ်ဳိးနဲ႕ အားကစားအသင္း ၃၃၃ သင္းရဲ႕ ကစားသမား ၁၀,၀၀၀ ကုိ အေျခခံျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်က ကစားသမားတွေကို လုပ်ခလစာ အများဆုံးပေးတဲ့ ဘောလုံးကလပ် အသင်းအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း ကမ္ဘာတစ်ဝန်း အားကစားနယ်ပယ်မှ လုပ်ခလစာ လေ့လာမှုစစ်တမ်း Global Sports Salaries Survey က ဖော်ပြပါတယ်။

မန်ယူအသင်းရဲ့ ပထမဦးစားပေး ကစားသမားတစ်ယောက်အတွက် ပျမ်းမျှလုပ်ခလစာဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇.၂၇ သန်း သို့မဟုတ် တစ်ပတ်လျှင် ဒေါ်လာ ၁၄၀,၀၀၀ နီးပါး ဖြစ်ပါတယ်။

ဘောလုံးကလပ်အသင်းများအနက် မန်ယူပြီးလျှင် ဘာစီလိုနာက ဒေါ်လာ ၅.၆၅ သန်း၊ မန်စီးတီးက ဒေါ်လာ ၅.၄ သန်းဖြင့် လုပ်ခလစာ အများဆုံးပေးတဲ့ ဘောလုံးကလပ်များအဖြစ် ဒုတိယနဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Global Sports Salaries Survey လေ့လာမှုစစ်တမ်းအရ မန်ယူအသင်းဟာ ကမ္ဘာတစ်ဝန်း လုပ်ခလစာ အများဆုံးပေးတဲ့ အားကစားအသင်းတွေမှာတော့ စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ကစားသမားတွေကို လုပ်ခလစာ အများဆုံးပေးတဲ့ ထိပ်ဆုံး အားကစားအသင်း ၃ သင်းမှာ NBA မှ Cleveland Cavaliers က တစ်နှစ်လျှင် လုပ်ခလစာ ဒေါ်လာ ၈.၇ သန်း၊ ဘေ့စ်ဘောအသင်း New York Yankees က ဒေါ်လာ ၇.၆၈ သန်းနဲ့ NBA အသင်း LA Clippers က ဒေါ်လာ ၇.၆၅ သန်းဖြင့် အစဉ်လိုက် ရပ်တည်နေပါတယ်။

ယခု လေ့လာမှုစစ်တမ်းကို ကမ္ဘာတစ်ဝန်းမှ အားကစားအမျိုးအစား ၇ မျိုးနဲ့ အားကစားအသင်း ၃၃၃ သင်းရဲ့ ကစားသမား ၁၀,၀၀၀ ကို အခြေခံပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top