Property Expo
×


Credit:Duwun

#Unicode Version
လူကြီးမင်းအနေနဲ့ ဘဏ်မှာအကောင့်တစ်ခုဖွင့်မယ်ဆိုရင် “မည်သည့်အတွက်ကြောင့်ဘဏ်အကောင့်ဖွင့်ဖို့လိုအပ်လဲ” ဆိုတာကိုပြန်စဉ်စားသင့်ပါတယ်။ Bill ပေးဆောင်ခြင်း၊ လစာများလွှဲပြောင်းပေးခြင်း စတဲ့ နေ့စဉ်အသုံးစရိတ်တွေကို စီမံခန့်ခွဲလိုရင်တော့ Savings Account ၊ Current Account ဒါမှမဟုတ် Savings နဲ့ Current Account နှစ်မျိုးလုံးကအသုံးဝင်ဆုံးဖြစ်ပါတယ်။ မည်သည့်ဘဏ်မှာဖြစ်စေ အကောင့်တစ်ခုဖွင့်မယ်ဆိုရင် အောက်ပါအချက်အလတ်တွေကို မေးမြန်းသင့်ပါတယ်။
Savings Account နဲ့ Current Account များအတွက် ……………..
• ဘဏ်မှာ အကောင့်တစ်ခုဖွင့်မည်ဆိုရင် အနည်းဆုံး စထည့်ရမယ့်ငွေပမာဏ နဲ့ လစဉ်၊နှစ်စဉ်အတိုးနှုန်းတွေ မည်မျှရှိကြောင်း ။
• အတိုးနှုန်းတွက်တဲ့ပုံစံနဲ့ မိမိအကောင့်ထဲ အတိုးထည့်သွင်းပေးတဲ့ပုံစံအကြောင်း။
• လစဉ်အကောင့်ထဲရှိရမယ့် အနည်းဆုံးငွေလက်ကျန်ပမာဏ၊ လက်ကျန်ပမာဏ အောက်လျော့ပါက ဒဏ်ကြေးငွေပေးရန် လို/မလို ၊ ပေးရန်လိုအပ်ပါက ပေးရမည့်ပမာဏ မည်မျှရှိကြောင်း။
• အကောင့်ဖွင့်ပြီးပါက အနည်းဆုံး မပိတ်ဘဲထားရမယ့် အချိန်ကာလ ရှိမရှိ ၊ ရှိပါက ထိုကာလထက်စောပိတ်လိုလျှင်ပေးရမည့် နှုန်းထားများ။ • ဘဏ်(သို့မဟုတ်)ATM စက်မှ တစ်ရက်အတွင်း ငွေပမာဏ မည်မျှထုတ်ယူနိုင်ကြောင်း စတဲ့အချက်တွေကို စုံစမ်းမေးမြန်းသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top