Property Expo
×

မၾကာေသးခင္ကမွ လူမႈကြန္ယက္ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ စိုင္းလႊမ္းရဲ႕အိမ္ေထာင္ေရးနဲ႕ပတ္သက္ၿပီး ေ၀ဖန္မႈတခ်ိဳ႕ထြက္ေပၚခဲ့ပါတယ္။ အဆိုပါေ၀ဖန္မႈေတြနဲ႕ပတ္သက္ၿပီး စိုင္းလႊမ္းနဲ႕ထက္ထက္မိုးဦးတို႕ကလဲ တခ်ိဳ႕မီဒီယာမ်ားအေပၚေျဖရွင္းေျပာျပထားေပမဲ့ သို႕ေလာသို႕ေလာျဖစ္ေနတဲ့ ပရိသတ္ေတြအတြက္ စိုင္းလႊမ္းက သူတို႕အိမ္ေထာင္သက္ရွစ္ႏွစ္ျပည့္ၿပီဆိုတဲ့အေၾကာင္း၊ လူမႈကြန္ယက္အေပၚပံုမတင္ရျခင္းအေၾကာင္း၊ အျပင္ထြက္ရင္မိသားစုလိုက္ထြက္ခဲတဲ့ အေၾကာင္းမ်ားအျပင္ ေ၀ဖန္သူေတြအေပၚ သူထားရွိတဲ့ သေဘာထားမ်ားနဲ႕လက္ရွိအႏုပညာလႈပ္ရွားမႈမ်ားကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈေလးကိုလဲ သိခ်င္ပါတယ္။

အခုလက္ရွိက ကိုညိဳမင္းလြင္နဲ႕ ဒိုင္ႏိုေစာကားရုိက္ေနတယ္။ အဲ့ဒီကားက ေလာေလာဆယ္ေတာ့ တစ္၀က္ရုိက္ၿပီးသြားၿပီေပါ့။ ေနာက္ၿပီး ကၽြန္ေတာ့္တစ္ကုိယ္ေတာ္အေခြအတြက္သီခ်င္းေတြသြင္းျဖစ္ေနတယ္။

-ဒိုင္ႏိုေဆာကားထဲမွာေရာ ဘယ္လိုကာရိုက္တာမ်ိဳးေလးမ်ားလဲ။

ကၽြန္ေတာ္က ဒိုင္ႏုိေဆာေတြကို သုေတသနလုပ္ေနတဲ့လူတစ္ေယာက္ေပါ့။ အဲ့ဒီထဲမွာ ကၽြန္ေတာ့္သမီးေလးလဲပါတယ္။ သူကေတာ့ ကၽြန္ေတာ့သမီးပါပဲ။ အဲ့ဒီကားကရုိက္ေနရင္း တန္းလန္းပဲ။ မၿပီးေသးတာက အဲ့ဒီကားကတစ္ခန္းတစ္ခန္းရိုက္ေတာ့မယ္ဆိုရင္ ျပင္ဆင္ရတာေတြ အရမ္းမ်ားတယ္။ အဲ့ဒါေၾကာင့္ ရုိက္လိုက္ျပင္ဆင္လိုက္ေပါ့။

-သီခ်င္းသြင္းေနတာကေရာ ဘယ္ေလာက္ၿပီးသြားၿပီလဲ။

ေလာေလာဆယ္ကၽြန္ေတာ့္ Single အတြက္ သီခ်င္းသြင္းေနတာပါ။ ဒိုင္ႏုိေဆာကားအတြက္ ျပင္ဆင္ေနတဲ့အခ်ိန္ၾကားထဲ ကုိယ္အားေနတဲ့အခ်ိန္ေလးကို သီခ်င္းသြင္းျဖစ္ေနတာပါ။

-ဗီဒီယိုအေနနဲ႕ေရာ လက္ခံထားတာေတြရွိဦးမလား။

ဗီဒီယိုေတာ့မရွိဘူး။ ကားၾကီးေတြပဲ ဆက္တိုက္ရုိက္ျဖစ္ေနတယ္။ အခုေလာေလာဆယ္ ၁၀ကားရွိၿပီေပါ့။ ေျမာက္ဥကၠလာက ကန္သာယာရံုမွာ ၂၈ ရက္ေန႕က်ရင္ မယံုရင္ေတာ့ ပံုျပင္ေပါ့ဆိုတဲ့ ကားၾကီးစတင္မယ္။ အဲ့ဒီမွာတင္ၿပီးမွ တျခားရံုေတြမွာ ဆက္တင္ပါမယ္။

-၂၃ ရက္ေန႕က အစ္ကို႕ေမြးေန႕လို႕သိရတယ္။ ထူးထူးျခားျခားဘာေတြလုပ္ျဖစ္ေသးလဲ။

ဟုတ္တဲ့။ ထူးထူးျခားျခားပြဲေတြေတာ့ မလုပ္ျဖစ္ဘူး။ အသက္ကေတာ့ ၂၈ႏွစ္ ျပည့္တာပါ။ သမီးနဲ႕ေတာဘုန္းၾကီးေက်ာင္းမွာသြားလွဴျဖစ္တယ္။ ညဖက္ကိတ္ခြဲတယ္။ အခမ္းအနားနဲ႕ေမြးေန႕မလုပ္ျဖစ္တာကေတာ့ ကၽြန္ေတာ္တို႕မအားလို႕ပါ။ အဲ့ဒီေန႕က မထက္ကလဲ ရိႈးေလွ်ာက္ရလို႕ပါ။

-အသက္တစ္ႏွစ္ၾကီးသြားတဲ့အေပၚ စိတ္ခံစားခ်က္ကိုလဲသိခ်င္ပါတယ္။

ကၽြန္ေတာ္အိမ္ေထာင္စက်တဲ့အခ်ိန္မွာ အသက္ငယ္ေသးတယ္လို႕ေျပာရမယ္။ အိမ္ေထာင္က်ၿပီးကတည္းက ကၽြန္ေတာ္ေျပာင္းလဲခဲ့တယ္။ အဲ့ဒီကတည္းက ရင့္က်က္လာခဲ့တယ္လို႕ေျပာရမယ္။ ကၽြန္ေတာ္ ၂၀၀န္းက်င္ေလာက္မွာ အိမ္ေထာင္ စက်တာဆိုေတာ့ အခုက ၂၈ဆိုေတာ့ အိမ္ေထာင္သက္ကေတာ့ ရွစ္ႏွစ္ရွိၿပီ။ တစ္ႏွစ္ၾကီးမွ ေျပာင္းလဲတာမ်ိဳးေတာ့ မဟုတ္ဘူး။ ကၽြန္ေတာ္က အိမ္ေထာင္စက်ကတည္းက ရင့္က်က္ၿပီးေျပာင္းလဲခဲ့တာဆိုေတာ့ သိပ္ၾကီးအထူးတလည္ေတာ့မေျပာင္းလဲသြားဘူး။ ဒါေပမဲ့ ရင့္က်က္တာထက္ေတာ့ ပိုၿပီးရင့္က်က္သြားတယ္ေပါ့။

-စစ္လြန္း၀တီထက္ကိုလဲ ေၾကာ္ျငာအခ်ိဳ႕မွာေတြ႕လာရေတာ့ သူ႕အႏုပညာပိုင္နဲ႕ပတ္သက္ၿပီး ဘယ္လိုပံ့ပိုးေပးသြားမလဲ။

သမီးေလးက အႏုပညာကို အေတာ္၀ါသနာပါတယ္။ မလုပ္ရရင္ မေနႏုိင္ေလာက္ေအာင္စြဲစြဲလန္းလန္းျဖစ္ေနတာမ်ိဳးေတြလဲရွိတယ္။ သူက ေၾကာ္ျငာလဲရုိက္တယ္။ ပန္းခ်ီဆြဲတယ္။ စႏၵယားတီးတယ္။ ဂစ္တာတီးတယ္။ ဆိုေတာ့ အႏုပညာနဲ႕ပတ္သက္တာေတာ္ေတာ္မ်ားမ်ားကို သူက၀ါသနာပါတယ္။ သူျဖစ္ခ်င္တာကို ကၽြန္ေတာ္တို႕ကအားေပးၿပီးလိုက္ပံ့ပိုးေပးရံုပါပဲ။ သူလုပ္ခ်င္တာကို လိုက္ပံ့ပိုးေပးမွာေပါ့။

-သူကဘယ္ေက်ာင္းမွာပညာသင္ၾကားေနတယ္ဆိုတာေလးကိုလဲသိခ်င္ပါတယ္။

MISY မွာ Year 1 တက္ေနပါတယ္။ ပညာေရးကေတာ့ သူေက်ာင္းတက္တယ္။ သူနားရမဲ့အခ်ိန္မွာ အႏုပညာနဲ႕ပတ္သက္တာေတြ လုပ္တယ္။ သူမ်ားကေလးေတြလိုေဆာ့လဲ သိပ္မေဆာ့တတ္ဘူး။။

-စစ္လြန္းေလးက အစ္ကုိနဲ႕ေနတာပုိမ်ားသလိုပဲ။

ဒီလိုပါ။ အဲ့ဒါကေတာ့ အရင္ကေတာ့ သူ႕အေမေနမေကာင္းတာနဲ႕ႏုိင္ငံျခားမွာ သြားေမြးၿပီးျပန္လာတဲ့အခါ သမီးကို ကၽြန္ေတာ္ပဲ ထိန္းတာမ်ားတဲ့အတြက္ ကၽြန္ေတာ္နဲ႕လိုက္ကပ္တာမ်ားတယ္။ သမီးဆိုတာ ထံုးစံကအေမဆီကပ္တာမ်ားေပမဲ့ သမီးကိုေတာ့ ကၽြန္ေတာ္က ထိန္းရတာမ်ားေတာ့ ကၽြန္ေတာ့္ဆီပုိကပ္တယ္ေျပာရမယ္။

-သမီးေလးနဲ႕အတူ ခရီးေတြဘာေတြသြားဖို႕ေရာစီစဥ္ထားတာရွိမလား။

ဒီဇင္ဘာကေတာ့ ဘန္ေကာက္မွာရွိဖုိ႕မ်ားတယ္။ သမီးအေနနဲ႕က ဒီမွာက်ေတာ့ အျပင္ထြက္လည္ရတာ သိပ္မရွိတဲ့အတြက္ေၾကာင့္ သူ႕ကိုအဆင္ေျပေအာင္ ဘန္ေကာက္ေတာ့ပို႕ေပးျဖစ္တယ္။ ဒီမွာဆို အျပင္သြားရင္ ဓာတ္ပံုရုိက္တဲ့သူနဲ႕ဆိုေတာ့ သူေကာင္းေကာင္းေဆာ့လို႕မရဘူး။ အဲ့ဒါေၾကာင့္ တစ္ခါတစ္ေလသူက မသြားခ်င္တဲ့အခါက်ေတာ့ တစ္ႏွစ္ကို ႏွစ္ၾကိမ္ေလာက္ေတာ့ ျပည္ပကိုပုိ႕ေပးျဖစ္တယ္။

-အစ္ကိုတုိ႕မိသားစုအေၾကာင္းကို လူမႈကြန္ယက္ေပၚမွာတစ္ခ်ိဳ႕ေတြက ကြဲေနၿပီဘာညာဆိုၿပီးေလွ်ာက္ေျပာေနၾကတာေတြရွိတယ္ေလ။ အဲ့ဒီအေပၚ အစ္ကို႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ဘာမွမျဖစ္ပါဘူး။ ဘာမွမျဖစ္ပါဘူးဆိုတာက ေျပာေနတဲ့သူေတြထဲ ၀င္ၾကည့္ရင္ဓာတ္ပံုက သံုးပံုထက္ ပိုမရွိပါဘူး။ ဒါေတြကတစ္ေယာက္တည္းလုပ္ေနတဲ့ဟာေတြပါ။ သိပ္လဲေခါင္းထဲမရွိပါဘူး။ မျဖစ္မေန အရမ္းရိုင္းလာမွသာ တစ္လံုးႏွစ္လံုးျပန္ေျပာျဖစ္တာမ်ိဳးပါ။ ဘာလို႕လဲဆိုေတာ့ ဒီအိုင္တီပိုင္းက သူတုိ႕ေလာက္ေတာ့ ကၽြန္ေတာ္လဲတတ္ပါတယ္။ ကၽြန္တာ္လဲ မလုပ္ခ်င္လို႕ျငိမ္ေနတာပါ။ ျငိမ္ေနတာေတာ့ မဟုတ္ပါဘူး။ ေစာင့္ၾကည့္ေနတာေပါ့။ တစ္ခုမဟုတ္တစ္ခုနဲ႕ကၽြန္ေတာ္ျပန္လုပ္မွာပါ။ ဒါကၽြန္ေတာ္တို႕မိသားစုအတြက္ ကၽြန္ေတာ္လုပ္တဲ့ အေနအထားပဲ။ သူတုိ႕ေတြအကုန္လံုးကလဲ အဆင့္မရွိလို႕လုပ္တာေပါ့။ အဲ့ဒါေၾကာင့္ေခါင္းထဲလဲသိပ္မထည့္ပါဘူး။ အလုပ္ရွိတဲ့သူေတြကတစ္ခါတစ္ေလၾကည့္ေတာင္မၾကည့္ျဖစ္ပါဘူး။ သူမ်ားေတြေျပာမွ သိတာေပါ့။ ဒါၾကီးကိုလိုက္ၿပီး အာရံုစိုက္ေနမယ္ဆုိရင္ ကုိယ္ပဲအာရံုေနာက္ရတာေပါ့။

-အစ္ကိုတုိ႕ကကြဲေနၾကတယ္ေပါ့။ ကေလးကလဲ အစ္ကိုနဲ႕ပဲအျမဲေတြ႕ရတယ္ဆိုၿပီး ေျပာေနၾကတဲ့အေပၚမွာေရာ အစ္ကိုဘာမ်ားေျပာခ်င္လဲ။

ဒါကေလ အဆင့္မရွိတဲ့သူက လုပ္ေနတာျဖစ္တဲ့အတြက္ ဘာမွေတာ့မျဖစ္ဘူး။ အရမ္းၾကီးလြန္လြန္က်ဴးက်ဴးျဖစ္လာမွသာလွ်င္ ေျပာဆိုတာမ်ားလာမွသာ ကၽြန္ေတာ္တို႕ေရးတာပါ။ ကၽြန္ေတာ္ေရာ မထက္ေရာအျမဲတမ္းေျပာပါတယ္။ အေကာင့္တုေတြ အရမ္းမ်ားတယ္။ ထက္ထက္မိုးဦးဆိုရင္ page တစ္ခုရွိတယ္။ ကၽြန္ေတာ္တို႕သံုးတဲ့အေကာင့္ထက္ေတာင္ လူမ်ားေသးတယ္။ တခ်ိဳ႕ကိုေျပာျပတယ္။ ဒါက fake ဘာညာဆိုၿပီး။ ဒါေပမဲ့အဲ့ဒါကို အစစ္ဆိုၿပီး အေျပးအလႊားလိုက္ add ၾကတယ္။ ဟို Fake အေကာင့္မွာဆုိ ေဆးေတြေၾကာ္ျငာၾကတယ္။ တစ္ခုခုျဖစ္တဲ့အခါ မထက္ page က တင္တာဆိုေတာ့ ဒီဖက္ကိုလာထိမွာ စိုးတယ္ေလ။ အဲ့ဒါေၾကာင့္မထက္ကိုေျပာျပတယ္။ အဲ့ဒီေတာ့မတင္ဘူးေပါ့။ ဆိုၿပီး မတင္ရင္ သူတုိ႕လဲဘာမွလုပ္လို႕မရဘူးဆိုၿပီး မထက္ပံု မတင္ျဖစ္တာပါ။ ပံုမတင္ရင္ မတင္တင္ေအာင္ လုပ္ၾကတယ္။ ပံုလဲတင္ေရာ နမ္းၿပီးမတင္ရဲဘူးဆိုၿပီးေျပာၾကျပန္ေရာ။ နမ္းၿပီးတင္ရေအာင္ရူးေနတာမွမဟုတ္ပဲ။ သူတုိ႕လိုေအာက္တန္းစားေတြလဲ မဟုတ္ဘူးေလ။ အဓိပၸါယ္မွမရွိတာ။ အဓိပၸါယ္မရွိတဲ့ဟာၾကီးကို ၀င္ေျပာေနၾကတယ္ဆိုေတာ့လဲ ေျပာၾကေပါ့ေလ။ ကိုယ္ကေတာ့ေခါင္းထဲကထုတ္ထားတယ္။ ကၽြန္ေတာ္ျပန္လုပ္တဲ့အခါကမွ သူတို႕လဲအခုလိုရယ္ေနေအာင္ၾကိဳးစားေပါ့။

-အိမ္ေထာင္သက္ရွစ္ႏွစ္ၾကာေအာင္ဘယ္လိုနားလည္မႈေတြယူခဲ့လဲ ။ ဘယ္လိုအဆင္ေျပေခ်ာေမြ႕ေနေအာင္ထိန္းသိမ္းခဲ့ရလဲ။

အဓိကက နားလည္မႈဆိုတာထက္ ယံုၾကည္မႈေပါ့။ ခရီးေတြထြက္ေနရတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္မေတြ႕ရဘူး။ ကိုယ့္ဟာကိုယ္ယံုယံုၾကည္ၾကည္နဲ႕နားလည္မႈရွိေနတယ္။ မထက္ဆို ကၽြန္ေတာ့္ထက္ၾကီးတယ္။ အဲ့ဒါကို သ၀န္တိုေနရတာမ်ိဳးရွိေနရမဲ့ အခ်ိန္မ်ိဳးလူမ်ိဳးမဟုတ္ဘူးေလ။ ဒီေနရာမွာကၽြန္ေတာ္ ဒါလုပ္ရင္သူသိမွာပဲ။ အဲ့ဒီလိုပဲ သူဟိုေနရာမွာဟိုဟာလုပ္ရင္ ကၽြန္ေတာ္လဲျပန္သိမွာပဲ။ မလုပ္ရင္မသိဘူးေပါ့။ လုပ္ရင္ျပန္သိၾကမွာပဲ။ ဒါေပမဲ့ကၽြန္ေတာ္တို႕ႏွစ္ေယာက္စလံုး ဘာမွမလုပ္ၾကဘူး။ လုပ္ဖုိ႕ေခါင္းထဲလဲမရွိဘူး။ စိတ္ထဲလဲမရွိဘူး။ ကိုယ့္မိသားစုနဲ႕ကိုယ္၊ ကုိယ့္စီးပြားေရးေလး ကိုယ္လုပ္တယ္။ လာၿပီးေတာ့ ရန္စရင္ကၽြန္ေတာ္ကေတာ့မခံဘူး။ ေနာက္ၿပီးေတာ့ အိမ္ေထာင္သက္ကို ထိန္းသိမ္းပါတယ္ဆိုကတည္းက သူလုပ္ခ်င္ေနလို႕ေစာင့္စည္းရမယ္။ ထိန္းသိမ္းရမယ္ဆိုတဲ့စိတ္ျဖစ္ေနတာေပါ့။ သူမလုပ္ရင္ထိန္းသိမ္းစရာလဲမလုိဘူး။ေစာင့္စည္းစရာလဲမလိုဘူးေလ။ ကၽြန္ေတာ္ေနတတ္တဲ့ပံုစံအတိုင္းပဲေနတယ္။ ကၽြန္ေတာ္ကေတာ္ရံုတန္ရံုဆိုစတူဒီယိုနဲ႕အိမ္၊ ရႈတင္နဲ႕အိမ္ပဲ။ က်န္တာက မထက္နဲ႕ေနတယ္။ သမီးေလးနဲ႕ေနတယ္။ ကၽြန္ေတာ္တို႕ကအျပင္ထြက္ရင္လဲ ကၽြန္ေတာ္တစ္ေယာက္တည္းကေအးေဆး မထက္နဲ႕သမီးပါရင္ အျပင္ထြက္လုိ႕က အဆင္မေျပေတာ့ဘူး။ ဓာတ္ပံုရုိက္ဘာညာဆိုေတာ့ေလ။ ကၽြန္ေတာ္လဲမသြားခ်င္ေတာ့ဘူး။ ကေလးကလဲ မသြားခ်င္ေတာ့ဘူး။ အဲ့ဒါေၾကာင့္ဒီမွာအျပင္သြားခဲပါတယ္။

-ေ၀ဖန္တာခံရၿပီးတဲ့ေနာက္ပိုင္းမွာ ႏွစ္ေယာက္တြဲပံုေတြေရာျပန္တင္ျဖစ္ေသးလား။

ဟိုတေန႕ကေတာ့ မထက္အစ္ကိုနဲ႕ကၽြန္ေတာ္တို႕လင္မယားႏွစ္ေယာက္နဲ႕သံုးေယာက္ပံုတင္ထားတယ္။ ကၽြန္ေတာ္တို႕ဟာကၽြန္ေတာ္တင္ခ်င္တဲ့စိတ္ရွိရင္ တင္တယ္။ တင္ခ်င္စိတ္မရွိရင္လဲ မတင္ဘူးေပါ့။ ဓာတ္ပံုမတင္လို႕သာကြဲေၾကးဆိုရင္ေတာ့ အစ္မရယ္ တျခားမတင္ခ်င္လို႕မတင္ၾကတဲ့သူေတြလဲ အမ်ားၾကီးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

မကြာသေးခင်ကမှ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ စိုင်းလွှမ်းရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတချို့ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါဝေဖန်မှုတွေနဲ့ပတ်သက်ပြီး စိုင်းလွှမ်းနဲ့ထက်ထက်မိုးဦးတို့ကလဲ တချို့မီဒီယာများအပေါ်ဖြေရှင်းပြောပြထားပေမဲ့ သို့လောသို့လောဖြစ်နေတဲ့ ပရိသတ်တွေအတွက် စိုင်းလွှမ်းက သူတို့အိမ်ထောင်သက်ရှစ်နှစ်ပြည့်ပြီဆိုတဲ့အကြောင်း၊ လူမှုကွန်ယက်အပေါ်ပုံမတင်ရခြင်းအကြောင်း၊ အပြင်ထွက်ရင်မိသားစုလိုက်ထွက်ခဲတဲ့ အကြောင်းများအပြင် ဝေဖန်သူတွေအပေါ် သူထားရှိတဲ့ သဘောထားများနဲ့လက်ရှိအနုပညာလှုပ်ရှားမှုများကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးကိုလဲ သိချင်ပါတယ်။

အခုလက်ရှိက ကိုညိုမင်းလွင်နဲ့ ဒိုင်နိုစောကားရိုက်နေတယ်။ အဲ့ဒီကားက လောလောဆယ်တော့ တစ်ဝက်ရိုက်ပြီးသွားပြီပေါ့။ နောက်ပြီး ကျွန်တော့်တစ်ကိုယ်တော်အခွေအတွက်သီချင်းတွေသွင်းဖြစ်နေတယ်။

-ဒိုင်နိုဆောကားထဲမှာရော ဘယ်လိုကာရိုက်တာမျိုးလေးများလဲ။

ကျွန်တော်က ဒိုင်နိုဆောတွေကို သုတေသနလုပ်နေတဲ့လူတစ်ယောက်ပေါ့။ အဲ့ဒီထဲမှာ ကျွန်တော့်သမီးလေးလဲပါတယ်။ သူကတော့ ကျွန်တော့သမီးပါပဲ။ အဲ့ဒီကားကရိုက်နေရင်း တန်းလန်းပဲ။ မပြီးသေးတာက အဲ့ဒီကားကတစ်ခန်းတစ်ခန်းရိုက်တော့မယ်ဆိုရင် ပြင်ဆင်ရတာတွေ အရမ်းများတယ်။ အဲ့ဒါကြောင့် ရိုက်လိုက်ပြင်ဆင်လိုက်ပေါ့။

-သီချင်းသွင်းနေတာကရော ဘယ်လောက်ပြီးသွားပြီလဲ။

လောလောဆယ်ကျွန်တော့် Single အတွက် သီချင်းသွင်းနေတာပါ။ ဒိုင်နိုဆောကားအတွက် ပြင်ဆင်နေတဲ့အချိန်ကြားထဲ ကိုယ်အားနေတဲ့အချိန်လေးကို သီချင်းသွင်းဖြစ်နေတာပါ။

-ဗီဒီယိုအနေနဲ့ရော လက်ခံထားတာတွေရှိဦးမလား။

ဗီဒီယိုတော့မရှိဘူး။ ကားကြီးတွေပဲ ဆက်တိုက်ရိုက်ဖြစ်နေတယ်။ အခုလောလောဆယ် ၁၀ကားရှိပြီပေါ့။ မြောက်ဥက္ကလာက ကန်သာယာရုံမှာ ၂၈ ရက်နေ့ကျရင် မယုံရင်တော့ ပုံပြင်ပေါ့ဆိုတဲ့ ကားကြီးစတင်မယ်။ အဲ့ဒီမှာတင်ပြီးမှ တခြားရုံတွေမှာ ဆက်တင်ပါမယ်။

-၂၃ ရက်နေ့က အစ်ကို့မွေးနေ့လို့သိရတယ်။ ထူးထူးခြားခြားဘာတွေလုပ်ဖြစ်သေးလဲ။

ဟုတ်တဲ့။ ထူးထူးခြားခြားပွဲတွေတော့ မလုပ်ဖြစ်ဘူး။ အသက်ကတော့ ၂၈နှစ် ပြည့်တာပါ။ သမီးနဲ့တောဘုန်းကြီးကျောင်းမှာသွားလှူဖြစ်တယ်။ ညဖက်ကိတ်ခွဲတယ်။ အခမ်းအနားနဲ့မွေးနေ့မလုပ်ဖြစ်တာကတော့ ကျွန်တော်တို့မအားလို့ပါ။ အဲ့ဒီနေ့က မထက်ကလဲ ရှိုးလျှောက်ရလို့ပါ။

-အသက်တစ်နှစ်ကြီးသွားတဲ့အပေါ် စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။

ကျွန်တော်အိမ်ထောင်စကျတဲ့အချိန်မှာ အသက်ငယ်သေးတယ်လို့ပြောရမယ်။ အိမ်ထောင်ကျပြီးကတည်းက ကျွန်တော်ပြောင်းလဲခဲ့တယ်။ အဲ့ဒီကတည်းက ရင့်ကျက်လာခဲ့တယ်လို့ပြောရမယ်။ ကျွန်တော် ၂၀၀န်းကျင်လောက်မှာ အိမ်ထောင် စကျတာဆိုတော့ အခုက ၂၈ဆိုတော့ အိမ်ထောင်သက်ကတော့ ရှစ်နှစ်ရှိပြီ။ တစ်နှစ်ကြီးမှ ပြောင်းလဲတာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော်က အိမ်ထောင်စကျကတည်းက ရင့်ကျက်ပြီးပြောင်းလဲခဲ့တာဆိုတော့ သိပ်ကြီးအထူးတလည်တော့မပြောင်းလဲသွားဘူး။ ဒါပေမဲ့ ရင့်ကျက်တာထက်တော့ ပိုပြီးရင့်ကျက်သွားတယ်ပေါ့။

-စစ်လွန်းဝတီထက်ကိုလဲ ကြော်ငြာအချို့မှာတွေ့လာရတော့ သူ့အနုပညာပိုင်နဲ့ပတ်သက်ပြီး ဘယ်လိုပံ့ပိုးပေးသွားမလဲ။

သမီးလေးက အနုပညာကို အတော်ဝါသနာပါတယ်။ မလုပ်ရရင် မနေနိုင်လောက်အောင်စွဲစွဲလန်းလန်းဖြစ်နေတာမျိုးတွေလဲရှိတယ်။ သူက ကြော်ငြာလဲရိုက်တယ်။ ပန်းချီဆွဲတယ်။ စန္ဒယားတီးတယ်။ ဂစ်တာတီးတယ်။ ဆိုတော့ အနုပညာနဲ့ပတ်သက်တာတော်တော်များများကို သူကဝါသနာပါတယ်။ သူဖြစ်ချင်တာကို ကျွန်တော်တို့ကအားပေးပြီးလိုက်ပံ့ပိုးပေးရုံပါပဲ။ သူလုပ်ချင်တာကို လိုက်ပံ့ပိုးပေးမှာပေါ့။

-သူကဘယ်ကျောင်းမှာပညာသင်ကြားနေတယ်ဆိုတာလေးကိုလဲသိချင်ပါတယ်။

MISY မှာ Year 1 တက်နေပါတယ်။ ပညာရေးကတော့ သူကျောင်းတက်တယ်။ သူနားရမဲ့အချိန်မှာ အနုပညာနဲ့ပတ်သက်တာတွေ လုပ်တယ်။ သူများကလေးတွေလိုဆော့လဲ သိပ်မဆော့တတ်ဘူး။။

-စစ်လွန်းလေးက အစ်ကိုနဲ့နေတာပိုများသလိုပဲ။

ဒီလိုပါ။ အဲ့ဒါကတော့ အရင်ကတော့ သူ့အမေနေမကောင်းတာနဲ့နိုင်ငံခြားမှာ သွားမွေးပြီးပြန်လာတဲ့အခါ သမီးကို ကျွန်တော်ပဲ ထိန်းတာများတဲ့အတွက် ကျွန်တော်နဲ့လိုက်ကပ်တာများတယ်။ သမီးဆိုတာ ထုံးစံကအမေဆီကပ်တာများပေမဲ့ သမီးကိုတော့ ကျွန်တော်က ထိန်းရတာများတော့ ကျွန်တော့်ဆီပိုကပ်တယ်ပြောရမယ်။

-သမီးလေးနဲ့အတူ ခရီးတွေဘာတွေသွားဖို့ရောစီစဉ်ထားတာရှိမလား။

ဒီဇင်ဘာကတော့ ဘန်ကောက်မှာရှိဖို့များတယ်။ သမီးအနေနဲ့က ဒီမှာကျတော့ အပြင်ထွက်လည်ရတာ သိပ်မရှိတဲ့အတွက်ကြောင့် သူ့ကိုအဆင်ပြေအောင် ဘန်ကောက်တော့ပို့ပေးဖြစ်တယ်။ ဒီမှာဆို အပြင်သွားရင် ဓာတ်ပုံရိုက်တဲ့သူနဲ့ဆိုတော့ သူကောင်းကောင်းဆော့လို့မရဘူး။ အဲ့ဒါကြောင့် တစ်ခါတစ်လေသူက မသွားချင်တဲ့အခါကျတော့ တစ်နှစ်ကို နှစ်ကြိမ်လောက်တော့ ပြည်ပကိုပို့ပေးဖြစ်တယ်။

-အစ်ကိုတို့မိသားစုအကြောင်းကို လူမှုကွန်ယက်ပေါ်မှာတစ်ချို့တွေက ကွဲနေပြီဘာညာဆိုပြီးလျှောက်ပြောနေကြတာတွေရှိတယ်လေ။ အဲ့ဒီအပေါ် အစ်ကို့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူးဆိုတာက ပြောနေတဲ့သူတွေထဲ ဝင်ကြည့်ရင်ဓာတ်ပုံက သုံးပုံထက် ပိုမရှိပါဘူး။ ဒါတွေကတစ်ယောက်တည်းလုပ်နေတဲ့ဟာတွေပါ။ သိပ်လဲခေါင်းထဲမရှိပါဘူး။ မဖြစ်မနေ အရမ်းရိုင်းလာမှသာ တစ်လုံးနှစ်လုံးပြန်ပြောဖြစ်တာမျိုးပါ။ ဘာလို့လဲဆိုတော့ ဒီအိုင်တီပိုင်းက သူတို့လောက်တော့ ကျွန်တော်လဲတတ်ပါတယ်။ ကျွန်တာ်လဲ မလုပ်ချင်လို့ငြိမ်နေတာပါ။ ငြိမ်နေတာတော့ မဟုတ်ပါဘူး။ စောင့်ကြည့်နေတာပေါ့။ တစ်ခုမဟုတ်တစ်ခုနဲ့ကျွန်တော်ပြန်လုပ်မှာပါ။ ဒါကျွန်တော်တို့မိသားစုအတွက် ကျွန်တော်လုပ်တဲ့ အနေအထားပဲ။ သူတို့တွေအကုန်လုံးကလဲ အဆင့်မရှိလို့လုပ်တာပေါ့။ အဲ့ဒါကြောင့်ခေါင်းထဲလဲသိပ်မထည့်ပါဘူး။ အလုပ်ရှိတဲ့သူတွေကတစ်ခါတစ်လေကြည့်တောင်မကြည့်ဖြစ်ပါဘူး။ သူများတွေပြောမှ သိတာပေါ့။ ဒါကြီးကိုလိုက်ပြီး အာရုံစိုက်နေမယ်ဆိုရင် ကိုယ်ပဲအာရုံနောက်ရတာပေါ့။

-အစ်ကိုတို့ကကွဲနေကြတယ်ပေါ့။ ကလေးကလဲ အစ်ကိုနဲ့ပဲအမြဲတွေ့ရတယ်ဆိုပြီး ပြောနေကြတဲ့အပေါ်မှာရော အစ်ကိုဘာများပြောချင်လဲ။

ဒါကလေ အဆင့်မရှိတဲ့သူက လုပ်နေတာဖြစ်တဲ့အတွက် ဘာမှတော့မဖြစ်ဘူး။ အရမ်းကြီးလွန်လွန်ကျူးကျူးဖြစ်လာမှသာလျှင် ပြောဆိုတာများလာမှသာ ကျွန်တော်တို့ရေးတာပါ။ ကျွန်တော်ရော မထက်ရောအမြဲတမ်းပြောပါတယ်။ အကောင့်တုတွေ အရမ်းများတယ်။ ထက်ထက်မိုးဦးဆိုရင် page တစ်ခုရှိတယ်။ ကျွန်တော်တို့သုံးတဲ့အကောင့်ထက်တောင် လူများသေးတယ်။ တချို့ကိုပြောပြတယ်။ ဒါက fake ဘာညာဆိုပြီး။ ဒါပေမဲ့အဲ့ဒါကို အစစ်ဆိုပြီး အပြေးအလွှားလိုက် add ကြတယ်။ ဟို Fake အကောင့်မှာဆို ဆေးတွေကြော်ငြာကြတယ်။ တစ်ခုခုဖြစ်တဲ့အခါ မထက် page က တင်တာဆိုတော့ ဒီဖက်ကိုလာထိမှာ စိုးတယ်လေ။ အဲ့ဒါကြောင့်မထက်ကိုပြောပြတယ်။ အဲ့ဒီတော့မတင်ဘူးပေါ့။ ဆိုပြီး မတင်ရင် သူတို့လဲဘာမှလုပ်လို့မရဘူးဆိုပြီး မထက်ပုံ မတင်ဖြစ်တာပါ။ ပုံမတင်ရင် မတင်တင်အောင် လုပ်ကြတယ်။ ပုံလဲတင်ရော နမ်းပြီးမတင်ရဲဘူးဆိုပြီးပြောကြပြန်ရော။ နမ်းပြီးတင်ရအောင်ရူးနေတာမှမဟုတ်ပဲ။ သူတို့လိုအောက်တန်းစားတွေလဲ မဟုတ်ဘူးလေ။ အဓိပ္ပါယ်မှမရှိတာ။ အဓိပ္ပါယ်မရှိတဲ့ဟာကြီးကို ဝင်ပြောနေကြတယ်ဆိုတော့လဲ ပြောကြပေါ့လေ။ ကိုယ်ကတော့ခေါင်းထဲကထုတ်ထားတယ်။ ကျွန်တော်ပြန်လုပ်တဲ့အခါကမှ သူတို့လဲအခုလိုရယ်နေအောင်ကြိုးစားပေါ့။

-အိမ်ထောင်သက်ရှစ်နှစ်ကြာအောင်ဘယ်လိုနားလည်မှုတွေယူခဲ့လဲ ။ ဘယ်လိုအဆင်ပြေချောမွေ့နေအောင်ထိန်းသိမ်းခဲ့ရလဲ။

အဓိကက နားလည်မှုဆိုတာထက် ယုံကြည်မှုပေါ့။ ခရီးတွေထွက်နေရတယ်။ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရဘူး။ ကိုယ့်ဟာကိုယ်ယုံယုံကြည်ကြည်နဲ့နားလည်မှုရှိနေတယ်။ မထက်ဆို ကျွန်တော့်ထက်ကြီးတယ်။ အဲ့ဒါကို သဝန်တိုနေရတာမျိုးရှိနေရမဲ့ အချိန်မျိုးလူမျိုးမဟုတ်ဘူးလေ။ ဒီနေရာမှာကျွန်တော် ဒါလုပ်ရင်သူသိမှာပဲ။ အဲ့ဒီလိုပဲ သူဟိုနေရာမှာဟိုဟာလုပ်ရင် ကျွန်တော်လဲပြန်သိမှာပဲ။ မလုပ်ရင်မသိဘူးပေါ့။ လုပ်ရင်ပြန်သိကြမှာပဲ။ ဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်စလုံး ဘာမှမလုပ်ကြဘူး။ လုပ်ဖို့ခေါင်းထဲလဲမရှိဘူး။ စိတ်ထဲလဲမရှိဘူး။ ကိုယ့်မိသားစုနဲ့ကိုယ်၊ ကိုယ့်စီးပွားရေးလေး ကိုယ်လုပ်တယ်။ လာပြီးတော့ ရန်စရင်ကျွန်တော်ကတော့မခံဘူး။ နောက်ပြီးတော့ အိမ်ထောင်သက်ကို ထိန်းသိမ်းပါတယ်ဆိုကတည်းက သူလုပ်ချင်နေလို့စောင့်စည်းရမယ်။ ထိန်းသိမ်းရမယ်ဆိုတဲ့စိတ်ဖြစ်နေတာပေါ့။ သူမလုပ်ရင်ထိန်းသိမ်းစရာလဲမလိုဘူး။စောင့်စည်းစရာလဲမလိုဘူးလေ။ ကျွန်တော်နေတတ်တဲ့ပုံစံအတိုင်းပဲနေတယ်။ ကျွန်တော်ကတော်ရုံတန်ရုံဆိုစတူဒီယိုနဲ့အိမ်၊ ရှုတင်နဲ့အိမ်ပဲ။ ကျန်တာက မထက်နဲ့နေတယ်။ သမီးလေးနဲ့နေတယ်။ ကျွန်တော်တို့ကအပြင်ထွက်ရင်လဲ ကျွန်တော်တစ်ယောက်တည်းကအေးဆေး မထက်နဲ့သမီးပါရင် အပြင်ထွက်လို့က အဆင်မပြေတော့ဘူး။ ဓာတ်ပုံရိုက်ဘာညာဆိုတော့လေ။ ကျွန်တော်လဲမသွားချင်တော့ဘူး။ ကလေးကလဲ မသွားချင်တော့ဘူး။ အဲ့ဒါကြောင့်ဒီမှာအပြင်သွားခဲပါတယ်။

-ဝေဖန်တာခံရပြီးတဲ့နောက်ပိုင်းမှာ နှစ်ယောက်တွဲပုံတွေရောပြန်တင်ဖြစ်သေးလား။

ဟိုတနေ့ကတော့ မထက်အစ်ကိုနဲ့ကျွန်တော်တို့လင်မယားနှစ်ယောက်နဲ့သုံးယောက်ပုံတင်ထားတယ်။ ကျွန်တော်တို့ဟာကျွန်တော်တင်ချင်တဲ့စိတ်ရှိရင် တင်တယ်။ တင်ချင်စိတ်မရှိရင်လဲ မတင်ဘူးပေါ့။ ဓာတ်ပုံမတင်လို့သာကွဲကြေးဆိုရင်တော့ အစ်မရယ် တခြားမတင်ချင်လို့မတင်ကြတဲ့သူတွေလဲ အများကြီးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top