Property Expo
×

လူေတြဟာ တျခားသူကို ကိုယ္ဘယ္ေလာက္ခ်စ္ေၾကာင္း မျဖစ္ႏိုင္တဲ့အရာေတြနဲ႕ ခုိင္းႏႈိင္းတင္စားေျပာဆုိေလ့ရွိပါတယ္။ ဥပမာ မင္းေပ်ာ္မယ္ဆုိရင္ ေကာင္းကင္က ၾကယ္ေတြကိုေတာင္ ဆြတ္ခူးျပႏိုင္ပါတယ္တုိ႕၊ ေနာက္ မင္းကိုခ်စ္တဲ့အခ်စ္က ပင္လယ္ျပင္ထက္ေတာင္ ၾကီးမားတယ္ဆိုတာမ်ိဳးေတြ ေျပာေနမယ့္အစား သူကိုယ့္အခ်စ္ကုိ ယံုလာေစဖုိ႕၊ ကုိယ့္အခ်စ္ ဘယ္ေလာက္စစ္မွန္ေၾကာင္း ဒီအခ်က္ေလးေတြနဲ႕ ေန႕တုိင္းသက္ေသျပႏိုင္ပါတယ္။

၁။ ညအိပ္ရာမ၀င္ခင္ ခ်စ္ရသူကို ဖုန္းထဲက အနမ္းေပးပါ။ အတူရွိတဲ့အိမ္ေထာင္ရွင္ ကိုကုိ မမေတြကေတာ့ မအိပ္ခင္ အနည္းဆံုး နဖူးေလးကို အနမ္းေပးႏိုင္ေအာင္ေတာ့ ၾကိဳးစားပါ။

၂။ သူ႕အိမ္အလုပ္ေတြကို ကူညီေပးပါ။

၃။ သူၾကိဳက္တဲ့ ဟင္း၊ စားစရာတစ္ခုခု လုပ္ေက်ြးပါ။ ဒါမွမဟုတ္ ၀ယ္သြားျပီးေက်ြးပါ။

၄။ သူဟာ ဖခင္ေကာင္း/မိခင္ေကာင္း ျဖစ္မယ္ဆုိတာ သင္ယံုၾကည္ေၾကာင္း ေျပာပါ။

၅။ သင့္ကိုသူလုပ္ေဆာင္ေပးတဲ့ အရာေတြအတြက္ ေက်းဇူးတင္စကားဆုိပါ။

၆။ သင္ဖတ္ဖူးတဲ့ အခ်စ္၀တၳဳအေၾကာင္းအရာေလးတစ္ခုက သူ႕ကို ဘယ္ေလာက္ထိသတိရေစေၾကာင္း ေျပာပါ။

၇။ သူ႕ ဆံပင္ေလးေတြ မၾကာခဏ ထိုးဖြရင္း ခ်စ္တဲ့အေၾကာင္း ေျပာပါ။

၈။ သူ ဒီေန႕ အလုပ္မွာ၊ အျပင္မွာ ဘာေတြၾကံဳခဲ့ရတယ္ဆုိတာ ေမးပါ။

၉။ သူ႕အတြက္ သီခ်င္း Playlist ေလး လုပ္ေပးပါ။

၁၀။သင္က မိန္းကေလးဆုိရင္ ကိုယ့္ခ်စ္သူေကာင္ေလးရွပ္အက်ီေတြ ယူ၀တ္ပါ။

၁၁။ သူ႕မ်က္လံုးကို ေသခ်ာၾကည့္ျပီး သင္သူ႕ကို ဘယ္ေလာက္ခ်စ္ေၾကာင္းေျပာပါ။

၁၂။ ထမင္းစားျပီးတဲ့အခါ အိမ္နဲ႕ မနီးမေ၀းေလာက္ကို ႏွစ္ေယာက္တည္း လမ္းေလ်ွာက္ပါ။

၁၃။ သင့္ဘ၀ၾကီး ျပီးျပည့္စံုရတာ သူ႕ေၾကာင့္ဆိုတာ ေျပာျပပါ။

၁၄။ သင္တို႕ႏွစ္ဦးရဲ႕ ေပ်ာ္ရႊင္စရာအခ်ိန္ေလးေတြကို ဓာတ္ပံုရိုက္ျပီး facebook ေပၚတင္ပါ။

၁၅။ သူ႕ကုိရယ္ေမာေစမယ့္ ဟာသေလးေတြ ေျပာျပေပးပါ။

၁၆။ ႏွစ္ဦးသား အဆင္မေျပျဖစ္ေနခ်ိန္ေတာင္ သူ႕ကိုခ်စ္တယ္ဆုိတဲ့အေၾကာင္း ေျပာျပပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

လူတွေဟာ တခြားသူကို ကိုယ်ဘယ်လောက်ချစ်ကြောင်း မဖြစ်နိုင်တဲ့အရာတွေနဲ့ ခိုင်းနှိုင်းတင်စားပြောဆိုလေ့ရှိပါတယ်။ ဥပမာ မင်းပျော်မယ်ဆိုရင် ကောင်းကင်က ကြယ်တွေကိုတောင် ဆွတ်ခူးပြနိုင်ပါတယ်တို့၊ နောက် မင်းကိုချစ်တဲ့အချစ်က ပင်လယ်ပြင်ထက်တောင် ကြီးမားတယ်ဆိုတာမျိုးတွေ ပြောနေမယ့်အစား သူကိုယ့်အချစ်ကို ယုံလာစေဖို့၊ ကိုယ့်အချစ် ဘယ်လောက်စစ်မှန်ကြောင်း ဒီအချက်လေးတွေနဲ့ နေ့တိုင်းသက်သေပြနိုင်ပါတယ်။

၁။ ညအိပ်ရာမဝင်ခင် ချစ်ရသူကို ဖုန်းထဲက အနမ်းပေးပါ။ အတူရှိတဲ့အိမ်ထောင်ရှင် ကိုကို မမတွေကတော့ မအိပ်ခင် အနည်းဆုံး နဖူးလေးကို အနမ်းပေးနိုင်အောင်တော့ ကြိုးစားပါ။

၂။ သူ့အိမ်အလုပ်တွေကို ကူညီပေးပါ။

၃။ သူကြိုက်တဲ့ ဟင်း၊ စားစရာတစ်ခုခု လုပ်ကျွေးပါ။ ဒါမှမဟုတ် ဝယ်သွားပြီးကျွေးပါ။

၄။ သူဟာ ဖခင်ကောင်း/မိခင်ကောင်း ဖြစ်မယ်ဆိုတာ သင်ယုံကြည်ကြောင်း ပြောပါ။

၅။ သင့်ကိုသူလုပ်ဆောင်ပေးတဲ့ အရာတွေအတွက် ကျေးဇူးတင်စကားဆိုပါ။

၆။ သင်ဖတ်ဖူးတဲ့ အချစ်ဝတ္ထုအကြောင်းအရာလေးတစ်ခုက သူ့ကို ဘယ်လောက်ထိသတိရစေကြောင်း ပြောပါ။

၇။ သူ့ ဆံပင်လေးတွေ မကြာခဏ ထိုးဖွရင်း ချစ်တဲ့အကြောင်း ပြောပါ။

၈။ သူ ဒီနေ့ အလုပ်မှာ၊ အပြင်မှာ ဘာတွေကြုံခဲ့ရတယ်ဆိုတာ မေးပါ။

၉။ သူ့အတွက် သီချင်း Playlist လေး လုပ်ပေးပါ။

၁၀။သင်က မိန်းကလေးဆိုရင် ကိုယ့်ချစ်သူကောင်လေးရှပ်အကျီတွေ ယူဝတ်ပါ။

၁၁။ သူ့မျက်လုံးကို သေချာကြည့်ပြီး သင်သူ့ကို ဘယ်လောက်ချစ်ကြောင်းပြောပါ။

၁၂။ ထမင်းစားပြီးတဲ့အခါ အိမ်နဲ့ မနီးမဝေးလောက်ကို နှစ်ယောက်တည်း လမ်းလျှောက်ပါ။

၁၃။ သင့်ဘဝကြီး ပြီးပြည့်စုံရတာ သူ့ကြောင့်ဆိုတာ ပြောပြပါ။

၁၄။ သင်တို့နှစ်ဦးရဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ဓာတ်ပုံရိုက်ပြီး facebook ပေါ်တင်ပါ။

၁၅။ သူ့ကိုရယ်မောစေမယ့် ဟာသလေးတွေ ပြောပြပေးပါ။

၁၆။ နှစ်ဦးသား အဆင်မပြေဖြစ်နေချိန်တောင် သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်း ပြောပြပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top