Property Expo
×

ဒီနည္းလမ္းေတြအတိုင္းသာ က်င့္သံုးသြားရင္ အမ်ိဳးသားတို႔ရဲ ႔အထင္ၾကီး၊ေလးစား၊ သေဘာက်ျခင္း ခံရမယ္လို႔ ညြန္းထားပါတယ္။ အေနာက္တိုင္းက က်န္းမာေရးနဲ႔ Life style ဝဘ္ဆိုဒ္တစ္ခု က ေဖာ္ျပထားတာျဖစ္ပါတယ္။ အမ်ိဳးသမီးမ်ား အေနနဲ႔ အမ်ိဳးသားတို႔ အထင္ၾကီး ခံရရန္ က်င့္ၾကံရမယ့္ နည္းလမ္း ၁၃ ခ်က္ဆိုျပီး ေဖာ္ျပထား ပါတယ္။ ဒီေတာ့ ျမန္မာ့ယာဥ္ေက်းမွုနဲ႔ ကိုက္ညီေအာင္ ျမန္မာအမ်ိဳးသမီး မ်ားအတြက္ ယခုလို အနီးစပ္ဆံုး ဘာသာျပန္မွ်ေဝ ေပးလိုက္ပါတယ္။
1. Don’t be judgmental
အကဲျဖတ္ဒိုင္လူၾကီးလို မေနဖို႔ ျဖစ္ပါတယ္။ သူဘက္က စကားတစ္ခြန္းခြန္း ဆုိလိုက္တိုင္း ကိုယ္က လိုက္ျပီးေတာ့ အကဲျဖတ္ေနတာမ်ိဳးကို အမ်ိဳးသားတို႔ မၾကိဳက္ၾကပါဘူး။ သူေျပာတဲ့အေၾကာင္းအရာကို မၾကိဳက္ဘူးဆုိရင္ ပြင့္ပြင့္လင္းလင္းေျပာလိုက္ပါ။ ျပီးေတာ့ သူေျပာတဲ့အေၾကာင္းအရာမ်ားကို စိတ္ဝင္စားသေယာင္ေလးျပပါ။
2.Punish him when he’s cocky
ဟုတ္ပါတယ္။ အမွားလုပ္တတ္တဲ့ ဘယ္အမ်ိဳးသားကိုမွ ဒီတိုင္း ခြင့္မလြတ္လိုက္ပါနဲ႔။ ခ်ိန္းထားတာထက္ ၂ နာရီထက္ပိုေနာက္က်တဲ့ သူ႔ကို ခြင့္လြတ္မိရင္ေတာ့ အမွားၾကီးမွားပါျပီ။ ေနာက္ ဒါမ်ဳိး လုပ္ေနေတာ့ မွာ ျဖစ္ပါတယ္။ ခ်ိန္းထားတာမွမဟုတ္ပဲ ကိုယ္နဲ႔လမ္းေလွ်ာက္ေနစဥ္ အျခား တစ္ဖက္ဖက္ကို ဘာမေျပာ၊ ညာမေျပာ ခဏလွည့္ထြက္သြားတာမ်ိဳး ဆုိရင္ ေစာင့္ဆုိင္းမေနပါနဲ႔။ ကုိယ့္လမ္းကို ဆက္ေလွ်ာက္သြားပါ။ စကားေျပာရင္း ရိုင္းျပတဲ့စကားလံုးပါလာတာမ်ိဳးဆုိရင္လည္း ခြင့္မလြတ္ပါနဲ႔။ မွတ္သားေလာက္ေအာင္ အျပစ္တစ္ခုခုေပးလိုက္ပါ။ ဥပမာ-စကားဆက္ မေျပာေတာ့တာမ်ိဳး၊ ဖုန္းခ်လိုက္တာမ်ိဳး၊ ခဏ ေရွာင္ေနလိုက္ တာမ်ိဳး။ ဒီေလာက္ဆို သူတို႔ အမွားမလုပ္ရဲေတာ့ပါဘူး။
3. Smile and laugh a lot around him
အမ်ိဳးသားေတြဟာ ပြင့္ပြင့္လင္းလင္း မရွက္မရြံ ႔ရယ္တတ္တဲ့ မိန္းကေလးေတြကို သေဘာက်ၾကပါတယ္။ ဘယ္လုိနည္းနဲ႔ပဲ ရယ္တတ္သည္ျဖစ္ေစ။ ပဲမမ်ားပဲ စိတ္ထဲရွိသလို ရယ္တတ္ေစဖို႔ ျဖစ္ ပါတယ္။ အဲဒီလို ရယ္ျခင္းက ရိုးသားပြင့္လင္းမွုကို သေဘာကို ေဆာင္ပါတယ္။
4. Debate with him, And win it.
စကားႏိုင္လုပါ။ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးတို႔ရဲ ႔ ဥာဏ္ရည္သဏ္ေသြး ကို စမ္းသပ္ခ်င္ၾကပါတယ္။ အကယ္၍ သူကစမ္းသပ္လာျပီး စကားႏိုင္လုျပီ ဆုိရင္ အရွံုးမေပးပါနဲ႔။ တကယ္မႏုိင္ဘူးဆုိရင္ေတာင္ ဇြတ္အတင္း ကိုယ့္ဘာကိုယ္ႏိုင္တယ္လို႔ သေဘာထားလိုက္တဲ့ အမူအရာေလးျပလိုက္ပါ။ အဲဒီလို အရွံုးမေပး တတ္တဲ့ မိန္းကေလးေတြရဲ ႔စိတ္ကုိလည္း အမ်ိဳးသားေတြက သေဘာက်ၾကပါတယ္။
5.Be naughty
ေျပာင္ေနာက္၊ စေနာက္တတ္ရပါမယ္။ စကားေျပာတယ္ဆိုတာ တစ္ဖက္သားကို ကဲ့ရဲ ႔သလို စေနာက္မွုမ်ိဳးကို ဆုိလိုျခင္းျဖစ္ပါတယ္။ ဥပမာ- အနားမွာရွိတဲ့အခါ အိကၤ်ီမေပ၊မေဟာင္းပဲနဲ႔၊ အိကၤ်ီအေပ၊ အေဟာင္း အစုပ္ၾကီး အစရွိသျဖင့္ မ်က္ႏွာအမူအရာေလးနဲ႔ ကဲ့ရဲ ႔ေနာက္ေျပာင္လိုက္ပါ။ သုိ႔ေပမယ့္ ရိုးရိုးသားသား စိတ္ထဲရွိသလို စေနာက္၊ေျပာင္ေနာက္ဖုိ႔ လိုပါတယ္။ တမင္ဟန္ေဆာင္ရင္ေတာ့ မထူးပါဘူး။ အဲလို စေနာက္ျပီး ကြိဳင္ရွာတတ္တဲ့ မိန္းကေလးေတြကို ေယာကၤ်ားေလးေတြက သေဘာက်တတ္ပါတယ္။
6.Don’t give in too easily
သူကကိုယ့္ကိုၾကိဳက္ေနတယ္။ ကိုယ္ကလည္း သူ႔ကုိျပန္ၾကိဳက္တယ္။ ဒါဆိုျပီးျပီဆုိျပီး ခ်က္ခ်င္း အေျဖေပးလိုက္တာမ်ိဳး၊ အခြင့္အေရးေတြ အမ်ားၾကီး ေပးလိုက္တာမ်ိဳးလံုးဝမလုပ္လိုက္ပါနဲ႔။ ေယာကၤ်ားေလးေတြက အလြယ္တကူရရင္ တန္ဖိုးထားမွု သိပ္မရွိလို႔ ျဖစ္ပါတယ္။ ဒီေတာ့ သူ႔ဖက္က ဖြင့္ေျပာလာျပီး ကိုယ္ကခ်စ္ေနရင္ေတာင္ အေျဖမေပးေသးပါနဲ႔။ အျပင္မွာ ေတြ႔ဆံု စကားေျပာပါ၊ ဖုန္းဆက္စကားေျပာပါ၊ သူတကယ္ခ်စ္တာ မွန္မမွန္ ေသခ်ာ သေဘာေပါက္ႏိုင္တဲ့အထိ ေလ့လာပါ။ အဲဒီလိုမဟုတ္ပဲ ခ်က္ခ်င္းအေျဖေပးလိုက္ရင္ ကိုယ္က ခ်စ္ပါတယ္လို႔ အရင္ေျပာတဲ့ သေဘာ သက္ေရာက္သြားျပီး လြယ္လြယ္နဲ႔ရတာလို႔ ယူဆတတ္ၾကပါတယ္။
7.Tempt him with your appearance
အလွျပင္ထားပါ။ အလွျပင္ဆုိလို႔ လွတဲ့သူေတြကိုပဲ ေျပာတာမဟုတ္ပါဘူး။ သူတို႔နဲ႔ေတြ႔တဲ့အခါ ကိုယ့္အေနနဲ႔ Perfect ျဖစ္မယ္လို႔ ယူဆတဲ့ အဝတ္အစား၊ အသံုးအေဆာင္ပစၥည္းမ်ားကို သံုးစြဲပါ။ အဲလိုအေကာင္း ဆံုးျပင္ဆင္ထားတဲ့ အမ်ဳိးသမီးနဲ႔ အတူတူထိုင္ရင္ အမ်ိဳးသားေတြဟာ အျခား ေကာင္မေလးေလး၊ အတြဲမ်ားထက္ ကိုယ့္ကိုယ္ ျပန္လည္ အထင္ၾကီး တတ္ၾကပါတယ္။ ဒါကိုပဲ သူတို႔က ေမ်ာ္လင့္တာ ျဖစ္ပါတယ္။
8.Smell great
အမ်ိဳးသားေတြ ေရေမြးမၾကိဳက္ဘူးဆုိတာ အလကားေျပာတာပါ။ ဘာပဲ ျဖစ္ျဖစ္ မိန္းကေလးတစ္ေယာက္မွာ အနံ႔တစ္မ်ဳိး ရွိေနတာမ်ိဳးကို သေဘာက်တတ္ၾကပါတယ္။ အဲဒီအနံ႔ကို စြဲလမ္းျပီး သူမရွိတဲ့အခ်ိန္ေတာင္ အနံ႔ကေလးကို ျပန္လည္ တတိရတာမ်ိဳးတို႔ ျဖစ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္ၾကိဳက္တဲ့ ေရေမြးတစ္မ်ိဳးမ်ိဳးကို စြဲသံုးရန္ လိုအပ္ပါတယ္။
9.Be kind to everyone
သူနဲ႔ေတြ႔တဲ့အခ်ိန္တိုင္း ကိုယ္က ၾကင္နာတတ္တဲ့သူတစ္ေယာက္ပံုစံ ရွိေနရန္လိုအပ္ပါတယ္။ ဥပမာ- ဆိုင္မွာ ထိုင္ရင္း အေအးေသာက္တုန္း အလွဴခံမ်ား၊ ဒါမွမဟုတ္လည္း သူေတာင္းစားမ်ား လာေတာင္းရင္ လွဴတန္းေပး ရပါမယ္။ အမ်ိဳးသားက ဝမ္းနည္းစရာ တစ္ခုခု ေျပာျပတဲ့အခါ အရမ္းသနားသေယာင္နားေထာင္ျပီး လိုက္ခံစားေပးပါ။ အမ်ဳိးသမီးေတြရဲ ႔သနားတတ္တဲ့ စိတ္ကိုလည္း အမ်ိဳးသားေတြက ႏွစ္သက္ၾကပါတယ္။
10 Be spontaneous and alive
ပ်င္းရိေနတဲ့ပံု ေပါက္မေနပါနဲ႔။ သူနဲ႔ ရွိေနစဥ္ ကိုယ္က စိတ္ဝင္စားမွု သေယာင္ေနရပါမယ္။ သူဘာလုပ္လုပ္ ကိုယ္လည္း စိတ္ဝင္တစား လိုက္လုပ္တာမ်ိဳး ျဖစ္ပါတယ္။ ျပီးေတာ့ သူ႔မိတ္ေဆြတို႔နဲ႔ မိတ္ဆက္ေပး တဲ့အခါ ရွက္ရြံ ႔တဲ့အမူအရာ ျဖစ္မေနပဲ ရင္းႏွီးစြာ ေျပာဆုိ ဆက္ဆံရဲရ ပါမယ္။ အခ်ိဳ ႔က ရွက္တတ္တဲ့ မိန္းကေလးကို သေဘာက်တယ္ လို႔ ေျပာၾကပါတယ္။ အမွန္ေတာ့ အဲလိုရွက္တာဟာ မာယာသေဘာ သာ ျဖစ္ပါတယ္။ မရွက္ပဲ ပြင့္ပြင့္လင္းလင္း ေျပာဆုိ၊ သြက္လက္ေနတဲ့ မိန္းကေလးကို သေဘာက်တတ္ၾကပါတယ္။
10.Show the guy the competition
သူဘက္က လိုက္တုန္းပဲရွိေသးတယ္။ ကိုယ္ကၾကိဳက္ေနျပီဆုိေတာ့ အျခားေကာင္ေလးေတြကို လွည့္မၾကည့္ ေတာ့တာမ်ိဳးမလုပ္ပါနဲ႔။ ကိုယ့္ကို ေတြ႔လို လာႏွုတ္ဆက္တဲ့ မိတ္ေဆြ ေကာင္ေလးေတြ၊ ကိုယ္မၾကိဳက္ေပမယ့္ တစ္ဖက္သက္ သေဘာက်ေနတဲ့သူေတြကို ရင္းရင္းႏွီးႏွီး ေျပာဆိုပါ။ အဲလို ရင္းရင္းႏွီးႏွီးေျပာဆုိျခင္းကို အမ်ိဳးသားတို႔က သဝန္တုိတတ္ၾကပါတယ္။ ျပီးေတာ့ အျပိဳင္အဆိုင္ေတြရွိလာျပီလို႔ သတ္မွတ္ျပီး ပိုျပီးေတာ့ ၾကိဳးစားလာတတ္ၾကပါတယ္။ ျပိဳင္ဆိုင္မွုနဲ႔ ရတဲ့ မိန္းကေလးဆုိရင္ အမ်ိဳးသားတိ႔ုက တန္ဖိုးထားတတ္ၾကပါတယ္။
12.Don’t use him.
သူကိုယ့္ကို ခ်စ္ခြင့္ပန္ျပီးျဖစ္ေစ၊ သေဘာက်တဲ့အဆင့္ပဲ ရွိေသးတယ္ပဲျဖစ္ေစ ဘယ္ေတာ့မွ မခိုင္းပါနဲ႔။ ပစၥည္းမွာလိုက္တာမ်ိဳး၊ စကားမွာခိုင္းတာမ်ိဳးတို႔ေပါ့။ အမ်ိဳးသားတို႔က အဲလိုခိုင္းတာ သိပ္မၾကိဳက္ခ်င္ၾကပါဘူး။ အဲလိုခိုင္းျပီဆုိရင္လည္း သူတို႔ဘက္ က ေသခ်ာေနျပီလို႔ အပိုင္တြက္တတ္ၾကပါေသးတယ္။ ဒီေတာ့ ခိုင္းမယ့္ အစား အကူအညီေတာင္းရမွာ ျဖစ္ပါတယ္။ ကိုယ္မလုပ္ႏုိင္ဘူး အကူအညီ လုိအပ္တယ္ဆုိတာကို သာ သိေအာင္ျပျပီး သူ႔ဘက္က အလိုလို ကူညီတာကို ေစာင့္ဆိုင္းရမွာ ျဖစ္ပါတယ္။ အမ်ိဳးသားမ်ားက အဲလိုေနရာ က်ရင္ လူစြမ္းေကာင္းပမာ ေက်နပ္ေနတတ္ၾကပါတယ္။
13.Leave in a memorable manner
သူ႔ကုိယ္ ကိုယ့္ရဲ ႔အမွတ္တရျဖစ္ရပ္ေလး ေျပာျပပါ။ ဒီထက္ပိုလိုအပ္တာ ကေတာ့ သူနဲ႔ အမွတ္ရစရာ တစ္ခုခု ရွိသြားဖို႔ျဖစ္ပါတယ္။ တကယ္ပဲ သာမန္ ကိစၥေလးျဖစ္ေနရင္ေတာင္ အမွတ္ရစရာ မရွိဘူးဆုိရင္ အမွတ္ရစ ရာ ျဖစ္ေအာင္ လုပ္ရပါမယ္။ ျပီးေတာ့ ဒါကိုလည္း တကယ္အမွတ္ရေနဖို႔ လိုပါတယ္။ ဥပမာ- ပလာဇာမွာ သူနဲ႔ အတူတူ ေရွာ္ပင္ထြက္ရင္း အဝတ္တစ္ထည္ က်န္ခဲ့တာမ်ိဳး။ သူနဲ႔ခ်ိန္းမွ မိုးရြာျပီး ထီးမပါတာမ်ိဳး။ အဲဒါမ်ိဳးကို တကယ္ပဲအမွတ္ရေနသေယာင္ ရင္ဖြင့္ေျပာျပပါ။ အဲလို သူနဲ႔ အတူ အမွတ္ရေပးတဲ့ မိန္းကေလးဆုိရင္ အမ်ိဳးသားေတြက သေဘာက် တတ္ၾကပါတယ္။
အထက္ပါအခ်က္မ်ားအတိုင္း လိုက္လံက်င့္သံုးရင္ အမ်ိဳးသားတို႔ဟာ အမ်ိဳးသမီးတစ္ဦးကို ၾကိမ္းေသ သေဘာက်လာမွာျဖစ္တယ္လို႔ ယင္း ဝဘ္ဆိုဒ္က အာမခံထားပါတယ္။ သို႔ေပမယ့္ ဘယ္လိုပဲ ျဖစ္ျဖစ္ ယင္း အခ်က္မ်ား အတိုင္း လိုက္လံက်င့္သံုးျခင္းဟာ အမ်ဳိးသမီးတိုင္းနဲ႔ သင့္ေတာ္တာမုိ႔ ေရးသား မွ်ေဝေပးလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:( ရိုးရာေလး )

#Unicode Version
ဒီနည်းလမ်းတွေအတိုင်းသာ ကျင့်သုံးသွားရင် အမျိုးသားတို့ရဲ့အထင်ကြီး၊လေးစား၊ သဘောကျခြင်း ခံရမယ်လို့ ညွန်းထားပါတယ်။ အနောက်တိုင်းက ကျန်းမာရေးနဲ့ Life style ဝဘ်ဆိုဒ်တစ်ခု က ဖော်ပြထားတာဖြစ်ပါတယ်။ အမျိုးသမီးများ အနေနဲ့ အမျိုးသားတို့ အထင်ကြီး ခံရရန် ကျင့်ကြံရမယ့် နည်းလမ်း ၁၃ ချက်ဆိုပြီး ဖော်ပြထား ပါတယ်။ ဒီတော့ မြန်မာ့ယာဉ်ကျေးမှုနဲ့ ကိုက်ညီအောင် မြန်မာအမျိုးသမီး များအတွက် ယခုလို အနီးစပ်ဆုံး ဘာသာပြန်မျှဝေ ပေးလိုက်ပါတယ်။
1. Don’t be judgmental
အကဲဖြတ်ဒိုင်လူကြီးလို မနေဖို့ ဖြစ်ပါတယ်။ သူဘက်က စကားတစ်ခွန်းခွန်း ဆိုလိုက်တိုင်း ကိုယ်က လိုက်ပြီးတော့ အကဲဖြတ်နေတာမျိုးကို အမျိုးသားတို့ မကြိုက်ကြပါဘူး။ သူပြောတဲ့အကြောင်းအရာကို မကြိုက်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောလိုက်ပါ။ ပြီးတော့ သူပြောတဲ့အကြောင်းအရာများကို စိတ်ဝင်စားသယောင်လေးပြပါ။
2.Punish him when he’s cocky
ဟုတ်ပါတယ်။ အမှားလုပ်တတ်တဲ့ ဘယ်အမျိုးသားကိုမှ ဒီတိုင်း ခွင့်မလွတ်လိုက်ပါနဲ့။ ချိန်းထားတာထက် ၂ နာရီထက်ပိုနောက်ကျတဲ့ သူ့ကို ခွင့်လွတ်မိရင်တော့ အမှားကြီးမှားပါပြီ။ နောက် ဒါမျိုး လုပ်နေတော့ မှာ ဖြစ်ပါတယ်။ ချိန်းထားတာမှမဟုတ်ပဲ ကိုယ်နဲ့လမ်းလျှောက်နေစဉ် အခြား တစ်ဖက်ဖက်ကို ဘာမပြော၊ ညာမပြော ခဏလှည့်ထွက်သွားတာမျိုး ဆိုရင် စောင့်ဆိုင်းမနေပါနဲ့။ ကိုယ့်လမ်းကို ဆက်လျှောက်သွားပါ။ စကားပြောရင်း ရိုင်းပြတဲ့စကားလုံးပါလာတာမျိုးဆိုရင်လည်း ခွင့်မလွတ်ပါနဲ့။ မှတ်သားလောက်အောင် အပြစ်တစ်ခုခုပေးလိုက်ပါ။ ဥပမာ-စကားဆက် မပြောတော့တာမျိုး၊ ဖုန်းချလိုက်တာမျိုး၊ ခဏ ရှောင်နေလိုက် တာမျိုး။ ဒီလောက်ဆို သူတို့ အမှားမလုပ်ရဲတော့ပါဘူး။
2. Smile and laugh a lot around him
အမျိုးသားတွေဟာ ပွင့်ပွင့်လင်းလင်း မရှက်မရွံ့ရယ်တတ်တဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ရယ်တတ်သည်ဖြစ်စေ။ ပဲမများပဲ စိတ်ထဲရှိသလို ရယ်တတ်စေဖို့ ဖြစ် ပါတယ်။ အဲဒီလို ရယ်ခြင်းက ရိုးသားပွင့်လင်းမှုကို သဘောကို ဆောင်ပါတယ်။
3. Debate with him, And win it.
စကားနိုင်လုပါ။ အမျိုးသားတွေဟာ အမျိုးသမီးတို့ရဲ့ ဉာဏ်ရည်သဏ်သွေး ကို စမ်းသပ်ချင်ကြပါတယ်။ အကယ်၍ သူကစမ်းသပ်လာပြီး စကားနိုင်လုပြီ ဆိုရင် အရှုံးမပေးပါနဲ့။ တကယ်မနိုင်ဘူးဆိုရင်တောင် ဇွတ်အတင်း ကိုယ့်ဘာကိုယ်နိုင်တယ်လို့ သဘောထားလိုက်တဲ့ အမူအရာလေးပြလိုက်ပါ။ အဲဒီလို အရှုံးမပေး တတ်တဲ့ မိန်းကလေးတွေရဲ့စိတ်ကိုလည်း အမျိုးသားတွေက သဘောကျကြပါတယ်။
5.Be naughty
ပြောင်နောက်၊ စနောက်တတ်ရပါမယ်။ စကားပြောတယ်ဆိုတာ တစ်ဖက်သားကို ကဲ့ရဲ့သလို စနောက်မှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ- အနားမှာရှိတဲ့အခါ အိင်္ကျီမပေ၊မဟောင်းပဲနဲ့၊ အိင်္ကျီအပေ၊ အဟောင်း အစုပ်ကြီး အစရှိသဖြင့် မျက်နှာအမူအရာလေးနဲ့ ကဲ့ရဲ့နောက်ပြောင်လိုက်ပါ။ သို့ပေမယ့် ရိုးရိုးသားသား စိတ်ထဲရှိသလို စနောက်၊ပြောင်နောက်ဖို့ လိုပါတယ်။ တမင်ဟန်ဆောင်ရင်တော့ မထူးပါဘူး။ အဲလို စနောက်ပြီး ကွိုင်ရှာတတ်တဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက သဘောကျတတ်ပါတယ်။
6.Don’t give in too easily
သူကကိုယ့်ကိုကြိုက်နေတယ်။ ကိုယ်ကလည်း သူ့ကိုပြန်ကြိုက်တယ်။ ဒါဆိုပြီးပြီဆိုပြီး ချက်ချင်း အဖြေပေးလိုက်တာမျိုး၊ အခွင့်အရေးတွေ အများကြီး ပေးလိုက်တာမျိုးလုံးဝမလုပ်လိုက်ပါနဲ့။ ယောင်္ကျားလေးတွေက အလွယ်တကူရရင် တန်ဖိုးထားမှု သိပ်မရှိလို့ ဖြစ်ပါတယ်။ ဒီတော့ သူ့ဖက်က ဖွင့်ပြောလာပြီး ကိုယ်ကချစ်နေရင်တောင် အဖြေမပေးသေးပါနဲ့။ အပြင်မှာ တွေ့ဆုံ စကားပြောပါ၊ ဖုန်းဆက်စကားပြောပါ၊ သူတကယ်ချစ်တာ မှန်မမှန် သေချာ သဘောပေါက်နိုင်တဲ့အထိ လေ့လာပါ။ အဲဒီလိုမဟုတ်ပဲ ချက်ချင်းအဖြေပေးလိုက်ရင် ကိုယ်က ချစ်ပါတယ်လို့ အရင်ပြောတဲ့ သဘော သက်ရောက်သွားပြီး လွယ်လွယ်နဲ့ရတာလို့ ယူဆတတ်ကြပါတယ်။
7.Tempt him with your appearance
အလှပြင်ထားပါ။ အလှပြင်ဆိုလို့ လှတဲ့သူတွေကိုပဲ ပြောတာမဟုတ်ပါဘူး။ သူတို့နဲ့တွေ့တဲ့အခါ ကိုယ့်အနေနဲ့ Perfect ဖြစ်မယ်လို့ ယူဆတဲ့ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို သုံးစွဲပါ။ အဲလိုအကောင်း ဆုံးပြင်ဆင်ထားတဲ့ အမျိုးသမီးနဲ့ အတူတူထိုင်ရင် အမျိုးသားတွေဟာ အခြား ကောင်မလေးလေး၊ အတွဲများထက် ကိုယ့်ကိုယ် ပြန်လည် အထင်ကြီး တတ်ကြပါတယ်။ ဒါကိုပဲ သူတို့က မျော်လင့်တာ ဖြစ်ပါတယ်။
8.Smell great
အမျိုးသားတွေ ရေမွေးမကြိုက်ဘူးဆိုတာ အလကားပြောတာပါ။ ဘာပဲ ဖြစ်ဖြစ် မိန်းကလေးတစ်ယောက်မှာ အနံ့တစ်မျိုး ရှိနေတာမျိုးကို သဘောကျတတ်ကြပါတယ်။ အဲဒီအနံ့ကို စွဲလမ်းပြီး သူမရှိတဲ့အချိန်တောင် အနံ့ကလေးကို ပြန်လည် တတိရတာမျိုးတို့ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ ရေမွေးတစ်မျိုးမျိုးကို စွဲသုံးရန် လိုအပ်ပါတယ်။
9.Be kind to everyone
သူနဲ့တွေ့တဲ့အချိန်တိုင်း ကိုယ်က ကြင်နာတတ်တဲ့သူတစ်ယောက်ပုံစံ ရှိနေရန်လိုအပ်ပါတယ်။ ဥပမာ- ဆိုင်မှာ ထိုင်ရင်း အအေးသောက်တုန်း အလှူခံများ၊ ဒါမှမဟုတ်လည်း သူတောင်းစားများ လာတောင်းရင် လှူတန်းပေး ရပါမယ်။ အမျိုးသားက ဝမ်းနည်းစရာ တစ်ခုခု ပြောပြတဲ့အခါ အရမ်းသနားသယောင်နားထောင်ပြီး လိုက်ခံစားပေးပါ။ အမျိုးသမီးတွေရဲ့သနားတတ်တဲ့ စိတ်ကိုလည်း အမျိုးသားတွေက နှစ်သက်ကြပါတယ်။
10 Be spontaneous and alive
ပျင်းရိနေတဲ့ပုံ ပေါက်မနေပါနဲ့။ သူနဲ့ ရှိနေစဉ် ကိုယ်က စိတ်ဝင်စားမှု သယောင်နေရပါမယ်။ သူဘာလုပ်လုပ် ကိုယ်လည်း စိတ်ဝင်တစား လိုက်လုပ်တာမျိုး ဖြစ်ပါတယ်။ ပြီးတော့ သူ့မိတ်ဆွေတို့နဲ့ မိတ်ဆက်ပေး တဲ့အခါ ရှက်ရွံ့တဲ့အမူအရာ ဖြစ်မနေပဲ ရင်းနှီးစွာ ပြောဆို ဆက်ဆံရဲရ ပါမယ်။ အချို့က ရှက်တတ်တဲ့ မိန်းကလေးကို သဘောကျတယ် လို့ ပြောကြပါတယ်။ အမှန်တော့ အဲလိုရှက်တာဟာ မာယာသဘော သာ ဖြစ်ပါတယ်။ မရှက်ပဲ ပွင့်ပွင့်လင်းလင်း ပြောဆို၊ သွက်လက်နေတဲ့ မိန်းကလေးကို သဘောကျတတ်ကြပါတယ်။
10.Show the guy the competition
သူဘက်က လိုက်တုန်းပဲရှိသေးတယ်။ ကိုယ်ကကြိုက်နေပြီဆိုတော့ အခြားကောင်လေးတွေကို လှည့်မကြည့် တော့တာမျိုးမလုပ်ပါနဲ့။ ကိုယ့်ကို တွေ့လို လာနှုတ်ဆက်တဲ့ မိတ်ဆွေ ကောင်လေးတွေ၊ ကိုယ်မကြိုက်ပေမယ့် တစ်ဖက်သက် သဘောကျနေတဲ့သူတွေကို ရင်းရင်းနှီးနှီး ပြောဆိုပါ။ အဲလို ရင်းရင်းနှီးနှီးပြောဆိုခြင်းကို အမျိုးသားတို့က သဝန်တိုတတ်ကြပါတယ်။ ပြီးတော့ အပြိုင်အဆိုင်တွေရှိလာပြီလို့ သတ်မှတ်ပြီး ပိုပြီးတော့ ကြိုးစားလာတတ်ကြပါတယ်။ ပြိုင်ဆိုင်မှုနဲ့ ရတဲ့ မိန်းကလေးဆိုရင် အမျိုးသားတိ့ုက တန်ဖိုးထားတတ်ကြပါတယ်။
12.Don’t use him.
သူကိုယ့်ကို ချစ်ခွင့်ပန်ပြီးဖြစ်စေ၊ သဘောကျတဲ့အဆင့်ပဲ ရှိသေးတယ်ပဲဖြစ်စေ ဘယ်တော့မှ မခိုင်းပါနဲ့။ ပစ္စည်းမှာလိုက်တာမျိုး၊ စကားမှာခိုင်းတာမျိုးတို့ပေါ့။ အမျိုးသားတို့က အဲလိုခိုင်းတာ သိပ်မကြိုက်ချင်ကြပါဘူး။ အဲလိုခိုင်းပြီဆိုရင်လည်း သူတို့ဘက် က သေချာနေပြီလို့ အပိုင်တွက်တတ်ကြပါသေးတယ်။ ဒီတော့ ခိုင်းမယ့် အစား အကူအညီတောင်းရမှာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်ဘူး အကူအညီ လိုအပ်တယ်ဆိုတာကို သာ သိအောင်ပြပြီး သူ့ဘက်က အလိုလို ကူညီတာကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အမျိုးသားများက အဲလိုနေရာ ကျရင် လူစွမ်းကောင်းပမာ ကျေနပ်နေတတ်ကြပါတယ်။
13.Leave in a memorable manner
သူ့ကိုယ် ကိုယ့်ရဲ့အမှတ်တရဖြစ်ရပ်လေး ပြောပြပါ။ ဒီထက်ပိုလိုအပ်တာ ကတော့ သူနဲ့ အမှတ်ရစရာ တစ်ခုခု ရှိသွားဖို့ဖြစ်ပါတယ်။ တကယ်ပဲ သာမန် ကိစ္စလေးဖြစ်နေရင်တောင် အမှတ်ရစရာ မရှိဘူးဆိုရင် အမှတ်ရစ ရာ ဖြစ်အောင် လုပ်ရပါမယ်။ ပြီးတော့ ဒါကိုလည်း တကယ်အမှတ်ရနေဖို့ လိုပါတယ်။ ဥပမာ- ပလာဇာမှာ သူနဲ့ အတူတူ ရှော်ပင်ထွက်ရင်း အဝတ်တစ်ထည် ကျန်ခဲ့တာမျိုး။ သူနဲ့ချိန်းမှ မိုးရွာပြီး ထီးမပါတာမျိုး။ အဲဒါမျိုးကို တကယ်ပဲအမှတ်ရနေသယောင် ရင်ဖွင့်ပြောပြပါ။ အဲလို သူနဲ့ အတူ အမှတ်ရပေးတဲ့ မိန်းကလေးဆိုရင် အမျိုးသားတွေက သဘောကျ တတ်ကြပါတယ်။
အထက်ပါအချက်များအတိုင်း လိုက်လံကျင့်သုံးရင် အမျိုးသားတို့ဟာ အမျိုးသမီးတစ်ဦးကို ကြိမ်းသေ သဘောကျလာမှာဖြစ်တယ်လို့ ယင်း ဝဘ်ဆိုဒ်က အာမခံထားပါတယ်။ သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ယင်း အချက်များ အတိုင်း လိုက်လံကျင့်သုံးခြင်းဟာ အမျိုးသမီးတိုင်းနဲ့ သင့်တော်တာမို့ ရေးသား မျှဝေပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:( ရိုးရာလေး )
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top