Property Expo
×

မူဆယ္ၿမိဳ႕တြင္ တ႐ုတ္ ႏုိင္ငံမွ အမ်ိဳးသမီးတစ္ဦးက အ သက္(၂)ႏွစ္ေက်ာ္အရြယ္ ကေလး ငယ္တစ္ဦးအား က်ပ္ဆယ္သိန္းျဖင့္ ဝယ္ယူေမြးစားထားကာ ႏွိပ္စက္ေန၍ ၿမိဳ႕ခံမ်ားက ၎အမ်ိဳးသမီးကို အေရးယူေပးရန္ တရား႐ံုးသို႔ ဦးတိုက္ေလွ်ာက္ထားခဲ့ သည္။
မူဆယ္ၿမိဳ႕ ေကာင္းမႈလံုရပ္ ကြက္ရွိ ေနအိမ္တစ္အိမ္တြင္ ငွား ရမ္းေနထုိင္သူ အသက္(၃၀)ခန္႔ အရြယ္ရွိ တ႐ုတ္အမ်ိဳးသမီးတစ္ဦးအား အေရးယူေပးရန္ ၿမိဳ႕ခံလူမႈေရးလုပ္ေဆာင္သူမ်ားက ရဲ တပ္ဖြဲ႕ႏွင့္ တရား႐ံုးသို႔ အသိေပး တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

အဝတ္ဗလာႏွင့္မိန္းကေလးငယ္တစ္ဦးအား တ႐ုတ္အမ်ိဳး သမီးက ေရခြက္အတြင္း မ်က္ႏွာထည့္စိမ္ကာ ႐ိုက္ႏွက္ေနသည့္ ဗီဒီယိုဖိုင္မွာ ႏိုဝင္ဘာ ၁၇ ရက္မွစ၍ We Chat လူမႈကြန္ရက္တြင္ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕ထံ အ ေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕ ဓမၼရံသီအဖြဲ႕မွ ကိုစိုင္း သန္းထြန္းကေျပာသည္။

‘‘အဓိကကေတာ့ We Chat မွာေပၚေနတဲ့ ကေလးဒုကၡေရာက္ ေနတာကို ကယ္ခ်င္လို႔ ဝိုင္းလုပ္ခဲ့ ၾကတာ။ ဘယ္လိုစျပန္႔လာလဲဆို ေတာ့ ကေလးက ေန႔စဥ္ႏွိပ္စက္ ခံေနရေတာ့ အိမ္နီးနားခ်င္းက မခံစားႏိုင္ေတာ့ ဖုန္းနဲ႔႐ိုက္ၿပီး တင္လိုက္တာ’’ဟု ကိုစိုင္းသန္းထြန္း က ေျပာသည္။

အဆိုပါအမ်ိဳးသမီးသည္ ႏွိပ္ စက္ခံေနရေသာ ကေလးအျပင္ အျခားကေလးႏွစ္ဦးကိုလည္း ေမြးစားထားေၾကာင္း ၿမိဳ႕ခံမ်ားကေျပာ သည္။ မူဆယ္ၿမိဳ႕မရဲစခန္းမွဴးက ၎အမ်ိဳးသမီးသည္ ႏွိပ္စက္ခံေနရေသာ ကေလးငယ္ကို စာခ်ဳပ္ စာတမ္းျဖင့္ ေမြးစားထားေသာ ေၾကာင့္ ဖမ္းဆီး၍မရဘဲ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးက တရားလိုလုပ္ ကာ တရား႐ံုးတြင္ ဦးတိုက္ ေလွ်ာက္ထားတိုင္ၾကားခဲ့ေၾကာင္း ေျပာသည္။

မူဆယ္ၿမိဳ႕မရဲစခန္းမွဴး ရဲမွဴး ေအးျမင့္က ‘‘ကေလးအေမရဲ႕ ခြင့္ ျပဳခ်က္နဲ႔ ေမြးစားထားတာ။ အခု ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက တ ရားလိုလုပ္ၿပီး တရား႐ံုးမွာ ဦးတိုက္ေလွ်ာက္ထားတယ္။ ကေလးသူ ငယ္အက္နဲ႔’’ဟု ေျပာသည္။ က ေလးငယ္၏မိခင္မွာ က်ပန္းအ လုပ္လုပ္ၿပီး ၎တြင္ ႏွိပ္စက္ခံရ သည့္ ကေလးငယ္ အပါအဝင္ သားသမီးေျခာက္ဦးရွိသည္။ တ ႐ုတ္အမ်ိဳးသမီးထံ ၂၀၁၆ ၾသဂုတ္ ၁ ရက္စြဲျဖင့္ ကေလးအား စာခ်ဳပ္ျဖင့္ ေမြးစားရန္ေပးခဲ့ျခင္းျဖစ္သည္။ စာခ်ဳပ္တြင္ ေငြေၾကးကိစၥမပါဝင္ေသာ္လည္း က်ပ္ဆယ္သိန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားက အခိုင္အမာေျပာသည္။

ၿမိဳ႕ခံမ်ားက တ႐ုတ္အမ်ိဳး သမီးအား ရဲစခန္းသို႔ေခၚေဆာင္ ကာ ႏွိပ္စက္ခံရေသာ ကေလးငယ္ ကို မူဆယ္ၿမိဳ႕ ကေမၻာဇသိဂႌ သီ လရွင္ေက်ာင္းသို႔ အပ္ရန္ႏွင့္ လိုက္လံမေႏွာင့္ယွက္ရန္ ခံဝန္ထုိးေစခဲ့သည္။ ယခုအခါ ကေလးငယ္သည္ သီလရွင္ေက်ာင္းသို႔ ေရာက္ရွိေနၿပီျဖစ္သည္။ အဆုိပါအမ်ိဳးသမီး၏အိမ္တြင္ က်န္ေနေသာ ေမြးစားထားသည့္ ကေလးႏွစ္ဦးႏွင့္ပတ္သက္၍လည္း ဆက္လက္စံုစမ္းမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
မူဆယ်မြို့တွင် တရုတ် နိုင်ငံမှ အမျိုးသမီးတစ်ဦးက အ သက်(၂)နှစ်ကျော်အရွယ် ကလေး ငယ်တစ်ဦးအား ကျပ်ဆယ်သိန်းဖြင့် ဝယ်ယူမွေးစားထားကာ နှိပ်စက်နေ၍ မြို့ခံများက ၎င်းအမျိုးသမီးကို အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ သည်။
မူဆယ်မြို့ ကောင်းမှုလုံရပ် ကွက်ရှိ နေအိမ်တစ်အိမ်တွင် ငှား ရမ်းနေထိုင်သူ အသက်(၃၀)ခန့် အရွယ်ရှိ တရုတ်အမျိုးသမီးတစ်ဦးအား အရေးယူပေးရန် မြို့ခံလူမှုရေးလုပ်ဆောင်သူများက ရဲ တပ်ဖွဲ့နှင့် တရားရုံးသို့ အသိပေး တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဝတ်ဗလာနှင့်မိန်းကလေးငယ်တစ်ဦးအား တရုတ်အမျိုး သမီးက ရေခွက်အတွင်း မျက်နှာထည့်စိမ်ကာ ရိုက်နှက်နေသည့် ဗီဒီယိုဖိုင်မှာ နိုဝင်ဘာ ၁၇ ရက်မှစ၍ We Chat လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ အ ကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ ဓမ္မရံသီအဖွဲ့မှ ကိုစိုင်း သန်းထွန်းကပြောသည်။

‘‘အဓိကကတော့ We Chat မှာပေါ်နေတဲ့ ကလေးဒုက္ခရောက် နေတာကို ကယ်ချင်လို့ ဝိုင်းလုပ်ခဲ့ ကြတာ။ ဘယ်လိုစပြန့်လာလဲဆို တော့ ကလေးက နေ့စဉ်နှိပ်စက် ခံနေရတော့ အိမ်နီးနားချင်းက မခံစားနိုင်တော့ ဖုန်းနဲ့ရိုက်ပြီး တင်လိုက်တာ’’ဟု ကိုစိုင်းသန်းထွန်း က ပြောသည်။

အဆိုပါအမျိုးသမီးသည် နှိပ် စက်ခံနေရသော ကလေးအပြင် အခြားကလေးနှစ်ဦးကိုလည်း မွေးစားထားကြောင်း မြို့ခံများကပြော သည်။ မူဆယ်မြို့မရဲစခန်းမှူးက ၎င်းအမျိုးသမီးသည် နှိပ်စက်ခံနေရသော ကလေးငယ်ကို စာချုပ် စာတမ်းဖြင့် မွေးစားထားသော ကြောင့် ဖမ်းဆီး၍မရဘဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုလုပ် ကာ တရားရုံးတွင် ဦးတိုက် လျှောက်ထားတိုင်ကြားခဲ့ကြောင်း ပြောသည်။

မူဆယ်မြို့မရဲစခန်းမှူး ရဲမှူး အေးမြင့်က ‘‘ကလေးအမေရဲ့ ခွင့် ပြုချက်နဲ့ မွေးစားထားတာ။ အခု ရပ်ကွက်အုပ်ချုပ်ရေးမှူးက တ ရားလိုလုပ်ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထားတယ်။ ကလေးသူ ငယ်အက်နဲ့’’ဟု ပြောသည်။ က လေးငယ်၏မိခင်မှာ ကျပန်းအ လုပ်လုပ်ပြီး ၎င်းတွင် နှိပ်စက်ခံရ သည့် ကလေးငယ် အပါအဝင် သားသမီးခြောက်ဦးရှိသည်။ တ ရုတ်အမျိုးသမီးထံ ၂၀၁၆ သြဂုတ် ၁ ရက်စွဲဖြင့် ကလေးအား စာချုပ်ဖြင့် မွေးစားရန်ပေးခဲ့ခြင်းဖြစ်သည်။ စာချုပ်တွင် ငွေကြေးကိစ္စမပါဝင်သော်လည်း ကျပ်ဆယ်သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက အခိုင်အမာပြောသည်။

မြို့ခံများက တရုတ်အမျိုး သမီးအား ရဲစခန်းသို့ခေါ်ဆောင် ကာ နှိပ်စက်ခံရသော ကလေးငယ် ကို မူဆယ်မြို့ ကမ္ဘောဇသိင်္ဂီ သီ လရှင်ကျောင်းသို့ အပ်ရန်နှင့် လိုက်လံမနှောင့်ယှက်ရန် ခံဝန်ထိုးစေခဲ့သည်။ ယခုအခါ ကလေးငယ်သည် သီလရှင်ကျောင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါအမျိုးသမီး၏အိမ်တွင် ကျန်နေသော မွေးစားထားသည့် ကလေးနှစ်ဦးနှင့်ပတ်သက်၍လည်း ဆက်လက်စုံစမ်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top