Property Expo
×

လူဆိုတာတစ္ခါတစ္ေလ တစ္ဖက္ ( one direction ) ဘဲျမင္တတ္တယ္...
မိဘေက်းဇူးရွိမွန္းသိေပမယ္႔ ကိုယ္သားသမီးရတာေတာင္ ကုိယ္႔မိဘေက်းဇူးကို မျမင္တတ္ပါဘူး။ကိုယ္႔သားသမီးကိုအသည္းခိုက္ေအာင္ ခ်စ္တတ္ေပမယ္႔ ကိုယ္႔မိဘ ကိုသတိမရပါဘူး။
ငါ႔ အေမ တုန္းက ငါကို ဘယ္လို လုပ္ေပးခဲ႔ မွာဘဲ။
ငါ႔ အေဖ ဆိုလည္းဒီလိုဘဲ ျဖစ္မွာလို႔ စဥ္းစားဖို႔ ကိုသတိမရတာပါ။
ကိုယ္႔သားသမီးကို ဘယ္လိုခ်စ္တာ..ဘာလုပ္ေပးရမွာ..စိတ္ဘယ္လိုပူတာ..ဘယ္လို ဂရုစိုက္ရမယ္ စတာေတြ ေတြးေနေပမယ္႔ ကိုယ္ငယ္စဥ္က ကိုယ္႔ကိုလည္းဒီလို ပူပန္ေတြးေတာခဲ႔တာ ကိုယ္႔မိဘဆိုတာကို စဥ္းကိုမစဥ္းစားမိတဲ႔သူေတြရွိပါတယ္။မိဘေနရာေရာက္ေနေပမယ္႔ကိုယ္႔မိဘကသတ္သတ္..
ကိုယ္႔သားသမီးကသတ္သတ္ ျမင္ေနျပီး သားသမီးကိုသာ ဂရုစိုက္ျပီး မိဘကို စြန္႔ပစ္ထားၾကတဲ႔သူေတြ ရွိပါတယ္။၀ဋ္ဆိုတာ လည္တတ္တာမို႔ ကိုယ္သားသမီးအလွည္႔ၾကရင္လည္း ကိုယ္႔ကို ေမ႔ေနမွာပါ။
စိုက္ေသာအပင္၏ အသီးကို စားသံုးရ၏ လို႔ ဆိုသလို ဘာအပင္ေတြ စိုက္မယ္ဆိုတာ ကိုယ္႔ဘာသာေရြးၾကပါ။
အခ်ိဳစားခ်င္ အခ်ိဳသီးစိုက္..အခါးသီးစုိက္ျပီး အခ်ိဳသီးစားခ်င္လို႔ မရဘူးဆိုတာ သတိေပးရင္း မိဘကို ကိုယ္မိဘ ဘ၀ေရာက္ေနတာေတာင္ သတိမရတဲ႔ သားသမီးမ်ိဳးမျဖစ္ေအာင္ အသိေပးလိုက္ရပါတယ္။
ေမတၱာျဖင္႔..............

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မနန္းမြန္း(အႏွိဳင္းမဲ႔စာတိုေပစမ်ား)

#Unicode Version
လူဆိုတာတစ်ခါတစ်လေ တစ်ဖက် ( one direction ) ဘဲမြင်တတ်တယ်...
မိဘကျေးဇူးရှိမှန်းသိပေမယ့် ကိုယ်သားသမီးရတာတောင် ကိုယ့်မိဘကျေးဇူးကို မမြင်တတ်ပါဘူး။ကိုယ့်သားသမီးကိုအသည်းခိုက်အောင် ချစ်တတ်ပေမယ့် ကိုယ့်မိဘ ကိုသတိမရပါဘူး။
ငါ့ အမေ တုန်းက ငါကို ဘယ်လို လုပ်ပေးခဲ့ မှာဘဲ။
ငါ့ အဖေ ဆိုလည်းဒီလိုဘဲ ဖြစ်မှာလို့ စဉ်းစားဖို့ ကိုသတိမရတာပါ။
ကိုယ့်သားသမီးကို ဘယ်လိုချစ်တာ..ဘာလုပ်ပေးရမှာ..စိတ်ဘယ်လိုပူတာ..ဘယ်လို ဂရုစိုက်ရမယ် စတာတွေ တွေးနေပေမယ့် ကိုယ်ငယ်စဉ်က ကိုယ့်ကိုလည်းဒီလို ပူပန်တွေးတောခဲ့တာ ကိုယ့်မိဘဆိုတာကို စဉ်းကိုမစဉ်းစားမိတဲ့သူတွေရှိပါတယ်။မိဘနေရာရောက်နေပေမယ့်ကိုယ့်မိဘကသတ်သတ်..

ကိုယ့်သားသမီးကသတ်သတ် မြင်နေပြီး သားသမီးကိုသာ ဂရုစိုက်ပြီး မိဘကို စွန့်ပစ်ထားကြတဲ့သူတွေ ရှိပါတယ်။ဝဋ်ဆိုတာ လည်တတ်တာမို့ ကိုယ်သားသမီးအလှည့်ကြရင်လည်း ကိုယ့်ကို မေ့နေမှာပါ။
စိုက်သောအပင်၏ အသီးကို စားသုံးရ၏ လို့ ဆိုသလို ဘာအပင်တွေ စိုက်မယ်ဆိုတာ ကိုယ့်ဘာသာရွေးကြပါ။
အချိုစားချင် အချိုသီးစိုက်..အခါးသီးစိုက်ပြီး အချိုသီးစားချင်လို့ မရဘူးဆိုတာ သတိပေးရင်း မိဘကို ကိုယ်မိဘ ဘဝရောက်နေတာတောင် သတိမရတဲ့ သားသမီးမျိုးမဖြစ်အောင် အသိပေးလိုက်ရပါတယ်။
မေတ္တာဖြင့်..............

ဖိုးသူတော် (www.phothutaw.com)
Credit:မနန်းမွန်း(အနှိုင်းမဲ့စာတိုပေစများ)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top