Property Expo
×

ဆရာ၀န္နားၾကပ္ေတြဟာ ေရာဂါပိုးမႊား ျပန္႔ပြားရာ အေၾကာင္းရင္းေတြထဲက အဓိက တစ္ခ်က္ျဖစ္တာေၾကာင္႔ ဆရာ၀န္ေတြဟာ လူနာေတြကို စမ္းသပ္ၿပီးတိုင္း  ဆရာ၀န္နားၾကပ္ကို သန္႔႐ွင္းေရး လုပ္သင္႔ပါတယ္။ ေဒါက္တာ Didier Pittet ဦးေဆာင္ခဲ႔တဲ႔ အုပ္စုဟာ လူနာနဲ႔ထိေတြ႔စမ္းသပ္ၿပီးသြားတဲ႔ ဆရာ၀န္ေတြရဲ႕ လက္ေတြနဲ႔ ဆရာ၀န္နားၾကပ္ေတြေပၚက ေရာဂါပိုးမႊား ပမာဏကို တိုင္းတာေလ႔လာခဲ႔ၾကပါတယ္။

ဒီေလ႔လာမႈမွာ ေဒါက္တာတစ္ေယာက္ဟာ လူနာ ၇၁ေယာက္ကို လက္အိတ္နဲ႔တကြ ပိုးသတ္ထားတဲ႔ ဆရာ၀န္နားၾကပ္နဲ႔ စမ္းသပ္ခဲ႔ပါတယ္။ လူ႔ခႏၶာကိုယ္ အတြင္းပိုင္းအသံေတြကို နားေထာင္ဖို႔အတြက္ စမ္းသပ္လိုက္တဲ႔အခါ အေရျပားေပၚက ဘက္တီးရီးယားေတြဟာ ဆရာ၀န္နားၾကပ္မွာ ကပ္ပါလာပါတယ္။ ဆရာ၀န္နားၾကပ္ေပၚက ဘက္တီးရီးယားေတြ အျပင္ ဆရာ၀န္ရဲ႕ လက္၊ လက္ေခ်ာင္းထိပ္နဲ႔ လက္ဖ၀ါးေနရာေတြက ဘက္တီးရီးယားေတြရဲ႕ ပမာဏကို သုေတသီေတြဟာ တိုင္းတာ စစ္ေဆးခဲ႔ၾကပါတယ္။ လက္ေခ်ာင္းထိပ္ေတြကလြဲရင္ ဆရာ၀န္နားၾကပ္ေပၚက ခ်ည္အလႊာပါးဟာ မသန္႔ဆံုးပါပဲ။  ဆရာ၀န္နားၾကပ္ရဲ႕ ႁပြန္ေခ်ာင္းဟာလည္း ဆရာ၀န္ရဲ႕ လက္ဖမိုးထက္ကို ေရာဂါပိုးမႊားပို႐ွိေနတာကို သုေတသီေတြက ႐ွာေဖြေတြ႕႐ွိခဲ႔ၾကပါတယ္။

MRSA ပမာဏကို တိုင္းတာ ေလ႔လာၾကည္႔ေတာ႔ ဆရာ၀န္လက္နဲ႔ ဆရာ၀န္နားၾကပ္ႏွစ္ခုစလံုးမွာ ေရာဂါပိုးမႊားပမာဏ အလားတူမ်ားေတြတာကို သုေတသီေတြက ႐ွာေဖြေတြ႕႐ွိခဲ႔ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ဆရာဝန်နားကြပ်တွေဟာ ရောဂါပိုးမွှား ပြန့်ပွားရာ အကြောင်းရင်းတွေထဲက အဓိက တစ်ချက်ဖြစ်တာကြောင့် ဆရာဝန်တွေဟာ လူနာတွေကို စမ်းသပ်ပြီးတိုင်း  ဆရာဝန်နားကြပ်ကို သန့်ရှင်းရေး လုပ်သင့်ပါတယ်။ ဒေါက်တာ Didier Pittet ဦးဆောင်ခဲ့တဲ့ အုပ်စုဟာ လူနာနဲ့ထိတွေ့စမ်းသပ်ပြီးသွားတဲ့ ဆရာဝန်တွေရဲ့ လက်တွေနဲ့ ဆရာဝန်နားကြပ်တွေပေါ်က ရောဂါပိုးမွှား ပမာဏကို တိုင်းတာလေ့လာခဲ့ကြပါတယ်။

ဒီလေ့လာမှုမှာ ဒေါက်တာတစ်ယောက်ဟာ လူနာ ၇၁ယောက်ကို လက်အိတ်နဲ့တကွ ပိုးသတ်ထားတဲ့ ဆရာဝန်နားကြပ်နဲ့ စမ်းသပ်ခဲ့ပါတယ်။ လူ့ခန္ဓာကိုယ် အတွင်းပိုင်းအသံတွေကို နားထောင်ဖို့အတွက် စမ်းသပ်လိုက်တဲ့အခါ အရေပြားပေါ်က ဘက်တီးရီးယားတွေဟာ ဆရာဝန်နားကြပ်မှာ ကပ်ပါလာပါတယ်။ ဆရာဝန်နားကြပ်ပေါ်က ဘက်တီးရီးယားတွေ အပြင် ဆရာဝန်ရဲ့ လက်၊ လက်ချောင်းထိပ်နဲ့ လက်ဖဝါးနေရာတွေက ဘက်တီးရီးယားတွေရဲ့ ပမာဏကို သုတေသီတွေဟာ တိုင်းတာ စစ်ဆေးခဲ့ကြပါတယ်။ လက်ချောင်းထိပ်တွေကလွဲရင် ဆရာဝန်နားကြပ်ပေါ်က ချည်အလွှာပါးဟာ မသန့်ဆုံးပါပဲ။  ဆရာဝန်နားကြပ်ရဲ့ ပြွန်ချောင်းဟာလည်း ဆရာဝန်ရဲ့ လက်ဖမိုးထက်ကို ရောဂါပိုးမွှားပိုရှိနေတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

MRSA ပမာဏကို တိုင်းတာ လေ့လာကြည့်တော့ ဆရာဝန်လက်နဲ့ ဆရာဝန်နားကြပ်နှစ်ခုစလုံးမှာ ရောဂါပိုးမွှားပမာဏ အလားတူများတွေတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top